ဇနီးသည်ကို မုဒိန်းကျင့်ရန် သူငယ်ချင်းဖြစ်သူအား စေခိုင်းသော နိုင်ငံခြားရောက် မြန်မာတစ်ဦး ၊ မိမိ ရင်သွေးငယ်ကို အသေ သတ်သည့် မြန်မာ မိန်းခလေး ၊ မြန်မာလုပ်သားသုံးသန်းခန့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်လျက်ရှိ ၊ ဒီဇင်ဘာ လလယ်ပိုင်းအထိ ကိုရီးယားသို



  1. ဇနီးသည်ကို မုဒိန်းကျင့်ရန် သူငယ်ချင်းဖြစ်သူအား စေခိုင်းသော နိုင်ငံခြားရောက် မြန်မာတစ်ဦး  ၊
  2.  မိမိ ရင်သွေးငယ်ကို အသေ သတ်သည့် မြန်မာ မိန်းခလေး ၊
  3.  မြန်မာလုပ်သားသုံးသန်းခန့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်လျက်ရှိ  ၊
  4. ဒီဇင်ဘာ လလယ်ပိုင်းအထိ ကိုရီးယားသို့ မြန်မာလုပ်သား ၁၉၆၉ ဦး စေလွှတ် ၊
  5.  နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား လျှော့ချရေး ၊
  6.  ကမ္ဘာ့ဈေးအကြီးဆုံး Burj al-Arab   ဟိုတယ်

ဇနီးသည်ကို မုဒိန်းကျင့်ရန် သူငယ်ချင်းဖြစ်သူအား စေခိုင်းသော နိုင်ငံခြားရောက် မြန်မာတစ်ဦး


ထက်ရာဇာ (ရာဇာထက်) ဆိုတဲ့ DVB သတင်းထောက်ဟောင်း ငပိန် တစ်ဦးကို မြန်မာမိန်းခလေးများ ရှောင်ဖို့အတွက် သာ အဓက ထားပြီး ထက်ရာဇာရဲ့ ယုတ်မာမှုပေါင်း မြောက်များစွာထဲက အစိတ်အပိုင်း သေးသေးလေး တစ်ခုတည်းကိုသာ MEG က ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ထက်ရာဇာမှာ ဒီထက် အောက်တန်းကျတဲ့ လုပ်ဆောင်မှုတွေ အများကြီး ရှိနေပြီးသားဆိုတာ ထက်ရာဇာရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သူ့ရဲ့ ယုတ်မာမှုတွေကို သည်းမခံနိုင်လို့ စွန့်ခွာသွားတဲ့ သူ့မိန်းမ အသိဆုံးဖြစ်ပါတယ်။ မဲဆောက်မှာ ကင်မယာတစ်လုံးလွယ်ပြီး မ ဆိုရင် မအေ၊ နှမ တောင်မချန် ဖွန်လိုက်ကြောင်တတ်တာ အားလုံးအသိပါ။

MEG ရဲ့ အသေးစားဖွင့်ချမှုတစ်ခုကို ထက်ရာဇာက ငြင်းဆိုမှုတွေလုပ်ခဲ့တာကြောင့် နောက်ထက် အလတ်စား ဖွင့်ချမှုတွေကို ထက်လုပ်ရပါတော့မယ်။ MEG ရဲ့ http://www.myanmarexpress.net/2011/12/blog-post_1927.html မှာ ဖွင့်ချခဲ့မှုကို ထက်ရာဇာက http://www.facebook.com/note.php?note_id=318699001483267 မှာ ပြည်လည်ဖြေရှင်းခြင်း ဆိုပြီး ခေါင်းစဉ်တပ်ပြီး ရေးသားထားတာကို အလိုတူအလိုပါ http://komoethee.blogspot.com/2011/12/blog-post_205.html က တင်ပေးထားတာ တွေ့ရပါတယ်။

ထက်ရာဇာရဲ့ဖြေရှင်းချက်ထဲမှာ MEG ဖော်ပြထားတဲ့ Chat Record တွေကို အမှားတွေလို့ မငြင်းနိုင်သလို၊ မိန်းခလေးတစ်ယောက်ကို အဲ့လို ပြောဆိုမိုက်ရိုင်းခဲ့ခြင်း မရှိကြောင်း မငြင်းနိုင်ခဲ့ပါဘူး။

ယောက်ျားအရင့်မာကြီးဖြစ်တဲ့ ထက်ရာဇာဟာ သူ့အပြစ်လွတ်ဖို့ ကိုယ့်သမီးအရွယ် မိန်းခလေးကို အပြစ်တွေ ပုံချသွားတာကို သူ့ရဲ့ဖြေရှင်းချက်ထဲမှာ အံ့သြောစွာတွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် Skype မှ ထက်ရာဇာရဲ့ မဖွယ်မရာ ပြသမှုတွေကို Record လုပ်မထားခြင်းအကြောင်းကို ပစ်တင်ဝေဖန်ထားပါတယ်။ ဘယ်လို မြန်မာမိန်းခလေးတစ်ယောက်က ယောင်္ကျားတစ်ယောက်ရဲ့ မဖွယ်မရာပြသမှုကို record လုပ်နိုင်ပါမလဲဆိုတာကို ထက်ရာဇာ မစဉ်းစားခဲ့ပါဘူး။ ထက်ရာဇာကိုယ်တိုင် record တွေ လုပ်နေခြင်းကြောင့် ထောက်ပြတာလည်းဖြစ်နိုင်ပါတယ်။ ထက်ရာဇာနဲ့ video call အဆက်အသွယ်ရှိသူများလည်း သတိထားပါ။

ကိုယ့်သမီးအရွယ် မိန်းခလေး တစ်ယောက်ကို ယောင်္ကျားတစ်ယောက်က မယားငယ် ဆိုပြီး သမုတ်ကာ ရန်တွေ့တာကို ထက်ရာဇာနဲ့ မှ ပထမဆုံး တွေ့ဖူးပါတယ်။ ထက်ရာဇာက "သူ့မယားငယ်လေး ချက်တင်မှာ လင်ငယ်တွေ အများကြီးနေတိုင်း" ဆိုတဲ့ အသုံးအနှုံးက ကိုယ့်သမီးအရွယ် မြန်မာမိန်းခလေး တစ်ယောက်ကို ပြောသင့်လားဆိုတာ စဉ်းစားကြည့်ပါ။

ထက်ရာဇာရဲ့ ဖြေရှင်းမှုအပေါ်မှာ မေးစရာတွေကတော့ အများကြီးပါ။ ဥပမာ ABSDF နဲ့ အဆက်အသွယ်မရှိဘူး ပြောပြီး ဘာကြောင့် ABSDF ဥက္ကဌ မိုးသီးဇွန်း ဘလော့က ကြားထဲက တင်ပေးရတာလဲ? ကိုယ်လုပ်တာ မှန်တယ်လို့ အာမခံနိုင်ရင် ဘာကြောင့် ဖုန်းနံပတ် 716-602-8146 ကနေ တခြား နံပတ်ကို ပြောင်းလိုက်ရတာလဲ? မိန်းခလေးတွေကို အဲ့ဒီလို မဖွယ်မရာ မလုပ်ဖူးပါဘူးလို့ ဘာကြောင့် မငြင်းရတာလဲ? ထက်ရာဇာ ယုတ်မာခဲ့လို့ ငိုကြွေး နေတဲ့ မိန်းခလေးတွေ အများကြီးရှိနေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ဘာကြောင့် မငြင်းရတာလဲ? နောက်ထပ် အများကြီးပါ။

MEG ရဲ့ ပထမဆုံးဖွင့်ချချက်မှာ ထက်ရာဇာ၊ ABSDF နဲ့ အဆက်အသွယ်ရှိသူ၊ DVB နဲ့ အချိတ်အဆက်ရှိသူ လို့သာ ဖော်ပြခဲ့ပါတယ်။ တခြားအလုပ်တွေနဲ့ နာမည်တွေကို ဖော်မပြခဲ့ပါဘူး။ အမှန်တော့ ထက်ရာဇာ ကို ရာဇာထက် လို့လည်း လူသိများကြပါတယ်။ သူဟာ ဖက်ရှင် မဂ္ဂဇင်း အယ်ဒီတာ နဲ့ DVB သတင်းထောက် လုပ်ခဲ့ဖူးပါတယ်။ အခုတော့ အမေရိကားမှာ ဆူရှီလိပ်နေပါတယ်။ လူပုံစိန်က ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်သူဖြစ်ပါတယ်။ ၅ နှစ်အရွယ်သား တစ်ဦးရှိပြီး မိန်းမနဲ့ကွဲနေပါတယ်။ ဖုန်းနံပတ် 716-602-8146 ၊ အီးမေးက kothargi73@gmail.com ဖြစ်ပါတယ်။ သူ့ရဲ့ ယုတ်မာမှုကြောင့် ငိုကြွေးနေရတဲ့ မိန်းခလေးတွေ အများကြီးရှိပါတယ်။

ထက်ရာဇာရဲ့ ယုတ်မာမှု တစ်ခုကို ထပ်ပြီးပြောပြပါမယ်။

ထက်ရာဇာ

ဇနီးည်ကို မုဒိန်းကျင့်ရန် သူငယ်ချင်းဖြစ်သူအား စေခိုင်းသော နိုင်ငံခြားရောက် မြန်မာတစ်ဦး

ထက်ရာဇာမှာ ပြဿနာတွေ အများကြီးရှိခဲ့ပါတယ်။ ပြဿနာဆိုတာ လူမှုရေးပြဿနာတွေပါ။ ထက်ရာဇာ အမြဲရှိနေတတ်တဲ့နေရာတွေကတော့ ပြည့်တန်စာအိမ် နဲ့ အရက်ဆိုင်တွေမှာပါ။ မဲဆောက်မှာတော့ နာမည်ကြီးပါပဲ။ သူ့အကြောင်းကို အားလုံးသိပါတယ်။ ထက်ရာဇာဟာ မူးသည်ဖြစ်စေ မမူးသည်ဖြစ်စေ မိန်းမတွေ့ရင် ရိသဲသဲလုပ်တတ်ပါတယ်။ ထက်ရာဇာ သောက်သမျှ စားသမျှ အရက်ဖိုးတွေနဲ့ ရှာလာသမျှ ပြဿနာတွေကို ဒိုင်ခံရှင်းရသူကတော့ ထက်ရာဇာရဲ့ ဇနီး မအေးအေးသင်း ဖြစ်ပါတယ်။

အမေရိကားကို ပြောင်းလာချိန်မှာတော့ ထက်ရာဇာက ဆူရှီဆိုင်မှာ အလုပ်လုပ်ပြီး ဇနီးဖြစ်သူ မအေးအေးသင်းက စစ်ယူနီဖောင်း နဲ့ ဦးထုပ်ချုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပါတယ်။ စရိုက်ဆိုတာ ဖျောက်ရခက်သည် ဆိုတဲ့ စကားအတိုင်း ထက်ရာဇာရဲ့ မဲဆောက်တုန်းက စရိုက်တွေက အမေရိကားကို ရောက်ချိန်မှာလဲ မပျောက်သေးပါဘူး။ ထက်ရာဇာဟာ အရက်သောက်လိုက်၊ မိန်းမအိပ်ချိန်မှာ လူပျိုဟန်ဆောင်ပြီး အွန်လိုင်းပေါ်က မြန်မာမလေးတွေကို ကြူလိုက်နဲ့ အချိန်ဖြုန်းနေတတ်ပါဘယ်။ မအေးအေးသင်းကတော့ အိမ်ထောင်တစ်ခုလုံးရဲ့ တာဝန်ကို ယူထားရတဲ့အပြင် ထက်ရာဇာက မူးလာရင် မိန်းမကို ဆဲဆို ကြိမ်းမောင်တာတွေ အမြဲလုပ်တာတွေကိုပါ ခံခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာ အိမ်က နှင်ချတတ်ပြီး အမြဲလိုလိုလက် ရိုက်နှပ်နှိပ်စက်တတ်ပါတယ်။ အစပိုင်းမှ မူးနေတုန်းသာ ရိုက်နှပ်တတ်ပေမယ့် နောက်ပိုင်းမှာတော့ မူးမူး မမူးမူး လက်ပါလာပါတော့တယ်။

ငရဲကျနေတဲ့ မအေးအေးသင်းဟာ ထက်ရာဇာကို ကွာရှင်းဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် အပြစ်မရှိတဲ့ သားလေး ဒုက္ခရောက်မှာဆိုးလို့ ငိုးကြွေးသည်းခံရင်းသာ ဆက်ပြီး နှိပ်ဆက်ခံနေခဲ့ရပါတယ်။ ဒီအကြောင်းတွေကို အသိဆုံးကတော့ ထက်ရာဇာ၊ မအေးအေးသင်းအပြင် မအေးအေးသင်း ညည်းငြူ ရင်ဖွင့်နေကျ သူငယ်ချင်းနှစ်ယောက်ရှိပါသေးတယ်။

Portland ကို ထက်ရာဇာရဲ့ ထိုင်းမှာတုန်းက သောက်ဖော်သောက်ဖက် သူငယ်ချင်းဖြစ်သူတစ်ဦး ရောက်လာတဲ့တစ်နေ့ဟာ မအေးအေးသင်းဘဝတစ်ခုလုံးကို ငရဲမီးတောက်လောင် စေခဲ့ပါတယ်။ ထက်ရာဇာရဲ့ သူငယ်ချင်း ရောက်လာပြီးနောက် ထုံးစံအတိုင်း သောက်စားပျော်ပါးကြပါတယ်။ စကားတွေပြောကြ ၊ မဲဆောက်မှာ မိုက်ခဲ့သမျှ စမြုပ်ပြန်ကြ၊ အပေအယူတွေ လုပ်နေကြ၊ အလောင်းအစားတွေလုပ်နေကြတဲ့ အသံတွေကို မီးဖိုခန်းထဲက ညနေစာ ချက်နေတဲ့ မအေးအေးသင်း တစ်ချို့အသံတွေကို ကြားနေရပါတယ်။ ခဏနေတော့ ထက်ရာဇာက မအေးအေးသင်းကို အရေးကြီးကိစ္စပေါ်လာလို့ အပြင်သွားမည်ဟုဆိုကာ ထွက်သွားပါတယ်။ ထက်ရာဇာ ထွက်သွားပြီး မကြာခင်မှာတော့ ထက်ရာဇာရဲ့ သူငယ်ချင်းဖြစ်သူက မအေးအေးသင်းကို အဓမ္မကျင့်ဖို့ ကြိုးစားပါတယ်။

မအေးအေးသင်းဟာ တက်နိုင်သလောက် ကိုယ့်ကိုယ်ကို ကာကွယ်ရင်း ယောင်္ကျားအားနှင့် မိန်းမအား မမျှတတာကြောင့် ပတ်ဝန်းကျင်ကို အော်ကာ အကူအညီတောင်းခဲ့ပါတယ်။ အော်သံကြားလို့ အိမ်ထဲမှာ ဆော့နေတဲ့ ကလေးက ရောက်လာပြီး အမေကို စော်ကားနေတာ တွေ့ချိန်မှာ ဘာလုပ်ရမှန်းမသိပဲ ကြမ်းပြင်ပေါ်မှာပဲ အတင်းအော်ငိုရှာပါတယ်။ ရုန်းရင်းစံခတ်ဖြစ်ရင်းနဲ့ ပစ္စည်းတွေလည်း ပြုတ်ကျ အော်သံ၊ ငိုသံတွေလည်း ဆူညံနေခဲ့ပါတယ်။ မအေးအေးသင်းကလည်း လုံးဝ မျက်နှာသာမပေးပဲ အသက်အသေခံက ရုန်းနေတဲ့အပြင် အသံတွေလည်း သိပ်ပြီး ဆူညံနေတာတောင် ထက်ရာဇာ သူငယ်ချင်း မုဒိန်းကောင်က ရမက်စိတ်တွေ ငယ်ထိပ်ရောက်နေတုန်းရှိပါသေးတယ်။ မုဒိန်းကောင်က ကလေးဖက်ကို လှည့်ကြည့်ပြီး အသံကိုထိန်းချုပ်ဖို့ ကြံစည်ချိန်မှာ မအေးအေးသင်းဟာ မုဒိန်းကောင်ကို စောင့်တွန်းကာ ဧည့်ခန်းထဲက ဖုံးရှိရာကို သုတ်ခြေတင် ပြေးပြီး ရဲကို (911) ကို ဖုန်းဆက်ပြီး အကူညီတောင်းခဲ့ပါတယ်။

ဖုန်းဆက်သံကြေားတော့မှ ထက်ရာဇာ အိမ်ထဲဝင်လာပြီး သူငယ်ချင်းဖြစ်သူ မုဒိန်းကောင်ကို မျက်ရိပ်မျက်ကဲပြပြီး နောက်ဆုတ်ဖို့အချက်ပေးပါတယ်။ မအေးအေးသင်းဟာ ကြမ်းပြင်ပေါ်က ကလေးကို ဖက်ပြီးငိုကြွေးနေပါတယ်။ ထက်ရာဇာရဲ့ သူငယ်ချင်းဖြစ်သူ မုဒိန်းကောင်က ထက်ရာဇာကို ရဲတွေ ရောက်လာတော့မှာ ဖြစ်ကြောင်းနဲ့ အခြေအနေ မကောင်းကြောင်း ပြောနေကြတာကို မအေးအေးသင်း နားနဲ့စက်စက် ကြားခဲ့ရပါတယ်။

ရဲတွေရောက်မလာခင်မှာ ထက်ရာဇာရော အပေးအယူ လုပ်ထားတဲ့ သူငယ်ချင်းရောက မရှိကြတော့ပါဘူး။ ကားနဲ့ထွက်သွားကြပါတယ်။ ထက်ရာဇာဟာ ခဏလေး ဟန်ဆောင်ပြီးတောင် မိန်းမနဲ့ နေပြီး ကိစ္စမဖြေရှင်းပဲ မလုံမလဲဖြစ်ကာ သူပါ ထွက်ပြေးသွားပါတယ်။ ရဲတွေ မေးမြန်းချိန်မှာတော့ မအေးအေးသင်းတစ်ယောက် အင်္ဂလိပ်စာ တက်သလောက် မှတ်သလောက်နဲ့ ဖြေကြားခဲ့ရပါတယ်။ လူမမယ် သားလေး မျက်နှာကို ထောက်ထားပြီး လင်မယား ရန်ဖြစ်တဲ့အကြောင်းကိုပဲ ဖြေကြားခဲ့ရပါတယ်။

ဒီအကြောင်းအားလုံးကို မအေးအေးသင်းက သူငယ်ချင်းအချို့ကို ရှိုက်ကြီးတငင် ငိုကြွေးပြီး ဖုန်းဆက်ရင်ဖွင့်ခဲ့ပါတယ်။ မိန်းမကို တစ်ပတ်လုံး ပစ်ထားခဲ့တဲ့ ထက်ရာဇာဟာ သူငယ်ချင်းဖြစ်သူ မုဒိန်းကောင် ထိုင်းကို ပြန်သွားချိန်မှ အိမ်ကိုပြန်လာပါတော့တယ်။ အဲဒီပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ ထက်ရာဇာ က သူ့မိန်းမက သူ့ကို ထောင်ကျအောင် မလုပ်နိုင်ဘူးဆိုတဲ့ အသိနဲ့ ဂုဏ်ယူဝမ်းသာကာ ပိုပြီးတော့ အနိုင်ကျင့်တာတွေ လုပ်လာပါတယ်။

တခြားယောင်္ကျားတစ်ယောက်က အတင်းအဓမ္မပြုခြင်းခံထားရသူ ဟု သက်မှတ်ကာ အတူသလို၊ မတန်သလို ဆက်ဆံလာပါတယ်။ မိန်းမကို မိန်းမလို သဘောမထားပဲ အိမ်ပေါ်လိုသဘောထားကာ ခိုင်းစရာရှိတာခိုင်းရင်း ထက်ရာဇာကိုယ်တိုင်ကတော့ လူပျိုတစ်ယောက်လို အရက်လေးသောက်လိုက်၊ Facebook ပေါ်တက်လိုက်၊ ကောင်မလေးတွေကို Skype ကို လာဖို့ အတင်းခေါ်ပြီး Webcam ပြကာ ရည်းစားစကားပြော တာတွေကို ပေါ်ပေါ်တင်တင် လုပ်ပြနေခဲ့ပါတယ်။

ထက်ရာဇာက လူပျိုလုပ်နေချိန်မှာတော့ မအေးအေးသင်းမှာ ကိုယ့်ယောကျာင်္းက မိမိကို တခြား ယောကျာင်္းတယောက် နဲ့  ကာမဆက်ဆံခိုင်းတာကို မယံကြည်နိုင်အောင် ဖြစ်မိကာ စိတ်ကျဝေဒနာကို အချိန်အတော်ကြာကြောင် ခံစားနေခဲ့ရပါတယ်။ ထက်ရာဇာအပေါ်မှာလည်း နာကျည်းမှုတွေ ဖြစ်ခဲ့ရပါတယ်။ မအေးအေးသင်းကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ မုဒိန်းကောင်ရဲ့ မိန်းမကိုဖုန်းဆက်ပြီး တိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကိုယ့်ယောင်္ကျားက ခွင့်ပြုလို့ သူများယောင်္ကျားက ဝင်လုပ်တာဆိုတော့ အရမ်းကြီးလည်း မပြောရဲခဲ့ပေ။ မအေးအေးသင်း အရမ်းထွက်ပြေးချင်ပါတယ်။ ပြေးဖို့လည်း အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သားလေး မျက်နှာက သူ့ကို အမြဲတားနေခဲ့ပါတယ်။ မအေးအေးသင်း ကို ထွက်မသွားနိုင်အောင် ချည်ထားတဲ့ တစ်ခုတည်းသော ကြိုးဟာ သားငယ် ဆိုတာကို ထက်ရာဇာက ကောင်းကောင်းသိပါတယ်။ ဒါကြောင့် မအေးအေးသင်းကို ထွက်မသွားဖို့ ထက်ရာဇာ လုံးဝမတားခဲ့ပဲ သားလေးကိုတော့ ခေါ်မသွားဖို့ အမြဲဆူပူ ကြိမ်းမောင်းခဲ့ပါတယ်။

ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်သည်ဖြစ်ရာ မအေးအေးသင်းလည်း ဘယ်လောက်ကြာကြာ သည်းခံနိုင်မှာတဲ့လဲ။ အခုတော့ မအေးအေးသင်း သားလေးမျက်နှာကို မငဲ့နိုင်တော့ပါ။ ထက်ရာဇာနဲ့ အဝေးဆုံးကို ထွက်ပြေးခဲ့ပါပြီ။ မအေးအေးသင်းက ဒီအကြောင်းတွေကို လူတိုင်းကို မပြောပြခဲ့ပါဘူး။ ဒါပေမဲ့လည်း ထက်ရာဇာ အနိုင်ကျင့်တာကို မခံနိုင်လို့ ထွက်သွားတယ်ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ မပြောပေမဲ့ သိနေကြတဲံလူတွေက မခံမရပ်နိုင်အောင် ဖြစ်နေကြပါတယ်..။

မယားနဲ့ ကွဲနေသူတွေရဲ့ ထုံးစံအတိုင်း ထက်ရာဇာဟာ ရမ္မက်တွေဆာလောင် မွတ်သိပ်လာချိန်မှာ အင်တာနက်ပေါ်က မြန်မာအမျိုးသမီးငယ်များကို အသုံးချလာပါတယ်။ သူ့ကိုယ်သူ လူပျိုပါလို့ပြောပြီး ရည်းစားထားခဲ့တဲ့ မြန်မာမလေးတွေလည်း မနည်းဘူးလို့ သိရပါတယ်။ ထက်ရာဇာက ပျော်ပါးနေပေမယ့် မမေးမေးသင်းကတော့ သားစိတ်က တမျိုး၊ မှောင်မဲနေတဲ့ အတိတ်က ပုံရိပ်တွေက တမျိုးနဲ့ ခုထိ စိတ်ကျဝေဒနာကို ခံစားနေရတုန်းဖြစ်ပါတယ်။ အပြစ်မရှိတဲ့ ၅ နှစ်အရွယ် သားဖြစ်သူမှာလည်း မျက်စီရှေ့မှာ အမေဖြစ်သူ အစော်ကားခံရလို့ အစွမ်းကုန်အော်ဟစ်ငိုကြွေးပြီးနောက်ပိုင်းမှာ အရာရာကို ကြောက်တတ်နေရှာပါတယ်။

ဤအဖြစ်အပျက်အားလုံးဟာ ချောက်ခြားစရာကောင်းတဲ့ တကယ်ဖြစ်ရပ်တွေပါ။ ကာယကံရှင်တွေအသိဆုံးဖြစ်ပါတယ်။ နီးစပ်သူတွေနဲ့ နားစွန်နားဖျား ကြားဖူးသူတွေလည်း နည်းနည်းပါးပါးသိကြပါတယ်။ ဒီအကြောင်းတွေကို ပြောပြရခြင်းဟာ ထက်ရာဇာ တစ်ဦးတည်းကိုသာ ဦးတည်တာကြောင့် အခြားသူတွေကိုတော့ အမည်မဖော်ပြလိုပါ။ ထက်ရာဇာရဲ့ သူငယ်ချင်းဆိုသူ မုဒိန်းကောင်ဟာ rfa က ထုတ်ပယ်ခံထားရသူ တစ်ဦးဆိုတာလောက်တော့ လူတိုင်းသိခွင့်ရှိပါတယ်။

ဤ ထက်ရာဇာရဲ့ အကြောင်းတွေကို ဖွင့်ချရခြင်းရဲ့ ရည်ရွယ်ချက်က
၁။ ထက်ရာဇာက သူ့အကြောင်းတွေကို လျှောက်ပြီး စွတ်စွဲနေသည်ဟု ကယောင်ကတမ်း ပြောနေခြင်း၊
၂။ ထက်ရာဇာရဲ့ ယုတ်မာမှုကို အင်တာနက်သုံးသူ (အထူးသဖြင့် မိန်းခလေးများ) များသိစေချင်ခြင်း၊
၃။ ထက်ရာဇာရဲ့ နိးစပ်သူများအနေနဲ့ အားပေးအားမြှောက်မလုပ်ပဲ ဝိုင်းဝန်းထိန်းသိမ်းစေလိုခြင်း၊
၎။ အင်တာနက်သုံးသူ မြန်မာမိန်းခလေးများအနေနဲ့ ထက်ရာဇာလိုလူမျိုးတွေ လူပျိုဟန်ဆောင်က ကြူနေတတ်တယ်ဆိုတာကို မြင်သာစေချင်ခြင်း၊
၅။ မအေးအေးသင်းဘဝကို မျှဝေစာနာပေးရန် နှင့်
၆။ Myanmar Express ရဲ့ ဖွင့်ချမှုတွေကို သတိပြုမိပြီး နောက်လာနောက်သား ထက်ရာဇာ ပေါက်စများ ဆင်ခြင်စေနိုင်ရန်ဖြစ်ပါတယ်။

(MEG ကို ဦးအောင်သောင်းသား နေအောင်နဲ့ မိုးအောင်ဦးလို့ မိုးသီးဇွန်းက စွပ်စွဲထားတာတွေ့ရပါတယ်။ MEG အဖွဲ့ဝင်တွေဟာ နိုင်ငံအနှံ့က အတိုက်အခံတွေနဲ့ အနီးဆုံးမှာ ရှိနေသူတွေသာ ဖြစ်ပါတယ်၊ ဖွင့်ချထားတာတွေကို ဖတ်ကြည့်ပြီး သတိထားနိုင်ပါတယ်၊ မြန်မာလူထုကို လိမ်စားနေတဲ့ လူတွေအကြောင်းနဲ့ အကျင့်ပျက်နေတဲ့ နိုင်ငံခြားရောက် စားဖားကြီးတွေအကြောင်း၊ မြန်မာပေါက်စတွေအကြောင်း နောက်ထပ် ဖွင့်ချစရာတွေလည်း တပုံကြီးကျန်ပါသေးတယ်)

6 comments:

သေပြီဆရာ ထက်ရာဇာ

ဒီကောင့်အကြောင်းကတော့ မဲ့ဆောက်ကလူတွေအကုန်သိပြီးသားပါ
မဲ့ဆောက်မှာကတည်းက မိန်းမကို နိပ်စက်တာပဲ
မုဒိန်းကျင့်ခိုင်းရလောက်အောင် ယုတ်မာမှန်းတော့ ခုမှသိတယ်ဗျာ
ခွေးလိုကောင်

MEG ကို ကျေးဇူးတင်ပါတယ်

အမှန်တွေ အရမ်းတင်တာပဲ အမှန်တွေတင်လို့ လဲ ဒီမိုလုပ်စားတွေ ME ကိုကြောက်ရွံ ကြသကိုးးးးးးးးးးးးး အားပေးနေတယ်ဗျိုးးးးး ဒီမိုသတင်းဆိုဒ်တွေက အခုထိ သတင်းအမှားတွေ သတင်းလိမ်တွေ မသေချာတဲ့သတင်းတွေ ဆိုလားပဲ ဆိုတဲ့ ထင်သယောင်ယောင် သတင်းတွေ လုပ်နေတုန်းးးး ဧရာဝတီ နဲ့ သူတို့ ရဲ့ ဘာညာ လိမ်ဖော်လိမ်ဖက်သတင်းဌာနပေါ့ဗျာ အခုထိအမြင်မှန်မရကြသေးဘူး ရလာမှာလဲမဟုတ်ဘူးးးး အတင်းဗလင်းတွေ တုတ်လို့ကောင်းတုန်းးးး

That is all burma nature, isn't it?

MEG ရေ.. ခင်ဗျား ကောင်ကြီးပြေးပြီဗျို့... လင့်ခ်ကို ပရိုက်ဗိတ်လုပ်ထားလား အကောင့်ပါ ဒလိသွားလားတော့မသိ.. ဒုတိယ ခွေးသူခိုးကြာကူလီ စိုင်းသိန်းဝင်း လက်သစ်ပေါ့ဗျာ

THANKS, MEG



မိမိ ရင်သွေးငယ်ကို အသေ သတ်သည့် မြန်မာ မိန်းခလေး

မလေးရှားနိုင်ငံတွင် ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ပြီး နေထိုင်သည့် မြန်မာအမျိုးသမီး တစ်ဦး မွေးကင်းစ မိမိရင်သွေးငယ်အား ၄င်းနေအိမ်တွင်းရှိ အိမ်သာထဲ တွင် သတ်ဖြတ်ပြီး ပလာ စတစ် အိပ်ဖြင့် ထည့်ထားခြင်းဖြစ် သည်။ မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခြင်းဖြစ်သည်ကို မသိရှိရသေးသော်လည်း လင်ယောင်္ကျားဖြစ်သူ နှင့် ကွာရှင်းပြတ်စဲနေခြင်းကြောင့်ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ ၄င်းအမျိုးသမီးအား ဆေးရုံတွင်ဆေး စစ်ဆေးပြီး မလေးရှား ရဲလက်ထဲသို့အပ်လိုက်ပြီဖြစ်ပြီး မလေးအာဏာပိုင်များမှ လူသတ်မှုဖြင့်တရားစွဲဆိုရန် ပြင်ဆင်ထားသည်။


မြန်မာလုပ်သားသုံးသန်းခန့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်လျက်ရှိ

မြန်မာလုပ်သားသုံးသန်းခန့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်လျက်ရှိ

မြန်မာနိုင်ငံ၌ လုပ်သားအင် အား ၃၀ ဒသမ ၉၆ သန်းရှိသည့် အနက် လုပ်သားအင်အား၏ ၁၀ ရာခိုင်နှုန်းဖြစ်သော မြန်မာလုပ်သား ဦးရေ သုံးသန်းခန့်မှာ ပြည်ပနိုင်ငံ များတွင် သွားရောက် အလုပ်လုပ် ကိုင်လျက်ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေ ရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး ဦးအောင်ကြည်က ဒီဇင်ဘာ လ ၉ ရက်မွန်း လွဲပိုင်းတွင် နေပြည် တော်၌ ကျင်းပပြုလုပ်သည့် ပြည်ပ တွင် အလုပ်လုပ် ကိုင်မှုကြီး ကြပ်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအ ဝေးတွင်ထုတ်ဖော်ပြောကြားသည်။

နေပြည်တော်တွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် နိုင်ငံတော် သမ္မတကြီး က ပြည်ပနိုင်ငံများတွင်သွားရောက် အလုပ်လုပ် ကိုင်နေ သည့် မြန်မာ နိုင်ငံသား အလုပ်သမား များ၏တရား ဝင်အခွင့်အရေးများ အပြည့်အဝရရှိ နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ပေး သွားမည်ဟု ထည့်သွင်းမှာကြားခဲ့ ကြောင်း၊ သို့ဖြစ်၍ ပြည်ပနိုင်ငံ များ တွင် ရောက်ရှိ အလုပ် လုပ်ကိုင် နေကြ သည့် မြန်မာအလုပ် သမား များ၏ အခွင့်အရေးများကို ကာ ကွယ်စောင့်ရှောက်ပေးရန်မှာအလုပ် သမားဝန်ကြီးဌာန၏ ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း အဆို ပါ စတုတ္ထ အကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးတွင် ပြည် ထောင်စု ဝန်ကြီးက ပြောသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှစ၍ ပြည်တွင်း၌ အလုပ်အကိုင် အခွင့် အလမ်းရှားပါးမှု၊ လုပ်ခလစာနှင့် စားသောက်နေထိုင်စရိတ်မမျှတမှု များကြောင့် မြန်မာနိုင်ငံသား အများ အပြား အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် သည့် ပြည်ပ အလုပ် အကိုင်ဈေး ကွက် ပေါ် ပေါက်ခဲ့သည်။

"အဓိကကတော့ လုပ်ခလစာ နဲ့ စားသောက်စရိတ်သင့်တင့်မျှတ တဲ့ အားသာချက်ပေါ့။ ကျွန်တော် တို့ ၁၉၉၉- ၂၀ဝ၀ ခုနှစ်လောက်က မလေးမှာသွားရောက် အလုပ်လုပ် တယ်။ ဥပမာတစ်လကို ရင်းဂစ် ၈၀ဝ ရတယ်။ နေထိုင်စားသောက် စရိတ်က ၂၀ဝ လောက်ပဲ ကုန် တယ်။ ကျန်တဲ့ ၆၀ဝ ကို ၃၀ဝ နဲ့ မြှောက်တော့ တစ်လကို ပုံမှန် တစ် သိန်းခွဲ၊ နှစ်သိန်းဝန်းကျင် အိမ်ကို ပြန်ပို့နိုင်တယ်လေ။ ကျွန်တော်ရတဲ့ ဘွဲ့နဲ့ ရုံးစာရေးစာချီလောက်၊ လခလေး ထောင်ကျော်လောက်နဲ့ ဆို ကျွန်တော်တို့မိသားစု ပါးစပ် ငါးပေါက် ဘယ်လိုမှမစားသောက် နိုင်ဘူးလေ"ဟု မလေးရှား ပလတ် စတစ် စက်ရုံတွင် ငါးနှစ်ခန့် လုပ် ကိုင်ခဲ့သူ ကိုကျော်စွာကပြောသည်။ ပြည်တွင်းရှိ လူငယ်အများစု မှာ ဘွဲ့ရပြီးနောက် စွန့်စားမှုတစ်ခု အနေနှင့် နိုင်ငံရပ်ခြားသင်္ဘောများ တွင် အလုပ်လုပ်ကိုင်ခြင်းနှင့်အခြား ဖွံ့ဖြိုးသော တတိယကမ္ဘာ့နိုင်ငံများ တွင် အလုပ်လုပ်ကိုင်ခြင်း စသည့် အသက်မွေးဝမ်းကျောင်းမှုများကို ပိုမိုရွေးချယ်လုပ်ကိုင်ခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းရှိလုပ်ခ၊ လစာ နှင့် စားသောက်နေထိုင်စရိတ် ကြီး မြင့်မှုများက ၄င်းတို့၏အနာဂတ် ဘဝအတွက်စိန်ခေါ်မှုများဖြစ်ခဲ့ သည်ဟု ဘူမိဗေဒဘွဲ့ရလူငယ်ကို သက်နိုင်ကဆိုသည်။ "အမှန်အတိုင်း ပွင့်ပွင့်လင်း လင်းပြောရရင် လူတိုင်းက ကိုယ့် တိုင်းပြည်၊ ကိုယ့်လူမျိုးကို ပိုချစ် မြတ်နိုးကြတာပါပဲ၊ ဒါပေမယ့် ဒီက ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေကွာဟချက်တွေကြောင့်အပြင် ကိုထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ် ခဲ့ရတာပါ။ စင်ကာပူမှာက ကျွန် တော်တို့လို အင်ဂျင်နီယာဘွဲ့ရတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်းကောင်းတယ်၊ မိသားစု ဘဝအာမခံချက်ရှိတယ်" ဟု စက်မှု အင်ဂျင်နီယာ ကိုလင်းမြိုင်က ပြော ကြားသည်။

ပြည်တွင်းရှိ ဘွဲ့ရပညာတတ် လူငယ်များ တစ်ဖက်အိမ်နီးချင်း နိုင်ငံများနှင့် နီးစပ်သော နယ်စပ် ဒေသမှ လူငယ်များမှာ ပြည်ပနိုင်ငံ များသို့ သွားရောက်၍ အလုပ်လုပ် ကိုင်မှုများ ပိုမိုများပြားခဲ့သည်။ " ကျွန်တော်တို့ အေဂျင်စီက နေ မလေးကို ပုံမှန်တစ်လ လူ ၅၀ ဝန်းကျင်လောက် ပို့ပေးနေရတယ်။ မကွေးတို့၊ မန္တလေးတို့ဘက်က လူ ငယ်တွေများတယ်။ သူတို့ အညာ ဒေသမှာက မိုးခေါင်ရေရှားတဲ့ သဘာဝအခြေအနေတွေ၊ အလုပ် အကိုင်အခွင့်အလမ်း ရှားပါးတာ တွေကြောင့် ရှိတဲ့ လယ်မြေယာမြေ တွေ၊ ကျွဲနွားတွေ ထုခွဲပေါင်းနှံ ရောင်းချပြီး မိဘတွေက သားတွေ ကို မလေးရှားကို လွှတ်နေကြတာ ပါ"ဟု ပြည်ပအလုပ်အကိုင် အေ ဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး လေ့လာသူတစ်ဦးက "အစိုးရ သစ် လက်ထက်မှာ ခုလို ပွင့်ပွင့်လင်း လင်း ဖွင့်ဟပြောဆိုတာ၊ နိုင်ငံသား တွေရဲ့ အခွင့်အရေးတွေကို စောင့် ရှောက်ပေးဖို့တာဝန်ရှိတယ်လို့ ခံယူ တာဟာ ကောင်းတဲ့အချက်ပါပဲ။ အဲ့ဒီလို နိုင်ငံတော်သမ္မတကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့်တို့ရဲ့ လမ်း ညွှန်မှာကြားချက်တွေ၊ မူဝါဒတွေ ကိုသက်ဆိုင်ရာဌာန အသီးသီးက ဝန်ထမ်းတွေကလည်း ကျေကျေ ညက်ညက်နဲ့ နားလည်သဘော ပေါက်ကြပြီး ပြည်သူလူထုအကျိုး စီးပွား၊ နိုင်ငံအကျိုးစီးပွားအတွက် စေတနာသန့်သန့်နဲ့ ဆောင်ရွက်နိုင် ကြမယ်ဆိုရင် ပိုပြီးကောင်းမွန်ပါ လိမ့်မယ်"ဟု သုံးသပ်ပြောကြား သည်။ 

ဒီဇင်ဘာ လလယ်ပိုင်းအထိ ကိုရီးယားသို့ မြန်မာလုပ်သား ၁၉၆၉ ဦး စေလွှတ်
4374

လုပ်ငန်းခွင်ဝင်မှုနှင့် ပတ်သက်၍ Korea (HRD မှ စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူများအား ရှင်းပြစဉ်

ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲစစ်ဆေး၍ ကိုရီးယားသမ္မတ နိုင်ငံသို့ မြန်မာနိုင်ငံမှ လုပ်သားများ တရားဝင်စေလွှတ်မှုတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းအထိ လုပ်သားပေါင်း ၁၉၆၉ ဦး အား တရားဝင်စေ လွှတ်ပြီးဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သတင်း ရရှိပါသည်။

EPS စနစ်ဖြင့်မြန်မာနိုင်ငံမှ လုပ်သားများအား ကိုရီးယားနိုင်ငံသို့ စေလွှတ်ရန် စီစဉ်မှုတွင် ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနနှင့် ရွှေအင်းဝ ၀န်ဆောင်မှု အေဂျင်စီတို့ပူးပေါင်း၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-KLT) စစ်ဆေးခြင်း ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၏ ဆောင်ရွက်မှုဖြင့် ၂၀၁၁ ခုနှစ်ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ(EPS-TOPIK) အား ပြုလုပ်ခဲ့ခြင်းနှင့် တတိယအကြိမ်အဖြစ်လည်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထပ်မံဆောင်ရွက်ကာ အောက်တိုဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ တို့တွင် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ EPS-TOPIK) အား စစ်ဆေးပြီးစီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းစာမေးပွဲဖြေဆို အောင်မြင်ခဲ့သူများကို ကိုရီးယားနိုင်ငံဘက် က အမှတ် ၈၀ နှင့်အထက် အမှတ် အနည်းအများအလိုက် လုပ်သားရွေးချယ် ခေါ်ယူခဲ့ရာ ပထမအကြိမ်မြောက် ပြုလုပ်ခဲ့သည့် စာမေးပွဲတွင် ဖြေဆို အောင်မြင်ကြသူများအနက်မှ လုပ်သားပေါင်း ၁၅၆၁ ဦး၊ ဒုတိယအကြိမ် မြောက်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသူများ အနက်မှ လုပ်သားပေါင်း ၄၀၈  ဦးတို့ကို လုပ်သားအဖြစ် ရွေးချယ်ခေါ်ယူခဲ့ပြီး ယင်းစာမေးပွဲ အောင်မြင်ပြီးသူများအတွက် အလုပ်ခေါ်စာများရရှိရန် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

EPS   စာမေးပွဲစစ်ဆေး၍ ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုသည် G to G ဖြင့်စေလွှတ်ခြင်း ဖြစ်၍ အလုပ်ရရှိမှု ခိုင်မာမှုရှိကာသွားရောက် အလုပ်လုပ်သူတစ်ဦးသည် တစ်လလျှင် မြန်မာငွေကျပ် ၁၀ သိန်း အနည်းဆုံးရရှိနိုင်ပြီး အလုပ်ရှင်မှ ၎င်း၏ ဆန္ဒအရအလုပ်သမားအား စိတ်ကြိုက်ရွေးချယ်ခေါ်ယူသည့် စနစ် ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရွေးချယ်ခေါ်ယူပေးရန် တောင်းဆို၍ရသည့်စနစ် မဟုတ်ကြောင်း သိရှိရပါသည်။

 



နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား လျှော့ချရေး

ရွှေမန်းသူ။    ။ လွန်ခဲ့တဲ့ ၂၃နှစ်တုန်းက အင်ဒိုးနီးရှားနိုင်ငံ ဆူရာဘာရား (Surabaya) ရွာကလေးမှ ဆူတီမာ(Sutimah) လို့ခေါ်တဲ့ အမျိုးသမီးငယ် တယောက်ဟာ သူမ မိသားစု ရှေ့ရေးအတွက် အထောက်ပံ့ ကောင်းတွေ ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကီလိုမီတာ ၂၀၀၀ ကျော်ဝေးသော ပန်နီဆူလာ မလေးရှားသို့ လုပ်အားခ များများ ရတဲ့ အလုပ်ရှာဖို့ လှေစီးပြီး ထွက်ခွာလာခဲ့ပါတယ်။
အိမ်ဖော်အဖြစ် အလုပ်လုပ်ခဲ့ပြီး ရင်းဂစ် ၄၀၀ နီးပါး ရသော လုပ်အားခဟာ ဆင်းရဲနွမ်းပါးတဲ့ သူတို့ မိသားစု အသက်ရှင် နေထိုင်ရေး အတွက် လုံလောက်ပါပြီ။
မိသားစု သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ နဲ့ ကလေး လေးယောက် ပညာသင်ခွင့်ရဖို့ ကျွန်မ တက်နိုင်သလောက် လစဉ် ငွေလွှဲပေးခဲ့ပါတယ်။ ကျွန်မ အသက် ၄၅ နှစ် ရှိပါပြီ။
နိုင်ငံခြားသား အလုပ်သမားများ အပေါ် မှီခိုနေရသောနှုန်း မြင့်မားလာခြင်း၏ အဓိက အကြောင်းရင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ချင်သောကြောင့် ပင်ဖြစ်သည်။
နော်ဇာဟီဒီ အာလီ (Nor Zahidi Alias)
ဆူတီမာ ဟာ အခုဆိုရင် မလေးရှား နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (Permanent Resident) ရထားပြီး သန့်ရှင်းရေး လုပ်သား တယောက်အဖြစ် အလုပ်လုပ်နေဆဲပါ။ သူမ ယောက်ျား လေဖြတ်သွားပြီး နောက်ပိုင်း
လုပ်အားခ လခ ရင်းဂစ် ၁၀၀၀ ထဲမှ လစဉ်လွှဲပေးနေကျထက် ပိုပြီး ငွေလွှဲပေးရပါတယ်။ မိသားစု တာဝန် ပိုကြီးသွားပြီး ငွေကြေး အခက်အခဲလည်း ပိုလို့ ကြပ်တည်းခဲ့ပါတယ်။ အင်ဒိုနီးရှားကို ပြန်ပြီး အလုပ်လုပ်ဖို့ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ မိသားစု အတွက် လုံလောက်တဲ့ ငွေ ထောက်ပံ့ဖို့ အရမ်းခက်ခဲမှာ ဖြစ်လို့ မပြန်ဖြစ်ခဲ့ပါဘူး။
ဆူတီမာရဲ့ ဘ၀ ဖြတ်သန်းမှု ပုံရိပ်များဟာ အားလုံးကို ကိုယ်စား မပြုပေမဲ့လဲ မိမိနိုင်ငံကို စွန့်ခွာရပြီး တခြားနိုင်ငံမှာ အလုပ် သွားလုပ်ရတဲ့ အကြောင်းရင်းခံ တရပ်ပါဘဲ။ သူတို့၏ ရေကြည်ရာ မျက်နုရာ ရှာဖွေရတဲ့ အဓိက အကြောင်းရင်းက အလွန်ဆင်းရဲတဲ့ လူမှု အသိုင်းအ၀န်းထဲမှ ဘ၀ အဆင့်အတန်းမြင့်မားဖို့ရာ အခွင့်အရေး နည်းပါးခြင်း နဲ့ စီးပွားရေး ပြောလည်ဖို့က ဘယ်လိုမှ မပြောင်းလဲနိုင်တဲ့ အတွက်ကြောင့် ဖြစ်တယ်။
အခြေချသင့်တဲ့ နယ်မြေတခုလား
မလေးရှားနိုင်ငံထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော တောင် အာရှ နှင့် အရှေ့တောင် အာရှနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများဟာ နွားနို့ နဲ့ ပျားရည် စီးဆင်းနေတဲ့ နယ်မြေ တခုသကဲ့သို့ ထင်မြင်နေကြပါတယ်။
၁၉၉၉ခုနှစ်တွင် အရေအတွက် အတိအကျ မသိတဲ့ နိုင်ငံခြားသား အလုပ်သမား ငါးသိန်းနီးပါး ၀င်ရောက်လာခဲ့ပြီး ၂၀၀ဂ ခုနှစ်တွင် နိုင်ငံ၏ အလုပ်သမား အင်အား ၁၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသော နိုင်ငံခြားသား အလုပ်သမား ၂ သန်းထိ တိုးလာခဲ့တယ်လို့ တရားဝင် စာရင်းများတွင် ဖော်ပြထားပါတယ်။
၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန် အတွင်းမှာ နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ် ပြန်ပို့ခဲ့တာကြောင့် အခုဆိုရင် တရားဝင် စာရင်း အရ ၂ သန်းအောက်သာ ရှိလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင် မှတ်ပုံတင်ထားသော စာရင်းများအရ ၁.၈ သန်း ရှိတာဟာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပါတ်တွင် ၁.၉ သန်းမှ လျော့သွားတာ ဖြစ်ပါတယ်။
အမှန်တကယ် နေထိုင်နေသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ဟာ တရားဝင် စာရင်းများထက် ၂ ဆခန့် ရှိနေတာကတော့  တကယ် အံ့သြစရာ ကောင်းတဲ့ အချက်ပါဘဲ။ နိုင်ငံခြားသား အလုပ်သမား အများစုဟာ နိုင်ငံအတွင်း တရား မ၀င် ၀င်ရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ နိုင်ငံခြားသား အလုပ်သမားများကို သုံးရတဲ့ အဓိက အကြောင်းရင်းတခုကတော့ မလေးရှားအတွက် အကျိုးအမြတ် များစွာ ရနေလို့ပါ။ စက်မှုဖွံဖြိုးပြီး နိုင်ငံ အများစုမှာလဲ ဒီလိုပါဘဲ။ စီးပွားရေး အရ အမြတ်စွန်းများစွာရနေခြင်း၊ နိုင်ငံရေး တည်ငြိမ်နေခြင်းတို့နဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။
အဲဒါဆိုရင် မလေး လူမျိုးတွေ၏ စီးပွားရေးကို အကျိုးဖြစ်ထွန်းစေမှာလား ဒါမှမဟုတ် ဒုက္ခဖြစ်စေ မှာလား? စီးပွာရေး ပညာရှင်တယောက်၏ သုံးသပ်ချက်အရ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့၏ လုပ်ငန်းတွေ တိုးတက်ဖို့ အတွက် နိုင်ငံခြားသား အလုပ်သမားတွေ လိုအပ်တယ်ဆိုတာ ပြောစရာမလိုပါဘူး အထူးသဖြင့် အလုပ်သမား ရှားပါးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လိုအပ်ပါတယ်လို့ ကုန်သည်ကြီးများ အသင်း၏ ဒုတိယ ဥက္ကဌ မိုဟာမက် ဂျက်ဖာ အဘ်ဒူလာ မာဂျစ်က (Mohd Jafar Abdul Majid) ပြောကြားလိုက်ပါတယ်။
ကျွမ်းကျင်မှု မရှိတဲ့ သို့မဟုတ် ကျွမ်းကျင်မှု နည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ ကျွန်တော်တို့၏ စီးပွားရေးလုပ်ငန်းတွေမှာ တဖြည်းဖြည်း လွှမ်းမိုးလာတဲ့ အတွက် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ မလေးရှားဟာ စီးပွားရေး ဖွံဖြိုးမှု အမြင့်ဆုံး နိုင်ငံ တနိုင်ငံ ဖြစ်လာမယ် မထင်ပါဘူး။ ကျွန်တော်တို့ဟာ ဒီနိုင်ငံခြားသားတွေ အပေါ် မှီခိုလာတာ အတော်ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခု လောက်ကတည်းက ကျွမ်းကျင်မှု မရှိတဲ့ သို့မဟုတ် ကျွမ်းကျင်မှု နည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ နိုင်ငံထဲကို ၀င်ရောက်လာတဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။
ဘယ်လို ကဏ္ဍတွေလဲ
ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ၂၀၁၀/၂၀၁၁ခုနှစ် စီးပွားရေး မှတ်တမ်းအရ မလေးရှားနိုင်ငံ အတွင်း တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံခြားသား အလုပ်သမား ဦးရေ ၁.၈ သန်း ရှိတယ်လို့ ဖော်ပြထားပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၃၈.၂၀ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ၁၆ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ၁၄.၂၀ ရာခိုင်နှုန်း ရှိတယ်လို့ စာရင်းပြုစုထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ နှင့် ဘာသာစကားမှာ မလေးရှားနဲ့ အတူတူဖြစ်နေတဲ့ အပြင် နယ်နမိတ်ချင်းလဲ နီးကပ်မှု ရှိနေသောကြောင့် အများဆုံး နိုင်ငံခြားသား အလုပ်သမားများမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ပြီး တရားဝင် မှတ်ပုံတင် ထားသော  စာရင်းများ အရ ၅၀.၉၀ ရာခိုင်နှုန်း၊ ဒုတိယ အများဆုံး မှတ်ပုံတင်ထားသော အခြား နိုင်ငံခြားသား အလုပ်သမားများမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁ရ ရာခိုင်နှုန်း၊ အဲဒီနောက် နီပေါနိုင်ငံသား ၉.၇ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသား ၇.ဂ၀ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံသား ၆.၃၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ် နိုင်ငံသား ၄.၂ ရာခိုင်နှုန်း ရှိပါသည်။
နိုင်ငံခြားသား အလုပ်သမားများ အပေါ် မှီခိုနှုန်း မြင့်မားနေတာဟာ မလေးရှားနိုင်ငံမှာဘဲ ရှိတဲ့ ထူးခြားချက်တခု မဟုတ်ပါဘူးလို့ အရည်အသွေး စံနှုန်း သတ်မှတ်ပေးသော (Malaysian Rating Corp) Bhd ကုမ္မဏီ၏ ရာထူးအမြင့်ဆုံး စီးပွားရေး ပညာရှင် နော်ဇာဟီဒီ အာလီ (Nor Zahidi Alias) ရှင်းပြပါတယ်။ ဖွံဖြိုးမှု မြင့်မားတဲ့ စင်္ကာပူ၊ ယူအေအီး၊ ဆောဒီအာရေး ဗီးယား လို နိုင်ငံတွေ တောင်မှ နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် မှီခိုနေရတာဘဲ။ မှီခိုနေရသောနှုန်း မြင့်မားလာခြင်း၏ အဓိက အကြောင်းရင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ချင်လို့ပါ။ အကြမ်းဖျင်းအားဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်လာမှုနှင့် အတူ လူနေမှု အဆင့််အတန်း မြင့်မားလာခြင်း၊ ပညာရည် အဆင့်အတန်းမြင့်မားလာခြင်း တို့သည်လည်း တခုပြီး တခု ယှဉ်တွဲ လာတဲ့အတွက် နိုင်ငံသားများဟာ 3D လို့ခေါ်တဲ့ ညစ်ပါတ်တဲ့၊ နိမ့်ကျတဲ့၊ အသက် အန္တာရာယ် ရှိတဲ့ အလုပ် (Dirty, Demeaning, Dangerous) တွေကို ရွံရှာလာခဲ့ကြပါတယ်။ ယင်းကဏ္ဍတွေ အတွက် မကျွမ်းကျင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေ နဲ့ အစားထိုး ပါတယ်။ ဆယ်စုနှစ် ၂ခု အတွင်း ခိုင်မာတဲ့ စီးပွားရေး တိုးတက်မှုတွေ ရှိခဲ့တာဟာ လူနေမှု အဆင့်အတန်းပိုမြင့်မားလာခြင်း နှင့် စာတက် ပေတက်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေး လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှပ်နှံမှုတွေကနေ အလုပ်အကိုင်တွေလဲ ပေါများလာခဲ့ပါတယ်။
မှားယွင်းတဲ့ ယန္တယား
၁၉၈၀ ခုနှစ်ကတည်းက နိုင်ငံခြားပို့ကုန်ကို အခြေပြုတဲ့ ကုန်ထုတ်လုပ်ငန်းများ အထူးသဖြင့် လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရောနစ် အပို ပစ္စည်းများကို အမြောက်အများ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် အတွင်း နိုင်ငံခြားသား အလုပ်သမားတွေကြောင့် ပို့ကုန် တိုးမြှင့်လာတဲ့အတွက် အစိုးရအနေနဲ့ ဈေးသက်သာတဲ့ အလုပ်သမား အရင်းအမြစ်အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အစိုးရအနေနဲ့ လက်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်တွေကလည်း ဈေးပေါတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီး သဘောကျလာခဲ့ပါတယ်။  နိုင်ငံ၏ တိုးတက်မှုမြန်ဆန်တဲ့ ယန္တယားဖြစ်တဲ့ အောက်ခြေလုပ်ငန်းတွေမှာ ရွှေ့ပြောင်း အလုပ်သမားတွေကို အသုံးပြုလေ့ရှိသည်။ နိုင်ငံခြားသား အလုပ်သမား အမြောက်အများဝင်ရောက်လာတာဟာ မှန်ကန်တဲ့ ပြောင်းလဲမှု ဟုတ်မဟုတ်ဆိုတာကို စီးပွားရေး ပညာရှင်တွေက မေးခွန်းထုတ်လာခဲ့ပါတယ်။ တချို့ စီးပွားရေး ပညာရှင်များကတော့ မှားယွင်းတဲ့ ယန္တယားလို့ ပြောကြပါတယ်။
အရင်တုန်းက ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားများကို အလွယ်တကူ ၀င်ရောက်ခွင့်ပေးခဲ့တာဟာ မလေးရှားနိုင်ငံသားတွေ၏ ၀င်ငွေကို အလယ်အလတ် အဆင့်သာ ရစေခဲ့တဲ့  အဓိက မှားယွင်းမှုဘဲလို့ မလေးရှား စီးပွားရေး သုတေသန အဖွဲ့မှ ပရောဖက်ဆာ ဒါတွတ် ဒေါက်တာ မိုဟာမက် အာရိဖ် (Datuk Dr. Mohamed Ariff)က ပြောကြားပါတယ်။
တကယ့်ကို လုပ်အားခ နည်းတဲ့ စနစ်ပေါ် အခြေခံထားတဲ့ တိုင်းပြည်၏ ဈေးကွက် စီးပွားရေးကို ထိန်းသိမ်းမှု လုပ်ရတာဟာ ရေတိုစီမံကိန်းသဖွယ်ပါဘဲ။ မလေးရှား အနေနဲ့ နိုင်ငံခြားသား အလုပ်သမား အများအပြား ၀င်ရောက်မှုကို လက်မခံခဲ့ဘူးဆိုရင် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်များဟာလည်း သူတို့၏ ဈေးကွက် အတွက် အလိုအလျာက်စနစ်သုံးပြီး ကုန်ထုတ်လုပ်ကြမယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ထွန်း လာနိုင်မှာပါ။ ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားများ အပေါ် အမြဲတမ်း မှီခိုနေခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးကို ဆွဲချနေသလိုပါဘဲ ဘာဖြစ်လို့လဲဆိုရင် ပြည်တွင်း လုပ်ငန်းများက စက်ပစ္စည်း ယန္တယားကို အခြေပြုပြီး မထုတ်လုပ်နိုင်တဲ့အတွက် ကမ္ဘာ့ဘဏ်ကသတ်မှတ်ထားတဲ့ ဈေးနှုန်းကို မရနိုင်ဘူးလို့ စီးပွားရေး ပညာရှင်များက ၀န်ခံကြပါတယ်။
နိုင်ငံအတွင်း ကျွမ်းကျင်မှု မရှိတဲ့ သို့မဟုတ် ကျွမ်းကျင်မှု နည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေများပြားလာတဲ့ အတွက် ကူးစက်နိုင်တဲ့ ရောဂါတွေ များလာပြီး နိုင်ငံရဲ့ လုံခြုံရေးကိုပါ စိုးရိမ်နေရပါပြီ။ နိုင်ငံခြားသား အလုပ်သမားတွေ အတွက် ဆေးကုသမှုနဲ့ လောင်စာဆီ အစရှိတဲ့ အခွင့်အရေးတွေ ရနိုင်ဖို့ အတွက် အစိုးရအနေနဲ့ ဘဏ္ဍာရေးဘက်မှာ ဖိအားတွေ ကြုံရနိုင်တယ်။ နိုင်ငံခြားသား အလုပ်သမားတွေကို အလွန်အမင်း အားထားမှုရဲ့နောက်မှာ မကောင်းတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်။ ဒါကြောင့် အစိုးရကနေပြီးတော့ သူတို့အပေါ် မှီခိုနေမှုကို ဘယ်လို လျှော့ချရမလဲ ဆိုတဲ့ နည်းလမ်းကို ရှာဖွေနေခြင်း ဖြစ်သည်။ ထုတ်ကုန်ကဏ္ဍ နှေးကွေးနေတဲ့ အပေါ် မြန်မြန် အစားပြန်ထိုးဖို့ ဆိုတာလဲ မဖြစ်နိုင်သေးတဲ့ အတွက် ရှောင်လွှဲလို့မရတဲ့ စီးပွားရေး တန့်ဆိုင်းမှုများ၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ချင်ရင်တော့ စက်မှု လုပ်ငန်းတွေ အမြန် တိုးတက် လာအောင် အားပေးရမယ်၊ ဒါမှ အလုပ်သမားတွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ကျွမ်းကျင် ပညာရှင်
မလေးရှားနိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံခြားသား အလုပ်သမား အားလုံးဟာ ကျွမ်းကျင်မှု မရှိဘူးလို့ မပြောလိုပါဘူး။ အနည်းအကျဉ်းတော့ ရှိပြီးသားပါ။  ကျွမ်းကျင်တဲ့ အတက်ပညာရှင် အနည်းစုသာ နိုင်ငံ၏ ထုတ်လုပ်မှု အပိုင်းနှင့် ဈေးကွက်ယှဉ်ပြိုင်မှုတွေကို ပါဝင်ဆောင်ရွက်ပေးနေကြတာပါ။ နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင်များ၏ အခန်းကဏ္ဍကိုလည်း ထဲ့သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ သူတို့ တက်ကျွမ်းထားတဲ့ အသိပညာ အတက်ပညာ များက နိုင်ငံသားတွေ အပေါ် အကျိုးများစေလို့ပါ။
၂၀၁၀/၂၀၁၁ခုနှစ် စီးပွားရေး မှတ်တမ်းအရ နိုင်ငံခြားသား အလုပ်သမား အရေအတွက်၏ ၂ ရာနှုန်းမျှသာ ရှိသော ကျွမ်းကျင် ပညာရှင် ၃၁၃၇၁ဦး သည် ၀န်ဆောင်မှု ကဏ္ဍတွင် ၆၄ ရာခိုင်နှုန်း၊ ထုတ်လုပ်မှု ကဏ္ဍတွင် ၂၂.၂၀ ရာခိုင်နှုန်း နှင့် အများစုကတော့ အိန္ဒိယလူမျိုး ၁၇.၈၀ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၁၀.၂၀ ရာခိုင်နှုန်း နှင့် ဂျပန်လူမျိုး ၇ ရာခိုင်နှုန်း ရှိသည်ဟု စာရင်းများ အရ သိရပါသည်။
စိန်ခေါ်မှု တခု
မလေးရှား အစိုးရမှ ကျွမ်းကျင်မှု နည်းပါတဲ့ အလုပ်သမား လျှော့ချရေး အစီအစဉ်ကို အကောင်အထည် ဖော်နေပါပြီ။ လာမဲ့ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား ဦးရေး အား ၁.၅ သန်း သာ ရှိရမည်လို့ သတ်မှတ်လိုက်တာဟာ စီးပွားရေးအရ အသွင်ကူးပြောင်းရန် ကြီးမားတဲ့ စိန်ခေါ်မှု တရပ်ပါဘဲ။
သူရိယဂျာနယ်










ကမ္ဘာ့ဈေးအကြီးဆုံး Burj al-Arab   ဟိုတယ်


ကမ္ဘာပေါ်မှာ ထူးခြားထင်ရှားတဲ့ ဟိုတယ် များစွာထဲကမှ ဈေးအကြီးဆုံး ဟိုတယ် အကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အဲဒီဟိုတယ်က United Arab Emirates  မှ ပိုင်ဆိုင်သော ဒူဘိုင်းမြို့ရှိ Burj al-Arab  ဇိမ်ခံဟော်တယ် ဖြစ်ပြီး ကမ္ဘာပေါ်က ကြယ်ခုနှစ်ပွင့် အဆင့်ရှိ တစ်ခုတည်းသော ဟိုတယ် ဖြစ်တယ်လို့ သိရပါတယ်.. .. ပေပေါင်း ၁၀၅၃ပေ ( မီတာ ၃၂၁) အမြင့်ရှိပြီး တတိယမြောက် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းဟိုတယ်ဟာ ပါးရှန်းပင်လယ်ကွေ့ရှိ ကမ်းခြေနဲ့ အနည်းငယ်လှမ်းတဲ့ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး တည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ် ဆောက်လုပ်ထားတဲ့ ကျွန်းဟာလည်း သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းမဟုတ်ဘဲ လူတွေက မြေဖို့ဖန်တီးထားတဲ့ ၉၁၉ပေ ကျယ်ဝန်းတဲ့ ကျွန်းအတု ဖြစ်ပါတယ်.. ကမ်းခြေနဲ့ ၂၈၀ မီတာ (၉၂၀ပေ) ကွာဝေးတဲ့ ဟိုတယ်ရှိရာ ကျွန်းကလေးကို  သီးသန့်တံတားတစ်ခုနဲ့ ဆက်သွယ်ထားရှိပါတယ်..






Burj al-Arab  ဟိုတယ်

ဟိုတယ် အဆောက်အအုံကြီး တစ်ခုလုံးဟာ ဘေးနှစ်ဘက်ကို တောင်ပံဖြန့်ထားသော အာရေဗျ သင်္ဘောများရဲ့ ရွက်တိုင်ကြီးသဏ္ဍာန် တည်ရှိပြီး  v ပုံစံ အနေအထား အတိုင်းရှိပါတယ်. ဘေးဘက် တောင်ပံနဲ့ အဆောက်အဦးကြား နေရာလွတ်များ ရှိနေပြီး တောင်ပံကို ထူထဲခိုင်ခံ့သော မှန်ပြားများဖြင့် ပြုလုပ်ထားတဲ့ ဆန်းပြားလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်.. အဆောက်အဦးအဖြစ် စတင်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်း ချကတည်းက စိတ်ချလုံခြုံမှု ရှိစေရန်အတွက် အောက်ခြေ ပေလေးဆယ်အနက်ထိ ကွန်ကရိတိုင်များ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အတွင်း အချို့သော အပြင်အဆင်ရဲ့ ၈၀၀၀ စတုန်ရန်းမီတာဟာ ၂၂ကာရက် ရွှေတွေနဲ့ ပြုလုပ်တန်ဆာတင်ထားပြီး ၂၄၀၀၀ စတုရန်းမီတာကတော့ အမျိုး၃၀ကျော်တဲ့ မာဘယ်လ် ကျောက်ပြားများနဲ့ ပြုလုပ်ထားကြောင်း အံ့သြဖွယ်သိရပါတယ်..


ဟိုတယ်တွင်း ခမ်းနားလှသောဧည့်ခန်း



ပင်လယ်ရှုခင်းကို လှမ်းမြင်ရတဲ့ အခန်း



Luxurious Bedroom

နန်းတော်ကြီးတမျှ ခမ်းနားလှပတဲ့ အိပ်ရာ

ရေချိုးခန်းရဲ့ ထည်ဝါခမ်းနားမှု



ဟိုတယ်အတွင်းအောက်ထပ် အဆင့်ဆင့် မြင်ကွင်း

Burj Al Arab
Burj Al Arab ဟိုတယ် စည်းဝေးခန်း
  
burj al arab panaromic suite 
burj al arab bath


ဟိုတယ်ရဲ့ စားသောက်ခန်း

Resplendent and Magnificent Dining Hall



ဟိုတယ်ရဲ့ ဓာတ်လှေခါး




၎င်း Burj al-Arab ဟိုတယ်မှာ သာမန်အခန်းဆိုတာ မရှိဘဲ.. အငယ်ဆုံးအခန်းပင်လျှင် ၁၆၉ စတုန်းရန်းမီတာ ( ၁၈၁၉ စတုရန်းပေ)  ကျယ်ဝန်းပြီး အကြီးဆုံးသော အခန်းမှာ ၇၈၀ စတုရန်းမီတာ ( ၈၃၉၆ စတုရန်းပေ) ကျယ်ဝန်းပါတယ်. ဈေးအနည်းဆုံး အခန်းပင်လျှင် တစ်ညကို ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်ရှိပြီး ဈေးအကြီးဆုံး အခန်းမှာ တစ်ညလျှင် ဒေါ်လာ တစ်သောင်းခွဲ (၁၅၀၀၀) ကျော် ကျသင့်သောကြောင့် ကမ္ဘာပေါ်မှာ တည်းခိုနေထိုင်ဖို့ ဈေးအကြီးဆုံး ဟိုတယ် တစ်ခုဖြစ်ပါတယ်.  ဟိုတယ် အပေါ်ဆုံးထပ်မှာ တင်းနစ်ကွင်းတစ်ခု ပါရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးပေါ်မှာ တင်းနစ်ရိုက်ရတဲ့ ခံစားချက်ကို ခံစားလိုသူများ သွားရောက် ကစားနိုင်ပါတယ်..  ဟိုတယ်ရဲ့ အောက်ထပ်မှာတော့ ပင်လယ်ရှုခင်းနဲ့ ရေသတ္တ၀ါတွေရဲ့ အလှကိုကြည့်ရှုခံစားနိုင်တဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်ကြီး ကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။



ဟိုတယ်ရဲ့ တင်းနစ်ကွင်း


Burj Al Arab's underwater restaurant 
ဟိုတယ်ရဲ့ ရေအောက်စားသောက်ဆိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ့အရှည်ဆုံးတံတား

Image

ပင်လယ်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တရုတ်ပြည်ရှိ The Qingdao Haiwan Bridge ကမ္ဘာ့အရှည်ဆုံး တံတားကြီးဟာ ၂၆.၄ မိုင်ရှည်လျားပြီး ၄နှစ်ကြာမျှ တည်ဆောက်ခဲ့ရကာ  စတာလင် ပေါင် ၅.၅ ဘီလီယံ ကုန်ကျတယ်လို့ သိရပါတယ်.. မကြာခင်ရောက်လာတော့မဲ့ နှစ်သစ်ကူးမှာ လုပ်သားပြည်သူများ အသုံးပြုဖို့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်.. ဒီတံတားကြီးဟာ အစောပိုင်းက ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဝီ စီနီးယား ပြည်နယ်က the Lake Pontchartrain Causeway  တံတားကြီးထက်ကို သုံးမိုင် ပိုပြီး ရှည်လျားတာကြောင့် ကမ္ဘာ့အရှည်ဆုံး တံတားသစ် ဖြစ်လာပါတယ်..

Image



Image

ပြည်နယ်၂ခုကို ဆက်သွယ်ထားတဲ့ ၁၆၄၈၀၅ မီတာ( ပေ ၅၄၀၇၀၀) အရှည်ရှိတဲ့ တံတားကြီးဟာ ပြည်နယ်နှစ်ခုရဲ့ ခရီးသွားလာချိန်ကို မိနစ် ၃၀ခန့် လျော့ချပစ်စေတယ်လို့ သိရပါတယ်.. ယာဉ်ကြောရှုပ်ထွေး ကြပ်ညပ်လွန်းတဲ့ စက်မှုမြို့တော်ကြီး နှစ်ခုဖြစ်သော ရှန်ဟိုင်းနဲ့ နင်းပေါ မြို့ကြီး နှစ်ခုကြားကို ခရီးသွားလာမှု လွယ်ကူအောင် ဖောက်လုပ်လိုက်တာ ဖြစ်ပြီး တံတားကြီးဟာ ခြောက်လမ်းသွား လမ်းမကြီးလည်း ဖြစ်ပါတယ်.. စီးပွားရေးအရ အရေးပါတယ်လို့ ဆိုပါတယ်...  တံတားပေါ်မှာ တစ်နာရီကို မိုင်ခြောက်ဆယ်နှုန်း မောင်းနှင်ခွင့် ပြုထားတယ်လို့ သိရပါတယ်.. တံတားကြီးဟာ အောက်ခံ ကွန်ကရိ ထောက်တိုင် တံတားဖြစ်ပြီး အချို့နေရာမှာတော့ ကြိုးတံတားအဖြစ် နှစ်မျိုးလုံး တွေ့ရပါတယ်..

Image
တံတားကြီးကို ပြည်ပ နည်းပညာ အကူအညီမပါဘဲ တရုတ်အင်ဂျင်နီယာများက ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေထဲကအတိုင်း ပြောပါတယ်..း) တံတားကြီးမှာ အခန်းပေါင်း ၅၂၀၀ကျော် ပါဝင်ပြီး ကမ္ဘာ့စံချိန်သစ်တင်တဲ့ အရှည်ဆုံးတံတားကြီး ဖြစ်တာကြောင့် တရုတ်တို့ဟာ အလွန်ဘဲ ဂုဏ်ယူ ၀ံ့ကြွားနေကြပါတယ် ပြီးတော့လည်း ကမ္ဘာ့အရှည်ဆုံးတံတား ၁၀ ခု စာရင်းမှာ တရုတ်နိုင်ငံက တံတားဟာ ၇နေရာ ပါပြီး ၂ခုတည်းသာ အမေရိကန်မှာ ရှိတာဖြစ်ပါတယ်.. တစ်ခုကတော့ ထိုင်းနိုင်ငံက ၇၉၃၃၂ မီတာ ရှည်တဲ့ Weinan Weihe Grand Bridge တံတားဖြစ်ပါတယ်..

ပင်လယ်ကိုဖြတ်ကာ တံတားဆက်သွယ်ထားသော မြို့ကြီးနှစ်ခု

--
--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

Slip
http://www.meepyatite.info/


Facebook
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


Myanmar Digital Satellite Navigation Gathering
http://mdsng.blogspot.com/


All Myanmar Blogs
http://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-n-general-knowledge@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-general-knowledge+unsubscribe@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact admin@meepyatite.org & forall85ster@gmail.com & simpleviews2010@googlemail.com.


0 comments:

 
Myanmar Daily Mail Sponsored by Mayanmar Daily Mail Group