From : MRTV-4
သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား မှာတော့ ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်ကာ စေတီတော်မြတ် ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် စေတီတော် ရာဟုထောင့်အောင်မြေရှိ ဗဟိုမဏ္ဍပ်နဲ့ မဟာပဋ္ဌာန်းမဏ္ဍပ်မှာ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား

ဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရွှေတိဂုံစေတီေ တာ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများမှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနဲ့ ပတ်သက်တဲ့ အဖွင့်မင်္ဂလာစကား ဖတ်ကြားခြင်း နဲ့ ဗုဒ္ဓမြတ်စွာဘုရားအား ပင့်လျှောက်ခြင်း၊ ကုသိုလ်တော်ပြု လုပ်ဖို့ အတွက် နတ်ဗြဟ္မာများ ကို ဖိတ်ကြားခြင်းများ ပြုလုပ်ခဲ့ ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သြ၀ါဒစရိယ ဗန်းမော် ဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနဲ့ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ဆရာတော်ဘုရားကြီးနဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူများမှ ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို ရည်စူးပြီး ဆီးမီးများထွန်းညှိ ပူဇော်ကာ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ ကနေ မတ်လ ၇ရက်နေ့အထိ ၁၅ရက်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပပြုလုပ်ရာမှာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်း၊ ပွဲတော်ကာလအတွင်း ပန်းများဝေဆာနေတဲ့ ပန်းပင်ပေါင်း ၅သိန်း ၄သောင်းနဲ့ ပူဇော်ခြင်းများနဲ့ ကျင်းပပြုလုပ်နေ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ်၊ ညတိုင်း တရားပွဲများ ကျင်းပပြု လုပ်ခြင်း၊ ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ခြင်းနဲ့ ပွဲတော်ကာလအတွင်း စေတီေ တ်ာရှိ အရံစေတီများ တန်ဆောင်းများ စတဲ့နေရာတွေမှာ ဆီမီးများနဲ့ ပူဇော်ခြင်းများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express
တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ အွန်လိုင်းပေါ်မှာ ရောက်ရှိနေတာတော့ ကြာခဲ့ပါပြီ။
တချို့လည်း ကြည့်ပြီးဖြစ်ကြသလို မကြည့်ရသေး တဲ့ ပုဂ္ဂိုလ်များရှိနေအုံးမည် ထင်ပါသည်။
ဒီမှာ ဒေါင်းယူကြည့်ရှူနိုင်ပါသည်
ဒီမှာ
or
http://www.fileserve.com/file/SBysvxH/ or
http://ifile.it/zce0g31/Mad_meditation.flv/ or
http://www.mediafire.com/?lhryijf9ld0r4l5/ or
http://www.megaupload.com/?d=63IGW3WN/ တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက်
မေးမြန်းကြပါသည်။ တရားထိုင်တဲ့အခါ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည်
စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။
မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။
ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက
သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ၀ဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ
ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။
လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ္ဆာန်
တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။
မြတ်ဗုဒ္ဓရဲ့ ထေရ၀ါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန္တလေး၊
မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) မစိုးရိမ်မှ ထေရ၀ါဒ တိုက်ပွဲ
ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000
ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ၀န်ခံကတိပြု
လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။
သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်
ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့
တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ
တန့်ကြည်တောင်ရိပ်သာ (မန္တလေး၊ ပြည်ကြီးတံခွန်)
တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ၀ါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန်
မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။
အရှင်ဝရသာမိ
http://www.sbay-student.org/ Prev: မှန်ကန်သော အသက်မွေးမှု ပြုနိုင်ပါစေ
Next: ချီးမွမ်းကဲ့ရဲ့ မငဲ့ကွက်နဲ့
အာနာပါန သတိပဌာန် ရှုမှတ်နည်း အကျဉ်း
အာနာပါနဿတိသည် ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။ အာနာပါနသည် ထွက်လေ၀င်လေဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင်သည် ဓါတ်တရားတွေ စုပေါင်းထားသော ကာယကို အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ သတိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
က) မှတ်နည်းမှာ
၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။
ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။
ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင်လုပ်ရမည်။
ထွက်လေ ၀င်လေသည် စိတ္တဇ၀ါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေက ကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။ ၄င်းကြောင့် ဖြစ်တဲ့စိတ်က ကြမ်းပါသည်။ နီဝရဏဆိုသည်မှာ-
၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
၂) အလိုမကျတဲ့စိတ်
၃) ငိုက်မျဉ်းတာ
၎) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
၅) မဆုံးဖြတ်နိုင်တဲ့စိတ်
ဃ)နီဝရဏ ကင်း၍ စိတ်တွေသိမ်မွေ့သွားတဲ့အခါ ၀င်လေထွက်လေသည် နူးညံ့လာပါသည်။ သိပ်ပြီး သိမ်မွေ့လာရင် ထွက်လေ၀င်လေ ရှိမှရှိသေးလားလို့ ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်-
၁) အမိဝမ်းထဲက ကလေး
၂) သေသွားတဲ့ပုဂ္ဂိုလ်
၃) သေခါနီးမိန်းမျောနေတဲ့သူ
၎) စတုထ္တဈာန်ဝင်စားနေသူ
၅) နိရောဓသမာပတ်ဝင်စားသူ
၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)
င) ၀ီရိယစိုက်ပြီးရှုလျှင် သိမ်မွေ့နေသော ၀င်လေထွက်လေကို တွေ့လာလိမ့်မည်။ စိတ်တွေကြည်လာတတ်သည်။ အဖြူရောင် ညစ်ထေးထေး နမိတ် စပေါ်လာမည်။ ပေါ်လာကစတွင် ၀င်လေထွက်လေက သတ်သတ် နမိတ်က သတ်သတ် ဖြစ်နေတတ်သည်။ ယင်းသို့ နမိတ်ပေါ်လာလျှင် စိတ်ကပေါ်လာသော နိမိတ်ပေါ်ရောက်သွားတတ်သည်။ နမိတ်ကိုဆက်ရှုရမည်။ နမိတ် ပျောက်သွားလျှင် ဘာဝနာစိတ်ကို ၀င်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာဝနာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာ နှာခေါင်းထဲက လှုပ်ရှားနေသော မီးခိုးတန်းလို၊ ဖြူဖြူဖွေးဖွေး ၀ါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။ လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည် အထိ အာရုံပြုပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။ နမိတ် ၃ မျိုးမှာ-
၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
ဈာန်မှာ အင်္ဂါ ၅ ပါး ရှိသည်။
၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်
၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ
၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်ဝတ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ
၎) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။
၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။
ဤနေရာတွင် ၀ိပဿနာမရှုလိုသေးပါက ၀ိတက် ၀ိစာရကိုပယ်လျှင် ဒုတိယဈာန်၊ ပီတိကိုပယ်လျှင် တတိယဈာန်၊ သုခကိုပယ်လျှင် စတုထ္ထဈာန်အထိ တက်သွားနိုင်သည်။ ဈာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။ ပထမဈာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ၀ါယောဓါတ်ဖြစ်သည့် ရူပ်ကိုရှုရင် ကယာနုပဿနာ။ ပီတိ၊ သုခ ဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကို သိနေသော စိတ်ကိုရှုရင် စိတ္တာနုပဿနာ။ ထိုစိတ် စေတသိတ်နှင့် ရုပ်များ မမြဲဘူးဆိုသည့် အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ၀ိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သောဉာဏ်က သမ္မသနဉာဏ်ရဲ့ အစဖြစ်ပါသည်။
ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိ ခံစားမှု ဝေဒနာသည် စေတသိတ်၊ ချမ်းသာမှုကို သိနေသည့် စိတ်သည် ၀ိဉာဏ်၊ ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြား သိလာခဲ့သောဉာဏ်ကို နာမရူပပဋိစ္ဆေဒဉာဏ်။ သက္ကာယဒိဌိ ကင်းသွားပါပြီ။ ထိုနာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။
ဤသို့အကြောင်းအကျိုးကြောင့် ဖြစ်နေသော ရုပ်နာမ်နှစ်ပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဓမ္မာနုပဿနာသတိပဌာန်နှင့် ၀ိပဿနာရှုလျှင် သမ္မသနဉာဏ် ဖြစ်ပြီ။ ၄င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်က ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဖြစ်လာတာတွေ့လျှင် ဥစ္ဆေဒဒိဌိပြုတ်ပြီး ပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိ ပြုတ်ပါသည်။ ဖြစ်ခြင်းနှင့် ပျက်ခြင်းတွင် ပျက်ခြင်းက ကြောက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ် ပါသည်။ ၀ါယောရုပ်ကိုပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်လုံးကိုဖြစ်ဖြစ်၊ ကြည်လင်နေသော စိတ်ကလေး တစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာ ဆိုသည့် သံဝေဂဉာဏ် ဘယဉာဏ် ပေါ်လာပါသည်။ ထိုပျောက်ပျက်နေသော ခန္ဓာက အားကိုးစရာမဟုတ်ဟု သိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ် ဖြစ်လာစေပါသည်။ ယင်းနောက်တွင် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ပေါ်ပါသည်။ ထိုသို့ မလိုချင်ပဲ ရှုမှတ်နေရတာကို လွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။
သို့သော် ရေနစ်မှာကြောက်၍ ခွေးသေကောင် ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသော ဥပက္ခာဝေဒနာ ဖြစ်နေပါပြီ။ ၄င်းဉာဏ်ကို သင်္ခါရုပက္ခာဉာဏ် ဟု ခေါ်ပါသည်။ ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန် ကျေးဇူးပြုသည့် အနုလောမဉာဏ် ဖြစ်ပေါ်လာပါပြီ။ ဆက်လက်၍ အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်က သင်္ခတ အာရုံကို မယူတော့ပဲ အသင်္ခတကို မျော်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ ယင်းနောက်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက် ချုပ်ပျာက်ခဲ့ပုံ ပယ်ပြီးကိလေသများကို ပြန်ဆင်ခြင်သည့် ပစ္စ၀က္ခဏာဉာဏ် ပေါ်လာပါသည်။ အာနာပါနသတိပဌာန်သည် သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ၇ ပါး ဖြစ်ပါသည်။
(ဆရာတော် အရှင်ဉာဏိသရ ဟောကြားသော အာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
ပြေဇော်
ကမ္ဘာ့ အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ရုပ်ထုတွေ
၁။ Spring Temple Buddha
ကမ္ဘာ့ အမြင့် ဆုံး ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံမှာတည်ရှိပြီး ခရီးသွားဧည့်သည်တွေ အမြဲတမ်းလာကြတဲ့ အမြင့် (၁၂၈ )မီတာရှိတဲ့  Vairocana ဗုဒ္ဓလို့ အမည်ရတဲ့ ရုပ်ပွားတော်ဖြစ်ပါတဃ်။ ရုပ်ပွားတော်ရဲ့ ( ၂၅ )မီတာမြောက်မှာ Jiuhua တောင်ကြီးရှိပြီး ဘာသာရေးရဲ့  သင်္ကေတတစ်ခုအနေဲ့ တည်ဆောက်ထားတာ ဖြစ်ပါတဃ်။
၂။ Laykun Setkyar Statue
ဒုတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း ဗုဒ္ဓ ကို ကိုဃ်စားပြုထားတာပါပဲ ။ မြန်မာနိုင်ငံမှာတည်ရှိကာ လှပသပ္ပာဃ်စွာ တည်ရှိနေပြီး ချီးကျူးစရာကောင်းလှတဲ့  ဗိသုကာပညာရပ်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး (၁၁၆)မီတာမြင့် မားပါတဃ်။ ရုပ်ပွားတော်ပာာ ဒါတွေမပါနဲ့ ကြည့် ရင်တောင်မှာ လှပသပ္ပာဃ်နေပါတဃ်။ လေးကွန်းစတြာလို့ အမည်ရပြီး (၂၀၀၈)ခုနှစ်တုန်းကပဲ တည်ဆောက်တာပြီးခဲ့တာဖြစ်ပါတဃ်။ဒီရုပ်ပွားတော်ကို ဗုဒ္ဓကိုဃုံကြည်ကိုးကွဃ်ဆည်း ကပ်နေသူတွေကနေအလေး သမှုပြုမှုနဲ့ တည်ဆောက်ထားတာဖြစ်ပါတဃ်။
၃။ Ushiku Daibutsu
ကမ္ဘာကြီးတစ်ခုလုံးကနေ အာရှကို တကဃ်လေးစားဖို့ အကြောင်းအရာတွေ အများကြီးရှိနေပါပြီဗျာ ။ တတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း အာရှတိုက်က ဂျပန်နိုင်ငံမှာတည်ရှိတာပါပဲ။ ပြီးတော့ ဒါပာာလည်း ဗုဒ္ဓကို ကိုဃ်စားပြုထားတာဖြစ်ပါတခ်။ ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးပာာ Ushiku လို့ အမည်ရပြီး ( ၁၁၀)မီတာမြင့်မားပါတဃ်။ (၄,၀၀၀ )တန် အလေးချိန်ရှိပြီး အပြင်မှာတကဃ် မတွေ့ ဘဲနဲ့ တော့ ဃုံကြမှာမပာုတ်ပါဘူး ။ ဘဃ်လောက် အရွဃ်အစားကြီးတဃ်ဆိုတာ စိတ်ကူးကြည့် လိုက်ပါ ပန်းပုလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ဦးခေါင်းတော်ပာာ အမေရိကန် ၊ နဃူးဃောက်မြို့ ကလေဘာတီရုပ်ထုရဲ့  တစ်ဝက်လောက်ရှိပါတဃ်။
၎။Nanshan Haishang Guanyin
တရုတ်နိုင်ငံ ၊ Hainanကျွန်းမှာတည်ရှိပြီး Guanyin ရုပ်ထုတော်ကတော့ (၁၀၈)မီတာ အမြင့် ရှိပါတဃ်။ ကမ္ဘာ့ လှည့် ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်ပြီး ဒီတစ်ခါတော့ နတ်သမီးကို ကိုဃ်စားပြုထားတာဖြစ်ပါတဃ်။ Bodhisattva Guan Yin( ကွမ်ရင်မဃ်တော် )ပာာ ကရုဏာရှင်နတ်သမီးတစ်ဃောက်ဖြစ်ပြီး တရုတ်ဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ နတ်သမီးတစ်ပါးပါ ။ သူ့ ရဲ့ ရုပ်ထုတော် ဖွင့် ပွဲကို ဘုန်းကြီး(၁၀၈)ပါး တက်ရောက်ခဲ့ပြီး တခြားစိတ်ဝင်စားသူတွေလည်း တက်ရောက်ခဲ့ကြပါတဃ်။
၅။The statues of the emperors Yan and Huang
ဒီတစ်ခါလည်း တရုတ်ကို ပြန်ရောက်ပြန်ပါပြီ ။ တရုတ်ပြည်ကြီးရဲ့  အရေးကြီးတဲ လူနှစ်ဃောက်ပာာ သူတို့ ရဲ့ ရုပ်ထုတွေကို ထုလုပ်ခြင်းခံရပြီး ဂုဏ်ပြုခံထားရပါတဃ်။ ရုပ်ထုပိုင်ရှင်တွေကတော့ တရုတ်အင်ပါဃာဘုရင် Yan နဲ့ Huangတို့ ပဲဖြစ်ပါတဃ်။ သူတို့ တွေပာာ တရုတ်လူမျိုးတွေရဲ့ ဘိုးဘေးဘီဘင် တွေဖြစ်ပြီး နိုင်ငံသားတွေကနေ သူ တို့ ကိုဂုဏ်ပြုတဲ့  အနေနဲ့  ကမ္ဘာပေါ်ကအမြင့်ဆုံးရုပ်ထုတွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ သူတို့ ရုပ်ထုတွေကို တည်ဆောက်ပြီး
ဂုဏ်ပြုထားကြပါတဃ်။ (၁၀၆)မီတာ အမြင့် ရှိပြီး ဒီအကြီးကြီးကို တည်ဆောက်တာပာာ နှစ်(၂၀)တောင်ကြာခဲ့ပါတဃ်။
၆။Sendai Daikannon
ဒီရုပ်ထုတော်ကတော့ ဂျပန်က ကုမ္ပဏီတစ်ချို့ တွေကနေ အငြင်းအခုံဖြစ်ပွားကြပြီး အခွန်ဆောင်စရာမလိုတော့အောင် ဃတြာချေတဲ့အနေနဲ့  တည်ဆောက်ခဲ့တာဖြစ်ပါတဃ်။ Sendai ၊ ဂျပန် မှာရှိတဲ့ဒေသခံတွေက ဒီရုပ်ထုတော်ကြီးဆီကို သွားလည်မသွားကြဘဲ လေးစားသမှုလည်းမပြုကြပါဘူး။ ဒါပေမဲ့ ကမ္ဘာလှည့်ခရီးသည်တွေက Sendai Daikannonကို စိတ်ဝင်စားကြပြီး နှစ်တိုင်း နှစ်တိုင်း အများကြီးလာကြပါတဃ်။ ရုပ်ထုတော်ရဲ့ အပေါ်ဆုံးကိုဓာတ်လှေကားနဲ့ တက်ရောက်နိုင်ပြီး မြို့ ရဲ့ အံသြဖွဃ်ကောင်းအောင် လှတဲ့မြင်ကွင်းကို ကြည့် ရှုနိုင်ပါတဃ်။
၇။Peter the Great
ဒီရုပ်ထုကြီးကတော့ ရုရှား ၊ မော်စကိုမှာတည်ရှိပြီတော့ ရုရှားအင်ပါဃာဘုရင်တစ်ပါးဖြစ်တဲ့  ပီတာကို ရည်ညွှန်းပါတဃ်။ဒီရုပ်ထုကြီးမှာ ရဃ်စရာကောင်းတဲ့  သမိုင်းရှိပြီး ဆောက်လုပ်ထားပုံကတော့ မလှဘူးလို့ ပြောရပါလိမ့်မဃ်။ ဒီ(၉၆)မီတာရှိတဲ့  ရုပ်ထုကြီးရဲ့ ဆောက်လုပ်သူ Tsereteliပာာ Christopher Columbusရဲ့ အမှတ်တရ ရုပ်ထုအနေနဲ့  တည်ဆောက်ခဲ့ပြီး ဒါကြီးကို အမေရိကန် အစိုးရကိုရောင်းတော့ အမေရိကန်အစိုးရက ရုပ်ထုကြီးရဲ့ ဒီဇိုင်းကို မကြိုက်တာကြောင့်  လက်မခံခဲ့ပါဘူး။ ဒါကြောင့်  ကိုလံဘတ်ရဲ့ ခေါင်းကြီးကို ရုရှားအင်ပါဃာ ဘုရင် ပီတာခေါင်းနဲ့ လဲပြီး ရုရှားကို ရောင်းခဲ့ရပါတဃ်။
၈။Great Buddha of Thailand
ဘုရားလာဖူးသူတွေရဲ့  (၉၂)မီတာအမြင့်မှာရှိနေပြီး ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ပာာ ထိုင်းနိုင်ငံမှာ အမြင့်ဆုံးဖြစ်ပါတဃ်။ ရုပ်ပွားတော်ကြီးပြီးဖို့  (၁၈)နှစ်လောက်ကြာမြင့်ခဲ့ပြီး အခုဆို ဆောက်လုပ်တာပြီးဆုံးသွားတဲ့ ကြည်ညိုစရာကောင်းလှတဲ့  ဗုဒ္ဓရုပ်ပွားတော်ကြီးကို အပြည့်အ၀ဖူးမြော်လို့ ရပါပြီ။
၉။Ling Shan Grand Buddha
တရုတ်ကတော့ မြင့်မားလှတဲ့ရုပ်ပွားတော်တွေ ဆောက်တဲ့နေရာမှာ ကြီးမားလှတဲ့လို့ ဆိုရပါလိမ့်မဃ်။ ဗုဒ္ဓရုပ်ပွားတော်တို့ ရဲ့  ပုံစံတစ်ခုဖြစ်တဲ့ လက်ဖ၀ါးဖြန့်  ထားတဲ့ပုံစံ တစ်ခုကိုတည်ဆောက်ထားပြီး ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတဃ်။ ဒီကြီးမားလှတဲ့ဗုဒ္ဓရုပ်ပွားတော်ပာာ Lingshan( လင်းရှန် ) ကောင်တီမှာတည်ရှိကာ (၈၈)မီတာမြင့်မားပြီး ကမ္ဘာ့ အမြင့်ဆုံးရုပ်ပွားတော်တွေထဲမှာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတဃ်။
၁၀။Mother Motherland Calls
ဒီသာမန်ထက်ကြီးလှပြီး ခန့် ညားလှတဲ့ရုပ်ထုကြီးပာာ ရုရှားနိုင်ငံမှာတည်ရှိပြီး Stalingradစစ်ပွဲ( ဂျာမဏီကနေရုရှားကိုဒုတိဃကမ္ဘာစစ်အတွင်းကကျူးကျော်ခြင်း ) အမှတ်တရအနေနဲ့  တည်ဆောက်ထားတာဖြစ်ပါတဃ်။ ဒီရုပ်ထုကြီး တည်ဆောက်တာပြီးဆုံးတဲ့ ၁၉၆၇မှာတော့ရုပ်ထုကြီးပာာကမ္ဘာပေါ်မှာအကြီးဆုံးရုပ်ထုကြီးပါ။ဒါပေမဲ့လည်းအာရှသားတွေကနေကမ္ဘာ့ အကြီးဆုံးရုပ်ထုတွေကို
စဆောက်လာကြတော့ ဒီ Mother Motherlandရုပ်ထုကြီးပာာ ကမ္ဘာ့ အမြင့်ဆုံးရာထူးကနေ ဆင်းပေးလိုက်ရပါတဃ် ။ အခုချိန်မှာတော့ (၈၈)မီတာမြင့်တဲ့Dai Kannon ပေါ်လာကတည်းက (၈၅)မီတာပဲရှိတဲ့ ရုရှားရုပ်ထုကြီးပာာ နံပါတ်(၁၁)နေရာကို ကျဆင်းသွားခဲ့ပါတဃ်။ ဒါပေမဲ့လည်း ကျွန်တော့်အမြင်မှာတော့ ဒီရုပ်ထုကြီးပာာ ပိုပြီးလှတဲ့အတွက် နံပါတ်(၁၀)ထဲမှာ ထည့်လိုက်တာပါ။ ဂျပန်လူမျိုးတွေကို တိုက်ခိုက်ချင်တဲ့ စိတ်ဓာတ်မျိုးနဲ့ မပာုတ်ပါဘူး။