တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနား မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အတွင်း၌ ကျင်းပ ၊ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ်တွင် အိမ်တအိမ

  1. တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနား မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အတွင်း၌ ကျင်းပ ၊

  2.  ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ်တွင် အိမ်တအိမ်ရှိ ဘုရားသောက်တော်ရေခွက်ထဲတွင် ထူးဆန်းစွာ ပေါ်ထွက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြတ်စွယ်တော် ၊

  3. စေတီပုံပေါ် ရေသန့် ဘူးများ
  4. ဘုရားပွင့်တော်မူစ သာသနာ မြန်မာနိုင်ငံသို့ ရောက်လာပုံ ၊

  5. GSM တာဝါတိုင်စိုက်ရန် မြေတူးရာမှ ရှေးဟောင်းရုပ်ပွားတော်များနှင့် ရတနာများ တွေ့ရှိ ၊

  6.  ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည် ၊

  7.  ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားတက်ရောက်မှု မြင့်တက်လာပြီး မလေးရှားနိုင်ငံသားများဦးရေ အများဆုံးစာရင်းတွင် ပါဝင်လာ ၊

  8. ဒုတိယသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ ၊

  9.  သောတာပန်နဲ့ပတ်သတ်၍ သိကောင်းစရာများ(၂) ၊

  10.  Ramadan around the world 


တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနား မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အတွင်း၌ ကျင်းပ

4341
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်နေစဉ်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၂၂ ရက်နေ့က မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာလ ၂၂ ရက်နေ့က နံ နက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း၊ လေဆိပ်မှတဆင့် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်လာသည့် ပင့်ဆောင်ရေး ယာဉ်တန်းမှာ ကမ္ဘာအေးကုန်မြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်းသို့ မွန်းလွှဲ၁ နာရီခွဲအချိန်၌ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

4341a
ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ရေး ယာဉ်တန်းအား ကမ္ဘာအေးဘုရားလမ်းပေါ်၌ တွေ့ရစဉ်

ထိုသို့ပင့်ဆောင်ရာ လမ်းများဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း(လေဆိပ်လမ်း ဆုံမှ ရှစ်မိုင်လမ်းဆုံအထိ)ကမ္ဘာအေး ဘုရားလမ်း(ရှစ်မိုင်လမ်းဆုံမှ ပါရမီ လမ်းဆုံအထိ) စောင့်ကြိုဖူးမြော်ကြသည့် ပြည်သူများ အများအပြားရှိခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌဆရာတော် အမှုးပြုသည့် သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသူကျောင်းသားများနှင့် အသင်းအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

4341b
ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်

မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ပင့်ဆောင်ခြင်းဖြစ်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်တွင် ၁၅ ရက် ရန်ကုန်မြို့ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပူ ဇော်ခံထားမည်ဖြစ်ကြောင်း သိရှိရ သည်။ ထိုမှတဆင့် မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ ရက်အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အများပြည်သူများ ဖူးမြော်ရန်အတွက် ရန်ကုန်မြို့ရှိ ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ၀င်ရောက်ဖူးမျှော်ခွင့် ပြုခဲ့ကြောင်း သိရှိရသည်။

4341c
ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်
4341d
ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်းသို့ ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်
ပင့်ဆောင်လာသည့် ယာဉ်အားတွေ့ရစဉ်


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ်တွင် အိမ်တအိမ်ရှိ ဘုရားသောက်တော်ရေခွက်ထဲတွင် ထူးဆန်းစွာ ပေါ်ထွက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြတ်စွယ်တော်

နိုဝင်ဘာ၂၂ရက်၊ ည ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ် ပေါက်ကုန်းရပ်ကွက် အ

ပိုင်း(၁၀)မဥူသကလမ်း၊ အိမ်နံပါတ်(၂၀၁) ကိုထွန်းလှ+မဘိုမတို့၏နေအိမ်တွင် နံနက်ခင်း၁၀နာရီခွဲခန့်က နေ

ပြည်တော်မှ ရန်ကုန်မြို့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဂေါတမဗုဒ္ဓ၏စွယ်တော်မြတ်ပုံ

တော် ထူးဆန်းစွာပေါ်ပေါက်လာကြောင်းသိရှိရသည်။

ဖြစ်ပျက်ပုံမှာ အဆိုပါအိမ်ပိုင်ရှင် မဘိုမသည် ည(၈)နာရီတွင် MRTV-4မှထုတ်လွှင့်ရာတွင် တရုတ်ပြည်မှ ပင့်

ဆောင်လာသည့် ဗုဒ္ဓစွယ်တော်အား တီဗွီဖန်သားပြင်မှ ဖူးမျှော်ရစဉ် ကိုယ်တိုင်အနီးကပ်ဖူးမျှော်ချင်သည့်ဟု

စိတ်ထဲမှ ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆုတောင်းပြီးခဲ့ပြီးနောက် နေအိမ်ရှိ ဘုရားစင်မှ ပန်း၊ဆီမီး၊အမွှေး

တိုင်၊ ရေချမ်း စသည်တို့အားလုံးအသစ်လဲလှယ်ခဲ့ကြောင်း၊ ထိုသို့လဲလှယ်အပြီးတွင် မီးခဏပျက်သွားခဲ့သည်။

မီးပြန်လာချိန်၊ ည(၉)နာရီခန့်တွင် ဘုရားစင်အားရုတ် တရတ်အမှတ်မထင်ကြည့်မိရာ သူမကပ်ထားသည့်

သောက်တော်ရေခွက်ထဲတွင် ဗုဒ္ဓစွယ်တော်နှင့်တထေရာတည်း တူနေသည့် စွယ်တော်ပုံ ထူးဆန်းစွာ ပေါ်ပေါက်

နေသည်ကိုတွေ့ခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် အနီးတ၀ိုက်မှအိမ်နီးချင်းများအားခေါ်ယူပြသခဲ့ပြီး ထိုမှတဆင့်

ဝါယာလတ်မြို့နယ်တလျှောက်သတင်းပြန်နှံ့သွားခဲ့ကာ ည(၁)နာရီခန့်တွင် လာရောက်ကြည့်ရှု ဖူးမျှော်သူအများ

အပြားဖြင့် စည်ကားလာခဲ့သည်။ အဆိုပါသတင်းကြောင့် သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲဝန်ထမ်းများလာ

ရောက်စစ်ဆေးပြီး သောက်တော်ရေခွက်အား အသစ်လဲလှယ်စေခဲ့သည်။

ထိုသို့ပြုလုပ်စေခဲ့သော်လည်း သောက် တော်ရေခွက်ထဲတွင် မူလအတိုင်း စွယ်တော်မှာ ပြန်လည်ပေါ်ပေါက်

လျက်ရှိကြောင်းတွေ့ခဲ့ရသည်။ လက်ရှိအချိန်တွင် မင်္ဂလာဒုံမြို့နယ်အပြင် ရန်ကုန်တိုင်းအတွင်းရှိ တခြားမြို့နယ်

များမှလည်း ကားများဖြင့် လာရောက်ကြည့်ရှုဖူးမျှော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။




စေတီပုံပေါ် ရေသန့် ဘူးများ

 
 
 
 
 
 
1 Votes

ဒီနေ့ မနက်သတင်းတွေဖွင့်ကြည့်လိုက်တော့ ရေသန့် ဘူးပေါ်တွေမှာ စွယ်တော်မြတ် ပေါ်နေပုံသတင်းတွေ အများကြီး တွေ့ ရပါတယ်။
ရေသန့် ဘူးနာမည်တွေက တော့ Bio Plus , Alpine အစရှိတဲ့  ရေသန့် ဘူးတွေမှာ တွေ့ မြင်ရပါတယ်။ Facebook မှ ရရှိသော ပုံများကိုတဆင့်မျှဝေလိုက်ပါတယ်။


ဒီပုံလေးကို တော့ မမြသွေးနီမှ ယူထားတာပါ..

လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြကျောက်ဆရာတော်ဘုရားကို ကျွန်မသွားဖူးခဲ့တုန်းက ဆရာတော်ဘုရားစွန့် လိုက်တဲ့ ရေသန့် ဘူးတွေမှာလည်း နေရောင်ထဲထောင်ကြည့်ရင် စေတီပုံပေါ်ပါတယ်…ဒါကြောင့် ဘုရားစင်ပေါ်မှာ တင်ထားတဲ့ မြကျောက်သောက်ရေသန့် ပုလင်းကိုယူပြီး ဒီနေ့ ဓာတ်ပုံရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ရေသန့် ဘူးခွံကို နေရောင်ထဲ ထောင်ကြည့်လိုက်ရင် စေတီပုံပေါ်နေပါတယ်

ထူးထူးဆန်းဆန်းသတင်းတွေဆိုရင်လူတွေက စိတ်ဝင်စားတက်လို့ ရေသန့် ဘူးတွေမှာလည်း ရောင်းကောင်းအောင်အဲသည်လို နည်းပညာတွေထည့်သွင်းလာတာလား..ဘာသာရေးနှင့် ပက်သက်လို့ အရင်ကတည်း ဒီလို စေတီပုံပေါ်တဲ့ အကြောင်းအရာကို ကြိုတင်သိနှင့်ပေမယ့် လူတိုင်းအားမပြောဖြစ်ပါ။
ဓာတုဗေဒနည်းပညာများကို ကျွန်မလည်း နားမလည်လို့ မပြောတက်တော့ပါ…

မည်သို့ ပင်ဖြစ်စေ အခုတလော လူတွေ စိတ်ဝင်စားနေတဲ့ အထူးအဆန်းသတင်းတစ်ပုဒ်ဖြစ်နေတာတော့ အမှန်ပါ……..

မြလေးသျှင်




ဘုရားပွင့်တော်မူစ သာသနာ မြန်မာနိုင်ငံသို့ ရောက်လာပုံ

    မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊(ဘီစီ ၆-ရာစု) တွင် အိန္ဒိယနိုင်ငံ ဥရုဝေလတော မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်ဝယ် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခဲ့သည်။ သတ္တသတ္တာ ရက်ပေါင်း ၄၉-ရက်ကြာ ဆွမ်းအာဟာရ မဘုဉ်းပေးဘဲ ဖလသမာပတ် ချမ်းသာဖြင့် မျှတနေတော်မူခဲ့သည်။ နောက်ဆုံး သတ္တာဖြစ်သော ရာဇာယတန သတ္တာဟတွင် လင်းလွန်းပင်ရင်း၌ ၇-ရက်တိုင်တိုင် ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူခဲ့သည်။


    ထိုအချိန်တွင် ဥက္ကလာတိုင်းမှ တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့သည် လှည်းငါးရာဖြင့် မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားကြလေရာ ဆွေမျိုးတော်စပ်ဖူးသော နတ်၏ လမ်းညွှန်ချက်အရ မြတ်စွာဘုရား ထံတော်မှောက်သို့ ဖူးတွေ့ရန် ရောက်လာကြသည်။


    တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့က မိမိတို့တွင်ပါလာသော ပျားရည် ထောပတ်တို့ ပေါင်းစပ်၍ မုန့်မူန့်နှင့် ဆုပ်ထားသော ပျားမုန့်ဆုပ်ကို ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် စတုမဟာရာဇ် နတမင်းကြီးလေးပါးတို့ လှူဒါန်းအပ်သော သပိတ်တော်ဖြင့် ခံယူတော်မူပြီး ဘုဉ်းပေးသုံးဆောင်တော်မူသည်။ ကုန်သည်ညီနောင်တို့သည် ပထမဆုံး ဆွမ်းကပ်ခွင့်ရရုံမျှမက မြတ်စွာဘုရား ဟောကြားအပ်သော တရားစကားကို နာယူကြပြီး(ဘုရားနှင့်တရား) သရဏဂုံ နှစ်ပါးကို ခံယူဆောက်တည်ခွင့်လည်း ရကြသည်။ ဤဘုရားလက်ထက်၌ ပထမမဆုံး ဒွေဝါစိက သရဏဂုံ(သရဏဂုံ နှစ်ပါး) ဆောက်တည်သူများ ဖြစ်ကြသည်။ သံဃာတော်ဟူ၍ မပေါ်ပေါက် သေးသဖြင့် သံဃသရဏဂုံကို မဆောက်တည်ရ၊ ထို့နောက် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ဖို့ရန် ချီးမြှင့်တော်မူပါဟု လျှောက်ထားကြရာ မြတ်စွာဘုရားသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ ပါလာသော ဆံတော်(၈)ဆူကို ၀ါဆိုလဆန်း ၃-ရက်နေ့၌ ချီးမြှင့်တော်မူသည်။

    ကုန်သည်ညီနောင်တို့သည် မဇ္ဈိမဒေသမှ မိမိတို့ နေထိုင်ရာ သုဝဏ္ဏဘူမိတိုင်း ဥက္ကလာပဇနပုဒ်သို့ ပြန်လာခဲ့ကြသည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့၌ ပြန်ရောက်လာကြသည်။ မင်းနှင့်တကွသော ပြည်သူပြည်သားတို့က ကြိုဆို ပူဇော်ကြပြီး သိင်္ဂုတ္တရကုန်းတော်၌ တိကုမ္ဘမည်သော စေတီတော်တည်၍ ဆံတော်မြတ်များကို ဌာပနာကြလေသည်။ ထိုစေတီတော်ကား မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် ကိန်းဝမ် စံပယ်တော်မူသော ရွှေတိဂုံစေတီတော်မြတ်ကြီးပင် ဖြစ်လေသည်။


    သာသနာတော် အစမှအဆုံးတိုင် တည်တဲ့ ပြန့်ပွား ထွန်းကားတော်မူမည်ကို အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသော မြတ်စွာဘုရားသည် မိမိ၏ သရီရဓာတ်တော် ဆံတော်မြတ်တို့ကို ချီးမြှင့်ပေးသနားတော်မူခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရား၏ သာသနာတော်တွင် ပထမဦးဆုံး အထူးခြားဆုံး ချီးမြှင့်တော်မူခြင်း ဖြစ်သည်။ ဤ ဆံတော်မြတ်များသည် ဗုဒ္ဓသာသနာတော်၏ အထိမ်းအမှတ် လက္ခဏာများ ဖြစ်သည်။ သာသနာတော်အစမှ အဆုံးတိုင်တည်နေ ကိန်းဝပ်တော်မူမည့် နိမိတ်ဖြစ်လေသည်။


    မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် (သဇီဝ ဇီဝမာနက) အသက်ရှင်ဆဲသော ကိုယ်တော်မှ ခွဲစိတ်၍ ကိုးကွယ်ရာ ပေးလိုက်သဖြင့် ဆံတော်ကိုလည်း ဇီဝမာနက ဆံတော် - အသက်ရှင်သော ဆံတော်ဟု ရည်ရွယ်၍ ရွှေတိဂုံဆံတော်ရှင်ဟု (ရှင်) ထည့်၍ ခေါ်ဆိုကြသည်။


    ရွှေတိဂုံ ဆံတော်ရှင်စေတီတော်မြတ်မှာ ဗုဒ္ဓမြတ်စွာ သာသနာတော်တွင် လူ့ပြည်၌ ရှေးဦးစွာ တည်ထား ကိုးကွယ်သော စေတီတော်မြတ် ဖြစ်လေသည်။


    ဦးငါးဦး
    (၁) ဘုရားရှင်အား ပထမဆုံးဖူးတွေကရသူ(ဘုရားဖူးဦး)၊

    (၂) ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ (ဆွမ်းလှူဦး)

    (၃) ပထမဆုံ ဒွေဝါစိက သရဏဂုံတည်ကြသူ (သရဏဂုံဦး)

    (၄) ပထမဆုံး ဆံတော်ရှင် အချီးမြှင့်ခံရသူ (ဆံတော်ဓာတ်တော်ဦး)

    (၅) ပထမဆုံး ဘုရားစေတီတည်ကြရသူ (စေတီဦး - ဘုရားဦး)


    ဦးငါးဦးဖြင့် သာသနာတော်ကို ကိုးကွယ်ခွင့် ရသောသူများမှာ ဥက္ကလာတိုင်းဖွား မြန်မာပြည်သားတို့ပင်ဖြစ်ကြောင်း သာသနာ့သမိုင်းများတွင် မှတ်တမ်းတင်ခဲ့ကြသည်။ ဤဘုရားလက်ထက်တွင် ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံ၌ ပထမဆုံး အခြေတည်ခြင်ဖစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာတော်မြတ် အတွက် ဘူမိနက်သန် မှန်ရာဒေသ ဖြစ်လေသည်။


    ဥက္ကလာတိုင်းဟူသည်မှာ မြန်မာပြည် သုဝဏ္ဏဘူမိအရပ်ရှိ ဥက္ကလာပတိုင်းပင် ဖြစ်သည်။ ဘုရားမပွင့်မီကပင် ပြောင်းရွှေ့လာကြသော မဇ္ဈိမဒေသ တေလင်္ဂဏတိုင်းသားတို့သည် မိမိတို့ နေရပ်အမည်များကို ယူ၍ ဥက္ကလာ (ဥက္ကလာပ) တိုင်းဟု မှည့်ခေါ်ကြသည်၊ မိမိတို့နေထိုင်ရာမြို့ကိုလည်း အသိတဉ္စနမြို့ဟူ၍လည်းကောင်း၊ ပေါက္ခရ၀တီမြို့ဟူ၍လည်းကောင်း၊ ဥက္ကလာမြို့ဟူ၍လည်းကောင်း အမည်သုံးမျိုးဖြင့် မှည့်ခေါ်ခဲ့ကြကုန်၏။ ထိုမြို့သည်ပင် နောင်အခါ၌ တိဂုံမြို့၊ ဒဂုံမြို့ဟု အမည်တွင်ပြန်၏။ ယခုအခါ ရန်ကုန်မြို့ဟု ခေါ်တွင်လာကြလေသည်။


    မြတ်စွာဘုရားရှင် လက်ထက်တော်ကပင် အရှင်ပုဏ္ဏမထေရ်၊ အရှင်ဂ၀ံပတိမထေရ်တို့၏ ပင့်လျှောက်ချက်ကြောင့် မြတ်စွာဘုရားသည် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းများလည်း ရှိပါသည်။ မြတ်စွာဘုရားတို့ မည်သည် တရားဟောပြ ချေချွတ်ရမည့်သူသာ ရှိပါက ယူဇနာပေါင်း ထောင်သောင်းဝေးကွာသော ဒေသပင်ဖြစ်စေ ကြွရောက်တော်မူခဲ့သည့် သာဓကများ ရှိခဲ့သည်။


    အနာဂတံသဉာဏ်တော်မြတ်ဖြင့် အနာဂတ်သာသနာတော် တည်တဲ့ထွန်းကားမည့် မြန်မာပြည်ကို သိမြင်တော်မူမည်မှာလည်း သံသယဖြစ်စရာ မရှိပါချေ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူ၍ အနာဂတ်သာသနာတော်အတွက် ပရိတ်မေတ္တာစသော တစုံတခုသော ဓမ္မအင်အားများ ပေးသနားတော်မူခဲ့မည်ကိုလည်း ယုံမှားဖွယ် မရှိပေ။


    မြတ်စွာဘုရားလက်ထက်တော်ကပင် ၀ိဋဋူဘမင်းသား၏ တိုက်ခိုက်သတ်ဖြတ်မူကြောင့် ဘုရားအမျိုးတော်များဖြစ်သော ကပိလ၀တ်နေပြည်တော်မှ ဓဇရာဇာမင်းသည် မြန်မာနိုင်ငံ တကောင်းပြည်သို့ ရောက်လာခဲ့သည်။ ပထမ တကောင်းဆက်ဘုရင် ဘိန္နကမင်း၏ မိဖုရားကြီး နာဂဆိန်နှင့် "မလည်" အရပ်တွင် တွေ့ရှိကြပြီး အမျိုးတူများဖြစ်ကြသဖြင့် အဘိသိက် ခံယူခဲ့ကြသည်။ ထိုအဘိသိက်ခံယူပြီး ရွှေနန်းတည်တော်မူသည့် အကြောင်းမှန်နန်းရာဇ၀င်၌ မှတ်တမ်းတင်ရာတွင် ရဟန္တာမထေရ်မြတ်နှစ်ပါးတို့က ပရိတ်ရွတ်တော်မူကြောင်းကို တွေ့ရသဖြင့် ဗုဒ္ဓသာသနာသည် တကောင်းပြည်၌ ထွန်းကားနေပြီဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း တပြည်လုံး အတိုင်းအတာထိ ကျယ်ပြန့်မူ မရှိသေးပေ။


    ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။



    GSM တာဝါတိုင်စိုက်ရန် မြေတူးရာမှ ရှေးဟောင်းရုပ်ပွားတော်များနှင့် ရတနာများ တွေ့ရှိ

    ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက် မင်းလမ်းရှိ စာတိုက်ဝင်းအတွင်းမှာ ရတနာပုံတယ်လီပို့ကုမ္ပဏီ အစီအစဉ်နှင့် (အင်တီဂရေးလ်ကုမ္ပဏီ)က တာဝန်ယူဆောက်လုပ်မည့် GSM တယ်လီဖုန်း တာဝါတိုင် စိုက်ထူရန် မြေများတူးဖော်စဉ် ၂၀၁၁ နိုဝင်ဘာ ၁၄ ရက် နေ့လည် ၁၁း၄၀ နာရီက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရတနာပစ္စည်းအချို့ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ ရှေးဟောင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပျူခေတ်နှောင်းပိုင်း လက်ရာဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။ အဖွဲ့ခေါင်းဆောင် မောင်ဝေယံမျိုးက ပန်းရံအဖွဲ့ နှစ်ဖွဲ့စီခွဲပြီး မြေတွင်းသုံးတွင်း တူးဖော်ခိုင်းရာ ဦးတင်ဝင်းနှင့်အဖွဲ့ တူးဖော်သည့်မြေတွင်းမှ သုံးပေခန့်အနက် ရောက်ရှိစဉ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရတနာပစ္စည်းများ တွေ့ရှိသည်။ ဦးတင်ဝင်းမှ စတွေ့ခြင်းဖြစ်သည်။ လိုဏ်ခေါင်းထဲက ဘုရားဆင်းတုတော်ကြီး ထွက်လာသည်။ ဆက်လက်ပြီး နှိုက်ကြည့်သည့်အခါ ကျန်ပစ္စည်းများနှင့် ဘုရားဆင်းတုငယ်များ တွေ့ရှိသည်။ ရွှံ့မြေများ ပေကျန်နေသဖြင့် ရေဆေးကာ စာတိုက်မှူး ဒေါ်ယုယုကို သတင်းပို့လိုက်သည်။ ဒေါ်ယုယုက သက်ဆိုင်ရာ အာဏာပိုင်များကို သတင်းပို့ခဲ့သည်။ ကျောက်တန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် တာဝန်ရှိသူအဖွဲ့များမှ လာရောက်ကြည့်ရှု စစ်ဆေးစေပြီး ရှေးဟောင်းရုပ်ပွားတော်များနှင့် ရတနာပစ္စည်းများကို ကျောက်တန်းမြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာ သတင်းသုံးရာ စိတ္တသုခကျောင်းကို နေ့လည် ၁၁ နာရီ ၄၀ မိနစ်မှာ ပင့်ဆောင် အပူဇော်ခံခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြားရာမှာ ဥာဏ်တော် ၃၆ လက်မ အမြင့်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မှာ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ်တို့နှင့် ပေါင်းစပ်သွန်းထု ပူဇော်ထားတာဖြစ်ပြီး ပဉ္စမလောဟာ၊ အဘယမုဒြာပုံတော်၊ ရုပ်ပွားဆင်းတုတော်ဖြစ်ပြိး ပျူခေတ် အနှောင်းပိုင်းလက်ရာ ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် သဲကျောက် အရိုးအိုးများသည်လည်း ပျူခေတ်အနှောင်းပိုင်း လက်ရာများဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။


    ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

    ရွှေတိဂုံစေတီတော်ကြီး နှစ်၂၆၀၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး ၂၆၀၀အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကို ၂၀၁၂ ခုနှစ်မတ် ၆ ရက်တွင် ကျင်းပမည် ဖြစ်ပြီး သံဃာတော်အပါး ၂၆၀၀ ဖြင့် ရွှေတိဂုံ စေတီတော်ကြီးကို အနေကဇာတင်၍ ယင်းသံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရန်အတွက် ရွှေတိဂုံစေတီစောင်းတန်း တစ်သွယ်လျှင် သံဃာတော်အပါး ၆၅၀ဖြင့် စောင်းတန်းလေးသွယ်တွင် လောင်းလှူနိုင်ကြောင်း သိရသည်။

    "သံဃာတော်အပါး ၂၆၀၀နဲ့ ဘုရားအနေကဇာတင်၊ ဆွမ်းဆန်စိမ်းလောင်းလှူတာမျိုး တစ်ကြိမ်တစ်ခါမှ မရှိဘူး။ နှစ် ၂၆၀၀ပြည့်အထိမ်းအမှတ်အနေနဲ့ ပထမဆုံးကျင်းပတာဖြစ်ပါတယ်။ ကြွလာတဲ့ သံဃာတော် တွေကို ဆွမ်းဆန်စိမ်းလောင်းလှူဖို့ အလှူရှင်တွေကို ဖိတ်ခေါ်ပါတယ်။ ဒီပွဲတော်က ထူးထူးခြားခြားဆိုတော့ စောပြီးစာရင်းပေးထားမှ နေရာယူပေးလို့ ရမှာဖြစ်ပါတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ယင်းပွဲတော်ကာလတွင် နိဗ္ဗာန်ဈေးပွဲ၊ ပျော်ပွဲရွှင်ပွဲအစုံအလင်နှင့် ပြပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ "နိဗ္ဗာန်ဈေးပွဲဖွင့်မှာဆိုတော့ လှူဒါန်းလိုတဲ့ သူတွေ လာရောက်လှူဒါန်းနိုင်တယ်။ ပျော်ရွှင်ပွဲဆိုပေမယ့် ဘာသာရေးကို အခြေခံပြီး လုပ်မယ့်ပွဲဖြစ်တယ်။ ရွှေတိဂုံသမိုင်းပြပွဲ၊ ဗုဒ္ဓသာသနာပြပွဲ ပြုလုပ်မှာဖြစ်လို့ လေ့လာစရာကြည်ညိုစရာ၊ ဗဟုသုတဖြစ်စရာတွေ ပါဝင်မယ်" ဟု ယင်းက ထပ်မံပြောသည်။ အဆိုပါ ပွဲတော်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

    Ref : The Flower News


    ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားတက်ရောက်မှု မြင့်တက်လာပြီး မလေးရှားနိုင်ငံသားများဦးရေ အများဆုံးစာရင်းတွင် ပါဝင်လာ

    b32_20
    ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုကို နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်

    ရွှေတိဂုံစေတီတော်သို့ အောက်တိုဘာလအတွင်း ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုဦးရေမှာ တစ်သောင်းဝန်းကျင် မြင့်တက်မှုရှိလာပြီး မလေး ရှားနိုင်ငံသားများ တက်ရောက်မှု အများဆုံးစာရင်း၌ ပါဝင်နေကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။

    အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုအရေအတွက်မှာ ၂၀၈၀၇ ဦး ရှိခဲ့ပြီး အဆိုပါလ မတိုင်ခင် စက်တင်ဘာလအတွင်းက ၁၀၉၃၆ ဦး တက်ရောက်မှုရှိသည်။ ထိုသို့ ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှု အများဆုံးလူမျိုးများစာရင်းတွင် ပုံမှန်အားဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် စပိန်တို့ တက်ရောက်မှုများ လေ့ရှိကြပြီး အောက်တိုဘာလအတွင်းတွင်မူ ထိုင်းနှင့် တရုတ်လူမျိုးများကာ မလေးရှားလူမျိုးများ တက်ရောက်မှုမှာ တတိယအများဆုံးဖြစ်နေကြောင်း သိရသည်။

    ''ဒီနှစ်ထဲမှာဆိုရင် ရွှေတိဂုံ စေတီတော်ကို ဧပြီလကစပြီး ဧည့်နိုင်ငံခြားသားတက်ရောက်မှု လျော့နည်းခဲ့ပြီး ဇွန်လတုန်းကဆိုရင် ဧည့်နိုင်ငံခြားသား ၉၇၇၀ ဦးပဲတက်ရောက်မှု ရှိခဲ့တယ်။ ဇူလိုင်လနဲ့သြဂုတ်လမှာတော့ တစ်လ ကိုပျမ်းမျှ ၁၃၀၀၀ ကျော် တက်ရောက်မှုရှိခဲ့ပြီး စက်တင်ဘာလ မှာ ၁၀၉၃၆ ဦးပဲတက်ရောက်ခဲ့မှုရှိ ရာက ပွင့်လင်းရာသီကာလအစဖြစ်တဲ့ အောက်တိုဘာလမှာ ဧည့်နိုင်ငံခြား သားတက်ရောက်မှုက ပြန်လည်မြင့် တက်လာ တဲ့အတွက် အဲဒီလမှာ ဧည့် နိုင်ငံခြားသား ၂၀၈၀၇ ဦးတက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအပြင် ရွှေတိဂုံစေတီတော်ကို ဧည့်နိုင်ငံခြားသားတက်ရောက်မှု စာရင်းပြုစုထားချက်အရ ပုံမှန်ဆိုရင် တက်ရောက်မှု အများဆုံး လူမျိုး စာရင်းမှာ ထိုင်းနဲ့တရုတ်ပြီးရင် ဂျပန်၊ စပိန်နဲ့ကိုရီးယားက နောက်ထပ်အများဆုံးစာရင်းမှာ ပါဝင်လေ့ရှိပေမယ့် အောက်တိုဘာလထဲမှာတော့ မလေးရှားလူမျိုးက တက်ရောက်မှု တတိယအများဆုံးဖြစ်နေပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

    အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုအရေအတွက်မှာ ၂၀၈၀၇ ဦးရှိခဲ့သော်လည်း နှစ်ဆန်း ပိုင်းကာလများဖြစ်သော ဇန်န၀ါရီလ၌ ၂၅၉၈၃ ဦး၊ ဖေဖော်ဝါရီလ၌ ၂၆၀၃၅ ဦးနှင့် မတ်လ၌ ၂၃၁၀၄ ဦး တက်ရောက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။                 



    ဒုတိယသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ

      မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အနှစ်(၁၀၀)မြောက်၌ သာသနာတော်ယုတ်လျော့ မှေးမှိန်ခြင်း၏ အကြောင်းဖြစ်သော အဓမ္မ၀တ္ထု ဆယ်ပါး ပေါ်ပေါက်လာသည်။ ဝေသာလီပြည်နေ ၀ဇ္ဇီတိုင်းသား ရဟန်းများသည် "ရွှေ ငွေကို အလှူခံကောင်းသည်" စသော ဆယ်ပါးသော အဓမ္မ၀တ္ထုတို့ကို အပ်စပ်လေဟန် ဓမ္မ၀တ္ထုပြုလုပ်ကြသဖြင့် အရှင်အာနန္ဒာမထေရ်၏ တပည့်ဖြစ်သော အရှင်ယသ ရဟန္တာမထေရ်ကြီးက အမှန်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။ အရှင်ယသမထေရ်၏ ကြိုးပမ်းအားထုတ်မူကြောင့် အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိ စသော ရဟန္တာမထေရ်ကြီးများသည် ဝေသာလီပြည် ၀ါလိကာရုံကျောင်းတော်၌ စည်းဝေးကြသည်။ အဓမ္မ၀တ္ထုဆယ်ပါးကို သံဃာ့အလယ်တွင် ဖြေရှင်း ဆုံးဖြတ်တော်မူပြီး မြတ်စွာဘုရား၏ တရားတော်များ သန့်ရှင်းစေရန် ရှစ်လတိုင်တိုင် သံဂါယနာတင်တော်မူကြသည်။ ကာလာသောကမင်း၏ အကူအညီကို ရယူတော်မူခဲ့ကြသည်။


      ထိုအခါ မဇ္ဈိမဒေသ ပါဋလိပုတ်၌ ကာလာသောကမင်း နန်းစံ(၁၀)နှစ် ဖြစ်သည်။ မြန်မာနိုင်ငံ သရေခေတ္တရာပြည်၌ ဒွတ္တပေါင်မင်းကြီး ဘိသိက်မခံမီ တစ်နှစ်အချိန်ဖြစ်သည်။ ကာလာသောကမင်းနှင့် ဒွတ္တပေါင်းမင်းတို့ နန်းပြိုင် ဖြစ်ကြ၏။


      ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။


      သောတာပန်နဲ့ပတ်သတ်၍ သိကောင်းစရာများ(၂)

      မေး။ ။ တစ်ခုထပ်မံလျှောက်ထားလိုသည်မှာ "ဘုံစဉ်စံ"ဟူသော စကားလုံး ဖြစ်ပါတယ်။ ထိုစကားလုံးဟာ သောတာပန်တည်ပြီးသူတို့ကို ဆိုလိုသောစကားလုံးသာဖြစ်ပါသလားဘုရား။ ထိုသို့ဖြစ်သည်ရှိသော် လူသောတာပန်အရိယာသေပြီးလျှင် အထက်ဘုံတို့ကိုသာ ဘုံစဉ်စံ တက်သွားမည်ဖြစ်၍ လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ မဖြစ်ရတော့ဟူ၍ မှတ်ယူရမည်လော။ ရှင်းလင်းပြသပေးတော်မူပါအရှင်ဘုရား။

      သန်းထိုက်ထွန်း၊ စင်္ကာပူ

      ဖြေ။ ။ သောတာပန်အမျိုးအစားတွေက အများကြီးရှိပါတယ်။ ဥပမာ-လူ့ဘ၀မှာပဲ (၇)ကြိမ်လုံးဖြစ်ပြီး နောက်ဆုံးဘ၀မှာမှ ရဟန္တာဖြစ်မဲ့သူ၊ နတ်ပြည်မှာပဲနေပြီး ရဟန္တာဖြစ်မဲ့သူ၊ လူပြည်လာပြီး နတ်ပြည်မှာ ရဟန္တာဖြစ်မဲ့သူ။ နတ်ပြည်ကနေ သကဒါဂါမ်ဖြစ်ပြီး သုဒ္ဓ၀ါသဗြဟ္မာပြည်မှာ ရဟန္တာဖြစ်မဲ့သူစတာတွေ အမျိုးမျိုးရှိကြပါတယ်။ ဘာဖြစ်လို့ ဒီလိုကွဲပြားရသလဲဆိုတော့ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ (၇)ဘ၀တိတိ ကြိုက်တဲ့ဘုံတွေမှာ ကြိုက်သလိုသွားလာနိုင်ခွင့်ရှိလို့ မိမိနှစ်သက်တဲ့ဘ၀တွင် အဆင့်တတ်ပြီး ရဟန္တာဖြစ်နိုင်ပါတယ်။ သောတာပန်ဖြစ်ပြီးတဲ့ဘ၀ကနေ နောက်ထပ်(၇)ဘ၀ထိပဲ သံသရာထဲမှာ ကျင်လည်ရမှာပါ။ ဒါဟာလည်း မိမိတို့ အားထုတ်မှုအပေါ်မှာ မူတည်ပါတယ်။ တချို့ကျတော့လည်း တစ်ဘ၀ပဲကူးပြီး နောက်ဘ၀မှာ ရဟန္တာဖြစ်အောင် လုပ်ကြပါတယ်။

      တချို့ကျတော့ နှစ်ဘ၀နေတယ်။ တချို့ကျတော့လည်း (၇)ဘ၀ထိနေထိုင်ကြကာ (၇)ဘ၀နောက်ဆုံးမို့ နောက်ဆုံးဘ၀ကျမှ ရဟန္တာဖြစ်အောင် အားထုတ်ကြပါတယ်။ ဒီလို ကွာခြားရတဲ့အကြောင်းကတော့ ၀ိပဿနာအားထုတ်မှု အားကောင်းမကောင်းပေါ်မှာ မူတည်သလို ပါရမီနည်းများပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် ၀ိပဿနာအားထုတ်မှုအားကောင်းတဲ့သူ၊ ပါရမီကောင်းတဲ့သူဟာ တစ်ဘ၀ကူးပြီး ရဟန္တာဖြစ်သလို အားမကောင်းတဲ့သူကတော့ (၇)ဘ၀ထိနေထိုင်ပြီးမှ ရဟန္တာဖြစ်ပါလိမ့်မယ်။
      ဘုံစဉ်ကတော့ သောတာပန်တည်သူများရဲ့ ကြိုက်နှစ်သက်ရာအလိုက် ဖြစ်လို့ရပါတယ်။ ၀ိသာခါကျောင်းအမကတော့ နတ်ပြည်ကနေ ဗြဟ္မာ့ပြည်ဘုံစဉ်စံဖြင့် ရဟန္တာဖြစ်ပြီး အထက်ကပြောခဲ့တဲ့ သိကြားမင်းကတော့ လူ့ပြည်မှာလာပြီး သကဒါဂါမ်ဖြစ်ကာ ဗြဟ္မာ့ပြည်မှာ ရဟန္တာဖြစ်မယ်တဲ့။ အဲဒီတော့ ဘုံစဉ်စံဆိုတာ တချို့သော သောတာပန်များအတွက်ဖြစ်ပြီး တချို့သော သောတာပန်များအတွက် မဟုတ်ပါလို့ မှတ်ယူရပါမယ်။

      သောတာပန်ပုဂ္ဂိုလ်ဟာ ကိလေသာများ ကြွင်းကျန်သေးသော်လည်း အပါယ်လားကြောင်း မကောင်းမှုတို့ကို ပြုလုပ်ခြင်းမရှိတာကြောင့် အပါယ်သို့လားရခြင်း သဘောမရှိတော့ပါ။ ဒါပြင် အောက်သို့လျှော့ကျရိုးထုံးစံမရှိဘဲ အထက်မဂ်ကိုသာ တက်ကြလေ့ရှိပါတယ်။ ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများဟာ ယခုဘ၀တွင် သကဒါဂါမ်စတဲ့ အထက်မဂ်ဖိုလ်ကိုသာ ရဖို့အကြောင်း ရှိပါတော့တယ်။ ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူဟာ မဂ်ရဲ့နိယာမသဘောအရ မွေးကတည်းက သောတာပန်အဖြစ် မွေးဖွားလာသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တို့တွင် ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများ မပါပါ။

      အရင်ဘ၀က သောတာပန်ဖြစ်ခဲ့သူများဆိုရင်လည်း အထက်မဂ်ဗိုလ်ဖြစ်တဲ့ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြပါလိမ့်မယ်။
      ဘ၀တစ်ခုကနေ သောတာပန်ဖြစ်ပြီးသူများရဲ့ လက်ရှိဘ၀တွင် ထူးခြားတဲ့လက္ခဏာများကို သိရှိရန်အတွက် တင်ပြပေးရမယ်ဆိုရင် အဲဒီလို သောတာပန်ဖြစ်ခဲ့သူ၊ ဖြစ်ပြီးသူများဟာ အမိသတ်ခြင်း၊ အဘသတ်ခြင်း၊ ရဟန္တာသတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာကွဲပြားအောင်ပြုခြင်း၊ ဘုရားမှတပါး အခြားဆရာကို ကိုးကွယ်ရာဟု မိမိကိုယ်တိုင်လည်း မပြု၊ သူတစ်ပါးကိုလည်း မညွှန်ပြခြင်း (ဘာသာပြောင်းခြင်း)ဆိုတဲ့ အဘိဋ္ဌာနခြောက်မျိုးကို ယခုဘ၀တွင် မိမိရဲ့သောတာပန်အဖြစ်ကို မသိသော်လည်း မဂ်ရဲ့ မပြောင်းမလဲတည်မြဲတဲ့ နိယာမသဘောအရကြောင့် အထက်ပါအချက်တို့ကို မပြုလုပ်ပေ။

      ယခုဘ၀တွင် ရတနာသုံးပါး ထင်ရှားရှိရင် ဘာသာခြားမှာမွေးဖွားခဲ့ရင်သော်မှလည်း အရွယ်ရောက်တဲ့အခါ ရတနာသုံးပါးကိုသာ ယုံကြည်ကိုးကွယ်လာမှာပါ။ မိမိရဲ့ သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါးရဲ့ တိုက်တွန်းချက်ကြောင့်သော်လည်းကောင်း ပါဏာတိပါတစတဲ့ မကောင်းမှုတို့ကို မပြုလုပ်ပါ။ အဲဒီလို ငါးပါးသီလမြဲခြင်း၊ အယူမမှားခြင်းတို့အပြင် သောတာပန်အဖြစ်မွေးဖွားလာတဲ့ပုဂ္ဂိုလ်ဟာ သမ္မာအာဇီဝနည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလိုငြူစူတဲ့ ဣဿာ၊ မိမိစီးပွား မိမိရပိုင်ခွင့်များကို နှမြောတွန့်တိုတဲ့ မစ္ဆရိယများမရှိခြင်း၊ အဂတိလေးပါး မလိုက်စားခြင်း၊ ရတနာသုံးပါးနဲ့ပတ်သတ်ပြီး ဒေါမနဿမဖြစ်ခြင်း၊ လွန်ကျူးမိတဲ့အပြစ်များကို ဖုံးကွယ်ထားမှုမရှိခြင်း စတဲ့အချက်များနဲ့လည်း ပြည့်စုံပါတယ်။

      ဒါပြင် သောတာပန်ဟု တိုက်ရိုက်သိနိုင်တဲ့အချက်များကို ထပ်မံတင်ပြပေးရမယ်ဆိုရင်
      ၁။ လောဘ ဒေါသ မောဟပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိခြင်း။
      ၂။ သိတာနဲ့တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်း။
      ၃။ သာသနာတွင်းမှတစ်ပါး အခြားမှာ ငြိမ်းချမ်းမှုချမ်းသာကို ရနိုင်တဲ့လမ်းလုံးဝမရှိဘူးဟု ယုံကြည်မှုရှိခြင်း။
      ၄။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်းကုသလိုတဲ့စိတ်ရှိပြီး ကုသိုလ်နဲ့ ပြန်လည်ကုသခြင်း။
      ၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လည်း သီလ သမာဓိ ပညာ အပျက်မခံ၊ အထိခိုက်မခံခြင်း။
      ၆။ တရားတော်နာတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ ကောင်းမွန်စွာနာယူခြင်း။
      ၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတဲ့အခါ ၀မ်းမြောက်လို့မဆုံး၊ ကြည်ညိုမဆုံး၊ ကျေးဇူးတင်မဆုံးဖြစ်ခြင်း။
      ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ အဲဒီလူဟာ သောတာပန်လို့ ခေါ်လို့ရပါတယ်တဲ့။ အဲဒီတော့ သောတာပန်ဆိုတာ ဘယ်လိုဟာလဲဆိုတာလည်း သိနားလည်ပြီး ဘယ်သူက သောတာပန်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလည်း ခန့်မှန်းလို့ရလောက်ပြီလို့ ထင်ပါတယ်။ သောတာပန်တစ်ယောက်ရဲ့ အင်္ဂါများနဲ့ သောတာပန်ဟုတ်မဟုတ်ကို စစ်ဆေးကြည့်လို့ရပြီဆိုရင် ကျန်တဲ့အထက်မဂ်ဗိုလ်ရတဲ့ပုဂ္ဂိုလ်တွေအကြောင်းကို ပိုပြီး စစ်ဆေးကြည့်လို့ ရနိုင်ပါပြီလေ။

      ဒီနေရာမှာ ဆက်စပ်မိတာနဲ့ ရဟန္တာများ ယခုမျက်မှောက်ခေတ်မှာရှိလားလို့ မေးလာကြတဲ့လူတွေအားလုံးပါ သိရှိနားလည်အောင် ပြောပြပေးလိုက်ပါမယ်။ မြတ်ဗုဒ္ဓက သာသနာတည်းဟူသော သူတော်ကောင်းတရားထွန်းကားနေသမျှကာလပတ်လုံး ရဟန္တာမဆိတ်သုဉ်းပါလို့ သုဘဒ္ဒရဟန်းကို ဟောတော်မူခဲ့တဲ့ မဟာပရိနိဗ္ဗာနသုတ်တွင် မိန့်တော်မူခဲ့တဲ့အတွက် သာသနာရှိနေရင် သောတာပန်ကနေ ရဟန္တာထိပါ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ မိမိတို့ဖြစ်ချင်ရင် ဖြစ်အောင်လုပ်ရမဲ့နည်းလမ်းများကို စနစ်တကျလိုက်နာပြီး ကျင့်ကြံဖို့သာ လိုပါတယ်။

      ဒါပြင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ သူများကိုလည်းကောင်း အရိယာပုဂ္ဂိုလ်ဟုတ်မဟုတ်ကို အထက်ကသောတာပန်အင်္ဂါများနဲ့ ကိုက်ညီကြည့်ကာ ဆုံးဖြတ်ယုံကြည်ကြပါလေ။ ကိုင်း အပိုင်း(၂)ကို မျှော်နေကြတယ်ဆိုလို့ ချက်ခြင်းပဲ အချိန်ပေးပြီး ရေးဖြေပေးလိုက်ပါတယ်။ အများအတွက် အချိန်ပေးခြင်းကို ဒီမှာတော့ ဒီမျှနဲ့ပဲ ရပ်တန့်ရင်း စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်…။

      အရှင်ကောမလ(ခ)ဆန်နီနေမင်း

      sanninaymin@gmail.com

      www.sanninaymin.com

      ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။





      Ramadan around the world


      Muslims fast from sunrise to sunset during the holy month of Ramadan

      Pakistan flood survivors: A vendor selling dates works at his stall at a market in Kuwait City

      Kuwait City: A date seller works his stall


      Pakistan flood survivors: An Afghan Muslim woman takes part in evening prayers

      Kabul: An Afghan woman, with henna-painted hands, takes part in evening prayers


      Pakistan flood survivors: A devout Muslim man wipes away tears after a prayers session in New Delhi


      Delhi: Deep in thought after prayers at the Jama mosque

      Pakistan flood survivors: A Palestinian female Muslim worshipper prays


      Jerusalem: A Palestinian woman prays on the first day


      Pakistan flood survivors: An Indian worker dries seviiyan used in a sweet dish


      Hyderabad, India: A worker dries seviiyan, thin vermicelli, used in the preparation of sheer khurma, a traditional sweet dish served during Ramadan

      Ramadan: Muslims at Friday prayers at the Feroz Shah Kotla Mosque in New Delhi


      Delhi: Prayers at the Feroz Shah Kotla mosque

      Ramadan: Palestinians gather around a giant paper lantern

      Gaza City: A giant lantern decorates a street for the Muslim holy month


      Ramadan: An Afghan confectioner holds traditional sweets for Iftar

      Kabul: Traditional sweets for iftar, the evening meal during Ramadan


      Ramadan: A Palestinian Muslim man reads from the Qur'an in Ramallah


      Ramallah, West Bank: Early morning prayers

      Ramadan: Hundreds of Muslims gather to pray in the holy Muslim city of Mecca

      Mecca: The spiritual home of Islam welcomes thousands of pilgrims


      Ramadan: An Indian Muslim perfumer selects a bottle of ather

      Hyderabad, India: Ather, a non-alcoholic perfume, is sprinkled by the devout on their clothes before going for daily prayers


      ramadan update: Child looks around during Friday prayers at Jamia mosque Amritsar, India

      Amritsar, India: An Indian child looks around as Muslims offer Friday prayers at the Jamia mosque


      ramadan update: Child stands amongst Palestinian women, Al Aqsa Mosque Bethlehem, West Bank

      Bethlehem, West Bank: A Palestinian child stands among Palestinian women as they attempt to pass the checkpoint on their way to pray at the al-Aqsa mosque

      ramadan update: Muslim men serve food at the London Muslim Centre


      London, UK: Men serve food for iftar at the London Muslim Centre

      ramadan update: Children run around inside the premises of Jama mosque, India

      New Delhi, India: Children run around inside the premises of Jama mosque after Friday afternoon prayers


      ramadan update: Muslims celebrate Ramadan in Nepal

      Kathmandu, Nepal: A man reads the Qur'an in an evening prayer at Jame Maszid

      ramadan update: Palestinian female Muslim worshippers pray inside Dome of the Rock Mosque

      Jerusalem: Palestinian worshippers pray inside the in the al-Aqsa mosque compound

      ramadan update: Iftar Is Prepared For Over 400 Muslims During The Holy Month Of Ramadan

      London, UK: Men perform ablutions before prayer at the London Muslim Centre

      ramadan update: Traditional Arab pastries are seen in the shop in Jerusalem's Old City



      Jerusalem: Traditional Arab pastries are seen in the shop of a Palestinian man






      --
      --

      More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


      With Best Regards,

      Slip
      http://www.meepyatite.info/


      Facebook
      https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


      Simple Views On My Land
      http://simpleviewsonmyland.blogspot.com/


      Myanmar Social Network
      http://myanmar-social-network.socialgo.com/


      Computer Technical Notes & Sharing Software
      http://slip-meepyatite.blogspot.com/


      Myanmar Digital Satellite Navigation Gathering
      http://mdsng.blogspot.com/


      All Myanmar Blogs
      http://allmyanmarblogs.blogspot.com/


      Myanmar (Burma)
      http://republicoftheunionofmyanmar.blogspot.com/


      Music
      http://myl6.blogspot.com/


      Funny Jokes
      http://7comrades.blogspot.com/


      MIET Forum
      http://mietforum.ning.com/


      You received this message because you are member of
      "Myanmar Daily Info & General Knowledge" group. To post to this group, send email to
      myanmar-daily-info-n-general-knowledge@googlegroups.com
      To unsubscribe from this group, send email to
      myanmar-daily-info-n-general-knowledge+unsubscribe@googlegroups.com
      For more options, visit this group at
      http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
      If you need any help, you can contact admin@meepyatite.org & forall85ster@gmail.com & simpleviews2010@googlemail.com.


      0 comments:

       
      Myanmar Daily Mail Sponsored by Mayanmar Daily Mail Group