တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ လာမည့်နိုဝင်ဘာတွင် အပူဇော်ခံကြချီမည် ၊ သီသင်းကျွတ်လပြည့်နေ့၌ မန္တလေးမြို့လေးပြင်လေးရပ်ရှိ စေတီပုထိုးများတွင် ဆီမီး၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်သူများဖြင့် စည်ကား ၊ ဆင်ခံ မြင်းခံ ဆင်းတုတော်များနဲ့ ပတ်သက်


  1. တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ လာမည့်နိုဝင်ဘာတွင် အပူဇော်ခံကြချီမည် ၊
  2. သီသင်းကျွတ်လပြည့်နေ့၌ မန္တလေးမြို့လေးပြင်လေးရပ်ရှိ စေတီပုထိုးများတွင် ဆီမီး၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်သူများဖြင့် စည်ကား ၊
  3.  ဆင်ခံ မြင်းခံ ဆင်းတုတော်များနဲ့ ပတ်သက်၍ ရှင်းလင်းခြင်း.. ၊
  4. ပါကစ္စတန်၏ ရှေးဟောင်းဗုဒ္ဓဘာသာလက်ရာများ  ၊
  5. အပယ်မကျနိုင်တဲ့ ကုသိုလ်(၇)မျိုး ၊
  6.  ကိုယ်ကျင့်သီလဆိုတာ အသက်ထက် တန်ဘိုးကြီးသည် ၊
  7. ကာမတဏှာ ကြောက်စရာ*** ၊
  8. ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓမြတ်စွာဘုရား ရုပ်ထူတော် ၊
  9.  နှစ်ပေါင်းရာကျော်တိုင်အောင်မပုပ်သိုးမပျက်စီးတဲ့ခရာဇ်ယာန်သူတော်စင်တို့၏အလောင်းများ ၊
  10. ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် BIDC ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာလူငယ်အသင်း ထိုင်းကို အနိုင်ရရှိပြီး ဗိုလ်စွဲ ၊

တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ လာမည့်နိုဝင်ဘာတွင် အပူဇော်ခံကြချီမည်


     တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင် လာမည့် ဗုဒ္ဓစွယ်တော်မြတ်သည် မြန်မာနိုင်ငံသို့ လာမည့်နိုဝင်ဘာလအတွင်း အပူဇော်ခံရောက် ရှိမည်ဖြစ်ကြောင်း သိရသည်။


    အဆိုပါဗုဒ္ဓစွယ်တော်မြတ်ကို နေပြည်တော် ရှိ ဥပ္ပာတသန္တိစေတီတော်၌လည်းကောင်း၊ ရန် ကုန်မြို့တွင် ကမ္ဘာအေးလိုဏ်ဂူတော်မြတ်၌လည်း ကောင်း၊ မန္တလေးမြို့တွင် အတုမရှိကျောင်းတော် ကြီး၌လည်းကောင်း လှည့်လည်အပူဇော်ခံထား ရှိမည်ဖြစ်ကြောင်း သိရသည်။
    ""ဗုဒ္ဓစွယ်တော်မြတ်ပင့်ဆောင်မယ့်ရက် အတိအကျကိုတော့ မသိရသေးပါဘူး။ နှစ်နိုင် ငံရက်အရွှေ့အပြောင်းတွေရှိနေပါသေးတယ်။ ဗုဒ္ဓမြတ်စွယ်တော်ဆိုတာ တစ်ကမ္ဘာလုံးမှာ အစား ထိုးလို့မရတဲ့အရာဖြစ်တဲ့အတွက် ပင့်ဆောင်တဲ့ နိုင်ငံအတွက် အရမ်းအရေးတကြီး ဂရုစိုက်ရ တယ်""ဟု စွယ်တော်မြတ်ပင့်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
    အဆိုပါဗုဒ္ဓစွယ်တော်မြတ်ကို ၁၉၅၆ခုနှစ် တွင်တစ်ကြိမ်၊ ၁၉၉၄ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တွင်တစ်ကြိမ် မြန်မာနိုင်ငံသို့ ပင့်ဆောင် အဖူးမြော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
    ဗုဒ္ဓစွယ်တော်မြတ်ကို မြန်မာနိုင်ငံသို့ ပင့် ဆောင်ပူဇော်ရန်အတွက် နှစ်နိုင်ငံသဘောတူ ညီမှုစာချုပ်ချုပ်ဆိုခြင်း၊ သဘောတူလက်မှတ်ရေး ထိုးခြင်းကိစ္စရပ်များကို ဆောင်ရွက်ရန် ကျန်ရှိ နေသေးခြင်းကြောင့် မြန်မာနိုင်ငံသို့ ကြချီလာ မည့်ရက်ကို အတိအကျမထုတ်ပြန်နိုင်ခြင်းဖြစ် ကြောင်း သိရသည်။
    ယခုအခါ နေပြည်တော်၊ ရန်ကုန်တိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီးတို့၌ ဗုဒ္ဓစွယ် တော်မြတ် ပင့်ဆောင်ပူဇော်ရေးအတွက် အကြို ပြင်ဆင်ဆောင်ရွက်မှုများကို ဆောင်ရွက်ထား ပြီဖြစ်ကြောင်း သိရသည်။



    သီသင်းကျွတ်လပြည့်နေ့၌ မန္တလေးမြို့လေးပြင်လေးရပ်ရှိ စေတီပုထိုးများတွင် ဆီမီး၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်သူများဖြင့် စည်ကား
    w73_04

    မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ စေတီပုထိုးများတွင် ဆီမီး၊ ရေချမ်း၊ ပန်းကပ်လှူပူဇော် ကုသိုလ်ယူကြသူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူး ဧည့်သည်များ၊ မြို့တွင်းသွားလာ လည်ပတ်သူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။

    ဘုရားဖူးများ အများဆုံးလာရောက်လေ့ရှိရာ မဟာမုနိရုပ်ရှင်တော်မြတ်၌ နံနက်လေးနာရီခွဲ၊ ဘုရားကြီးမျက်နှာသစ်တော်အမီ လာရောက်ဖူးသူများဖြင့် စည်ကားခဲ့ရာ ဘုရားဖူးမြော်လာရောက်သူများက မဟာမုနိဘုရားကြီးအား ရွှေသင်္ကန်း၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဖယောင်း ဆီမီး၊ ဆွမ်းတော်ကြီးတင် စသဖြင့် ကပ်လှူပူဇော်ခြင်းတို့ပြုခဲ့ကြရာ နံနက်ခင်းပိုင်းမှစတင်၍ လပြည့်တစ်နေ့လုံးစည်ကားခဲ့သည်မှာ ရင်ပြင်တော်ပေါ်တွင် ဆီမီးကပ်လှူပူဇော် ကုသိုလ်ယူသူများဖြင့် ညဦးပိုင်းအချိန်အထိ စည်ကားခဲ့သည်။ 

    မန္တလေးတောင်တော်နှင့် တောင်ခြေရှိကုသိုလ်တော်၊ စန္ဒာမုနိ၊ကျောက် တော်ကြီးဘုရားသုံးဆူတို့၏ (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပချိန်ဖြစ်ရာ စည်ကားမှုများနှင့်ပတ်သက်၍ မြို့ခံကုသိုလ်ယူတစ်ဦးက ''ကျောက်တော်ကြီးဘုရားမှာ နှစ်စဉ်ဆွမ်းသပိတ်ကပ်ပြီး ဆီမီးပူဇော်လေ့ရှိတာမို့ ဒီနှစ်လည်း ရောက်ဖြစ်ပါတယ်။ နှစ်စဉ်စည်ကားလေ့ရှိတဲ့ပွဲဖြစ်ပေမယ့် ဒီနှစ်ဆိုင်ကယ်နဲ့ လာသူပိုများလာတယ်'' ဟု ဆိုပါသည်။ 

    ထို့ပြင် မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသည့် ရွှေကျီးမြင်၊ အောင်တော်မူ၊ နန်းမြို့ဆုတောင်းပြည့်ဘုရား၊ မဟာသကျသီဟဘုရား၊ စွယ်တော်မြတ်စေတီ၊ ပေါ်တော်မူဘုရားများတွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ၊ သီလ ပေးတရားပွဲနှင့် နိဗ္ဗာန်ရောက်ကြောင်းတရားပွဲများကိုလည်း မြို့လုံးအနှံ့ကျင်းပခဲ့ရာ ဆီမီးကုသိုလ်ယူသူ၊ အလှူဒါနပြုသူနှင့် တရားနာသူတို့ဖြင့် စည်ကားခဲ့သည်။ ဧရာဝတီမြစ် ချော်ဆိပ်ဆိပ်ကမ်းဘေးရှိ လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မူမြတ်စွာဘုရား တွင်လည်း စိမ်းရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် သဘာဝပတ်ဝန်းကျင်မြတ်နိုးသူတို့က ဧရာဝတီအဓွန့်ရှည်ပါစေဟူသော စာသားကို ဆီမီးစာလုံးဖော်ကာ ထွန်းညှိကုသိုလ်ယူခဲ့ကြသည်။

    သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် မဟာမုနိဘုရားကြီး ရင်ပြင်တော်ပေါ်၌ ဆီမီးတစ်သောင်းပူ ဇော်ထွန်းညှိခဲ့ပြီး၊ သီတင်းကျွတ်လပြည့်မှ လပြည့်ကျော်သုံးရက်နေ့အထိ စန္ဒာမုနိဘုရား၌ သံဃာတော်အပါး ၁၀၀ ကျော်၊ ကုသိုလ်တော်ဘုရား၌ သံဃာတော်အပါး ၁၀၀၀၊ ကျောက်တော်ကြီးဘုရား၌ ၆၃၇ ပါးတို့အား သပိတ်နှင့် စာရေးတံမဲများဖြင့် လောင်းလှူပူဇော်ခဲ့ကြသည်ဟု သိရှိရသည်။ 



    ဆင်ခံ မြင်းခံ ဆင်းတုတော်များနဲ့ ပတ်သက်၍ ရှင်းလင်းခြင်း..

      (Aung Ko "ဘုရားအားလုံး ဆင်၊ မြင်း စသည့် သတ္တ၀ါတို့ကို စီးပြီး ခရီးသွားခြင်းမရှိပါ။ အဘယ်ကြောင့် ဆင်ခံ ၊ မြင်းခံ ဘုရားရုပ်ထုများထုလုပ်ကြတာလဲမသိပါ။ အပြစ်ရှိ ၊ မရှိ။")

       ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလအတွင်းမှာ ဆင်ရော မြင်းပါ ဖြစ်ခဲ့တယ်။

       ဘုရားအလောင်းတော်ဟာ ဆင်ဖြစ်ခဲ့စဉ်က ဘုရင်လုပ်သူက သူရဲ့ မင်္ဂလာဆင်တော်အဖြစ် လာရောဖမ်းဆီးခဲ့တယ်။ ဆင်တော်ဟာ နန်းတော်ထဲမှာ ဘယ်လောက်ပဲ ကောင်းကောင်းနေ ကောင်းကောင်းစားရပေမယ့် တောထဲမှာ ကျန်ခဲ့တဲ့ မိခင် မျက်မမြင် ဆင်မကြီးအတွက် စိတ်မအေးနိုင်ဘူး။ ဒါကြောင့် မစားမသောက်ပဲနေလိုက်တယ်။

       ဘုရင်ကမေးတော့ မိခင်အတွက် ပူနေရလို့ သူ့မှာ မစားနိုင်မသောက်ဖြစ်နေပါတယ် အစချီပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့တယ်။ ဒါနဲ့ ဘုရင်က တောထဲကို ပြန်လွှတ်ပေးလိုက်ပြီး ဆင်သားအမိ နေတဲ့တောစပ်မှာ  ဆင်သားအမိကို ပြုစုလုပ်ကျွေးဖို့ ရွာတည်ရွာ တည်ပြီးတော့ ရွာသားတွေကို ဆင်သားအမိကို ပြုစုလုပ်ကျွေးရမယ်လို့ အမိန့်ချမှတ်ခဲ့တယ်။

       မိဘကျေးဇူးကို မသိတတ်တဲ့ သားသမီးတွေ မိဘကျေးဇူးကို လျစ်လျူရှု့ထားတဲ့ သားသမီးတွေ မိဘကျေးဇူးကို မေ့နေကြတဲ့ သားသမီးတွေ ဒီအကြောင်းအရာကို ဖတ်ရှု့ပြီးတော့ မိဘများရဲ့ ကျေးဇူးကို  ပြန်လည်သတိရလို့  ပြန်လည်ဆပ်နိုင်ကြပါစေ။

       ဘုရားအလောင်းတော် ဆင်ဖြစ်တဲ့ဘ၀တွေတိုင်းမှာ အတုယူစရာတွေ အများကြီးရှိပဲတယ်။ ကျေးဇူးကို သိတတ်တာ မိဘကို ပြုစုလုပ်ကျွေးတာ လုံ့လ၀ိရီယရှိပြီး သူရသတ္တိနဲ့ ပြည့်စုံတာ အများကြီး အများကြီးပါပဲ။

       တစ်ခုသော ဘ၀မှာတော့ ဘုရင်ရဲ့ မင်္ဂလာမြင်းတော်ဖြစ်ခဲ့တယ်။ မင်္ဂလာမြင်းတော်ရှိတဲ့ တိုင်းပြည်ကို အခြားသော တိုင်းပြည်ခုနှစ်ခုက စစ်လာတိုက်တယ်။ ဘုရင်က ရန်သူကို ဘယ်လိုတွန်လှန်ရမလဲဆိုတာ သူရဲ့ အမတ်တွေနဲ့ တိုင်ပင်တယ်။

       အမတ်တွေက ဒီရန်ကို တွန်လှန်နိုင်မယ့် သူရဲကောင်းတစ်ယောက်ရှိတယ်ဆိုတာ ဘုရင်ကို လျှောက်တင်လိုက်ကြတယ်။ ဘုရင်က သူရဲကောင်းကို ခေါ်တွေ့တယ်။ ရန်သူကို တွန်လှန်နိုင်မလားလို့ မေးတယ်။

       သူရဲကောင်းက မင်္ဂလာမြင်းတော်ကိုသာ သူ့ကို ပေးစီးမယ်ဆိုရင်တော့ သူတစ်ယောက်ထဲနဲ့ ဒီရန်သူအားလုံးကို တွန်လှန်နိုင်ပါတယ်လို့ လျှောက်တင်ခဲ့တယ်။ ဒါနဲ့ ဘုရင်က မင်္ဂလာမြင်းတော်ကို စီးခွင့်ပေးလိုက်တယ်။

       သူရဲကောင်းဟာ မင်္ဂလာမြင်းတော်ကို စီးပြီး ရန်သူဗိုလ်ထုကို ထိုးဖောက်ပြီးတော့ ၇န်သူဘုရင် ငါးယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ ခြောက်ယောက်မြောက်ဘုရင်ကို ဖမ်းစီးလာစဉ်မှာ ရန်သူပစ်လိုက်တဲ့ မြားဟာ မင်္ဂလာမြင်းတော်ကို ထိမှန်သွားခဲ့တယ်။

       သူရဲကောင်းဟာ ရန်သူဘုရင် ခြောက်ယောက်တိတိကို ဖမ်းပြီးသွားပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါနဲ့ မင်္ဂလာမြင်းတော်ကို လှဲချပြီးတော့ ချပ်ဝတ်တွေချွတ်ပြီးတော့ ဒီပြင် အခြားသော မြင်းတစ်ကောင်ကို ချပ်ဝတ် ၀တ်ပေးဖို့ ပြင်ဆင်နေတယ်။ ဒါကို မင်္ဂလာမြင်းတော်က မြင်လိုက်တယ်။

       "အခု ချပ်ဝတ် ၀တ်ပေးနေတဲ့ မြင်းဟာ ရန်သူဗိုလ်ထုကို ထွင်းဖောက်ပြီး ပြေးနိုင်မှာမဟုတ်ဘူး။ ဒီတော့ အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ သေရလိမ့်မယ်။ ငါ မြားမှန်ခံပြီး အပင်ပန်းခံပြီးတော့ ရန်သူဘုရင် ခြောက်ယောက်ကို ဖမ်းထား၇တာတွေလဲ အလကားဖြစ်ကုန်လိမ့်မယ်။ ငါလုပ်တဲ့ အလုပ်လဲ မပျက်စီးရအောင် အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ မသေရအောင် ငါအားတင်းပြီးတော့ ကျန်တဲ့ ဘုရင်ကို ဖမ်းရမယ်"လို့ ကြံစည်ပြီးတော့ သူရဲကောင်းကို ခေါ်ပြီးတော့ "ငါ့ကို ချပ်ဝတ်ပြန်ဝတ်ပေးပါ။ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းပေးနိုင်တဲ့ စွမ်းအား ငါ့မှာ ရှိပါသေးတယ်"လို့ ပြောပြီးတော့ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းဖို့ မြားဒဏ်ရာကြီးနဲ့ သူရဲကောင်းကို အကူအညီပေးခဲ့တယ်။

       သူရဲ့တိုင်းသူပြည်သားတွေအတွက် မင်္ဂလာမြင်းတော်ဟာ သူရဲ့ အစွမ်းအစ လုပ်နိုင်စွမ်းအားတွေကို မချွန်မချန်နဲ့ အလုပ်လုပ်သွားခဲ့တယ်။

       မင်္ဂလာမြင်းတော်ဟာ မြားဒဏ်ရာကြောင့် သေအံ့ဆဲဆဲ ဖြစ်နေပြီ။ ဒါပေမယ့် သတိလက်လွတ်မဖြစ်ပဲနဲ့ သူ့ရဲ့ ဘုရင်ကို သူရဲကောင်းကို ဆုလာဘတ်များချီးမြှင့်ဖို့ သူ့အတွက် ချီးမြှင့်မယ့် ဆုလာဘ်များကိုလဲ သူရဲကောင်းကိုပဲ ချီးမြှင့်ဖို့ ရန်သူဘုရင်တွေကို မသတ်ပဲနဲ့ သစ္စာရေတိုက်ပြီးတော့ ပြန်လွှတ်ပေးဖို့ စတဲ့ မှာသင့်တာတွေကို မှာပြီးမှ သေဆုံးသွားခဲ့တယ်။

       ဘာတွေကို အတုယူရမယ်ဆိုတာ ဦးဇင်း မပြောတော့ပါဘူး။ တစ်ခါတစ်လေလဲ ကိုယ့်ဘာသာစဉ်စားကြည့်ကြပေါ့။ ကိုယ့်ဘာသာ တွေးလို့ရတဲ့ အဖြေက သိပ်ကြည်နူးဖို့ကောင်းပါတယ်။

       ဘုရားရှင်ဟာ ဒီလိုဒီလိုတွေ ကြိုးစားခဲ့ပြီးမှ အခုလို ဘုရားဘ၀ကို ရောက်ခဲ့တယ်ဆိုတာ လူသားတွေသိစေချင်လို့ အထူးသဖြင့် ဆင်ဘ၀ မြင်းဘ၀က ဘုရားရှင်ရဲ့ ကြိုးစားအားထုတ်မှု လုံ့လ၀ီ၇ိယ အမျှော်အမြင်ရှိမှု ကိုယ်ကျိုးကို စွန့်လွှတ်နိုင်မှုကို နောက်လာ နောက်သားတွေကို သိစေချင်လို့ ကျောက်ဆစ်ဆရာ ပန်းပုဆရာတွေက ပညာရှင်တွေနဲ့ ပူပေါင်းပြီးတော့ ဆင်ခံ မြင်းခံ ဆင်းတုတော်တွေကို ထုလုပ်ခဲ့တာဖြစ်တယ်။

       ဒီနေရာမှာ "အလောင်တော် ခွေးဘ၀လဲ ရောက်ခဲ့တာပဲ။ ခွေးဘ၀က ကြိုးစားအားထုတ်မှုတွေကိုလည်း ပုံဖော်တဲ့အနေနဲ့ ခွေးခံဆင်းတော်ကို ထုလုပ်ကြပါလား" လို့ ပြောစရာတစ်ခုဖြစ်လာတယ်။

       အနုပညာရပ်တစ်ခု ဖန်တီးတဲ့အခါမှာ မျက်စိပသာဒဖြစ်ဖို့ အများမကဲ့ရဲ့ခံရဖို့ လည်း လိုသေးတယ်။ ဒါကြောင့် ခွေးခံဆင်းတုတော်ကို မထုလုပ်ကြတာဖြစ်တယ်။

       ရဟန်းတော်တွေဟာ ကျန်းမာရေးကောင်းရင် တိရိစ္ဆာန်ကို မစီးကောင်းပေမယ့် ကျန်းမာရေးမကောင်းရင်တော့ တိရိစ္ဆာန်အထီးကိုတော့ စီးကောင်းတယ်လို့ ဘုရားရှင်က ခွင့်ပြုထားခဲ့တယ်။

       ဒါကြောင့် ဘယ်ဘက်က လှည့်တွေးတွေး အပြစ်မရှိပါဘူး။

       ကိုယ်တိုင်က ဘုရားရှင်ကို အပြစ်တင်လိုဇောတွေ များနေရင်တော့ ဘယ်လိုဖြေရှင်းချက်ပေးလဲ ပြေလည်သွားမှာမဟုတ်ပါဘူး။

       သူများတွေကတော့ မသိဘူး။ ဦးဇင်းကတော့ ဆင်ခံ မြင်းခံ ဆင်းတုတ်ာတွေကို မြင်တိုင်း ဆင်ဘ၀ မြင်ဘ၀က အလောင်းတော်ရဲ့ ဥာဏ်ပညာ ဇွဲလုံ့လ ၀ိရိယတွေကို မြင်ယောင်လာပြီး ဘုရားရှင်ကို ဆထက်တစ်ပိုး ပိုလို့ပိုလို့ ကြည်ညိုလာမိပါတယ်။

       

      မိုးသု(မန္တလေး)



      ပါကစ္စတန်၏ ရှေးဟောင်းဗုဒ္ဓဘာသာလက်ရာများ

      (အေအက်ဖ်ပီ)
      ခင်အောင် ဘာသာပြန်သည်။
      အတွဲ ၂၇ ၊ အမှတ် ၅၃၁ ( ၁၉ - ၂၅ ၊ ၈ ၊ ၂၀၁၁)

      နယူးယော့ခ်မြို့တွင် ကျင်းပသော ဗုဒ္ဓဘာသာအမွေအနှစ် အနုပညာလက်ရာပြပွဲ။ ဓာတ်ပုံ - အေအက်ဖ်ပီ

      နယူးယော့ခ်- ပါကစ္စတန်နိုင်ငံ၏ လူသိအလွန်နည်းသော ထူးခြားသည့် ရှေးခေတ် ဗုဒ္ဓဘာသာဆိုင်ရာ ရတနာ သိုက်ငယ်တစ်ခုကို နယူးယော့ခ် မြို့တွင် ရှေးခေတ် အနုပညာလက်ရာပြပွဲ အဖြစ် ကျင်းပခဲ့ရာ ယင်းသို့ ပြသနိုင်ရန် ၎င်းရတနာသိုက်ငယ်မှ ရှေးဟောင်း ပစ္စည်းသည်ကမ္ဘာပေါ် သို့ ဖြတ်သန်း ရောက်ရှိမလာမီ ရေလွှမ်းမိုးမှု ဘေး အန္တရာယ်၊ ရုန်းရင်း ဆန်ခတ်ဖြစ်မှုများနှင့် ပေါက်ကွဲလုအခြေအနေဖြစ်သောအမေရိကန်နှင့် ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေများကို အန်တုကျော်ဖြတ်ခဲ့ ရသည်။

      ကြီးမားသော အတားအဆီးကို အန်တု ကျော်ဖြတ်ရသည့် ပါကစ္စတန် နိုင်ငံ၏ ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်သော ဂန္ဓာရတိုင်း အနုပညာလက်ရာ ပြပွဲတွင် 'ကန်' ပြည်ထောင်စု၌ အများအားဖြင့် ကြည့်ရှု ဖူးမြော်ဖူးခြင်းမ ရှိသော ဆင်းတုတော် လက်ရာများအား ပြသခဲ့သည်။

      ယခုသီတင်းပတ်တွင် အာရှအသင်း တိုက်၌ ပြသခဲ့သော ပန်းပုသုခုမ လက်ရာများသည် ခေတ်သစ်ပါကစ္စတန်နိုင်ငံ၏ အနောက်မြောက်ဘက် တွင် တည်ရှိခဲ့ဖူးသော အစ္စလာမ်ခေတ် မတိုင်မီ ဂန္ဓာရတိုင်းဒေသ၏ မူးမေ့ လောက်အောင် ရှုပ်ထွေးသော သမိုင်းကြောင်းကို ခြေရာကောက် ၍ လှစ်ပြခဲ့ခြင်းဖြစ်သည်။

      အဆိုပါ ဒေသသည် ယနေ့ခေတ်တွင် တာလီဘန် နှင့်ဆက်စပ်သော ပြောက် ကျားအုပ်စုများ၊ ပါကစ္စတန် အစိုးရ ဆန့်ကျင်ရေး အစွန်း ရောက်ပုန်ကန်မှု များနှင့် ခွဲခြားမရသော ဆွက်တောင် ကြားဒေသတွင် အပါအ၀င်ဖြစ်သည်။ သို့သော် ယင်းအနုပညာပြပွဲက ပေါ်လွင် ထင်ရှားစေသကဲ့သို့ပင် ဂန္ဓာရ ဒေသသည် ရှေးခေတ်တစ်ချိန်က အနု ပညာလက်ရာများနှင့် ယဉ်ကျေးမှု ဆိုင်ရာ သန္ဓေသားငယ်ဖြစ် သကဲ့သို့ အင်ပါယာနယ်ချဲ့သည့် ဆုံးစမထင် သော တိုင်းကြီးပြည်ကြီးရှင် အဆက် ဆက်၏ နယ်ပယ်ချဲ့ထွင်ရန် ပစ်မှတ် အဆက်မ ပြတ်ဖြစ်လာသည်မှာ အလွန် တိုးတက်ထွန်းကားသော ခရစ်တော် မပေါ်မီ ၁၀၀ စုခေတ် (ဘီစီ-၁၀၀)မှ အေဒီ-၅၀၀ စုခေတ်တိုင် နှစ်ပေါင်း ၆၀၀ နီးပါးအတွင်းဖြစ်ပေသည်။

      "အခုခေတ် ပါကစ္စတန်ရဲ့ ပြင်းထန်တဲ့ အစွန်းရောက်ဝါဒပုံရိပ် ပေါ်လွင် ထင်ရှားနေတာဖြစ်ပေမယ့် အင်မတန် ရှေးကျတဲ့ ဒီဒေသရဲ့ သမိုင်းအစဉ်အလာ ဟာ ကွဲပြားတဲ့ ဘာသာအယူဝါဒတွေ အပေါ် သဘောထားကြီးကြီး လက်ခံတဲ့ အယူဝါဒအမျိုးမျိုး ထွန်းကားရာ ဒေသအဖြစ် ထင်ရှားပါတယ်"ဟု အာရှ အသင်းပြတိုက်၏ ဒါရိုက်တာ မယ်လစ် ဆာချူးက ပြောကြားသည်။

      ကျောက်သား ပန်းပုလက်ရာများ ရွှေသားနှင့် ကြေးဝါလက်ရာများသည် တစ်နေရာနှင့်တစ်နေရာ အလွန်ကွာ ဝေးသော ဂရိ၊ ရောမ၊ အိန္ဒိယ၊ ပါရှား နှင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ တိုးတက်များပြားစွာ ဗုဒ္ဓဘာသာ လက်ရာများ၏ ဩဇာသက်ရောက်မှုကို ပြသ လျက်ရှိကြောင်း တွေ့ရသည်။ ကမ္ဘာပေါ်တွင် ယခုတိုင်ကျန်ရှိနေသည်ဟု သိရှိရသော ဗုဒ္ဓ၏ ဒုက္ကရစရိယာ ကျင့်တော်မူသော ရုပ်တု တော် သုံးဆူ အနက် တစ်ဆူအပါအ၀င်ဖြစ်သော အခြားလက်ရာများသည် နှစ်ပေါင်း ထောင်ချီ၍ မယိုယွင်း မပျက်စီးဘဲရှိခဲ့ရာ ယင်း တို့က အနုပညာဆိုင်ရာ ရောယှက်မှုနှင့် စမ်းသပ်တီထွင်မှုလက္ခ ဏာများကို ဖော်ပြလျက်ရှိကြောင်း တွေ့ရှိရသည်။



      အပယ်မကျနိုင်တဲ့ ကုသိုလ်(၇)မျိုး

      (၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲတဲ့ပုဂ္ဂိုလ်
      (၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်
      (၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းတဲ့ပုဂ္ဂိုလ်
      (၄) စာရေးတံမဲ လှူဒါန်းတဲ့ ပုဂ္ဂိုလ်
      (၅) ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်
      (၆) ရေတွင်းရေကန် လှူဒါန်းတဲ့ ပုဂ္ဂိုလ်
      (၇) ကျောင်းဆောင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်

      အဲဒီပုဂ္ဂိုလ်များ သေရင် အပယ်မကျပါဘူး ဆရာတော်အရှင်ဇ၀နဟောကြားတဲ့ ဗုဒ္ဓဘာသာအခြေခံ တရားတော်များထဲမှာ နားကြားရလို့ ပြန်လည်မျှဝေလိုက်ပါတယ် လှူတဲ့အခါမှာစိတ်ထားတက်ဖို့တော့လိုပါတယ်ခင်ဗျာ..

       

      ကိုယ်ကျင့်သီလဆိုတာ အသက်ထက် တန်ဘိုးကြီးသည်

      ကိုယ်ကျင့်သီလဆိုတာ အသက်ထက် တန်ဘိုးကြီးသည်
      ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလ ငါးပါးရှိပါတယ်။ဥပုသ်နေ့များမှာ ဆိုရင်တော့ သုံးပါး ထပ်ထည့်ပြီး ရှစ်ပါးသီလ ထိုမှ နောက်ထပ်တစ်ပါးတိုးပြီး ကိုးပါးသီလ စောင့်ထိန်းနေကြပါတယ်။မည်သို့ပင်ဖြစ်စေ မိမိစောင့်ထိန်းနေသော သီလအကြောင်းကို ကောင်းကောင်းသိထားဖို့ အကျယ်တဝင့်သိထားဖို့တော့လိုပါတယ်။အကျဉ်းမျှကိုတော့ အားလုံး သိထားပြီးပြီလို့ထင်ပါတယ်။သီလစောင့်ထိန်းခြင်းကြောင့် ရနိုင်မယ့် အကျိုးတရား၊သီလ ချွတ်ယွင်းခြင်းကြောင့် ခံစားရမယ့် အပြစ်တရားများကိုတော့ အားလုံးသိထားသင့်ပါတယ်။သိပြီးသားသူများကို မဆိုလို၊မသိသေးသောသူများကိုရည်ညွှန်းပါတယ်။
      ကိုယ်အပြုအမူ၊နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့်နှုတ်(ကာယကံနှင့်ဝစီကံ)ကို စောင့်စည်း ထိန်းသိမ်းခြင်းကိုသီလလို့ခေါ်တာပါ။သီလသည် ကုသိုလ်တရားအားလုံးရဲ့ တည်ရာ မှီရာဖြစ်ပါတယ်။သီလတရားသည် လောဘနှင့်ဒေါသတရားကိုပယ်ပါတယ်။ဒါနပြုတဲ့အခါမှာ သီလစင်ကြယ်ရပါတယ်။ဒါမှသာ အကျိုးပေးကောင်းတာပါ။သမထ၊ဝိပဿနာ အားထုတ်ရင်လည်း သီလကိုပယ်လို့မရပါဘူး၊သီလစင်ကြယ်ရပါတယ်။သီလ၊သမာဓိ၊ပညာဆိုပြီး အစဉ်တိုင်းသွားပါတယ်။သီလစင်ကြယ်မှ သမာဓိဖြစ်ပါတယ်။သီလမစင်ကြယ်ရင် သမာဓိ မဖြစ်နိုင်ပါဘူး၊သမာဓိမဖြစ်ရင် ဝိပဿာနာကြိုက်သလောက်အားထုတ် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေမရနိုင်ပါဘူး၊မဂ်ဥာဏ် ဖိုဥာဏ်မှမရရင် ဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက် မပြုနိုင်ပါဘူး၊နိဗ္ဗာန်မျက်မှောက်မပြုနိုင်သရွေ့ ပဋိသန္ဓေနေရခြင်း၊အိုခြင်း၊နာခြင်း၊သေခြင်း၊ငိုကြွေးခြင်း၊စိုးရိမ်ပူပန်ရခြင်းစတဲ့ ဒုက္ခတွေ နဲ့ လုံးလည်လိုက်နေဦးမှာပါ။
      ဒါကြောင့် သီလသည် လောကီရေးရာစိတ်ချမ်းသာ၊ကိုယ်ကျန်းရေး၊စီးပွားဥစ္စာတိုးတက်ရေး၊ရောဂါကင်းရေးတင်သာမက
      နိဗ္ဗာန်သွားရာလမ်းကြောင်းမှာပါအရေးကြီးနေပါတယ်။ဒါကြောင့်သီလစင်ကြယ်ရမှာပါ။သီလစင်ကြယ်မှ သမာဓိတည်မှသာလျှင် ဝိပဿနာ ဥာဏ် ၊မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာပါ။နိဗ္ဗာန်ကိုမျက်မှောက်ပြုမှသာလျှင် ပဋိသန္ဓေနေရခြင်း၊အိုခြင်း၊နာခြင်း၊သေခြင်း ငိုကြွေးခြင်း၊စိုးရိမ်ပူဆွေးရခြင်း၊ပူပန်ရခြင်းစတဲ့ဒုက္ခတွေငြိမ်းမှာဖြစ်ပါတယ်။ဒါဖြင့်ရင် သီလသည် လောကီရေးရာတင်မကပဲ၊လောကုတ္တရာရေးရာအထိ အရေးပါ တန်ဘိုးကြီးတယ်လို့ဆိုရမှာပါ။မြတ်စွာဘုရားရှင်သည်လည်း သီလသည် အရေးကြီးသော အရာဖြစ်သည့်အတွက် သီလပါရမီ ကိုပင်ဖြည့်ကျင့်ခဲ့သလို၊ဘုရားဖြစ်ပြီးသည့်အခါမှာလည်း သီလနှင့်ပတ်သတ်သော တရားများစွာကိုဟောတော်မူခဲ့တာပါ။ရဟန်းယောင်္ကျားများအတွက်၊ဘိက္ခူနီလို့ခေါ်တဲ့ ရဟန်းမိန်းမများအတွက်၊လူဝတ်ကြောင်များအတွက် သီလများကိုလည်း သတ်မှတ်တော်မူခဲ့တာပါ။လူကြောင်များအတွက်တော့ ငါးပါးသီလ၊ရှစ်ပါးသီလ ပေါ့လေ စသည်ဖြင့် ထားတော်မူခဲ့ပါတယ်။
      ဒါကြောင့် ဗုဒ္ဓဘာသာများအနေနဲ့ သီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲအောင် စောင့်ထိန်းသင့်ပါတယ်။တရားစခန်းများမှာဆိုလည်း ယောဂီများအနေနဲ့ သီလကိုပယ်လို့မရတာဖြစ်တဲ့အတွက် သီလပေးချိန်ကို အချိန်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီး အားထုတ်စေပါတယ်။ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့သလို ဒါနပြုတဲ့အခါပဲဖြစ်ဖြစ်၊တရားအားထုတ်တဲ့အခါပဲဖြစ်ဖြစ် သီလကိုပယ်လို့ဘယ်လိုနည်းနဲ့မှ မရလို့ပါ။ကိုယ်အပြုအမူ၊နှုတ်အပြောအဆို အပြစ်ကင်းလျှင် သီလစင်ကြယ်ပါတယ်။ကိုယ်ကျင့်တရားကောင်းပါတယ်။
      ကိုယ်အပြုအမူ၊နှုတ်အပြောအဆို အပြစ်မကင်းလျှင် သီလမစင်ကြယ်ပါ။သီလပျက်စီးတယ်လို့ပြောရမှာပါ။ကိုယ်ကျင့်တရားပျက်တယ်ဆိုလည်းမှန်ပါတယ်။အပြစ်ဆိုတာ ထိခိုက်နစ်နာမှုကို အပြစ်လို့ခေါ်ပါတယ်။ မိမိကိုယ်ဖြစ်စေ၊သူတစ်ပါးကိုဖြစ်စေ၊တစ်ဦးဦးကို ထိခိုက်နစ်နာစေသော အပြုအမူ အပြောအဆိုသည် အပြစ်ရှိသော၊အပြစ်မကင်းသော အပြုအမူ အပြောအဆို ဖြစ်ပါတယ်။မိမိ၊သူတစ်ပါး နှစ်ဦးအနက် မည်သူကိုမှ မထိခိုက် မနစ်နာသော အပြုအမူ အပြောအဆို သည် အပြစ်မရှိသော အပြစ်ကင်းသော အပြုအမူ အပြောအဆိုဖြစ်သည်။အပြစ်ကင်းသော အမှုသည် ကုသိုလ်ဖြစ်ပါတယ်။အပြစ်မကင်းသော အမှုသည် အကုသိုလ်ဖြစ်ပါတယ်။
      ကိုယ်ကျင့်သီလ ပျက်စီးပြီး သီလမစင်ကြယ် လျှင် အရုပ်ဆိုး၊အကျည်းတန်ခြင်း၊ရဟန်း ရှင် လူ တို့ ကြည်ညို ချစ်ခင်မှုကို မခံယူရခြင်း၊လာဘ်လာဘရှားပါးခြင်း၊ ကြည်ညိုသူလှူဒါန်း ပူဇော်သူများမှာ အကျိုးနည်းခြင်း စတဲ့မကောင်းကျိုးများကို ရရှိစေပါတယ်။ထို့ပြင်
      စည်းစိမ် ဥစ္စာပျက်စီး ဆုံးရှုံခြင်း၊
      သတင်းဆိုးထွက်ခြင်း၊မကောင်းသတင်းကျော်စောခြင်း၊လူသူပရိတ်သတ် အလယ်သို့ မျက်နှာ ညှိုးငယ်စွာဝင်ရခြင်း၊ သတိလက်လွတ်လျက် အော်ဟစ် ညည်းညူကာသေရခြင်း၊အပါယ်စသော ဘဝဆိုးတို့၌ လာရောက်ရခြင်း စတဲ့ဆိုကျိုးတွေကိုခံစားရပါတယ်။
      ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သီလစင်ကြယ်လျှင်တော့ အထက်က စကားရပ်တွေနဲ့ဆန့်ကျင်ဘက်ပါပဲ။ရုပ်ဆင်းအင်္ဂါချောမောလှပခြင်း၊ရဟန်း၊ရှင်၊လူတို့၏ ကြည်ညိုချစ်ခင်မှုကို ခံယူရခြင်း၊လာဘ်လာဘ ပေါများခြင်း၊ကြည်ညိုလှူဒါန်းပူဇော်သူများ အကျိုးကျေးဇူး ကြီးမားခြင်း စသော အကျိုးတရားများကို ရရှိစေပါတယ်။ထို့ပြင် စည်းစိမ်ဥစ္စာပေါများခြင်း၊ကောင်းသတင်းကျော်ကြားခြင်း၊ပရိတ်သတ်အလယ်သို့ မရှက်မရွံ့ ရဲရဲဝံ့ဝံ့ ဝင်နိုင်ခြင်း၊သတိရှိလျက် မတွေမဝေ သေရခြင်း ၊သေပြီးတဲ့အခါ ကောင်းရာ သုဂတိသို့ရောက်စေခြင်း စသော အကျိုးတရား များကို ရရှိစေပါတယ်။ထိုထက်ပိုသော အကျိုးတရားများစွာရှိနေပါသေးတယ်။မိမိအနေနဲ့ သီလ စင်ကြယ်တယ်ဆိုရင် မိမိသီလ စင်ကြယ်ခြင်းကို စဉ်းစားမိတိုင်း ဆင်ခြင်မိတိုင်း ကုသိုလ်တရားများတိုးပွားခြင်း၊စိတ်ကြည်လင် ရွှင်လန်း နှလုံးသာယာခြင်းလို့ခေါ်တဲ့(အဝိပ္ပဋိသာရ)၊စိတ်ကြည်လင် ရွှင်လန်းလျှင်ဝမ်းမြောက်ခြင်းလို့ခေါ်တဲ့ (ပါမောဇ္ဇ)၊ဝမ်းမြောက်ခြင်းကြောင့် နှစ်သက်အားရကျေနပ်ခြင်းလို့ခေါ်တဲ့(ပီတိ)၊ နှစ်သက်အားရခြင်းကြောင့် ကိုယ်ရောစိတ်ပါ ငြိမ်းအေးခြင်းလို့ခေါ်တဲ့(ပဿဒ္ဓိ)၊ကိုယ်ရောစိတ်ပါ ငြိမ်းအေးလျှင် ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းလို့ခေါ်တဲ့(သုခ)၊ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းကြောင့် တရားရှုမှတ်ပွားများလျှင် စိတ်တည်ငြိမ်မှုဆိုတဲ့(သမာဓိ)၊ကိုရလွယ်ပါတယ်၊သမာဓိတည်ကြည်လျှင် ရုပ်တရား၊နာမ်တရားတို့အပေါ်မှာ အမှန်တိုင်းမြင်ခြင်းဆိုတဲ့(ယထာဘူတဥာဏ်)ထိုမှ ဝိပဿနာ မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ထိကိုလျှင်မြန်စွာရရှိစေပါတယ်။မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရပါမှ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာပါ။နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီဆိုလျှင် ဒုက္ခအားလုံးချုပ်ငြိမ်း ရုတ်သိမ်းသွားသည်ထိ အကျိုးများစေပါတယ်။
      ဒါကြောင့် ထိုမျှ အကျိုးကျေးဇူးများတဲ့သီလတရားကိုလူတိုင်းကြိုးစားဆောက်တည်သင့်ပါတယ်။မိမိဘာသာလည်းဆောက်တည်လို့ရသလို၊ဘုရားရှေ့မှာဖြစ်စေ၊ရဟန်းတော်တစ်ပါးပါးထံမှာဖြစ်စေဆောက်တည်လို့ရပါတယ်။ရဟန်းတော်တစ်ပါးပါးထံမှာဆောက်တည်မည်ဆိုပါက ရိုသေမှု၊လေးနက်မှု၊အားကောင်းပါတယ်။စောင့်စည်းစိတ် ထက်သန် အားကြီးပါတယ်။ဒါကြောင့် မိမိရဲ့ကိုယ်ကျင့်တရားဟာ မိမိအားထုတ်မှုပေါ်မှာတည်နေသောကြောင့် ကိုယ်ကျင့်သီလကို အသက်ထက်တန်ဘိုးထားပြီးဆောက်တည်နိုင်ပါစေ။ဆောက်တည်ခြင်းကြောင့်လည်း လောကီ၊လောကုတ္တရာ အကျိုးနှစ်မျိုးလုံးကိုရရှိနိုင်တဲ့ အမျိုးကောင်း သား ၊အမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆုတောင်းမှုပြုရင် ကိုယ်ကျင့်သီလအကြောင်းကို အားလုံးအတွက် မျှဝေလိုက်ရပါသည်။
      အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)


      ကာမတဏှာ ကြောက်စရာ***

        http://www.theboomerrants.com/wp-content/uploads/2011/01/Sex-with-tennis-shoes.jpg

        စိတ်ဝင်စားအောင်ခါင်စဉ်ပေးပြီ ကျွန်တော်ရေးမဲ့  အကြောင်းအရာက  စာအုပ်တွေထဲမှာဖက်ခဲဖူတာတွေ၊ လူကြီး
        တွေပြောပြတာတွေ ပြန်ရေးထားတာပါ၊ ကျွန်တော်ကိုယ်တိုင် ကိလေသာကုန်ခန်းနေတဲ့  သူတော်စင်မဟုတ်ပါဘူး၊
        ကောက်ကြောင်းတွေများတဲ့  မိန်ကလေးတွေကို မသိမသာ ငန်းတက်ပါတယ်..ဘာကြောင့် လည်ဆိုတော့ 
        ကျွန်တော်ဟာ ယောင်္ကျားစင်စစ် ဧကန်ဖြစ်နေလို့ ပါ....:P

        မှတ်မှတ်ရရ ဖက်ခဲ့ ဖူသော စာအုပ်လေးက ကာလီဒါသ ပညာရှိအမတ်တယောက်အကြောင်းပါ၊ မူမတ်တွေ အစုံ
        အလင်နဲ့ ညီလာခံထဲမှာ ဘုရင်က ကာလီဒါသ အမတ်ကိုမေးခွန်ထုတ်ပါတယ်၊ "အမှောင်တကာ အမှောင်ထဲမှာ
        အဘယ်အမှောင်က အမှောင်ဆုံးလဲ"ဟု မေးခွန်ထုတ်ပါတယ်....

        ကာလီဒါသအမတ်အတွက် အဖြေရကြပ်စေတဲ့  မေးခွန်းဖြစ်သလို တပတ်အတွင်း အဖြေမပေးနိင်ရင် အသတ်သေ
        စေနိင်တဲ့  မေးခွန်းလည်ဖြစ်ပါတယ်၊ ကာလီဒါသ အမတ်လည် မစားနိင်၊မသောက်နိင် တမှိုင်မှိုင် တတွေတွေနဲ့ 
        စဉ်းစာနေရတာပေါ့ ၊ဒါကို သမီဖြစ်သူက မေးပါတယ်.အဘယ်ကြောင်းကြောင့်  ယခုကဲသို့  ဖြစ်နေရသနည်းပေါ့ ။

        ကာလီဒါသအမတ်လည်း  ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့  သမီဖြစ်သူက သူကူညီမည်ဆိုတဲ့ အကြောင်း
        ယနေ့ ညအချိန် သူမအခန်းထဲသို့  လာခဲ့ ရန် မှာကြားခဲ့ ပါတယ်.။

        ညဉ်အချိန်ရောက်တော့  ကာလီဒါသအမတ်လည် သမီတော်မှာကြာခဲ့ တဲ့ အတိုင်း သမီတော်အခန်းထဲသို့ ဝင်
        သွာပါတယ်၊ အဲဒီအချိန်မှာ လရောင်အောက်သလွန်ထက်မှာ အိပ်စက်နေတဲ့ သမီတော်ဟာ ၀တ်လစ်စလစ်
        ဖြစ်နိင်သလို၊မပေါ်တပေါ်လည် ဖြစ်နိင်ပါတယ်...

        ကာလီဒါသအမတ်လည် ရှေ့ တိုးရအခက်၊နောက်ဆုတ်ရအခက်နဲ့  မင်သတ်ပြီ သမီးတော်ရဲ့  ခန္ဒာကိုယ်အလှအပ
        ပေါ်မှာ တွေဝေယစ်မူသွားပါတယ်..တချိန်ထဲမှာပဲ သမီတော်ကရုတ်တရက်ထပြီ " ဖခင်  အမှောင်တကာအမှောင်
        ထဲမှာ ယခုလို ကာမမှောင် အမှောင်ဆုံးပါ"ဟု ပြောလိုက်ပါတယ်........

        ကာလီဒါသအမတ်လည် သဘောပေါက် နားလည်သွာပြီ  ညီလာခံထဲမှာ  သမီတော်တော်ပြောတဲ့ အတိုင်း"အမှောင်
        တကာ အမှောင်ထဲမှာ ကာမမှောင် အမှောင်ဆုံး"ပါဟုလျောက်တင်လိုက်ပါတယ်......

        ဘုရင်မင်းမြတ်လည်း သဘောတော်ကြ၍ ဆုလဒ်များ ချီးမြှင့် လိုက်ပါတယ်.........

        ကာမတဏှာများကြောင့်  သားနှင့် အမေ၊ အဖေနှင့် သမီး တို့ ကိုမှောက်မှားစေနိင်ပါတယ်.ကျွန်တော် ဘာကြောင့် 
        ပြောနိင်တာလဲဆိုတော့  ပြီခဲ့ သောလအနည်းငယ်ကပဲ စင်္ကာပူမှာ အဖေနှင့် သမီး ဇတ်လမ်းတဗိုဒ်ဖြစ်သွာပါတယ်။
        ပြီနောက် မလေးရှား၊ပြင်သစ်၊ဘရာဇီ စသည့် နိင်ငံတွင်းသတင်းတွေမှာ အဖေနှင့် သမီး၊သားနှင့် အမေ၊မြေးနှင့် 
        အဖွား ဇတ်လမ်းများကို  မဖက်ချင်ပဲ  တအံတသြနဲ့ ဖက်ခဲ့ ရလို့ ပါ.........

        ကျွန်တော်တို့  မြန်မာနိင်ငံဗုဒ္ဒဘာသာတွေထဲမှာ ထိုကဲသို့ အကြောင်းများ မကြားရ၊မမြင်ရ မတွေရချေ ၊ဒါကလည်း
        ယဉ်ကျေးသိမ်မွေ့ သော ဘာသာတရားကြောင့် ဖြစ်မည်ထင်ပါသည်...

        ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓမြတ်စွာဘုရား ရုပ်ထူတော်


         
         
         
         
         
         
         
         
         
         



        နှစ်ပေါင်းရာကျော်တိုင်အောင်မပုပ်သိုးမပျက်စီးတဲ့ခရာဇ်ယာန်သူတော်စင်တို့၏အလောင်းများ


        Top 10 Incorrupt Corpses

        Throughout the years the Roman Catholic Church has found the bodies of some of their saints to be incorrupt. When this happens, the body is often put on display (quite often they are put inside a Church altar with a glass front). This is a list of the most famous incorrupt saints. You can read a much more indepth article with a photo and video gallery of incorrupt corpses here.

        1. Saint Bernadette of Lourdes, Died 1879 [Wikipedia]

        Bernprof

        St Bernadette was born Bernadette Soubirous in Lourdes, France. From February to July 1858, she reported eighteen apparitions of "a Lady." Despite initial skepticism from the Roman Catholic Church, these claims were eventually declared to be worthy of belief after a canonical investigation. After her death, Bernadette's body remained "incorruptible", and the shrine at Lourdes went on to become a major site for pilgrimage, attracting millions of Catholics each year.

        2. Saint John Vianney, Died 1859 [Wikipedia]

        Johnvianney

        St. Jean Baptiste Marie Vianney (May 8, 1786 – August 4, 1859) was a French parish priest who became a Catholic saint and the patron saint of parish priests. He is often referred to, even in English, as the "Curé d'Ars" (the parish priest of the village of Ars). He became famous internationally for his priestly and pastoral work in his parish due to the radical spiritual transformation of the community and its surroundings.

        3. Saint Teresa Margaret, Died 1770

        Stteresamargaretbody

        n March 19, 1934, Pope Pius XI entered Blessed Teresa Margaret of the Sacred Heart in the register of saints. In Germany, the new saint is virtually unknown outside of the Carmelite Order. Her life was quiet and hidden. She died on March 7, 1770 at the age of 22, and of this short lifespan, she spent five years in the Carmelite monastery in Florence. She performed no brilliant, attention-getting deeds, nor did her reputation reach the wider world. She spent her life living quietly and with virtue.

        4. Saint Vincent de Paul, Died 1660 [Wikipedia]

        Depaul4

        Saint Vincent de Paul studied humanities at Dax with the Cordeliers and he graduated in theology at Toulouse. Vincent de Paul was ordained in 1600, remaining in Toulouse until he went to Marseille for an inheritance. On his way back from Marseille, he was taken captive by Turkish pirates to Tunis, and sold into slavery. After converting his owner to Christianity, Vincent de Paul was freed in 1607. Vincent returned to France and served as priest in a parish near Paris. n 1705 the Superior-General of the Lazarists requested that the process of his canonization might be instituted. On August 13, 1729, Vincent was declared Blessed by Benedict XIII, and canonized by Clement XII on June 16, 1737. In 1885 Leo XIII gave him as patron to the Sisters of Charity.

        5. Saint Silvan Died circa 350

        Silvan1

        There is little known about Saint Silvan except that he was martyred (killed for his faith). Considering his body is over 1,600 years old, it is remarkably preserved.




        6. Saint Veronica Giuliani, Died 1727 [Wikipedia]

        Guiliani

        Saint Veronica Giuliani (Veronica de Julianis) (1660-July 9, 1727) was an Italian mystic. She was born at Mercatello in the Duchy of Urbino. Her parents, Francesco Giuliana and Benedetta Mancini, were both of gentle birth. In baptism she was named Ursula. According to the Catholic Encyclopedia, she showed signs of sanctity from an early age. Her legend states that she was only eighteen months old, she uttered her first words to upbraid a shopman who was serving a false measure of oil, saying distinctly: "Do justice, God sees you."

        7. Saint Zita, Died 1272 [Wikipedia]

        Lucca.San Frediano17

        Saint Zita (c. 1212 – 27 April 1272) is the patron saint of maids and domestic servants. She is also appealed to in order to help find lost keys. Zita often said to others that devotion is false if slothful. She considered her work as an employment assigned her by God, and as part of her penance, and obeyed her master and mistress in all things as being placed over her by God. She always rose several hours before the rest of the family and employed in prayer a considerable part of the time which others gave to sleep.

        8. Saint John Bosco, Died 1888 [Wikipedia]

        0817-3 The Tomb Of St John Bosco B

        Saint Don Bosco, born Giovanni Melchiorre Bosco, and known in English as John Bosco (August 16, 1815 – January 31, 1888), was an Italian Catholic priest, educator and recognized pedagogue, who put into practice the dogma of his religion, employing teaching methods based on love rather than punishment. He placed his works under the protection of Francis de Sales; thus his followers styled themselves the Salesian Society. He is the only Saint with the title "Father and Teacher of Youth".

        9. Blessed Pope Piux IX, Died 1878 [Wikipedia]

        Picture295-1

        Pope Pius IX (May 13, 1792 – February 7, 1878), born Giovanni Maria Mastai-Ferretti, reigned as Pope of the Roman Catholic Church from his election in June 16, 1846, until his death more than 31 years later in 1878. Pius IX was elected as the candidate of the liberal and moderate wings on the College of Cardinals, following the pontificate of arch-conservative Pope Gregory XVI. Initially sympathetic to democratic and modernizing reforms in Italy and in the Church, Pius became increasingly conservative after he was deposed as the temporal ruler of the Papal States in the events that followed the Revolutions of 1848.

        10. Blessed Pope John XXIII, Died 1963 [Wikipedia]

        Popejohnxiiitomb

        Pope John XXIII (Latin: Ioannes PP. XXIII; Italian: Giovanni XXIII), born Angelo Giuseppe Roncalli (November 25, 1881 – June 3, 1963), was elected as the 261st Pope of the Catholic Church and sovereign of Vatican City on October 28, 1958. He called the Second Vatican Council (1962-1965) but did not live to see it to completion, dying on June 3, 1963, two months after the completion of his final encyclical, Pacem in Terris. He was beatified on September 3, 2000, along with Pope Pius IX, the first popes since Pope St. Pius X to receive this honour.




        ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် BIDC ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာလူငယ်အသင်း ထိုင်းကို အနိုင်ရရှိပြီး ဗိုလ်စွဲ
        738

        BIDC Cup ပြိုင်ပွဲတွင် အနိုင်ရရှိပြီး အောင်ပွဲခံနေသော မြန်မာလူငယ်အသင်း

        ကမ္ဘောဒီးယားနိုင်ငံတွင် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကျင်းပခဲ့သော BIDC Cup (Bank of Investment & Development for Cambodia) ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ မြန်မာလူငယ်အသင်းက ထိုင်းလူငယ် အသင်းကို အချိန်ပိုတွင် သွင်းယူသော ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

        မြန်မာလူငယ် အသင်းသည် ဗိုလ်လုပွဲအဖြစ် ထိုင်းလူငယ်အသင်း နှင့်ယှဉ်ပြိုင်ကစားခဲ့ရာ၌ ပွဲကစားချိန် မိနစ် ၄၀ တွင် ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း ၄၂ မိနစ်၌ ဇော်လင်းက ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြီး မိနစ် ၉၀ ပြီးဆုံးချိန်အထိ (၁-၁)ဂိုးစီ သရေကျနေခဲ့သည်။ ထို့ကြောင့် အချိန်ပို ဆက်လက်ကစားရာတွင် ၁၀၅ မိနစ်၌ သက်နိုင်က မြန်မာ လူငယ်အသင်းအတွက် ဗိုလ်စွဲစေမည့် ဂိုးကို သွင်းယူခဲ့ကြောင်း သိရသည်။ မြန်မာလူငယ် အသင်းသည် အုပ်စု(ခ)၌ အိမ်ရှင် ကမ္ဘောဒီးယား လူငယ်အသင်း၊ လာအိုလူငယ်အသင်းတို့နှင့် အတူ ကျရောက်ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်က အဖွင့်ပွဲစဉ်အဖြစ် လာအိုလူငယ် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

        အောက်တိုဘာလ ၁၂ ရက်နေ့ တွင် အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယား လူငယ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာတွင် (၂-၂)ဂိုးစီ သရေကျခဲ့ပြီး ပေးလိုက်ရသော ချေပဂိုးများထဲ၌ ပယ်နယ်တီတစ်ဂိုး ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာလူငယ် အသင်းသည် အုပ်စုဗိုလ်အဖြစ် အကြို ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ် လူငယ်အသင်းနှင့် တွေ့ဆုံခဲ့သည်။ အကြိုဗိုလ်လုပွဲတွင် မိနစ် ၉၀ ပြီးဆုံး ချိန်အထိ (၁-၁) ဂိုးစီ သရေကျနေသောကြောင့် အချိန်ပို မကစားတော့ဘဲ ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ မြန်မာလူငယ် အသင်းက (၅-၄)ဂိုး ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

        ဗိုလ်လုပွဲတွင် ထိုင်းလူငယ် အသင်းကို အနိုင်ရရှိခဲ့မှုမှာ မြန်မာ လူငယ်အသင်းအတွက် ပြီးခဲ့သည့်အာဆီယံယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့မှုကို ပြန်လည်ချေဖျက်နိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

        ၂၀၁၁ BIDC Cup မြန်မာအသင်း ပွဲစဉ်များ

        အုပ်စုအဆင့်

        မြန်မာ  ၄-၀     လာအို

        မြန်မာ  ၂-၂     ကမ္ဘောဒီးယား

        အကြိုဗိုလ်လုပွဲ

        မြန်မာ  ၁-၁     ဗီယက်နမ်

        (ပယ်နယ်တီ ၅-၄ ဂိုးဖြင့် မြန်မာနိုင်)

        ဗိုလ်လုပွဲ

        မြန်မာ  ၁-၁     ထိုင်း

        (အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် မြန်မာနိုင်)


        --
         

         
        Myanmar Gazette
         

        Myanmar (Burma)
        http://republicoftheunionofmyanmar.blogspot.com/


        Music
        http://myl6.blogspot.com/


        Funny Jokes
        http://7comrades.blogspot.com/


        MIET Forum
        http://mietforum.ning.com/


        You received this message because you are member of
        "Myanmar Daily  Mail" group. To post to this group, send email to
        mayanmardailymail@googlegroups.com To unsubscribe from this group, send email to
        mayanmardailymail+unsubscribe@googlegroups.com
        For more options, visit this group at
        http://groups.google.com/group/mayanmardailymail  If you need any help, you can contact admin@mee-pya-tite.com & forall85ster@gmail.com & simpleviews2010@googlemail.com.


        0 comments:

         
        Myanmar Daily Mail Sponsored by Mayanmar Daily Mail Group