ဖုန်းအတွက် မပူလေနဲ့ ၊ တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည် ၊ DMA ကတ်များပြတ်လပ်မှုကြောင့် မိုဘိုင်းဈေးကွက်တွင် ရိုတ်ခတ်မှုများရှိ ၊ ငါးသိန်းတန် CDMA ဆက်သွယ်ရေးရုံးတွင်သာ ရောင်းတော့မည် ၊ CDMA 800 အင



  1. ဖုန်းအတွက် မပူလေနဲ့ ၊
  2.  တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည်  ၊
  3. DMA ကတ်များပြတ်လပ်မှုကြောင့် မိုဘိုင်းဈေးကွက်တွင် ရိုတ်ခတ်မှုများရှိ  ၊
  4.  ငါးသိန်းတန် CDMA ဆက်သွယ်ရေးရုံးတွင်သာ ရောင်းတော့မည် ၊
  5. CDMA 800 အင်တာနက်သုံးခွင့်ရ ဧရိယာချဲ့ထွင်မည် ၊
  6.  ဂြိုဟ်တု စလောင်းများ လိုင်စင်ဖြင့် တရားဝင် အသုံးပြု နိုင်တော့မည်  ၊
  7. တရုတ်က မြန်မာကို McWill နည်းပညာပေးအပ်  ၊
  8.  စက0x081ကူလောက်ပါးသော IT ပစ0x081စည်းများ လာတော့မည် ၊
  9. မျက်နှာကို မှတ်သားစစ်ဆေးနိုင်မည့် Software အမေရိကန် FBI အသုံးပြုမည်  ၊
  10. Angry Birds ဂိမ်း​​အား​​ Download ပြုလုပ်သူ သန်း​​ ၅၀၀ ​​ကျော်ပြီဖြစ်  ၊
  11. Google ၏ Digital Music အ​​ရောင်း​​ဝန်​​ဆောင်မှု​စတင်  ၊
  12.  IPhone 4S အား​​ စိတ်ပျက်သူ​များ​​လာ  ၊
  13.  Apple iPhones 4S သုံး​​​စွဲသူများ​​​ထံမှ မ​​ကျေနပ်မှုများ​​​ ပိုမိုများ​​​ပြား​​​လာ  ၊
  14.  Steve Jobs ထက် တော်တဲ့ မြန်မာတစ်ယောက် ၊
  15. Facebook တွင် အမျိုးသားများက အမျိုးသမီးများထက် လိမ်လည်မှုပိုမိုကြုံတွေ့ရဟုဆို ၊
  16. Core ရှစ်ခုပါဝင်သည့် မိုဘိုင်းဂရပ်ဖစ်ပရိုဆက်ဆာအား ARM ပွဲထုတ်မိတ်ဆက် ၊
  17.  အနာဂတ်ကာလ၌ 3D မြင်ကွင်းများကို Screen မလိုဘဲ တွေ့မြင်နိုင်ဖွယ်ရှိ ၊
  18. ကင်မရာများ၏ ပုံထွက်ကောင်းမွန်မှုသည် မှန်ဘီလူးပေါ်တွင်မူတည်နေကြောင်း လေ့လာတွေ့ရှိ  ၊
  19.  Microsoft နှင့် Samsung ပူပေါင်း၍ စားပွဲခုံတစ်လုံး အရွယ် ကွန်ပျူတာပြားကို တီထွင်


ဖုန်းအတွက် မပူလေနဲ့

မိုဘိုင်းဖုန်းများအား ၁၂ ရစ်ခွဲ၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးတော့မည်ဖြစ်ကြောင်း သိရသည်။ "အခုက အရစ်ကစနစ်နဲ့ ရောင်းတာကိုမှ အရစ်များများ ခွဲသွင်းနိုင်အောင် စီစဉ်နေတာပါ။ ၁၂ ရစ်လောက်ခွဲသွင်းဖို့ စီစဉ်နေပါတယ်။ ပထမအရစ်ကတော့ တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှိမယ်။ နောက်ကျန် တာကတော့ ၁၂ ရစ်ခွဲသွင်းရမယ်။ နိုဝင်ဘာလလောက်တော့ စပြီးရောင်းဖြစ်မယ်" ဟု Mr.Phone မှ တာဝန်ခံကို မင်းမင်းက ပြောသည်။

ယင်းကဲ့သို့ ဖုန်းများ အရစ်ကျစနစ်ဖြင့် ပေးသွင်းရောင်းချခြင်းကို ယခင်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ဝန်ထမ်းအဆင့်ဆင့် ပြန်လည်တာဝန်ယူ ပေးရခြင်းများ၊ ဖုန်းရောင်းချပေးမည့်သူများအား သီးသန့်သတ်မှတ်ထားခြင်းတို့ ရှိနေခြင်းများကြောင့် ဖုန်းဝယ်မည့်သူတို့ အခက်အခဲများရှိခဲ့ကြောင်း သိရသည်။

"အခု သူတို့က ၃၀ ရာခိုင်နှုန်းဆိုရင် ဖုန်းအတွက် တစ်သိန်းခွဲလောက် အရင်ပေးထားရမယ့် သဘောရှိတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အရင်က အင်စတော်မင်နဲ့ ဖုန်းဝယ်တာ လုပ်လိုက်ရတာ အများကြီးပဲ။ ရုံးက စီအီးအိုတောင်မနေရဘူး။ လက်မှတ် လိုတယ်။ ကုမ္ပဏီက အရာရှိရဲ့ ထောက်ခံချက် လိုမယ် ဘာမယ်နဲ့ ပြောခဲ့တယ်။ ငွေသွင်းရတာလဲများတယ်။ အခုလို ၁၂ ရစ်ဆိုရင်တော့ တစ်လသုံးသောင်းလောက်ဆိုရင် မဆိုးပါဘူး" ဟု မိုဘိုင်းဖုန်းအား အရစ်ကျဝယ်ယူလိုသူကို မျိုးအောင်က ပြောသည်။

"၁၂ ရစ်နဲ့ ရောင်းချမယ်ဆိုပေမယ့် တတ်နိုင်သလောက် အရစ်နည်းနည်းနဲ့ သွင်းချင်ရင်လည်း လက်ခံပါတယ်။ ၁၂ရစ်ခွဲတဲ့နေရာမှာ ကိုယ်ယူတဲ့ဖုန်းနဲ့ လိုင်းရဲ့ တန်ဖိုးအားလုံးရဲ့ ၃၀ရာခိုင်နှုန်းကို ငွေသားသွင်းပြီးတော့် ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၁၂နဲ့ စားပြီးတော့ လစဉ်သွင်းပေးသွားရမှာ ဖြစ်ပါတယ်။ ဒီနိုဝင်ဘာလ ၁၄ ရက်ကစပြီး လူကြီးမင်းမိုဘိုင်းအရောင်းဆိုင်တိုင်းမှာ ဝယ်လို့ရပါပြီ။ ငွေပေးတဲ့ အခါမှာတော့ ပစ္စည်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ယူနိုက်တက်အမရာဘဏ်မှာ ပေးချေရပါမယ်။ ကျန်အရစ်ကျငွေတွေကို လစဉ်လဆန်း ၁ ရက်နေ့ကနေ ၅ ရက်အတွင်း ဘဏ်မှာ ပေးချေပါမယ်။ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းမဟုတ်တဲ့ အပြင်လူတွေအတွက်ကတော့ ယူနိုက်တက်အမရာဘဏ်မှာရှိတဲ့ ငွေစုဘဏ်စာရင်းထဲမှာ ဖုန်းအတွက် အာမခံငွေ လုံလုံလောက်လောက်ရှိတဲ့ သူတွေက အာမခံပေးရင်ရပါတယ်" ဟု လူကြီးမင်းမိုဘိုင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင်က ပြောသည်။

"အရစ်ကျနဲ့ ရောင်းဖို့အတွက် ဘာသတ်မှတ်ချက်မှ မရှိပါဘူး။ သူတို့အနေနဲ့ ပထမအသုတ်ကို ၃၀ ရာခိုင်နှုန်းသွင်းပြီးရင် နောက်အရစ်တွေ သက်သောင့်သက်သာ ဆက်သွင်းဖို့ မျှော်လင့်ပါတယ်။ ဖုန်းဝယ်သူတွေအနေနဲ့ ငွေဆက် မသွင်းနိုင်တော့ဘူးဆိုရင်တော့ သက်ဆိုင်ရာမှာသွားပြီး ဖုန်းကို ပိတ်သိမ်းရမှာပေါ့။ အခြားကြီးကြီးမားမား အထောက်အထားတွေတော့ မလိုပါဘူး။ ကုမ္ပဏီနဲ့ အစိုးရဝန်ထမ်းတွေကတော့ သက်ဆိုင်ရာ လူကြီးတွေ ထောက်ခံပေးရင် ရပါပြီ" ဟု Mr.Phone မှ ကိုမင်းမင်းက ဆက်ပြောခဲ့သည်။ ဖုန်းအား အရစ်ကျစနစ်ဖြင့် ဝယ်ယူရန်အတွက် မှတ်ပုံတင်မိတ္တူ ဓာတ်ပုံများ လိုအပ်ကြောင်း သိရသည်။

Ref : The Flower News


တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဂျီအက်စ်အမ်ဖုန်းလိုင်း သန်း ၃ဝ စီမံကိန်းတွင် ပထမနှစ် လေးသန်း စီမံကိန်းအဖြစ် တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည်ဖြစ်ကြောင်း ၉-၁၁-၂ဝ၁၁ ရက်က သိရသည်။ အဆိုပါ တန်ဖိုးနည်း ဖုန်းများကို စတင်ချထားပေးနိုင်ရန် ယခုအခါ မြန်မာတစ်နိုင်ငံလုံးရှိပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ဆက်သွယ်ရေး တာဝါတိုင်နှင့် အင်တာနက်အသုံးပြုနိုင်သွောအေနတပေ ကြီးများကို ပုဂ္ဂလိက ကုမ္ပဏီ ၁၁ခုဖြင့် ပူးပေါင်းတည်ဆောက်လျက်ရှိသည်။''ပထမတော့ စီမံကိန်းကို ဒီနှစ် ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလမှာ ချထားပေးဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်ရေး တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်တာ ပြီးစီးမှုမရှိသေးလို့ အဲဒီလတွေ မှာမချပေးနိုင်တော့ပါဘူး။ ဖေဖော်ဝါရီလ လောက်မှပဲ ချထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတတ်နိုင်ဆုံး လုပ်ငန်းတွေပြီးစီးအောင်တော့ဆောင်ရွက်နေပါတယ်'' ဟု ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောသည်။

ထိုကဲ့သို့ချထားပေးရန် အချိန်ကြာမြင့်သွားခြင်းမှာ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်းတွင် အင်တာနက်စနစ်နှင့် အခြား စနစ်များကိုပါ တစ်ပါတည်း အသုံးပြုခွင့်ပေးမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ကြာမြင့်သွားခြင်းဖြစ်ကြောင်း၊ အသုံးပြုခွင့်ပေးမည့်တန်ဖိုးနည်းဖုန်းများ၏ အဝင်ခေါ်ဆိုမှုများကိုလည်း အခြားကျပ် ငါးသိန်းဖုန်းများနည်းတူ ပေးဆောင်စရာမလိုပဲ အသုံးပြုခွင့်ပေးမည်ဖြစ်သည်။''စတင်ချထားပေးရင်တော့ တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမှာပါ။ အခုအချိန်မှာ တန်ဖိုးအနေနဲ့အတိအကျ မတွက်ချက်ရသေးပေမယ့် ကျပ်သုံးသိန်း ထက်တော့ မများနိုင်ပါဘူး။ အပြင်မှာ ပြောနေကြတဲ့ ကျပ်နှစ်သိန်းရှစ်သောင်းနဲ့ နှစ်သိန်းခွဲဆိုတာတော့ ကောလဟာလတွေပါ။ အမှန်တော့ လုပ်ငန်းအားလုံးပြီးမှ ကုန်ကျစရိတ်တွေ တွက်ချက်ပြီး ဈေးနှုန်းအသက်သာဆုံး ဖြစ်အောင် ချထားပေးသွားမှာပါ" ဟုအထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။ ထိုတန်ဖိုးနည်းဖုန်းများကို ဆက်သွယ်ရေးခက်ခဲသော နယ်ဒေသကြီးများ တွင်လည်း 3G Network စနစ်ဖြင့်လည်းကောင်း၊ မြို့ကြီးများတွင်လည်း 3G စနစ် နှင့် WCDMA Network စနစ်များဖြင့် လည်းကောင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း၃ဝ တိုးချဲ့ရေး စီမံကိန်းကို ငါးနှစ်ကာလသတ်မှတ်၍ ချထားပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး ပထမနှစ်လေးသန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ခန့် အထိချထား ပေးထားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ်ဖုန်းများကို လိုင်းသန်း ၃ဝ စီမံကိန်းအဖြစ် အဓိကချထားပေးခြင်းမှာ နိုင်ငံတကာသို့ သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် ဖြစ်ကြောင်းယင်းကပြောသည်။


Go Previous Page

DMA ကတ်များပြတ်လပ်မှုကြောင့် မိုဘိုင်းဈေးကွက်တွင် ရိုတ်ခတ်မှုများရှိ

လက်ရှိအချိန်တွင် မိုဘိုင်းရောင်းဝယ်ရေး အသီးသီးမှ CDMA ဖုန်းကတ်များကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲသူများထံ ရောင်းချပေးလျက်ရှိရာ သုံးစွဲသူများမှ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိ

CDMA ကတ်များပြတ်လပ်မှုကြောင့် မိုဘိုင်းဈေးကွက်တွင် ရိုတ်ခတ်မှုများရှိ

ပြည်တွင်းမိုဘိုင်းဈေးကွက်အတွင်း CDMA ကတ်များပြတ်လပ်မှုကြောင့် ရောင်းဝယ်မှုစနစ်များအကြား သက်ရောက်မှုရှိလာကြောင်း မိုဘိုင်းအရောင်းဆိုင်များမှ သိရှိရသည်။ လက်ရှိအချိန်တွင် မိုဘိုင်းရောင်းဝယ်ရေး အသီးသီးမှ CDMA ဖုန်းကတ်များကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲသူများထံ ရောင်းချပေးလျက်ရှိရာ သုံးစွဲသူများမှ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။ CDMA ကတ်များပြတ်လပ်မှုကြောင့် ဖုန်းကတ်ရောင်းဝယ်ရေးဆိုင် အများစုတွင် CDMA ကတ်များရောင်းချမှုကို ရပ်ဆိုင်းထားကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် အရစ်ကျ ငွေပေးချေမှုစနစ်ဖြင့် မိုဘိုင်းရောင်းဝယ်ရေး လုပ်ငန်းအသီးသီးမှ ဝန်ဆောင်မှုပေးအပ်လာသောကြောင့် သုံးစွဲသူများ၏ စိတ်ဝင်စားမှုမြင့်တက်လာချိန်တွင် CDAM ကတ်များပြတ်လတ်ခြင်းမှာ ဈေးကွက်အတွင်း ကြီးမားသောသက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း သက်ဆိုင်ရာအရောင်းဆိုင်များမှ သိရှိရသည်။

မိုဘိုင်းအရစ်ကျရောင်းချမှုစနစ်အား ဆောင်ရွက်လျက်ရှိသော မိုဘိုင်းဖုန်းရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက "လက်ရှိအချိန်မှာ CDMA ကတ်တွေက ပြတ်နေတာကြောင့် ရောင်းချမှုကို ခဏရပ်ထားတာပါ။ CDMA ကတ်တွေက လုံးဝပြတ်လပ်သွားတာမဟုတ်ပေမယ့် ပမာဏအနည်းငယ်သာ ရရှိနိုင်တဲ့အတွက် ဈေးကွက်မှာ အခက်အခဲအနည်းငယ် ဖြစ်ရပါတယ်။ ကတ်တွေပြန်လည်ချပေးချိန်မှာတော့ အရစ်ကျစနစ်မှာရော၊ တိုက်ရိုက်ငွေပေးချေတဲ့ စနစ်မှာပါ ပြန်လည်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အရစ်ကျ ရောင်းချပေးမှုစနစ်ကိုတော့ စိတ်ဝင်စားသူ ပိုမိုများပြားပြီး လက်ရှိအချိန်မှာလည်း အလုံးရေ အတော်များများကို ရောင်းချထားပြီးပါပြီ"ဟု ပြောကြားခဲ့သည်။ အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့်လည်း GSM ကတ်ထက် CDMA ကတ်များအား ပိုမိုစိတ်ဝင်တစားရှိကြပြီး၊ စောင့်ဆိုင်းဝယ်ယူသူများလည်းရှိကြောင်း သိရှိရသည်။

Credit: ကိုစိုင်း (7Day News Journal)


ငါးသိန်းတန် CDMA ဆက်သွယ်ရေးရုံးတွင်သာ ရောင်းတော့မည်


၅ သိန်းတန် CDMA ဖုန်းများ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် ပြန်လည်လျှောက်ထား ဝယ်ယူရတော့မည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ သိရသည်။ အဆိုပါ CDMA ဖုန်းများမှာ ယခင်က မြန်မာ့ဆက်သွယ်ရေးတွင် လျှောက်ထားရပြီး ငှားရမ်းသုံးစွဲမှု ခေတ္တရပ်ဆိုင်းပြီးနောက် ပြန်လည်ချထားပေးသည့် အချိန်တွင် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် နေ့ချင်းပြီး အမည်ပေါက် ဝယ်ယူနိုင်သော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။ "နိုဝင်ဘာ ဒုတိယအပတ်ကစပြီး ဖုန်းကတ်တွေ ပြတ်လပ်ကုန်တာပါ။ ကုမ္ပဏီကို ထပ်မှာတော့ မြန်မာ့ဆက်သွယ်ရေးမှာပဲ ပြန်လျှောက်ရတော့မယ်လို့ ပြောတယ်။ လက်ရှိတော့ GSM ဖုန်းတစ်မျိုးပဲ နေ့ချင်းပြီး (One Stop Service) နဲ့ ရောင်းချနေပါတယ်" ဟု Mr.Phone မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ CDMA ဖုန်းများမှာ ပြန်လည်ချထားပေးစဉ်ကာလတွင် နေ့ချင်းပြီး ဝယ်ယူနိုင်သည့်အတွက်ကြောင့် ရောင်းချမှုနှုန်းမှာ တစ်နေ့လျှင် အနည်းဆုံး ၅ လုံးခန့်အထိ ရောင်းချနေရပြီး လက်ရှိတွင် မိုဘိုင်းဖုန်းဆိုင် အများစုတွင် ဝယ်ယူနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ CDMA ဖုန်းကတ်များကို ယခင်က ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုဖြစ်သော Asin Mega Link နှင့် Elite Tech ကုမ္ပဏီတို့မှ ဝယ်ယူရသော်လည်း လက်ရှိတွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီကသာ ထုတ်လုပ်ဖြန့်ချိနေကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


CDMA 800 အင်တာနက်သုံးခွင့်ရ ဧရိယာချဲ့ထွင်မည်

CDMA 800 MHz ဖုန်း အင် တာနက်သုံးစွဲခွင့်ကို နယ်မြို့များတွင် တိုးချဲ့ပေးသွားမည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုနိုင်သည့် CDMA 800 MHz ဖုန်းများမှာ ယခင်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး သုံးမြို့တွင် သယ်ဆောင်အသုံးပြုနိုင် ပြီး အင်တာနက်သုံးစွဲခွင့်မှာလည်း ရန်ကုန်နှင့် မန္တလေးတွင်သာ အသုံးပြုနိုင်ကာ အခြားမြို့ကြီးများတွင် အသုံးပြုနိုင်ခြင်းမရှိသော်လည်း ယခုအခါတွင် မြို့ကြီးခြောက်မြို့၌ ထပ် မံသယ်ဆောင်သုံးစွဲခွင့်ပေးသည့်အပြင် အင်တာနက်သုံးစွဲခွင့်များကိုလည်း တပ်ဆင်ပေးထားကြောင်းသိရသည်။
"တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုနိုင်အောင် ဆောင်ရွက်သွား မှာပါ။ အင်တာနက်စနစ်ကိုလည်း အသုံးပြုခွင့်ပေးမှာပါ။ အင်တာနက်ပေးဖို့ အတွက်တော့ သက်ဆိုင်ရာ မြို့ကြီးတွေမှာ စက်ပစ္စည်းဆိုင်ရာ တပ်ဆင်မှုလိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ဒါတွေလုပ်ဆောင်ပြီးရင်တော့ သုံးစွဲခွင့်ပြုသွားမှာပါ။ လောလောဆယ်တော့ မြို့ကြီး လေးမြို့ကို ထပ်မံအသုံးပြုခွင့်ပေးလိုက် ပါပြီ"ဟု အထက်ပါပုဂ္ဂိုလ်က ပြော သည်။
တိုးချဲ့အသုံးပြုခွင့် ပေးလိုက် သည့် မြို့ကြီး လေးမြို့မှာ မော်လ မြိုင်၊ ဘားအံ၊ ပြည်နှင့် မုံရွာမြို့တို့ ဖြစ်ပြီး သယ်ဆောင်အသုံးပြုခွင့် ထပ်မံခွင့်ပြုပေးထားသည့် အခြား မြို့ကြီးများတွင်လည်း အင်တာနက် အသုံးပြုခွင့် ပေးနိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။
"ထပ်တိုးချဲ့ အသုံးပြုခွင့် ပေးတဲ့အခါမှာလည်း ဖုန်းဆင်းကတ် ဝယ်ယူမှုကို One Stop Serviceနဲ့ ဝယ်ယူနိုင်မှာပါ။ အင်တာနက် သုံးစွဲမှုအပိုင်းကိုတော့ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးမှာ ပြန်လည် လျှောက်ထားရမှာပါ" ဟု ၄င်းက  ဆက်လက်ပြောသည်။
CDMA 800 MHz ဖုန်းများကို ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင် စတင်သုံးစွဲ ခွင့်ပေးခဲ့ပြီး ရန်ကုန်တွင် ဖုန်းလိုင်း နှစ်သိန်း၊ မန္တလေးတွင် ဖုန်းလိုင်း ငါးသောင်း သုံးစွဲခွင့်ပေးခဲ့ သည်။ အင်တာနက် အသုံးပြုခွင့်ကို ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် သုံးစွဲခွင့် ပေးခဲ့ပြီး ငှားရမ်းသုံးစွဲခွင့် ခေတ္တ ရပ်ဆိုင်းခြင်းကို ၂ဝ၁၁ ခုနှစ် ဇွန်တွင် ရပ်ဆိုင်းခဲ့ပြီးနောက် အောက်တိုဘာ လနောက်ဆုံးအပတ်တွင် ပြန်လည် ချထားပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်


ဂြိုဟ်တု စလောင်းများ လိုင်စင်ဖြင့် တရားဝင် အသုံးပြု နိုင်တော့မည်


ဂြိုဟ်တု စလောင်းများ လိုင်စင်ဖြင့် တရားဝင် အသုံးပြု နိုင်တော့မည်

ဂြိုဟ်တုရုပ်မြင် သံကြားစနစ် ဖမ်းစက်များ အတွင်း လိုင်စင်ကြေး များကို မကြာမီ တရား ဝင်လိုင်စင် ဖြင့် ကောက်ခံ သွားရန် အတွက် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေး နန်းဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းထွန်းက လွှတ်တော် တွင် လွှတ်တော် အမတ်များ၏ မေး မြန်းချက်ကို ပြန်လည် ရှင်းလင်းဖြေ ကြားခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်း စာတွင် ဖော်ပြပါရှိကြောင်း သိရ သည်။ ဂြိုဟ်တု စလောင်းမှတစ် ဆင့် ဖမ်းယူကြည့်ရှုရသော ဂြိုဟ် တုရုပ်မြင်သံကြားဖမ်း စက်များအ တွက် လိုင်စင်ကြေးနှင့် သက်တမ်း တိုးကြေးများကို ၁၉၉၄ ခုနှစ်မှစ တင်ကာ သတ်မှတ်ကောက်ခံခဲ့ ကြောင်း လိုင်စင်ကြေး ကောက်ခံ ခြင်းအနေဖြင့် ဂြိုဟ်တုရုပ်မြင်သံ ကြား ဖမ်းစက် ၁ လုံး၊ စလောင်း (Dish Antenna) ဖိဒ်ဟောန် (Feed Horm), အယ်လ်အင်ဘီ (LNB-Low Noise Block Down Converter), ဖမ်း စက် Receiver) လိုင်စင်များ အတွက် ၁ နှစ်လျှင် လိုင်စင်ငွေကျပ် ၁၂,ဝ၀ဝ နှင့် တရားဝင်ခွင့်ပြုချက်မရှိဘဲ မိမိ လက်ဝယ်တွင် ထားရှိသည့် ဂြိုဟ် တုရုပ်မြင်သံကြားဖမ်းစက်အတွက် ဒဏ်ကြေးငွေကျပ် ၃၀,ဝ၀ဝ ကောက်ခံခဲ့ကြောင်း သိရသည်။

၂၀ဝ၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှစတင်၍ ဂြိုဟ်တုရုပ်မြင် သံကြား ဖမ်းစက်လိုင်စင်အသစ် များကို ထုတ်ပေးခြင်း မရှိတော့ဘဲ လက်ဝယ်ရှိ လိုင်စင်သက်တမ်း တိုးခြင်းကို ခွင့်ပြုခဲ့ပြီး ၂၀ဝ၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အကြောင်း အမျိုးမျိုးကြောင့် လိုင် စင်သက်တမ်းတိုးခြင်းကိုပါ ရပ် ဆိုင်းခဲ့ကြောင်း သိရသည်။ ယခု အချိန်တွင် ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ပုဂ္ဂလိကဖက်စပ် ထုတ် လွှင့်နေသော ဂြိုဟ်တုရုပ်မြင်သံ ကြား အစီအစဉ်များ ပေါ်ပေါက် လာခြင်း၊ ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းယူကြည့်ရှုနိုင်သော ပြည်သူ လူထုအနေဖြင့်လည်း နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်း ထားသည့် တည် ဆဲဥပဒေများနှင့်အညီ လိုက်နာ လုပ်ဆောင်ရန် လိုအပ်ခြင်း၊ နိုင်ငံ တော်မှ ရသင့်ရ ထိုက်သော အခွန် အခများ ကောက်ခံရရှိရန် လိုအပ် ခြင်းများကြောင့် ဂြိုဟ်တုရုပ်မြင် သံကြားဖမ်းစက်၊ ရေဒီယို၊ ရုပ်မြင် သံကြားဖမ်းစက်နှင့် ဗီဒီယိုဖွင့်စက် လိုင်စင်များကို ပြန်လည်ကောက်ခံ သွားတော့မည်ဖြစ်ကြောင်း သိရှိ ရသည်။

MSK
 


တရုတ်က မြန်မာကို McWill နည်းပညာပေးအပ်


တရုတ်နိုင်ငံ၊ ဘေဂျင်း Xinwei ကုမ္ပဏီက ၎င်းတို၏ McWill နည်းပညာကို မြန်မာနိုင်ငံသားပိုင် Link Global ကုမ္ပဏီသို့ ယနေ့ တရားဝင် လွဲပြောင်းပေးအပ်လိုက်သည်။ အဆိုပါ နည်းပညာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တရုတ်ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ သင်တန်းများပို့ချခြင်းနှင့် နည်းပညာပံ့ပိုးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းနည်းပညာများ လက်ခံရယူသော Link Global ကုမ္ပဏီက ထုတ်လုပ်မှုအပိုင်းနှင့် ချို့ယွင်းမှုများ ပြုပြင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရှိရသည်။ "ဒေသဆိုင်ရာ ကုမ္ပဏီအား နည်းပညာ လွှဲပြောင်းပေးအပ်တာကြောင့် McWill ဆက်သွယ်ရေး Terminal များကို ထုတ်လုပ်နိုင်တဲ့အတွက် မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ထုတ်လုပ်မှု အသစ်တစ်ရပ် အောင်မြင်စွာ စိုက်ထူနိုင်မှာ ဖြစ်ပါတယ်" ဟု တရုတ် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။ Link Global ကုမ္ပဏီမှ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကလည်း Terminal ၅၄ လုံးတည်ဆောက်သွားမည်ဖြစ်ကြောင်း McWill ဖုန်းများကို ကျပ် ၅၆၀,၀၀၀ (အင်တာနက်ပါ) နှုန်းဖြင့် မြို့ကြီးများ၊ ဝေးလံသော မြို့များတွင် သုံးစွဲလျက်ရှိကြောင်း လာမည့် လအနည်းငယ်အတွင်း အခြားဖုန်းများနည်းတူ McWill ဖုန်းများကို လည်း သက်သာစွာ ဝယ်ယူသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ ဘေဂျင်း Xinwei ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ မူပိုင်ဖြစ်သော Broadband Wireless Access နည်းပညာကို SCDMA,CDMA၊ ၎င်း မှတစ်ဆင့် McWill စသည့် ဆက်သွယ်ရေး နည်းပညာများကို တီထွင်ခဲ့ပြီး ကဏ္ဍအသီးသီးတွင် သုံးစွဲလျက်ရှိကာ အဆိုပါ နည်းပညာကို နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် သုံးစွဲလျက်ရှိကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


စက0x081ကူလောက်ပါးသော IT ပစ0x081စည်းများ လာတော့မည်

IT products as thin as paper will be coming soon!


IT products as thin as paper will be coming soon!

စိန်ထက်ပင်မာကြောပြီး ရော်ဘာပြားလိုလိပ်ထားနိုင်သော ချပ်ပြားများသည် စက0x081ကူစာရွက်ကဲ့သို့ပါးလွှာကာ လျှပ်စစ်ဓာတ်လည်းဖြတ်သန်းစီးဆင်းနိုင်သည်။ အလေးချိန်အားဖြင့်လည်း လုံးဝမရှိသလောက်ဖြစ်သည်။ ထိုပစ0x081စည်းကို Graphene ဟုခေါ်ပြီး ခဲသားပြုလုပ်ရာတွင် အသုံးပြုသော ဂရက်ဖိုက်နှင့်ပြုလုပ်ထားသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က ပလတ်စတစ်ကို လူသားတို့ တီထွင်နိုင်ခဲ့ခြင်းကြောင့်


မျက်နှာကို မှတ်သားစစ်ဆေးနိုင်မည့် Software အမေရိကန် FBI အသုံးပြုမည်

မျက်နှာကို မှတ်သားစစ်ဆေးနိုင်မည့် Software အမေရိကန် FBI အသုံးပြုမည်

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီဖြစ်သော FBIသည် ရဲတပ်ဖွဲ့ဝင်များအနေနှင့် ရာဇဝတ်ကောင်များကို ရှာဖွေခြေရာခံရာတွင် လွယ်ကူစေမည့် မျက်နှာမှတ်သားနိုင်သော Softwareကို ထုတ်လုပ်ပေးသွားမည်ဟု သိရှိရသည်။ FBIသည် နိုင်ငံတစ်ဝှမ်း မျက်နှာမှတ်သားနိုင်သော စနစ်သစ်ကို စတင်ရန် စီစဉ်နေပြီး ပြည်နယ်အချို့တွင် ဦးစွာ လုပ်ဆောင်ရန် အသင့်ဖြစ်နေပြီဟု သတင်းများကဆိုသည်။ ဒေါ်လာ (၁)ဘီလျံကျော် ကုန်ကျမည့် ယင်းSoftwareထုတ်လုပ်မှု စီမံကိန်းက ရဲတပ်ဖွဲ့ဝင်များအနေနှင့် ရာဇ၀တ် မှတ်တမ်းရှိသူများကို လွယ်ကူစွာ ရွေးချယ်နိုင်မည် ဖြစ်သော်လည်း အမေရိကန် ပြည်သူများ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးလာမည့်အပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။ မျက်ကြည်လွှာ Scanဖတ်ခြင်းနှင့် အသံမှတ်သားခြင်းစသော အခြားသရုပ်ခွဲ မှတ်သားမှု လုပ်ငန်းဆောင်တာများကိုလည်း ပြုလုပ်ပြီး သီးသန့် Databaseထဲတွင် ထားရှိရန် FBIက စီစဉ်နေကြောင်း သိရှိရသည်။

FBIမှ မှုခင်းဆိုင်ရာ တရားစီရင်ရေး အချက်အလက် ၀န်ဆောင်မှု ဌာနမှ နစ်ခ်မက်ဂ်နာက "တရားဥပဒေ စိုးမိုးရေး ၀န်ထမ်းတွေ လက်ထဲမှာ ဓာတ်ပုံတစ်ပုံရှိမယ်။ ဒီလူဟာ ဘယ်လိုလူလဲ သူတို့သိတယ်။ ဒါပေမဲ့ တကယ်တမ်း ကြုံလာချိန်မှာ ဒီလူဟုတ်လားဆိုတာ သူတို့မသိဘူး။ အဲဒီ ကွင်းဆက်ကို ချိတ်ပေးဖို့ ကျွန်တော်တို့ စီစဉ်ခဲ့တာပါ"ဟု ပြောကြားသွားခဲ့သည်။ ရဲများအတွက် အထောက်အကူဖြစ်စေမည့် ယခုSoftwareကို မစ်ချီဂန်တွင် စတင်စမ်းသပ်မှု ပြုလုပ်နေပြီး ၀ါရှင်တန်၊ ဖလော်ရီဒါ၊ မြောက်ပိုင်းကာရိုလိုင်းနားတို့တွင်လည်း ဆောင်းရာသီ၌ စတင်စမ်းသပ်သွားမည်ဖြစ်သည်။ အောင်မြင်မှုများ ရရှိပါက အမေရိကန် တစ်နိုင်ငံလုံးမှ ရဲဌာနများအတွက် (၂၀၁၄)တွင် ယင်းဖန်တီးမှု နည်းပညာကို အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: DailyMail


Angry Birds ဂိမ်း​​အား​​ Download ပြုလုပ်သူ သန်း​​ ၅၀၀ ​​ကျော်ပြီဖြစ်

alt

Angry Birds ဂိမ်း​​ရုပ်ပုံ © dailymail

Angry Birds ဂိမ်း​​ကို Downloadပြုလုပ်သူ သန်း​​ ၅၀၀ ​​ကျော်ဖြစ်သွား​​ပြီဟု ဂိမ်း​​ကို ထုတ်လုပ်သည့်​​ Rovio ကုမ္ပဏီက ​​ကြေညာခဲ့​​သည်။ ရူပ​​ဗေဒ အ​​ခြေခံ ဉာဏ်စမ်း​​ဂိမ်း​​​လေး​​သည် ​​အောင်မြင်မှု ကြီး​​မား​​စွာ ရရှိပြီး​​​နောက် ယခုအခါ ကမ္ဘာ​​ပေါ်တွင် ​​နေ့​​စဉ် မိနစ် သန်း​​ ၃၀၀ ထိ ​​ဆော့​​ကစား​​ခြင်း​​ ခံ​​နေရသည်။

Level​​ပေါင်း​​ ၂၆၆ သန်း​​ကို ဂိမ်း​​ချစ်သူများ​​က ကစား​​ခဲ့​​ပြီး​​ ​​လောက်လွှဲမှ ပစ်လွှတ်လိုက်​​သော ငှက်​​ကောင်​​ရေသည် ဘီလျံ ၄၀၀ ရှိ​​နေပြီဟု သိရသည်။ ဂိမ်း​​၏ ​​အောင်မြင်မှုအလိုက် သတ်မှတ်​​ပေး​​​သော ​​ရွှေကြယ် အ​​ရေအတွက်သည် ၄၄ ဘီလျံ​​ကျော် ရှိ​​နေပြီဖြစ်သည်။ Rovio၏ အမှု​​ဆောင် အရာရှိချုပ် မစ်ကယ်ဟတ်က "ဒါဟာ ဂုဏ်ယူ​​လောက်စရာ ကိန်း​​ဂဏန်း​​​တွေပါ။ ကျွန်​​တော်တို့​​ဂိမ်း​​ကို ​​ဆော့​​ကစား​​ရင်း​​ ​​ပျော်​​နေတဲ့​​လူ​​တွေ ဘယ်​​လောက်များ​​​နေတယ်ဆိုတာ သိခွင့်​​ရတာ ကြည်နူး​​ဖို့​​ ​​ကောင်း​​တယ်"ဟု ​​ပြောကြား​​ခဲ့​​သည်။ အဆိုပါ ဂိမ်း​​သည် iPhoneအတွက် ရည်ရွယ်ကာ ၂၀၀၉ ခုနှစ်က ပထမဆုံး​​အကြိမ် ထုတ်​​ဝေခဲ့​​ပြီး​​​နောက် အခြား​​OSမျိုး​​စုံမှ ဖုန်း​​များ​​၊​ အိမ်သုံး​​ PCနှင့်​​ Macကွန်ပျူတာများ​​၊​ Web Browserများ​​နှင့်​​ PSPတို့​​တွင် Platformမျိုး​​စုံနှင့်​​ ထုတ်​​ဝေခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ သိရှိရသည်။

Angry Birds၏ အမည်သတင်း​​ ​​ကျော်​​ဇောမှု​​ကြောင့်​​ Diamond Comic စာအုပ် ထုတ်​​ဝေသူများ​​က Angry Birdsအတွက် စာအုပ်စီး​​ရီး​​ တစ်ခုကို မူပိုင်ခွင့်​​ စာချုပ် ချုပ်ဆိုခဲ့​​​ကြောင်း​​လည်း​​ သတင်း​​ရရှိသည်။


Google ၏ Digital Music အ​​ရောင်း​​ဝန်​​ဆောင်မှု​စတင်

alt

Google ၏ Digital Music အမှတ်တံဆိပ်တခု © dailymail

Google သည် Amazon ၏ Online shop၊​ Apple ၏ iTune တို့​​နှင့်​​အပြိုင် Digital Music အ​​ရောင်း​​ဝန်​​ဆောင်မှု တစ်ခုကို စတင်လာပြီဖြစ်သည်။ Android Market တွင် သီချင်း​​ပုဒ်​​ရေ သန်း​​နှင့်​​ချီပြီး​​ ​​ရွေး​​ချယ်ဝယ်ယူနိုင်​​တော့​​မည်ဟု နိုဝင်ဘာ ၁၆ ရက်​​နေ့​​တွင် Google ၏ ထုတ်လုပ်မှု မန်​​နေဂျာ ​​ပေါလ်ဂျိုက်စ်က ​​ကြေညာခဲ့​​သည်။

 ​လော့​​စ်အိန်ဂျယ်လိစ်မြို့​​တွင် ပြုလုပ်​​သော Google ၏ ထုတ်ကုန်သစ် ကွန်ဖရင့်​​တွင် ၎င်း​က Digital Music အ​​ရောင်း​​ဝန်​​ဆောင်မှုသစ်ကို မိတ်ဆက်​​ပေး​​ခဲ့​​ခြင်း​​ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဝန်​​ဆောင်မှုသည် စမ်း​​သပ်အဆင့်​​သာ ရှိ​​သေး​​ပြီး​​ အ​​မေရိကန်တွင် ​​နေထိုင်သူများ​​အတွက် အခမဲ့​​ ဝန်​​ဆောင်​​ပေး​​မည်ဖြစ်သည်။ Digital Music သီချင်း​​များ​​သည် Android Market သို့​​ တိုက်ရိုက်​​ရောက်လာမည်ဖြစ်ပြီး​​ Android OS သုံး​​ စမတ်ဖုန်း​​နှင့်​​ Tablet များ​​မှတစ်ဆင့်​​ လွယ်ကူလျင်မြန်စွာ ရယူနိုင်ရန် စီစဉ်ထား​​​ကြောင်း​​ Google က ဆိုသည်။

အဆိုပါ ဝန်​​ဆောင်မှုသစ်သည် သီချင်း​​များ​​ကို Online မှ တိုက်ရိုက် ​​ရောင်း​​ချသည့်​​ ဝန်​​ဆောင်မှု ​​ပေး​​​နေ​​သော iTune နှင့်​​ Amazon တို့​​အတွက် ကြီး​​မား​​​သော ​​ဈေး​​ကွက်ခြိမ်း​​​ခြောက်မှုတစ်ခု ဖြစ်လာမည်ဟုလည်း​​ ကျွမ်း​​ကျင်သူများ​​က သုံး​​သပ်​​ပြောကြား​​ခဲ့​​သည်။


IPhone 4S အား​​ စိတ်ပျက်သူ​များ​​လာ

alt

IPhone 4S အသစ်တစ်လုံး​ © dailymail

Apple၏ ​​နောက်ဆုံး​​ထုတ် မိုဘိုင်း​​ဖုန်း​​ အမျိုး​​အစား​​သစ်ဖြစ်​​သော iPhone 4Sနှင့်​​ ပတ်သက်ပြီး​​ စိတ်ပျက်​​နေသူ​ အ​​ရေအတွက်သည် တစ်စထက်တစ်စ တိုး​​ပွား​​လာ​​ကြောင်း​​ သိရသည်။ နည်း​​ပညာမြင့်​​ မိုဘိုင်း​​ဖုန်း​​နှင့်​​ ပတ်သက်ပြီး​​ ဝယ်ယူ​သုံး​​စွဲသူ​ အား​​လုံး​​၏ ၅ ပုံ ၁ ပုံမျှသည် အလိုမကျ​​ကြောင်း​​ လူ​​​ပေါင်း​​ ၁၆၉၄ ဦး​​၏ သ​​ဘောထား​​ကို ​​ကောက်ခံ​​မေး​​မြန်း​​​သော စစ်တမ်း​​က ​​ဖော်ထုတ်​​တွေ့​​ရှိခဲ့​​သည်။

ထိုသူ ​များ​​အနက် ၄၃ ရာခိုင်နှုန်း​​က အခြား​​​သော တံဆိပ်ဖြင့်​​ မိုဘိုင်း​​ဖုန်း​​ ကိုင်​​ဆောင်သူ​များ​​အ​​ပေါ် မနာလို ဖြစ်မိ​​ကြောင်း​​ ဝန်ခံခဲ့​​သည်။ iPhone 4Sတွင် ဘက်ထရီ အဆင်မ​​ပြေမှု အပါအဝင် အား​​နည်း​​ချက်များ​​ ရှိ​​နေခြင်း​​​ကြောင့်​​ Appleအ​​နေနှင့်​​ ​​စောဒကတက်မှုများ​​ ခံ​​နေရသည်။ စစ်တမ်း​​တွင် ပါဝင်​​သောသူ​ ၇၃ ရာခိုင်နှုန်း​​က ဖုန်း​​နှင့်​​ ပတ်သက်ပြီး​​ မ​​ကျေနပ်စရာ တစ်ခုခုရှိ​​နေ​​ကြောင်း​​ ဖွင့်​​ဟခဲ့​​သည်။ ယခုစစ်တမ်း​​အတွက် Onlineမှ သ​​ဘောထား​​ ​​ကောက်ယူ​မှုများ​​၊​ အပြန်အလှန် ဗဟုသုတ ဖလှယ်မှုများ​​၊​ သတင်း​​အချက်အလက် ရယူ​မှုများ​​အ​​ပေါ်တွင်လည်း​​ အ​​ခြေခံ တွက်ချက်ခဲ့​​သည်။

iPhoneအသုံး​​ပြုသူ​များ​​အနက် Google၏ Android OSကို အသုံး​​ပြုသည့်​​ မိုဘိုင်း​​ဖုန်း​​ ကိုင်​​ဆောင်သူ​များ​​ကို အား​​ကျမှုများ​​လည်း​​ ရှိ​​နေ​​ကြောင်း​​ သိရှိရသည်။ iPhone 4Sသည် ယခုအခါ အလုံး​​​ရေ ၄ သန်း​​ထက်မနည်း​​ ​​ရောင်း​​ချထား​​ပြီး​​ဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။


Apple iPhones 4S သုံး​​​စွဲသူများ​​​ထံမှ မ​​ကျေနပ်မှုများ​​​ ပိုမိုများ​​​ပြား​​​လာ


alt

Apple ကုမ္ပဏီ၏ ​​နောက်ဆုံး​​​ထုတ် မိုဘိုင်း​​​လ်ဖုန်း​​ iPhone 4S © dailymail

Apple ကုမ္ပဏီ၏ ​​နောက်ဆုံး​​​ထုတ် မိုဘိုင်း​​​လ်ဖုန်း​​​ အမျိုး​​​အစား​​​သစ် iPhone 4S နှင့်​​ ပတ်သက်ပြီး​​​ သုံး​​​စွဲသူများ​​​ထံမှ ​​စောဒကတက်မှုများ​​​ တစ်စထက်တစ်စ များ​​​ပြား​​​လာခဲ့​​သည်။ ဘက်ထရီပိုင်း​​​ဆိုင်ရာ အား​​​နည်း​​​ချက်များ​​​ ရှိ​​နေ​​ကြောင်း​​​ ​​ထောက်ပြမှုများ​​​ ခံရပြီး​​​​နောက် Appleသည် iPhone 4Sတွင် သုံး​​​ထား​​​သည့်​​ iOS 5၏ Update Versionဖြစ်​​သော iOS 5.0.1ကို iTuneတွင် လွှင့်​​တင်​​ပေး​​​ခဲ့​​သည်။

အချို့​​ဖုန်း​​​ပိုင်ရှင်များ​​​က ၁ နာရီအတွင်း​​​ ဘက်ထရီ ကျဆင်း​​​မှု ၁၅ ရာခိုင်နှုန်း​​​ထိ ရှိ​​နေခြင်း​​​ကို မ​​ကျေမနပ် အ​​ရေး​​​ဆိုခဲ့​​ပြီး​​​​နောက် Appleက ယခုလို ​​ဖြေရှင်း​​​​ပေး​​​ခဲ့​​ခြင်း​​​ဖြစ်သည်။ သို့​​​သော်လည်း​​​ ဘက်ထရီ ချွတ်ယွင်း​​​ချက်နှင့်​​ ပတ်သက်ပြီး​​​ မ​​ကျေနပ်ချက်များ​​​သည် ပိုမို၍သာ တိုး​​​ပွား​​​လာခဲ့​​သည်။ Appleသည် ဖုန်း​​​အချို့​​တွင် ဘက်ထရီသက်တမ်း​​​ လျင်မြန်စွာ ကျဆင်း​​​သွား​​​ရခြင်း​​​နှင့်​​ ပတ်သက်ပြီး​​​ တိကျ​​သော ​​ဖြေရှင်း​​​ချက် မထုတ်ပြန်ခဲ့​​​သေး​​​​ချေ။ အချို့​​ကလည်း​​​ iOS၏ ​​နေရာပြစနစ်က လက်ရှိတည်​​နေရာကို ​​တောက်​​လျှောက် ​​ခြေရာခံ ရှာ​​ဖွေ​​နေခြင်း​​​​ကြောင့်​​ ဖြစ်နိုင်​​ကြောင်း​​​ သုံး​​​သပ်ခဲ့​​သည်။

Appleအ​​နေနှင့်​​ အသုံး​​​ပြုသူများ​​​ထံမှ ​​စောဒကတက်မှုများ​​​အတွက် အင်ဂျင်နီယာများ​​​က သိုသိုသိပ်သိပ် တစ်ဆင့်​​ခံ ​​ဖြေရှင်း​​​​ပေး​​​​နေသည်ဟု သတင်း​​​များ​​​ ထွက်​​ပေါ်​​နေ​​သော်လည်း​​​ ကုမ္ပဏီ အ​​နေနှင့်​​မူ မည်သည့်​​ အတည်ပြု ​​ကြေညာချက်မှ မရှိ​​သေး​​​​ကြောင်း​​​ သိရှိရသည်။


Steve Jobs ထက် တော်တဲ့ မြန်မာတစ်ယောက်

10:20  Myanmar Express Group  1 comment



Facebook တွင် အမျိုးသားများက အမျိုးသမီးများထက် လိမ်လည်မှုပိုမိုကြုံတွေ့ရဟုဆို

Antivirus software ကုမ္ပဏီတစ်ခုဖြစ်သည့် Bitdefender မှပြုလုပ်ခဲ့သည့် လေ့လာချက်တစ်ခုအရ Facebook မှတစ်ဆင့် လိမ်လည်လှည့်ဖျားမှုများကို အမျိုးသမီးများထက် အမျိုးသားများက ပိုမိုကြုံတွေ့ခံစားနေရသည်ကို တွေ့ရှိရကြောင်း CBS News ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါလေ့လာချက်များအရ ၆၄.၂ ရာခိုင်နှုန်းသော အမျိုးသမီးများသည် မိမိနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသော မိတ်ဆွေများထံမှရရှိသည့် Facebook friend request များကို ငြင်းဆိုလေ့ရှိသော်လည်း အမျိုးသားများ၏ ၅၅.၄ ရာခိုင်နှုန်းကသာ ၎င်းကဲ့သို့ငြင်းဆိုခြင်းကို ပြုလုပ်ကြကြောင်းတွေ့ရသည်။ အမျိုးသားအများစုက ဆွဲဆောင်မှုရှိပြီး ချစ်ခင်ဖွယ်ကောင်းသည့် အမျိုးသမီးရုပ်ပုံဖြင့်ပြုလုပ်လာသော friend request များကို ပြန်လည်လက်ခံလေ့ရှိကြပြီး အချို့သောအမျိုးသားများက ၎င်းတို့၏တည်နေရာအနေအထား၊ ပတ်ဝန်းကျင်တို့ကို ဖော်ပြလိုလေ့ရှိကြကြောင်း တွေ့ရှိရသည်။ Bitdefender ၏ လူမှုကွန်ရက်လုံခြုံရေးပိုင်းဆိုင်ရာအုပ်ချုပ်ရေးမှုး George Petre ဆိုသူကမူ အမျိုးသမီးများသည် ပိုမိုသတိထားရမည့် သဘာဝကျသော အန္တရာယ်သတိပေးချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရေးသားသူ - ဟေမာ Ref: CNET


Core ရှစ်ခုပါဝင်သည့် မိုဘိုင်းဂရပ်ဖစ်ပရိုဆက်ဆာအား ARM ပွဲထုတ်မိတ်ဆက်


စမတ်ဖုန်းများနှင့် tablet များ၏ဂရပ်ဖစ်ကို မြှင့်တင်ရန်ကြိုးပမ်းသည့်အနေဖြင့် core ရှစ်ခုပါဝင်သည့် Mali-T658 မိုဘိုင်းဂရပ်ဖစ်ပရိုဆက်ဆာအား ARM မှ ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ ဗြိတိန် ပရိုဆက်ဆာဒီဇိုင်နာ ARM မှမိတ်ဆက်ပေးခဲ့သည့် Mali-T658 တွင် graphic processing core ရှစ်ခုပါဝင်ပြီး အဆိုပါ core ရှစ်ခုသည် ယခင်အမျိုးအစားထက် နှစ်ဆပိုမိုလျင်မြန်စွာ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ARM မှ ပြောကြားချက်အရ Mali-T658 သည် စမတ်ဖုန်းများနှင့် tablet များ၏ ဂရပ်ဖစ်စွမ်းဆောင်ရည်အတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဖြစ်ပြီး ၎င်းကို ၂၀၁၃ ခုနှစ်တွင် ထွက်ပေါ်လာမည့် မိုဘိုင်းထုတ်ကုန်များ၌ စတင်တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။ Mali-T658 သည် ARM ၏ Cortex A7 နှင့် A15 ပရိုဆက်ဆာများကဲ့သို့ပင် ချောမွေ့စွာလုပ်ဆောင်ပေးနိုင်ပြီး speech recognition ကဲ့သို့သော ဂရပ်ဖစ်မလိုသည့် မိုဘိုင်း application များကိုလည်း အကူအညီပေးနိုင်မည် ဖြစ်သည်။ ရေးသားသူ - နောင်နောင် Ref: DigitalTrends


အနာဂတ်ကာလ၌ 3D မြင်ကွင်းများကို Screen မလိုဘဲ တွေ့မြင်နိုင်ဖွယ်ရှိ

ဂျပန်နိုင်ငံအခြေစိုက် display ကုမ္ပဏီတစ်ခုဖြစ်သည့် Burton မှ လေဆာအလင်းတန်းများအသုံးပြု၍ 3D ပုံရိပ်များကို လေထဲ (သို့မဟုတ်) ရေအောက်တွင် ဖော်ပြပေးနိုင်မည့် ပရိုဂျက်တာတစ်မျိုးကို လာမည့် အနာဂတ်ကာလတွင် မြင်တွေ့နိုင်စေရန် ဖန်တီးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အကယ်၍ ၎င်းနည်းပညာကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါက အနာဂတ်ကာလ၌ 3D မြင်ကွင်းများကို မှန်သားဖန်သားမျက်နှာပြင်များမလိုဘဲ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ အဆိုပါ effect ကိုဖန်တီးရန် လေထဲတွင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေသည့် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်အမှုန်ငယ်များကို လေဆာအလင်းဖြင့် ထိတွေ့စေရမည်ဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို တစ်နည်းအားဖြင့် plasma excitation ဖြစ်စဉ်ဟုဆိုသည်။ ကုမ္ပဏီမှ လက်ရှိစမ်းသပ်ထားသည့် prototype ပုံစံသည် အလင်းအား point 50,000 ကို 10-15 frames per second ဖြင့် ဖော်ပြပေးနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်ရှင်များကဲ့သို့ ၂၄-၃၀ fps ဖြင့်ဖော်ပြပေးနိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။ 3D ပုံရိပ်များကို ပြည့်ဝစွာခံစားနိုင်ရန်အတွက် ကာလာတွဲစပ်မှုကို အစိမ်းရောင်တစ်မျိုးခုတည်းမဟုတ်ဘဲ အနီ၊ အစိမ်းနှင့် အပြာရောင်တို့ကို ပေါင်းစပ်သုံးပေးထားသည်။ Burton မှ အဆိုပါလုပ်ငန်းကို မူလနည်းပညာ developer များဖြစ်ကြသော AIST နှင့် Keio တက္ကသိုလ်တို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကာ အကယ်၍ ၎င်းနည်းပညာ အသုံးပြုနိုင်သည့် ထုတ်ကုန်တစ်မျိုးခန့် ရောင်းချသူများလက်ထဲသို့ ရောက်ရှိလာပါက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းနှင့် ကြော်ငြာအချို့တို့ လက်တွေ့ပေါ်ပေါက်လာဖွယ်ရှိသည်။ ရေးသားသူ - ဟေမာ Ref: CNET


ကင်မရာများ၏ ပုံထွက်ကောင်းမွန်မှုသည် မှန်ဘီလူးပေါ်တွင်မူတည်နေကြောင်း လေ့လာတွေ့ရှိ

Share
ရုပ်ငြိမ်ဓာတ်ပုံများရိုက်ကူးရာတွင် ကြုံတွေ့ရလေ့ရှိသော ပုံထွက်မကောင်းခြင်းပြဿနာအတွက်အဖြေကို ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ Stephen Eastwood က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ဓာတ်ပုံများ၏ ပုံထွက်အရည်အသွေး ကွာခြားချက်သည် ကင်မရာတွင်တပ်ဆင်အသုံးပြုသည့် မှန်ဘီလူးပေါ်တွင် မူတည်နေကြောင်း ၎င်းကလေ့လာတွေ့ရှိခဲ့ပြီး ၎င်းအချက်ကိုသက်သေပြရန်အတွက် တူညီသည့်အလင်းနှင့် မျက်နှာအနေအထားတို့ကို မတူညီသောမှန်ဘီလူးများ ပြောင်းလဲအသုံးပြုရိုက်ကူးပြခဲ့သည်။ ပုံထွက်အရည်အသွေး ကွာခြားမှုသည် မှန်ဘီလူး၏ focal length ပေါ်တွင်မူတည်၍ ကွဲပြားနိုင်သလို focal range မတူညီမှုကြောင့်လည်း ပုံများပျက်စီးနိုင်ကြောင်း Stephen ၏လေ့လာချက်တွင် ဖော်ပြထားသည်။ ၃၅၀ မီလီမီတာရှိ မှန်ဘီလူးအကြီးများကို အသုံးပြုသည့်အခါတွင် အရာဝတ္တုများ၏မျက်နှာပြင်သည် ပို၍ပြားကာ ကျယ်ပြန့်လာခြင်းကြောင့် အဆိုပါအနေအထားတွင် မျက်နှာပြင်ရှိ အစိတ်အပိုင်းများ၏တည်နေရာသည် အနည်းငယ်အပြောင်းအလဲဖြစ်နိုင်ကြောင်း Stephen ကပြောကြားခဲ့သည်။ ကျွမ်းကျင်သူအချို့ကမူ 135 mm lens သည် ပုံထွက်အရည်အသွေး အကောင်းဆုံးဖြစ်သည်ဟုဆိုကြသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင်မူ ချို့ယွင်းချက်အနည်းငယ် ရှိနိုင်ကြောင်းလည်းသိရသည်။ ရေးသားသူ - ဟေမာ Ref: DailyMail

Microsoft နှင့် Samsung ပူပေါင်း၍ စားပွဲခုံတစ်လုံး အရွယ် ကွန်ပျူတာပြားကို တီထွင်


  • Microsoft နှင့် Samsung ပူပေါင်း၍ စားပွဲခုံတစ်လုံး အရွယ် ကွန်ပျူတာပြားကို တီထွင်

    Microsoft နှင့် Samsung ပူးပေါင်း၍ စားပွဲခုံတစ်ခုံ အရွယ်အစားရှိသော အနာဂတ်အတွက် လုပ်ငန်းသုံး မျိုဆက်သစ် ကွန်ပျူတာပြား (the Surface table computer system) ကိုတီထွင်ခဲ့ရာ အနိမ့်ဆုံး ဒေါ်လာ ၈၀၀၀ တန်ဖိုးဖြင့် ကြိုတင်မှာကြား နိုင်ကြောင်း သိရသည်။

    အရွယ်အစား ကြီးများပြီး စားပွဲတစ်လုံးပုံစံနှင့် အရွယ်အစားရှိသော ကွန်ပျူတာကို ယခုအခါ နိုင်ငံ ၂၃ နိုင်ငံရှိ Samsung အရောင်းကိုယ်စားလှယ်များ ထံတွင် ကြိုတင် မှာယူနိုင်ပြီဖြစ်ကြေင်း သိရသည်။  အဆိုပါ ကွန်ပျူတာသည် လာမည့် ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ထွက်ရှိမည် ဖြစ်ကြောင်း Microsoft နှင့် Samsung က နိုဝင်ဘာ ၁၈ ရက်နေ့က ကြေငြာခဲ့သည်။

    ဒေါ်လာ ၈၀၀၀ ခန့် တန်ကြေးရှိပြီး SUR40 သို့မဟုတ် the Surface ဟု အမည်ပေးထားသော ကွန်ပျူတာကို စီပွားရေး လုပ်ငန်းသုံးနှင့် အဖွဲ့အစည်းများတွင် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

    table also include apps that allow peoplepaint  directly table  edit photos then add them directly their Facebook accounts

    samsung surface sur microsoft software

    The Surface touchscreen just four inches thick can used  table  format  even hung the wall like painting

    Microsoft Surface displayinch multi touch screen which overcomes the limitations most touchscreen technology   the fact that the screens are bamboozled too many people touch once

    Being able move objects top the screen revolutionises how the touchscreen can used you could play board games   use plan buildings

    Microsoft ၏ Windows 7 ကွန်ပျူတာ စနစ်နှင့် Surface 2.0 ဆော့ဝဲလ်ကို အသုံးပြုထားသော ထိုကွန်ပျူတာသည် လက်မ ၄၀ အရွယ်အစားရှိပြီး ပုံဖော်နိုင်စွမ်း 1920 X 1080 ရှိသည်။ Ethernet, HDMI, နှင့် USB တို့ပါဝင်သော ကွန်ပျူတာသည် Contrast ratio 2,000:1 ရှိပြီး 2.9GHz Athlon X2 dual-core CPU ကို အသုံးပြုထားသည်။ မှတ်ဥာဏ်ပမာဏ 4GB ပါဝင်ပြီး အချက်အလက်ပမာဏ 320 GB သိမ်းဆည်းနိုင်သည်။




--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/


Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


ကွန်ပျူတာနည်းပညာမှတ်စု
http://mee-pya-tite.blogspot.com/


ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
http://mdsng.blogspot.com/
 

နေ့စဉ် မြန်မာအီးမေးများ
http://myanmardailymail.blogspot.com/

 
မြန်မာ Blog များအားလုံး
http://allmyanmarblogs.blogspot.com/


မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
 

နားဆင်စရာ
http://myl6.blogspot.com/


ဖတ်စရာ
http://7comrades.blogspot.com/


MIET တက္ကသိုလ်ကျောင်းသားများ Forum
http://mietforum.ning.com/


နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmardailymail@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsubscribe@googlegroups.com သို့ အီးမေးပို့ပါ။
http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  admin@mee-pya-tite.comforall85ster@gmail.com နှင့် simpleviews2010@googlemail.com များသို့ ဆက်သွယ်ပါ။



0 comments:

 
Myanmar Daily Mail Sponsored by Mayanmar Daily Mail Group