GSM တယ်လီဖုန်း လေးသန်းအား ၂၀၁၂ ဇန်န၀ါရီတွင် ဖြန့်ချိမည် ၊ ခေတ္တရပ်ထားသည့် CDMA ၈ဝဝ ဖုန်းများ အမည်ပေါက်ဖြင့် နေ့ချင်းပြီးဝယ်နိုင်ပြီ ၊ CDMA 800MHz နှင့် 450MHz ဖုန်းများ နေ့ချင်းပြီးစနစ်ဖြင့် ထပ်မံချထားပေးလျက်ရှိ ၊ CDMA 800 ရောင်းအားကျ၍ ဆိုင်များ ဈေးခ


  1. GSM တယ်လီဖုန်း လေးသန်းအား ၂၀၁၂ ဇန်န၀ါရီတွင် ဖြန့်ချိမည် ၊
  2.  ခေတ္တရပ်ထားသည့် CDMA ၈ဝဝ ဖုန်းများ အမည်ပေါက်ဖြင့် နေ့ချင်းပြီးဝယ်နိုင်ပြီ ၊
  3.  CDMA 800MHz နှင့် 450MHz ဖုန်းများ နေ့ချင်းပြီးစနစ်ဖြင့် ထပ်မံချထားပေးလျက်ရှိ  ၊
  4.  CDMA 800 ရောင်းအားကျ၍ ဆိုင်များ ဈေးချ ၊
  5. Samsung Nexus မိုဘိုင်းလ်ဖုန်းအား နိုဝင်ဘာလတွင် စတင်ရောင်းချမည်  ၊
  6. ၃ ရက်အတွင်း​ Apple iPhone 4S အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ချခဲ့​ရ  ၊
  7.  နှစ်ကုန်လျှင် Apple မှ iPad 3 ဖြန့်ချိမည် ၊
  8. စတိဗ်ဂျော့၏အကြောင်းကို ရုပ်ရှင်ရိုက်ကူးရန်အတွက် ဆိုနီကုမ္ပဏီက သူ၏ အတ္တုပ္ပတ္တိကို ဝယ်ယူ  ၊
  9. Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် ကွယ်လွန်  ၊
  10.  Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် (၁၉၅၅-၂၀၁၁)  ၊
  11.  Apple iPhone 4S စတင်မိတ်ဆက်  ၊
  12.  3D မိုဘိုဪးဖုန်း Sprint HTC Evo 3D ၊
  13. iPad သင်ပုန်းကွန်ပျူတာကို ဈေးနှုန်းဖြင့် ယှဉ်မည့် Amazon ၏ Kindle Fire ထွက်ရှိ ၊
  14.ံ့Helicpoter View in Google Maps ၊
  15. Google Earth ကို ဒေါင်းလုဒ်သည့်အကြိမ်ပေါင်း သန်းတစ်ထောင်ကျော်ပြီ ၊ 
  16. Google မှာ Buzz ကို ပိတ်ပစ်တော့မယ်  ၊



GSM တယ်လီဖုန်း လေးသန်းအား ၂၀၁၂ ဇန်န၀ါရီတွင် ဖြန့်ချိမည်


GSM တယ်လီဖုန်းလိုင်းပေါင်း သန်း ၃၀ ၏ ပထမနှစ် လေးသန်းစီမံကိန်းအား လာမည့် ၂၀၁၂ ဇန်န၀ါရီလတွင် ပုဂ္ဂလိကကုမ္ပဏီများကို တစ်ဆင့်ချထားပေးမည်ဖြစ်ကြောင်း ပုဂ္ဂလိကဖုန်းကုမ္ပဏီတစ်ခုမှ သိရသည်။ ရတနာပုံတယ်လီပို့၊ Asia Mega Link၊ Elite Tech၊ ရွှေသံလွှင်ကုမ္ပဏီနှင့် IGE ကုမ္ပဏီတို့မှ အုပ်စုလေးစုခွဲကာ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ရတနာပုံတယ်လီပို့နှင့် Asia Mega Link ကုမ္ပဏီများသည် မြန်မာပြည် အထက်ပိုင်းဒေသများရှိ မြို့များကိုလည်းကောင်း၊ Elite Tech၊ ရွှေသံလွင်နှင့် IGE ကုမ္ပဏီတို့သည် မြန်မာပြည် အောက်ပိုင်းရှိ မြို့များကိုလည်းကောင်း တာဝန်ယူတပ်ဆင် ဆောင်ရွက်ပေးမည်ဖြစ်သည်။ BTS တာဝါတိုင်များ ကိုလည်း ထပ်မံတိုးချဲ့ရန်အတွက် စစ်တမ်းများ ကောက်ယူလျက်ရှိပြီး ပထမနှစ် လေးသန်းစီမံကိန်း၏ တစ်သန်းကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် အဆိုပါ ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ယူ တပ်ဆင်ပေးရမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ္တရပ်ထားသည့် CDMA ၈ဝဝ ဖုန်းများ အမည်ပေါက်ဖြင့် နေ့ချင်းပြီးဝယ်နိုင်ပြီ

October 5, 2011
By Popular News

ငှားရမ်းသုံးစွဲခွင့် ခေတ္တရပ်ဆိုင်း ထားသည့် ငါးသိန်းတန် CDMA ၈ဝဝMHz ဖုန်းများ ဖုန်းအရောင်း ဆိုင်တိုင်းတွင် အမည်ပေါက်နေ့ချင်း ပြီး ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။၎င်းဖုန်းများကို ဇွန်လ ဒုတိယ အပတ်မှစတင်၍ ငှားရမ်းသုံးစွဲခွင့် ခေတ္တရပ်ဆိုင်းထားပြီး စက်တင်ဘလကုန်မှ ပြန်လည်ချထားပေးခဲ့ခြင်း ဖြစ်သည်။ယခင်က အဆိုပါ ငါးသိန်းတန် CDMA 800 MHz များအား အလုံ ဆက်သွယ်ရေးအိတ်ချိန်းရုံးတွင်သာ လျှောက်ထားရယူနိုင်သော်လည်း ယခုလမှစ၍ မိုဘိုင်းဖုန်းအရောင်း ဆိုင်များတွင် နေ့ချင်းပြီး တိုက်ရိုက် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ "စက်တင်ဘာလ ၂၉ ရက်နေ့ ကစပြီး ရောင်းချခွင့်ပေးခဲ့တာပါ။ ၅ သိန်းGSMဖုန်းတွေလိုပဲOne Stop Service ချက်ချင်းရမှာပါ။ ဈေးနှုန်းတွေက မငြိမ်ဘူး။ စတင် ရောင်းတဲ့နေ့မှာဆို တစ်ဆိုင်နဲ့ တစ်ဆိုင်ဈေးနှုန်းတွေက မတူကြ ဘူး။ ငါးသိန်းခုနစ်သောင်း၊ ငါးသိန်း ကိုးသောင်းလောက်အထိ ရောင်း နေတာတွေ့ရတယ်။ မြန်မာ့ဆက် သွယ်ရေးက တရားဝင်ခွင့်ပြုချက် နဲ့ ရောင်းတာပါ"ဟု လသာမြို့နယ် ရှိ လူကြီးမင်းဖုန်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။အဆိုပါ ငါးသိန်းတန် CDMA 800 MHz ဖုန်းများမှာ ယခင်က ဝ၉-၇၃ဝယ၇၃၁ နံပါတ်များဖြင့် စတင် ခဲ့သော်လည်း ယခုအခါတွင် ဝ၉-၇၃၉ နံပါတ်များဖြင့် စကြောင်းသိရ သည်။  "မြန်မာ့ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေဆီ က ယူရောင်းတာပါ။ လောလော ဆယ်အလုံးရေ ကန့်သတ် ထား   ခြင်းမရှိသေးဘူး။ ကြိုက်သလောက် ယူရောင်းခွင့်ပေးထားတယ်။ CDMA 450 MHzဖုန်းတွေလည်း ဆက် လက်ရောင်းချဖို့ ရှိပါတယ်။ လက်ရှိ ၈ဝဝ ဖုန်းရောင်းဈေး ကတော့ ငါး သိန်းခုနစ်သောင်းဖြစ်ပါတယ်"ဟု လှည်းတန်းရှိMr.Phone မိုဘိုင်း ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။အဆိုပါဖုန်းများအား ဝယ်ယူ မည်ဆိုပါက ငါးသိန်းတန်GSMဖုန်းများ ဝယ်ယူသကဲ့သို့ မှတ်ပုံတင် မူရင်း၊ ဓာတ်ပုံ ၂ ပုံ ပါရှိရမည်ဖြစ် ကြောင်း သိရသည်။
အောင်ဇော်




CDMA 800MHz နှင့် 450MHz ဖုန်းများ နေ့ချင်းပြီးစနစ်ဖြင့် ထပ်မံချထားပေးလျက်ရှိ

မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် နေ့ချင်းပြီး ဝန်ဆောင်မှုများဖြင့် ဂျီအက်စ်အမ်ဖုန်းများ ဝယ်ယူသကဲ့သို့ပင် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်
Posted on Oct 03 11 - 01:32 PM | Hits : 1236
CDMA 800MHz နှင့် 450MHz ဖုန်းများ နေ့ချင်းပြီးစနစ်ဖြင့် ထပ်မံချထားပေးလျက်ရှိ

အသစ်ထပ်မံလျှောက်ထား အသုံးပြုခြင်းအား  ရပ်ဆိုင်းထားခဲ့သော စီဒီအမ်အေ ၈၀၀ မက်ဂါဟက်ဇ်ဖုန်းများနှင့် စီဒီအမ်အေ ၄၅၀ မက်ဂါဟက်ဇ်ဖုန်းများအတွက် ယခုအောက်တိုဘာလမှစတင်ကာ နေ့ချင်းပြီး One Stop Service ဝန်ဆောင်မှုများဖြင့် ပြန်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အသစ်ထပ်မံချထားပေးမည်ဖြစ်သော စီဒီအမ်အေ ၈၀၀ မက်ဂါဟက်ဇ်ဖုန်းများအား ဝယ်ယူအသုံးပြုရာတွင် ယခင်ကကဲ့သို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် သွားရောက်လျှောက်ထားဝယ်ယူရန် မလိုအပ်တော့ဘဲ လက်ရှိအချိန်တွင် ရောင်းချပေးလျက်ရှိသော ပြင်ပ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် နေ့ချင်းပြီး ဝန်ဆောင်မှုများဖြင့် ဂျီအက်စ်အမ်ဖုန်းများ ဝယ်ယူသကဲ့သို့ပင် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်သည်။ ဝယ်ယူအသုံးပြုသူများ အနေဖြင့် မှတ်ပုံတင်မူရင်း၊ မိတ္တူနှစ်စောင်နှင့် ဓာတ်ပုံသုံးပုံတို့ဖြင့် သွားရောက်ဝယ်ယူနိုင်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် လက်ရှိအချိန်တွင် ကျပ်ငါးသိန်း သုံးသောင်းခန့် ပေါက်ဈေးရှိကြောင်း သိရသည်။ ယင်းကဲ့သို့ အသစ်တစ်ဖန်ထပ်မံ၍ အသုံးပြုခွင့်များ ချထားပေးရာတွင် အသုံးပြုခွင့်ပေးသွားမည့် ဖုန်းအလုံးအရေအတွကိုမူ အသေးစိတ်မသိရှိရသေးချေ။

Credit: ကိုသက် (Internet Journal)



CDMA 800 ရောင်းအားကျ၍ ဆိုင်များ ဈေးချ

ငှားရမ်းသုံးစွဲမှု ခေတ္တ ရပ်ဆိုင်းခဲ့သည့်ငါးသိန်းတန် CDMA 800 ဖုန်းများပြန်လည် ချထားပေးရာတွင် သုံးစွဲသူ နည်းပါးနေကြောင်း မိုဘိုင်း ဖုန်းအရောင်းဆိုင်များမှ စုံစမ်း သိရသည်။
အဆိုပါ ငါးသိန်းတန် CDMA  ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားစရာ မလိုအပ်ဘဲ မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ချက်ချင်း အမည်ပေါက် ဝယ်ယူနိုင်ရန်  ဈေးကွက်ပြောင်းလဲရာတွင် သတ်မှတ်ဈေး ငါးသိန်းနှုန်းထက် ပိုနေသည် ဟု သိရသည်။
"စတင် ရောင်းခွင့်ရတဲ့နေ့က ဆိုရင် တစ်ဆိုင်နဲ့ တစ်ဆိုင်ဈေးနှုန်းတောင် မတူဘူး။ ငါးသိန်းခုနစ်သောင်းအထိတောင် ရောင်းနေကြတယ်။ ဒါပေမဲ့  တကယ်တမ်း ရောင်းအား တက်မလာတော့ ဈေးနှုန်းတွေ ပြန်ချကြတယ်။ ဈေးနှုန်း ပြန်ချတော့လည်း ရောင်းအားက သိသိသာသာ တက်မလာဘူး။ နောက်ပေါ်မယ့် သုံးသိန်တန်ဖုန်း တွေကြောင့် ထင်ပါတယ်" ဟု ကျောက်တံတားမြို့နယ်ရှိ မိုဘိုင်း ဖုန်းအရောင်းဆိုင်တစ်ဆိုင်က ပြောသည်။
၎င်း CDMA ဖုန်းများမှာ GSM ငါးသိန်းဖုန်းများ မပေါ်ပေါက်မီကာလတွင် သုံးစွဲသူများပြီး ဈေးကွက်တစ်ခု အထိရှိလာကြောင်း၊ ခေတ္တ ရပ်ဆိုင်းသည့်ကာလ တွင်လည်း အမည်ပေါက် မဟုတ်ဘဲ ဈေးနှုန်းမှာ ခြောက်သိန်း ဝန်းကျင်အထိ ရှိခဲ့ကြောင်း သိရသည်။
" GSMငါးသိန်းတန်တွေ စတင်ရောင်းချခွင့် ရတုန်းကဆိုင်ရဲ့ ရောင်းအား ၇ဝ ရာခိုင်နှုန်းလောက် အထိတက်လာတယ်။ အခု CDMA  ငါးသိန်းဖုန်း ရောင်းချခွင့် ရတော့ ရောင်းအားက ထင်သလောက် တက်မလာခဲ့ဘူး" ဟု ပုဇွန်တောင် မြို့နယ်ရှိ  Joker  ဟန်းဆက် အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
လက်ရှိတွင် အဆိုပါ ငါးသိန်းတန်ဖုန်းများ၏ ရောင်းချနေမှုများမှာ GSM ဖုန်းလျှင် ကျပ်ငါးသိန်းနှုန်း ဖြစ်ကာ CDMA 800 MHz မှာငါးသိန်း ငါးထောင်ရှိပြီး CDMA 450 MHz ဖုန်းမှာ ငါးသိန်းတစ်သောင်း ဖြစ်ကြောင်း သိရသည်။
"ဖုန်းတွေ ချက်ချင်းဝယ်ယူလို့  ရတယ်ဆိုပေမယ့် ငါးသိန်းနှုန်းဆိုတာက လူတန်းစားတစ်ရပ်ပဲ ဝယ်နိုင်မှာပါ။ သာမန် လူတန်းစား တွေကတော့ ဝယ်ယူနိုင်မယ် မထင်ဘူး။ လူတော်တော်များများကလည်း သုံးသိန်းတန် ဝန်းကျင်ဖုန်းတွေ လာမယ်ထင်ပြီး မဝယ်ကြတာလည်း ပါတာပေါ့။ ဘယ်လောက်ပဲ လိုင်းဆွဲအားကောင်း ကောင်း တန်ဖိုးကြီးရင် ဘယ်သူမှ ဝယ်ကြမယ်မထင်ဘူး။ ဒီထက်နှုန်းထား ထပ်လျှော့ချပေးမယ် ဆိုရင်တော့ သုံးစွဲသူ များလာနိုင်ပါတယ်" ဟု ဖုန်းကျွမ်းကျင်သူ ပညာရှင်တစ်ဦးက သုံးသပ်သည်။

အောင်ဇော်



Samsung Nexus မိုဘိုင်းလ်ဖုန်းအား နိုဝင်ဘာလတွင် စတင်ရောင်းချမည်

လက်ရှိတွင် Apple၏ iPhone 4Sဈေးကွက်အတွင်း အောင်မြင်နေသည်နှင့် တိုက်ဆိုင်ပြီး Samsungက Nexusကို မိတ်ဆက်လာခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုဝင်ဘာလတွင် ရောင်းချသွားမည်ဟု သိရ
Posted on Oct 21 11 - 09:18 AM | Hits : 513
Samsung Nexus မိုဘိုင်းလ်ဖုန်းအား နိုဝင်ဘာလတွင် စတင်ရောင်းချမည်

Samsung ကုမ္ပဏီက ၎င်းတို့၏ Nexusမိုဘိုင်းလ်ဖုန်း အသစ်တစ်ခုကို စတင်ထုတ်လုပ် ရောင်းချတော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။ လက်ရှိတွင် Apple၏ iPhone 4Sဈေးကွက်အတွင်း အောင်မြင်နေသည်နှင့် တိုက်ဆိုင်ပြီး Samsungက Nexusကို မိတ်ဆက်လာခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုဝင်ဘာလတွင် ရောင်းချသွားမည်ဟု သိရသည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းကြီး၏ ဖုန်းတွင် Google၏ Android OSကို အသုံးပြုထားပြီး Apple၏ iOSကို စိန်ခေါ်ရန် ရည်ရွယ်ထားသည်။ Androidအသုံးပြုထားသော ဖုန်းများအနက် ရောင်းအကောင်းဆုံး Brandအဖြစ် မှတ်ကျောက်တင်ခံထားသော Samsungသည် ယခုဖုန်းတွင် Andriod OS၏ နောက်ဆုံးမျိုးဆက်ဖြစ်သော Ice Cream Sandwichကို အသုံးပြုထားသည်။ ဖုန်းတွင် (၄.၆၅)လက်မ အကျယ်ရှိ Screenပါရှိပြီး AM-OLEDအမျိုးအစားဖြစ်ကြောင်း သိရသည်။ ထို့အပြင် Processorကို 1.2 GHz Dual-Coreသုံးထားပြီး Face Recognitionကဲ့သို့ Functionသစ်များ ပါလာမည်ဟု Samsungက ကြေညာထားသည်။

Source: DailyChilli



၃ ရက်အတွင်း​ Apple iPhone 4S အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ချခဲ့​ရ

alt

Apple iPhone 4S© dailymail

Appleကုမ္ပဏီသည် ၃ ရက်အတွင်း​ ၎င်း​တို့​၏ ​နောက်ဆုံး​ထုတ် iPhone 4S အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ချနိုင်ခဲ့​​ကြောင်း​ သိရှိရသည်။

 အောက်တိုဘာ ၁၄ ရက်​နေ့​က စတင်၍ ဂျပန်၊ ဩစ​တြေး​လျ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ က​နေဒါနှင့်​ အ​မေရိကန်တို့​ရှိ Appleအ​ရောင်း​ဆိုင်များ​ တွင် စ​ရောင်း​ခဲ့​​သော iPhoneမှာ ​အောက်တိုဘာ ၁၆ ရက်​နေ့​ အပြီး​တွင် အလုံး​​ရေ ၄ သန်း​​ကျော် ​ရောင်း​ထွက်ခဲ့​ပြီး​ဖြစ်သည်။

Appleသည် မိုဘိုင်း​လ်ဖုန်း​သစ် စ​ရောင်း​ပြီး​ ၂၄ နာရီအတွင်း​ Onlineမှ အမှာစာ ၁ သန်း​​ကျော်ကိုလည်း​ လက်ခံရရှိခဲ့​​ကြောင်း​ သိရသည်။ iPhone 4Sအား​ ​ ရောင်း​ချမှုသည် ၃ ရက်အတွင်း​ နှိုင်း​ယှဉ်မှုအရ iPhone 4ကို ​ရောင်း​ချစဉ်ကထက် အလုံး​​ရေ ​ခြောက်သိန်း​​ကျော် ပိုများ​​ကြောင်း​လည်း​ သတင်း​ များ​က ​ဖော်ပြခဲ့​သည်။

iPhone 4Sကို တီထွင်ထုတ်လုပ်ရာတွင် ပဲ့​ကိုင်ရှင် ဖြစ်​သော စတိဗ်​ဂျော့​ဘ် ကွယ်လွန်ခဲ့​ပြီး​မှ စတင်​ရောင်း​ချ​သော ဖုန်း​သည် Siriကဲ့​သို့​ ဖန်တီး​မှုများ​​ကြောင့်​ ​အောင်မြင်ခဲ့​ခြင်း​လည်း​ ဖြစ်သည်။ Siriသည် အသံကို လက်ခံနား​​ထောင်နိုင်​သော Softwareတစ်ခု ဖြစ်ပြီး​ ​မေး​ခွန်း​များ​ကို တုံ့​ပြန် ​ဖြေကြား​နိုင်ရန် Appleက ဖန်တီး​ထည့်​သွင်း​​ပေး​ထား​သည်။ 


နှစ်ကုန်လျှင် Apple မှ iPad 3 ဖြန့်ချိမည်
by aungkhamkyaw | Thursday, October 20, 2011
Share |

iPad3 launch in 2012


iPad3 launch in 2012

မတ်လ က iPad 2 ထွက်ရှိပြီး အောင်မြင်မှု ရခဲ့တဲ့ Apple ဟာ iPad 3 ကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။

ယခုလမှ ထွက်ရှိခဲ့တဲ့ iOS 5 ကို အသုံးပြုသွားမှာဖြစ်ပြီး အသွင်အပြင်ဒီဇိုင်းနှင့် နည်းပညာအားဖြင့် ယခင် iPad 2 ထက်ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ Samsung မှ ထုတ်တဲ့ Galaxy seriresTablet တွေဟာ screen ၁၀ လက်မ ကျော်ပေမဲ့ အရွယ်အစားအားဖြင့် ၉.၇ လက်မသာရှိတဲ့ iPad ရဲ့ တူမတူတဲ့ စွမ်းရည်များကြောင့် Apple ကိုလူကြိုက်များနေရခြင်းဖြစ်ပါတယ်။ မတ်လက ထွက်ရှိခဲ့တဲ့ iPad 2 ဟာဆိုရင် ပထမ တစ်ပတ်အတွင်းမှာ အလုံးပေါင်း တစ်သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၂ မှာ နှစ်ဆန်းမှာ ဖြန့်ချိမဲ့ iPad 3 ကိုလည်း တစ်ပတ်အတွင်း အလုံးရေ တစ်သန်းခွဲရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီ့အတွက် အလုံးရေ ပိုမို တိုးထုတ်နိုင်အောင်လည်း စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်း ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဈေးနှုန်းချိုသာတဲ့ Amazon kindle Tablet ထက် နှစ်ဆကျော်လောက် တန်ဖိုးကြီးမယ်လို့ သိရပါတယ်။

လက်ရှိ Apple မှ ဖြန့်ချိတဲ့ iPhone4s ဟာဆိုရင် လူကြိုက်များပြီး၊ ရေပန်းစားလျက်ရှိပါတယ်။ ဒါ့အပြင် OS အသစ် ဖြစ်တဲ့ iOS 5 ကို ကမ0x081ဘာတစ်ဝန်းမှ iPhone, iPod နဲ့ iPad သုံးစွဲသူတွေဟာ နေ့စဉ် iTune store မှ Download ဆွဲလျက်ရှိပါတယ်။ App အသစ်ဖြစ်တဲ့ Siri ကတော့ အာရှမှာ ရေပန်းစားခြင်း မရှိသေးပါဘူး။ အမေရိကနဲ့ ဥရောပ မှာတော့ ဒီ App ဟာစိတ်ဝင်စားသူများပြားလျက်ရှိတယ်လို့ သိရပါတယ်။

Ref: Pocketlint


စတိဗ်ဂျော့၏အကြောင်းကို ရုပ်ရှင်ရိုက်ကူးရန်အတွက် ဆိုနီကုမ္ပဏီက သူ၏ အတ္တုပ္ပတ္တိကို ဝယ်ယူ

ဆိုနီကုမ္ပဏီသည် Apple ကုမ္ပဏီ ပူးတွဲထူထောင်သူနှင့် အလုပ်အမှုဆောင် အရာရှိချုပ်ဟောင်း စတိဗ်ဂျော့၏အကြောင်းကို ရုပ်ရှင်ရိုက်ကူးရန်အတွက် သူ ၏ အတ္ထုပ္ပတ္တိမူပိုင်ခွင့်ကို ဝယ်ယူခဲ့ကြောင်း သိရသည်။ ကွယ်လွန်သူ စတိဗ်ဂျော့၏ အတ္ထုပ္ပတ္တိမူပိုင်ခွင့်အတွက် အမေရိကန်ဒေါ်လာတစ်သန်း  ပေးခဲ့ရသည်ဟုဆို
သည်။ စတိဗ်ဂျော့သည် သူသေဆုံးခြင်းမရှိမီ နောက်ဆုံးပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သူသည် သူ၏မိသားစုအတွက် သူ့အတ္ထုပ္ပတ္တိမူပိုင်ခွင့်ကို အလိုရှိကြောင်းပြောကြားခဲ့သည်။ သူက သူ၏ကလေးများအား သူ၏အကြောင်းကို သိစေလိုသည်ဟုဆိုသည်။ စတိဗ်ဂျော့ဟုပင် ရိုးရှင်းစွာ အမည်တပ်ထားသော သူ၏အတ္ထုပ္ပတ္တိ စာအုပ်သည် Apple ကုမ္ပဏီက သူ ကွယ်လွန် ကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပင် အရောင်းရဆုံး စာအုပ် စာရင်း၌ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ Ebook အဖြစ် အမေရိကန် ဒေါ်လာ၁၆ဒသမ ၉၉ ဖြင့် ရောင်းချရာတွင်လည်း Apple iTunes ၌ အရောင်းရဆုံး နံပါတ်၁ နေရာရရှိပြီး Amazon တွင် နံပါတ်၂ နေရာရရှိသည်။


Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် ကွယ်လွန်
ဩဂုတ်လ နှောင်းပိုင်းကတည်းက ဆိုးဆိုးရွားရွား ယိုယွင်းလာသော ကျန်းမာရေး အခြေအနေကြောင့် ၎င်းချစ်မြတ်နိုးသော ကုမ္ပဏီကို စွန့်ခွာကာ အနားယူနေခဲ့သော ဂျော့ဘ်သည် အောက်တိုဘာ (၅)ရက်နေ့က အသက်(၅၆)နှစ် အရွယ်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်
Posted on Oct 06 11 - 12:56 PM | Hits : 1627
Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် ကွယ်လွန်

ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီး Appleကို ပူးတွဲတည်ထောင်ခဲ့သူနှင့် iPad၊ iPhone၊ iPod စသည့် ထုတ်ကုန်များ၏ ဖန်ဆင်းရှင် ဖခင်ကြီးဟု တင်စားခံရသူ Apple၏ အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ်သည် ကင်ဆာဝေဒနာကြောင့် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရှာပြီဖြစ်သည်။ ဩဂုတ်လ နှောင်းပိုင်းကတည်းက ဆိုးဆိုးရွားရွား ယိုယွင်းလာသော ကျန်းမာရေး အခြေအနေကြောင့် ၎င်းချစ်မြတ်နိုးသော ကုမ္ပဏီကို စွန့်ခွာကာ အနားယူနေခဲ့သော ဂျော့ဘ်သည် အောက်တိုဘာ (၅)ရက်နေ့က  အသက်(၅၆)နှစ် အရွယ်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

"စတိဗ်ဟာ ထူးချွန်ပြီး နှစ်နှစ်ကာကာ ကြိုးစားတတ်တဲ့သူပါ။ ကျွန်တော်တို့တွေရဲ့ ရှင်သန်နေထိုင်မှုတွေ တိုးတက်စေဖို့ အရေးပါတဲ့ တီထွင်ဖန်တီးမှုတွေ မရေမတွက်နိုင်အောင် လုပ်ပြခဲ့သူပါ။ စတိဗ်ကြောင့် ကမ္ဘာလောကကြီးဟာ ပိုမိုကောင်းမွန်လာခဲ့ပါတယ်"ဟု Apple ကုမ္ပဏီက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

steve job၎င်း၏ ပြိုင်ဘက်ဟောင်း ဖြစ်ခဲ့သူ Microsoftအကြီးအကဲ ဘီလ်ဂိတ်စ်ကလည်း ဂျော့ဘ်၏ တီထွင်မှုများသည် နောင်လာနောက်သားများအတွက် ထာဝစဉ် အကျိုးဖြစ်ထွန်းနေစေမည်ဟု အမှတ်တရ ပြောကြားသွားသည်။ ဂိတ်စ်က "သူနဲ့ခေတ်ပြိုင် လုပ်ကိုင်ခဲ့ဖူးတာဟာ ကျွန်တော်တို့ သိပ်ကံကောင်းခဲ့ပါတယ်။ ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူစရာ တစ်ခုပါ။ ကျွန်တော် စတိဗ်ကို အမြဲတမ်း လွမ်းနေမိမှာပါ"ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကလည်း ခေတ်ရှေ့ပြေး နည်းပညာသစ်များအတွက် ဦးဆောင်လမ်းပြသူ ဂျော့ဘ်စ်အတွက် တလေးတစား ၀မ်းနည်းစကား ပြောခဲ့သည်။ "မစ်ချယ်လ် (သမ္မတကတော်)နဲ့ ကျွန်တော်ဟာ စတိဗ်ကွယ်လွန်ကြောင်း သတင်းကြားတော့ အရမ်းကြေကွဲမိပါတယ်။ သူဟာ အမေရိကန်ရဲ့ အထင်ရှားဆုံး တီထွင်ပညာရှင်တွေထဲက တစ်ယောက်ပါ။ စတိဗ်ဟာ သူများနဲ့မတူအောင် တွေးခေါ်ရဲတဲ့သူ၊ ကမ္ဘာကြီးကို သူကိုယ်တိုင် ပြောင်းလဲပစ်မယ်လို့ ယုံကြည်ရဲတဲ့သူ၊ တကယ်လည်း လုပ်ပြနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ"ဟု အိုဘားမားကဆိုသည်။ နယူးယော့ခ် မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ်ကလည်း "အမေရိကန်ဟာ အက်ဒီဆင်တို့၊ အိုင်းစတိုင်းတို့နဲ့ထပ်တူ သတိရတမ်းတနေရမယ့် ပါရမီရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။ သူ့ရဲ့ တွေးခေါ်တီထွင်မှုတွေဟာ ကမ္ဘာ့အနာဂတ် မျိုးဆက်တွေကို ပိုပြီးထက်မြက်လာစေဖို့ လမ်းပြပေးခဲ့ပါတယ်"ဟု ညွှန်းဆိုခဲ့သည်။

ဂျော့ဘ်သည် (၈)နှစ်လုံးလုံး ပင်ကရိယ ကင်ဆာရောဂါဖြင့် ရုန်းကန်နေရပြီးနောက် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ Appleကုမ္ပဏီသည် ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင် ဂျော့ဘ်၏ အဖြူနှင့်အမည်း ဓာတ်ပုံကို တင်ကာ ဂုဏ်ပြုပေးခဲ့သည်။

steve job

(Apple ဝက်ဘ်ဆိုက်၏ Home page တွင် စတိဗ်ဂျော့ဘ် ကွယ်လွန်ကြောင်း ဖော်ပြထားစဉ်)

ဂျော့ဘ်သည် Appleကို တန်ကြေးဒေါ်လာ (၃၅၁)ဘီလျံထိရှိသော ကမ္ဘာ့အကြီးမားဆုံး လုပ်ငန်းစုကြီးတစ်ခု ဖြစ်လာအောင် ဦးဆောင်ပေးခဲ့သည်။ လက်ရှိတွင် Appleထက် တန်ကြေးမြင့်မားသော ကုမ္ပဏီမှာ ကမ္ဘာပေါ်တွင် Exxon Mobileတစ်ခုသာ ရှိတော့သည်။ ဂျော့ဘ်သည် Pixarနှင့် Disneyတို့သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သေးသော်လည်း (၁၉၉၆)ခုနှစ်တွင် Appleသို့ ပြန်လည်ရောက်ရှိလာကာ ယိမ်းယိုင်နေသော ကုမ္ပဏီကို ထိပ်ဆုံးရောက်အောင် ဆွဲတင်ပေးခဲ့သည်။

ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည့် ဂျော့ဘ်တွင် (၁၉၉၁)ခုနှစ်ကတည်းက လက်ထပ်ထားသည့် ဇနီးသည် လော်ရင်းနှင့် သားသမီး(၃)ဦး ကျန်ခဲ့သည်။ ထို့အပြင် ချစ်သူဟောင်းနှင့်လည်း သမီးတစ်ဦး ရှိခဲ့ဖူးသည်။ ၎င်းသည် Appleကုမ္ပဏီက ထုတ်လုပ်သည့် မိုဘိုင်းလ်ဖုန်းသည် iPhone 4Sအား စတင်မိတ်ဆက်ပြီး နောက်တစ်ရက် အကြာတွင်ပင် ကွယ်လွန်ခဲ့ရာ ကုမ္ပဏီအနေနှင့် လက်ရှိအချိန်တွင် ဂုဏ်ယူဝမ်းမြောက်မှုရော၊ ကြေကွဲပူဆွေးမှုကိုပါ ရောယှက်ခံစားနေရသည်။

Source: BBC


Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် (၁၉၅၅-၂၀၁၁)

အောက်တိုဘာ ၅ ရက်နေ့က ပင်ကရိက ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားပြီဖြစ်သည့် ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီး Apple ကို ပူးတွဲတည်ထောင်ခဲ့သူနှင့် iPad၊ iPhone၊ iPod စသည့် ထုတ်ကုန်များ၏ ဖန်ဆင်းရှင် ဖခင်ကြီးဟု တင်စားခံရသူ Apple ၏ အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ်၏ ပုံရိပ်အချို့။
Posted on Oct 06 11 - 12:45 PM | Hits : 588
Apple အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဘ် (၁၉၅၅-၂၀၁၁)


Apple iPhone 4S စတင်မိတ်ဆက်

Appleသည် ဈေးကွက်အတွင်း HTC၊ Blackberryစသော ပြိုင်ဘက်များ၏ ယှဉ်ပြိုင်လာမှုနှင့် ကြုံနေရသော်လည်း iPhone 5အစား လက်ရှိရောင်းချနေသော iPhone 4ကို အဆင့်မြှင့်ထားသည့် Versionကိုသာ မိတ်ဆက်ခဲ့ခြင်းဖြစ်
Posted on Oct 06 11 - 12:28 PM | Hits : 712
Apple iPhone 4S စတင်မိတ်ဆက်

Appleအနေနှင့် ပဉ္စမမြောက် iPhoneအဖြစ် iPhone 4Sကို စတင်မိတ်ဆက်လိုက်သော်လည်း iPhone 5စစ်စစ်ကို မျှော်လင့်နေသည့် Appleပရိသတ်များအတွက် အပြည့်အ၀ ကျေနပ်စရာ မဖြစ်ခဲ့ကြောင်း သိရသည်။ Appleသည် ဈေးကွက်အတွင်း HTC၊ Blackberryစသော ပြိုင်ဘက်များ၏ ယှဉ်ပြိုင်လာမှုနှင့် ကြုံနေရသော်လည်း iPhone 5အစား လက်ရှိရောင်းချနေသော iPhone 4ကို အဆင့်မြှင့်ထားသည့် Versionကိုသာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ (၄)ရက်နေ့တွင် Apple၏ အမှုဆောင်ချုပ် တင်ကွတ်ခ်က ကယ်လီဖိုးနီးယားရှိ Appleဌာနချုပ်တွင် iPhone 4ထက် မြန်နှုန်းပိုမြင့်သော iPhone 4Sကို မိတ်ဆက်ပြသကာ အောက်တိုဘာ (၁၄)ရက်နေ့တွင် စတင်ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။

iphone 4s

(iPhone 4S အား Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က မိတ်ဆက်ပြသစဉ်)

အဆိုပါ မိုဘိုင်းလ်ဖုန်းသည် Appleထုတ် Tabletကွန်ပျူတာ iPad 2တွင် တပ်ဆင်ထားသည့် A5 Processorကို အသုံးပြုထားရာ ယခင်Versionအားလုံးထက် တွက်ချက်မှုစွမ်းရည် ပိုမိုမြန်ဆန် မြင့်မားသည်။ iPhone 4Sတွင် အသံဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည့် Voice Controlပါဝင်လာပြီး ကင်မရာကလည်း 1080 pixelအတွက် HDဗီဒီယိုများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ဖုန်း၏ ထူးခြားသော Featureတစ်ခုမှ Siriဟုခေါ်သော အလိုအလျောက် ဖြေကြားစနစ်ဖြစ်ပြီး Homeခလုတ်ကို ဖိထားကာ "ဒီနေ့ရာသီဥတု အခြေအနေ ဘယ်လိုလဲ"ဟု အင်္ဂလိပ်စကားဖြင့် မေးမြန်းပါက ဖုန်းက ရာသီဥတု အနေအထားများကို ဖြေကြားသွားမည်ဖြစ်သည်။ "ငါ့ကို မနက်ဖြန်မနက် (၈)နာရီမှာ နှိုးပါ"ဟု မှာထားလျင်လည်း သီးသန့် Alarmပေးစရာ မလိုဘဲ ဖုန်းက မှတ်သားဆောင်ရွက်ပေးနေမည်ဖြစ်သည်။ လက်ရှိတွင် Siriသည် အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်စကားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

iphone 4s

(iPhone 4 နှင့် iPhone 4S အဓိက ကွားခြားမှုများ)

ဖုန်း၏ မှတ်ဥာဏ်သိုလှောင်မှုသည် 16GB၊ 32GBနှင့် 64GBဟု သုံးမျိုးခွဲခြားထားပြီး Dual Core A5 Porcessorဖြင့် မောင်းနှင်ရန် iOS 5ကို အဓိက စီမံစနစ်အဖြစ် ထည့်သွင်းအသုံးပြုထားသည်။ ဖုန်း၏ ရှေ့ပိုင်းကင်မရာသည် 0.3 mega pixelသာ ရှိသော်လည်း နောက်ဘက်ကင်မရာမှ 8 megapixel ဖြစ်လာသည်။ အရောင်ကို အဖြူနှင့်အမည်း နှစ်ရောင်ဖြင့် ထုတ်လုပ်ထားပြီး Screen အရွယ်အစားမှာ iPhone 4ကဲ့သို့ (၃.၅)လက်မသာဖြစ်သည်။ ဖုန်း၏ အလေးချိန်မှာ (၁၄၀)ဂရမ်ဖြစ်ရာ iPhone 4ထက် မဆိုစလောက် ပိုလေးသည်။ Appleသည် iPhone 4Sကို စတင်မိတ်ဆက်လိုက်ပြီးနောက် ယခင်iPhone Versionဟောင်းများကို ဈေးလျှော့ရောင်းချမည်ဟု အတည်ပြုခဲ့သည်။ ဖုန်းကို အမေရိကန်တွင် (၂)နှစ်စာချုပ်ဖြင့် ၀ယ်ယူပါက သိုလှောင်မှု စွမ်းရည် ကွာခြားမှုအလိုက် (၁၉၉)ဒေါ်လာမှ (၃၉၉)ဒေါ်လာကြား ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: DailyMail

Apple iPhone 4S စတင်မိတ်ဆက်

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s

iphone 4s





3D မိုဘိုဪးဖုန်း Sprint HTC Evo 3D
by aungkhamkyaw | Tuesday, October 25, 2011
Share |

Sprint HTC Evo 3D: 3D Goes Mobile


Sprint HTC Evo 3D: 3D Goes Mobile

စမတ်ဖုန်းတွေ ရဲ့ နည်းပညာ အလျဪအမြန် တိုးတက်ပြောဪးလဲ လာတာ နှစ်နှစ်မကတော့ပါဘူး။ ထိပ်တန်း စမတ်ဖုန်း ခြောက်လုံးအဖြစ် Apple iPhone 4S, Sprint HTC 3D, Sprint Samsung Epic Touch 4G, T-Mobile MyTouch 4G Slide, Version Motorola Droid Bionic, CTIA တို့ အရွေးချယ်ခံရပါတယ်။ iPhone 4S ကတော့ မသိသူနည်းသွားပါပြီ။ ဒါကြောဪ့မို့ သိရှိသူနည်းနေသေးတဲ့ 3D မိုဘိုဪးဖုန်း Sprint HTC Evo 3D ကို ဖော်ပြလိုက်ရပါတယ်။

OS ကတော့ Android 2.3 ပဲ အသုံးပြုထားပြီး HTC Sense 3.0 လဲ ပါဝဪပါသေးတယ်။ လက်ရှိ Android 4.0 ထွက်ရှိနေပြီဆိုပေမဲ့ Sprint HTC Evo ဟာ သုံးဖက် မြဪ 3D ဖုန်းဖြစ်နေတဲ့ အတွက် ထိပ်တန်းအဖြစ် ရပ်တည်နေနိုဪသေးတာဖြစ်ပါတယ်။ Display ကတော့ ၄.၃ လက်မ Super LCD qHD ရှိပြီး 3D ဖုန်းဖြစ်တဲ့ အတွက် resolution 960 x 540 အထိ ရှိပါတယ်။ ဒါကြောဪ့မို့ 3D ရုပ်ရှဪဇာတ်ကားတွေကိုလည်း ကြည့်ရှုနိုဪမှာဖြစ်ပါတယ်။ MHL (Mobile High Definition Link) အသုံးပြုတဲ့ဖုန်းဆိုလို့ ဒီ Evo ဖုန်းသာရှိပါတယ်။

processor အပိုဪးကြည့်မယ်ဆိုရဪလဲ 1.2GHz dual-core Qualcomm Snapdragon ဖြစ်တဲ့အတွက် လုပ်ဆောဪချက် မြန်ဆန်ပါတယ်။ြီးတော့ Evo မှာ 5megapixel 3D ကဪမရာနှစ်လုံး ပါရှိပါတယ်။ ဒါကတော့ သူ့ရဲ့ အဓိက ဆွဲဆောဪချက်ဖြစ်ပါတယ်။ 3D ကဪမရာပါရှိတဲ့ ဖုန်းကို ဈေးသက်သက် သာသာနဲ့ ကိုဪတွယ်အသုံးပြုခွဪ့ရတဲ့ ဆိုတာ နည်းတဲ့ အခွဪ့အရေးမဟုတ်ပါဘူး။ ပြီးတော့ ကဪမရာဟာ Auto focus system ပါရှီပြီး၊ ဓာတ်ပုံအတွက်ရော၊ ဗီဒီယိုအတွက်ပါ တူမတူတဲ့ ကြည်လဪပြတ်သားမှုတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Security ပိုဪးကိုကြည့်မယ်ဆိုရဪလဲ နောက်ဆုံးပေါ် 3.0 Sense user interface ကို အသုံးပြုထားတဲ့အတွက် Data တွေ အခိုးခံရမှာ စိတ်မပူရပါဘူး။ ပြီးတော့ သူ့ရဲ့ lock screen ကိုလိုသလို option ပြောဪးလဲနိုဪပြီး၊ App သိမ်းဆည်းအသုံးပြုခြဪးတွေမှာလဲ shortcut ပေါဪးများစွာပါဝဪပါတယ်။ call quality အပိုဪးကိုလည်း အခြားဖုန်းတွေထက် သာအောဪကြိုးစားထားပါတယ်။ 3D ဖုန်းဖြစ်နေတဲ့အတွက် connection အပိုဪး အားနည်းမှာကို စိုးရိမ်စရာမရှိပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ရှိပြီး နှစ်နှစ်အာမခံပေးထားတယ်လို့ သိရပါတယ်။

Ref: HTC



iPad သင်ပုန်းကွန်ပျူတာကို ဈေးနှုန်းဖြင့် ယှဉ်မည့် Amazon ၏ Kindle Fire ထွက်ရှိ
w71_05

သင်ပုန်း ကွန်ပျူတာဈေးကွက်ကို တစ်ခေတ်ဆန်းစေခဲ့သော အက်ပဲလ်၏  iPad နှင့်ယှဉ်မည့် ထိတွေ့မျက်နှာပြင်သုံး သင်ပုန်းကွန်ပျူတာသစ် Kindle Fire ကို အမေဇုန်ကုမ္ပဏီက ထုတ်လုပ်လိုက်ကြောင်း သိရသည်။

iPad ဈေးနှုန်းအသက်သာဆုံး အမျိုးအစားထက်ပင် ဈေးနှုန်းတစ်ဝက်ကျော် သက်သာသော Kindle Fire ကို အမေရိကန်ပြည်ထောင်စုတွင် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်သည်။ဈေးနှုန်း ၁၉၉ ဒေါ်လာသာ ရှိမည်ဖြစ်သော်လည်း မျက်နှာပြင်အကျယ်မှာ မူ iPad ၏ ၉ ဒသမ ၇ လက်မနှင့် ယှဉ်လျင် အနည်းငယ်သေးပြီး ၇ လက်မသာရှိမည်ဖြစ်သည်။ အမေဇုန်သည် သူ၏စာအုပ်ဖတ်ရှုရေးသာ အဓိကသုံးနိုင်သော  e-Reader များ ကိုလည်း ဈေးနှုန်းချပေးခဲ့သည်ဟု သိရသည်။ e-Reader ဈေးနှုန်းများမှာ အနိမ့်ဆုံး ၇၉ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်ဟု သိရသည်။

Kindle Fire မှာ Wi-Fi ဆက်သွယ်မှု ပါရှိပြီး ဂူးဂဲလ်၏  Android စနစ်ကို သုံးထားသည်။ သို့ရာတွင် ကင်မရာ မပါရှိခြင်းနှင့် 3G မသုံးနိုင် ခြင်းကဲ့သို့သော အားနည်းချက်များ ရှိသည်။ Memory မှာ ၈ ဂီဂါဘိုက် သာရှိသော်လည်း အွန်လိုင်းချိတ် ဆက်ပြီး အမေဇုန်၏ ရုပ်ရှင်၊ ဂီတ၊ ရုပ်သံဝန်ဆောင်မှုများကို သုံးနိုင်မည် ဖြစ်ခြင်းကြောင့် အဆင်ပြေစေမည် ဖြစ်သည်။

သို့ရာတွင် အမေဇုန်၏ အမေရိကန်တစ်ခုတည်းသာရသော ဗီဒီယိုဝန်ဆောင်မှုနှင့် မူပိုင်ခွင့်ပြဿနာများကို မဖြေရှင်းနိုင်သေးပါက အမေရိကန်ပြင်ပတွင် အသုံးပြု၍ အဆင်ပြေ ဦးမည်မဟုတ်ပေ။

Ref: AFP,DailyMail



ံ့Helicpoter View in Google Maps
by Nay Zaw Tun | Tuesday, October 25, 2011
Share |

ံ့Helicpoter View in Google Maps


ံ့Helicpoter View in Google Maps

Google Maps လမ်းကြောင်းများကို 3D view ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်မည့် Helicopter View ၀န်ဆောင်မှုအသစ်ကို ယခုအပတ်အစောပိုင်းက စတင်မိတ်ဆက်ပေးခဲ့သည်။

အသုံးပြုသူများသည် ပထမဦးစွာ starting point နှင့် end point များကို ရိုက်ထည့်မှုများပြုလုပ်ပြီးနောက်၊ "Driving Directions" အနီးရှိ "3D" button မှတဆင့် Google Earth View ၏ လမ်းကြောင်း စတင် ဖြတ်သန်း ပြသမှုများပြုလုပ်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် အချိန်မရွေး pause ပြုလုပ်နိုင်မည်ဖြစ်သလို မြေပုံပေါ်တွင် rotation ပြုလုပ်ကာ အနီးနားရှိ နယ်မြေများ၊ ဓါတ်ပုံများ၊ links များ၊ ထင်ရှားဩာနေရာများ စသည်တို့ကို စိတ်ကြိုက်လေ့လာကြည့်ရှုနိုင်ရုံသာမက မိမိ pause လုပ်ထားခဲ့သည့် နေရာများကိုပါ ဘယ်ဘက်ဖန်သားပြင်ပေါ်တွင် highlight သဖွယ် ပြန်လည်ကြည့်ရှုနိုင်မည်ဟု သိရှိရသည်။

Google Maps တွင် အသုံးပြုထားသည့် Helicopter View concept သည် Disneyland's California Adventure, ကစားကွင်းကြီးမှCalifornia အနှံ့ခေါ်ဆောင်သွားပေးသည့် စီးနင်းစရာ ကစားနည်းတစ်ခုကို အခြေခံထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါဝန်ဆောင်မှုကို နယ်မြေနှင့် နေထိုင်ရာဒေသ အသုံးပြုသူများအလိုက် ကန့်သက်ထားသည့်အတွက် အသုံးပြုသူများအားလုံးနီးပါး အသုံးပြုနိုင်ခြင်း မရှိဩးကြောင်း သိရသည်။

မကြာဩးမီက Chicago တွင် မသမာသူတစ်ဦးမှ Google Maps ကို အသုံးပြု၍ အေ၀းပြေးလမ်းမကြီးအနီးရှိ တန်ဖိုးကြီးနေအိမ်များကို ပစ်မှတ်ထားကာ ၀င်ရောက်ခိုးယူမှုများပြုလုပ်ခဲ့ပြီးနောက်၊ နေအိမ် ၉ အိမ်မှ အမေရိကန်ဒေါ်လာ ၁ သိန်း နီးပါးရှိသည့် လက်ဝတ်ရတနာများနှင့် လျှပ်စစ်ပစ0x081စည်းများ ခိုးယူနိုင်ခဲ့သည်ဟု သိရသည်။

အသုံးပြုသူတစ်ခိျု့က privacy နှင့်လုံခြုံရေပိုင်းအရ ထိခိုက်မှုရှိလာနိုင်သည့်အတွက် နှစ်ခြိုက်မှု မရှိကြောင်းသိရသည်။


Google Earth ကို ဒေါင်းလုဒ်သည့်အကြိမ်ပေါင်း သန်းတစ်ထောင်ကျော်ပြီ
by aungkhamkyaw | Tuesday, October 25, 2011
Share |

Google earth has been download for more than one thousand million!


Google earth has been download for more than one thousand million!

Google Earth ကို ၂၀၀၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးချိန်မှစ၍ ယနေ့အထိ ဒေါင်းလုဒ်ပြုပြီးသုံးစွဲသည့် အကြိမ် ပေါင်း သန်းတစ်ထောင်ကျော်သွားပြီဟု ဂူးဂဲလ်မှ ထုတ်ပြန်ကြေညာသည်။

Google Earth သည် ကမ0x081ဘာကြီး၏ မည်သည့်နေရာ မဆို မြေပုံအဖြစ်လည်းကောင်း၊ အပေါ်စီးမြင်ကွင်းများအဖြစ်လည်းကောင်း၊ သုံးဖက်မြင်ရုပ် ဓာတ်ပုံများ အဖြစ်လည်းကောင်း အလွယ်တကူကြည့်ရှုနိုင်သော စနစ်ဖြစ်သည်။ ထို့ပြင်Google Earth သည် Street View ဖြင့် လမ်းပေါ်လျှောက်သွားနေသူ၏ မြင်ရချက်အတိုင်း လိုက်ကြည့်နိုင်သောစနစ်လည်းပါဝင်ခြင်းကြောင့် မိမိမရောက်ဖူးသောနေရာဒေသကိုပင် ကိုယ်တိုင် ရောက်ရှိနေသလို ခံစားနိုင်သည်။ ထိုသို့မြင်တွေနိုင်စေရန်အတွက် Google Earth သည် ဂြိုဟ်တုမှရိုက်ယူထားသော ဓာတ်ပုံများ၊ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်ကိုဖော်ပြပေးနိုင်သော Google Earth သည် ကမ0x081ဘာ့မြေမျက်နှာသွင်ပြင်သာမက လမျက်နှာပြင်၊ အဂင်0x081ါဂြိုဟ် မျက်နှာပြင်နှင့် စကြ၀ဠာအတွင်းရှိ ကြယ်များတည်နေရာ တို့ကိုပါ ကြည့်ရှုနိုင်အောင် စီမံပေးထားကြောင်း သိရသည်။

Source : Xinhua

Google မှာ Buzz ကို ပိတ်ပစ်တော့မယ်


Google mail မှာ Buzz ကို ပိတ်ပစ်တော့မယ်လို့ သတင်းတစ်ပတ် အနည်းငယ်က Google ဘလောက်မှာ ကြေငြာထားပါတယ်။ Google က Code Search (Open-source ကုဒ်များ ရှာဖွေရေး အင်ဂျင်) နဲ့ jaiku လို့ခေါ်တဲ့ twitter ကဲသို့သော microblogging ဆားဗစ် စသည်တွေကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ပေးခဲ့ပါတယ်။

Google Buzz ကိုတော့ ၂၀၁၀ ဖေဖော်ဝါရီလက စတင်ခဲ့ပြီး Gmail user ရဲ့ status message တွေကို အလိုအလျှောက် post တစ်ခုအနေနဲ့ Buzz မှာ တင်သွားနိုင်အောင်လုပ် ထားတာဖြစ်ပြီး အဲဒီ post ကိုလည်း email ထဲက မိတ်ဆွေအားလုံး ဖတ်လို့ ကွန့်မန့်ပေးလို့ရအောင် လုပ်ထားတဲ့အတွက် ပြစ်တင်ဝေဖန်မှု အတော်များများ ခံလိုက်တဲ့ feature တစ်ခု ဖြစ်ပါတယ်။

အမျိုးသမီး တစ်ယောက်က သူ့ဘလောက်မှာ ရေးထားတာကတော့ Google buzz ဟာ လူအများ မသိစေချင်တဲ့ သူမရဲ့ အွန်လိုင်းဆောင်ရွက်မှုအချို့ကို သူမရည်းစားဟောင်းနဲ့ သူငယ်ချင်းများစွာကို ဖွင့်ချလိုက်သလိုပါပဲတဲ့။

Google Buzz က စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ရက်အတွင်းမှာပဲ Gmail အသုံးပြုသူ နာမည်ကြီး တော်တော်များများရဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းတွေက ဟိုးလေးတကျော် ဖြစ်စေခဲ့ပါတယ်။

Buzz ကို ပိတ်လိုက်ရင်တော့ Buzz မှာ ပို့စ်တွေ တင်လို့ရမှာမဟုတ်တော့ပါဘူး။ ဒါပေမဲပ တင်ထားပြီးသား ပို့စ် အဟောင်းတွေကို ပြန်လည်ဖတ်ရှုနိုင်မှာဖြစ်ပြီး၊ ဒေါင်းလုပ် လုပ်ပြီးတော့ ကိုယ့်စက်ထဲမှာ သိမ်းထားနိုင်ပါမယ်။

Google ရဲ့ လုပ်ငန်းရဲ့ ဒုတိယ အကြီးအကဲ Bradley Horowitz က ကုမ္ပဏီဘလောက်မှာ ရေးထားတာကတော့ ကျွန်တော်တို့ Buzz ကနေ အများကြီး အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်တဲ့။ အဲဒီကနေ အခြေခံပြီးတော့ အခုလူသုံးများလာတဲ့ Google+ ကို ပိုပြီးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ buzz ကို ပိတ်ပစ်တာဖြစ်တယ်။ ဒါပေမဲ့ ဖြုတ်ပစ်မယ့် ဆားဗစ်တွေထဲက ကောင်းကွက်လေးတွေကိုတော့ တခြား တစ်နေရာရာမှာ ပြန်သုံးမယ်လို့ ပြောဆိုခဲ့ပါတယ်။

Google ရီပို့မှာတော့ ၃ လသား Google+ ဟာ အခုဆိုရင် အသုံးပြုသူ သန်း ၄၀ ရှိနေပြီးတော့၊ Facebook ထက်တောင် လူကြိုက်များလာပါတယ်လို့ ဆိုပါတယ်။

Google+ စတင်တဲ့အချိန်၊ invite လုပ်မှ အသုံးပြုလို့ ရတဲ့အချိန်မှာကိုပဲ အသုံးပြုသူ ၁၀ သန်းကျော် ရှိခဲ့ပြီး၊ စက်တင်ဘာနှောင်းပိုင်းမှာတော့ invite လုပ်စရာမလိုပဲ အသုံးပြုလို့ရအောင် ဖွင့်ချပေးခဲ့ပါတယ်။

ကိုဘလိတ်

source: CNN



 

 
Myanmar Gazette
 

Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily  Mail" group. To post to this group, send email to
mayanmardailymail@googlegroups.com To unsubscribe from this group, send email to
mayanmardailymail+unsubscribe@googlegroups.com
For more options, visit this group at
http://groups.google.com/group/mayanmardailymail  If you need any help, you can contact admin@mee-pya-tite.com & forall85ster@gmail.com & simpleviews2010@googlemail.com.


0 comments:

 
Myanmar Daily Mail Sponsored by Mayanmar Daily Mail Group