ကမ္ဘာပေါ်တွင် နိုင်ငံလက်မဲ့ လူဦးရေ ၁၂ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂ ထုတ်ပြန် ၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ပါက နျူကလီးယား စမ်းသပ်မှုကို ဆိုင်းငံ့ထားရန် မြောက်ကိုရီးယားက အသင့်ရှိကြောင်း ရုရှားပြောကြား ၊ ဂျပန်တွင် အင်အား​ပြင်း​ငလျင်လှုပ်ခတ်
  1. ကမ္ဘာပေါ်တွင် နိုင်ငံလက်မဲ့ လူဦးရေ ၁၂ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂ ထုတ်ပြန် ၊
  2.  ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ပါက နျူကလီးယား စမ်းသပ်မှုကို ဆိုင်းငံ့ထားရန် မြောက်ကိုရီးယားက အသင့်ရှိကြောင်း ရုရှားပြောကြား ၊
  3. ဂျပန်တွင် အင်အား​ပြင်း​ငလျင်လှုပ်ခတ်  ၊
  4.  ဂျပန်ရောက်သက်ဆင်က သူ ထိုင်းနိုင်ငံသို့ ပြန်လျှင်လည်း အာဏာသိမ်းမှု မဖြစ်နိုင်ဟု ခန့်မှန်း ၊
  5. သက်ဆင်၏ အငြင်းပွားဖွယ် ဂျပန်ခရီးစဉ် ၊
  6. လစ်ဗျား​​နိုင်ငံမြို့​​​တော် ထရီပိုလီအား​​ လက်နက်ကိုင်ဆန့်​​ကျင်သူများ​​ ထိန်း​​ချုပ်  ၊
  7. ကဒါဖီ၏မိသားစု အယ်လ်ဂျီးရီးယားသို့ ထွက်ပြေးခိုလှုံ  ၊
  8. ဂဒါဖီ၏ အပျိုစင် လျှို့​ဝှက်အမျိုး​သမီး​တပ်ဖွဲ့​ သတင်း​အချက်အလက်များ​ထွက်​ပေါ်လာ  ၊
  9. စစ်သွေးကြွများကို အစ္စရေးလေတပ် ချေမှုန်းနိုင်ခဲ့ဟုဆို  ၊
  10.  နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်မှု အဆုံးသတ်တော့မည်ဟု သီရိလင်္ကာသမ္မတ ပြောကြား  ၊
  11. အိန္ဒိယတွင် အဂတိလိုက်စားမှု အစာငတ်ခံဆန္ဒပြ ၊
  12. အမေရိကန် အရှေ့ဘက်ပိုင်းတွင် နှစ်တစ်ရာ အတွင်း မကြုံစဖူး ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းတိုင် အက်ကွဲခဲ့ ၊
  13.  နယူးယော့ခ်တွင် စိတ်မနှံ့သူတစ်ဦးက အိမ်နီးချင်းများအား ဓားဖြင့်ထိုး  ၊
  14.  ကြွက်များ​​​သောင်း​​ကျန်း​​သဖြင့်​​ တရုတ်တွင် ​​ကြောင်တပ်ဖွဲ့​​ ဖွဲ့​​စည်း​​  ၊
  15. မီးလောင်မှုဖြစ်ပွားနေစဉ် အဖွားအိုတစ်ဦးအား ကိတ်ဝင်းဆလက်ကယ်တင်  ၊
  16.  အေမီဝိုင်းဟောက်စ် သေဆုံးချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိ  ၊
  17.  ၇ လကြာမှ တစ်ကြိမ်အိပ်ပြီး တစ်ကြိမ်အိပ်လျင် ၂ လကြာတတ်သည့် ဗြိတိန်မိန်းကလေး  ၊
  18. တန်ချိန် များစွာ ရှိသော ခေါက်ဆွဲထုပ်ကြီး ပိသွားသော်လည်း အငှားကား ဒရိုင်ဘာ ဒဏ်ရာ အနည်းငယ်ပင် မရ  ၊
ကမ္ဘာပေါ်တွင် နိုင်ငံလက်မဲ့ လူဦးရေ ၁၂ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
 ကမ္ဘာပေါ်တွင် နိုင်ငံလက်မဲ့ ဖြစ်နေသည့် လူဦးရေ ၁၂ သန်းခန့် ရှိနေပြီး ၎င်းတို့မှာ အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂက သတိပေး ပြောကြားထားသည်။
အဆိုပါ နိုင်ငံမဲ့များနှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများက သဘောတူညီမှုများကို လက်မှတ် ရေးထိုး ဆောင်ရွက်ကြရန်လည်း ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။
နိုင်ငံမဲ့မိဘများက မွေးဖွားလိုက်သည့် ကလေးများမှာလည်း နိုင်ငံမဲ့ လူသားများ ဖြစ်သွားသောကြောင့် အခြေအနေမှာ ပိုမို ဆိုးရွားလာကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။
ထိုကဲ့သို့ ဖြစ်ပွားရသည့် အခြေအနေမှာ အရှေ့တောင်အာရှ၊ ဗဟိုအာရှ၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက် တို့တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ အန်တိုနီယိုဂူတာရက်စ်က ''နိုင်ငံမဲ့ လူသားတွေဟာ မရေမရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဒုက္ခတွေ အပြင် သူတို့ကို နှိမ့်ချ ဆက်ဆံခံရမှုတွေက သူတို့နေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ဖိစီးမှုတွေ ဖြစ်စေပြီး မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
နိုင်ငံမဲ့သူများ အနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို ကြေညာခွင့် မရှိခြင်း၊ ဘဏ်စာရင်း မဖွင့်နိုင်ခြင်း၊ တရားဝင် လက်ထပ်နိုင်ခွင့် မရှိခြင်း၊ ကလေးမွေး လာပါက မှတ်ပုံတင်နိုင်ခွင့် မရှိခြင်း စသည့် ပြဿနာများ ရှိနေကြောင်း သိရသည်။
အချို့နိုင်ငံမဲ့များ အနေဖြင့် မည်သူဖြစ်သည်၊ မည်သည့်နိုင်ငံမှ လာသည်ကို အထောက်အထား မပြနိုင်သောကြောင့် ကာလကြာမြင့်စွာ ဖမ်းဆီးခြင်း ခံထားရသူများလည်း ရှိနေကြောင်း သိရသည်။
နိုင်ငံမဲ့သူများကို ကောင်းမွန်စွာ ဆက်ဆံရေးအတွက် ၁၉၅၄ ခုနှစ်၊ သဘောတူစာချုပ်တွင် နိုင်ငံပေါင်း ၆၆ နိုင်ငံက လက်မှတ် ရေးထိုးခဲ့သော်လည်း 1961 Convention on the Reduction of Statelessness တွင် လက်မှတ်ရေးထိုးသည့် နိုင်ငံပေါင်းမှာ ၃၈ နိုင်ငံ ရှိကြောင်း သိရသည်။
''နှစ်ပေါင်း ၅၀ အတွင်းမှာ ဒီသဘောတူစာချုပ်တွေဟာ နိုင်ငံ အနည်းငယ်ကိုပဲ စည်းရုံးနိုင်ခဲ့တာ ရှက်စရာပါပဲ။ လူသန်းပေါင်းများစွာဟာ နိုင်ငံမဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အခြေခံ လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးနေပါတယ်''ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
သို့သော် မကြာသေးမီလများ အတွင်းက ခရိုအေးရှား၊ ပနားမား၊ ဖိလစ်ပိုင်၊ တာမင်နစ္စတန် နိုင်ငံများသည် အဆိုပါ သဘောတူစာချုပ်များတွင် လက်မှတ် ရေးထိုးလာကြကြောင်း သိရသည်။
ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားတို့ကဲ့သို့ နိုင်ငံပြိုကွဲသွားခြင်းများ၊ အာဖရိကနှင့် အာရှတိုက်များတွင် ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီးနောက် နိုင်ငံသစ် ထူထောင်ခြင်းများ စသည့် အကြောင်းများကြောင့် နိုင်ငံမဲ့များ ဖြစ်သွားရခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် နိုင်ငံမဲ့လူဦးရေ အများဆုံး ရှိနေသော နိုင်ငံများမှာ အက်စ်တိုးနီးယား၊ အီရတ်၊ ကင်ညာ၊ လတ်ဗီးယား၊ ဆီးရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံ အချို့ ဖြစ်ကြောင်း သိရသည်။
ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ပါက နျူကလီးယား စမ်းသပ်မှုကို ဆိုင်းငံ့ထားရန် မြောက်ကိုရီးယားက အသင့်ရှိကြောင်း ရုရှားပြောကြား
b42115
ရုရှားသမ္မတ မက်ဗီဒက်(ယာ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်တို့ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံစဉ်
ရုရှားသမ္မတ မက်ဗီဒက်နှင့် ရှားရှားပါးပါး တွေ့ဆုံခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်က ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ပါက မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှုများကို စွန့်လွှတ်ရန်
အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု သြဂုတ်လ ၂၄ ရက်တွင် ရုရှားမီဒီယာများက ပြောကြားခဲ့သည်။
မော်စကိုမြို့အရှေ့ဘက် မိုင် ၃၄၅၀ ( ၅၅၅၀ ကီလိုမီတာ) ခန့် အကွာရှိ ဆိုက်ဘေးရီးယားမြို့ UlanUde တွင် ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံပြီးနောက် ကင်ဂျုံအီလ်က သတင်းထောက်များကို မည်သည့် မှတ်ချက်မှ
မပြောကြားခဲ့သော်လည်း မက်ဗီဒက်က ဆွေးနွေးမှု ရလဒ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားဓာတ်ငွေ့များကို မြောက်ကိုရီးယားကိုဖြတ်၍ တောင်ကိုရီးယားသို့ တင်ပို့ရန် ပိုက်လိုင်းတစ်ခု တည်ဆောက်ရန် စီမံကိန်းကို မြောက်ကိုရီးယားက ထောက်ခံကြောင်း မက်ဗီဒက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အကြံပြုထားသော ပိုက်လိုင်းသည် မိုင် ၁၀၀၀ (၁၇၀၀ ကီလိုမီတာ) ကျော် ရှည်လျားမည် ဖြစ်ပြီး တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ ၁၀ ဘီလျံထိ တင်ပို့နိုင်မည် ဖြစ်သည်။ ပိုက်
လိုင်းဖြတ်ကျော်ခ အဖြစ် မြောက်ကိုရီးယားသည် တစ်နှစ် ဒေါ်လာ သန်း ၁၀၀ ထိ ရရှိနိုင်ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဆယ်နှစ် အတွင်း အိမ်နီးချင်း ရုရှားနိုင်ငံသို့ တတိယအကြိမ် သွားရောက်ခဲ့သော ကင်ဂျုံအီလ်သည် ရုရှား အရှေ့ဖျားကို လေးရက်ကြာ ရထားစီးပြီး ရောက်လာခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား နျူကလီးယား စွန့်လွှတ်ရေး အတွက် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ၂၀၀၈ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ပြုံယမ်းက ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ကျောခိုင်းခဲ့ပြီး နောက်တစ်လ အကြာတွင် နျူကလီးယား စမ်းသပ်ခဲ့သည်။
ကင်ဂျုံအီလ်သည် ၂၀၀၂ ခုနှစ်က ရုရှားကို နောက်ဆုံး သွားရောက်ခဲ့ပြီး ထိုစဉ်က သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သည်။ ကင်ဂျုံအီလ်သည် ယခုနှစ် မေလက တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။
ဂျပန်တွင် အင်အား​ပြင်း​ငလျင်လှုပ်ခတ်
alt
ငလျင်တိုင်းထွာချက်တခု © dailymail
ဂျပန်နိုင်ငံတွင် ပြင်း​အား​တိုင်း​ထွာမှု အဆင့်​ ၆.၈ ရှိ​သော အင်အား​ပြင်း​ထန်သည့်​ ငလျင်တစ်ခု လှုပ်ရှား​ခဲ့​​ကြောင်း​ သိရှိရသည်။
ဂျပန်၏ အ​ရှေ့​​ မြောက်ပိုင်း​ ဟွန်ရှူး​ကျွန်း​ကို ဦး​တည်ကာ ဩဂုတ်လက ၁၉ ရက်​နေ့​ နံနက်ပိုင်း​က အဆိုပါငလျင် လှုပ်ခတ်ခဲ့​ခြင်း​ဖြစ်သည်။ ငလျင်လှုပ်ရှား​ပြီး​​ နောက် ၅၀ စင်တီမီတာမျှ အမြင့်​ရှိ​သော ဆူနာမီ ​ရေလှိုင်း​ငယ်များ​ ရိုက်ခတ်နိုင်​ကြောင်း​ ကမ်း​​ခြေအနီး​ ​နေထိုင်သူများ​ထံ သတိ​ပေး​ချက် ထုတ်ပြန်ခဲ့​သည်။
ငလျင် ​ကြောင့်​ ဖူကူရှီး​မား​ လျှပ်စစ်ဓာတ်အား​​ပေး​ စက်ရုံ ဓာတ်​ပေါင်း​ဖို အမှတ် ၁ တွင် လွဲ​ချော်ထိခိုက်မှု မရှိ​ကြောင်း​လည်း​ ကျွမ်း​ကျင်သူများ​ကဆိုသည်။ မတ်လအတွင်း​က ငလျင်ကြီး​​ကြောင့်​ နျူကလီး​ယား​ ယိုစိမ့်​မှုများ​ ဖြစ်​ပေါ်ခဲ့​ပြီး​​နောက် ယင်း​ဓာတ်​ပေါင်း​ဖိုမှာ ပထမဆုံး​ ပြန်လည် လည်ပတ်ထား​ခဲ့​သည်။ ယခုငလျင်သည် ဖူကူရှီမား​ ကမ်း​လွန်တွင် ​မြေအနက် ၂၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ရှား​သွား​ခြင်း​ဟု သိရှိရသည်။
ငလျင် ​ကြောင့်​ ရှီကန်ဆန်း​တွင် ကျည်ဆန်ရထား​ ​ပြေး​ဆွဲမှုများ​ ဆိုင်း​ငံ့​ခဲ့​ရသည်။ အဆိုပါ ငလျင်ကို ဖူကူရှီး​မား​နှင့်​ မီယိုင်ဂျီ ​ဒေသများ​မှ သိသိသာသာ ခံစား​ခဲ့​ရ​ကြောင်း​လည်း​ ​ဒေသခံများ​ကဆိုသည်။ ယင်း​​ဒေသများ​သည် ငလျင်ဒဏ်ကို မကြာခဏ ​တွေ့​ကြုံခံစား​ရ​လေ့​ရှိ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။
ဂျပန်ရောက်သက်ဆင်က သူ ထိုင်းနိုင်ငံသို့ ပြန်လျှင်လည်း အာဏာသိမ်းမှု မဖြစ်နိုင်ဟု ခန့်မှန်း
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် သြဂုတ်လ ၂၃ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။
ပြည်ပတွင် တိမ်းရှောင်နေရာမှ ထိုင်းနိုင်ငံသို့ ပြန်လာပါက အာဏာသိမ်းမှု ထပ်မဖြစ်နိုင်ဟု ထိုင်းဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် ရွေးချယ်ခံခဲ့ရသော သက်ဆင်က ခန့်မှန်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသို့ ပြန်သွားရန် လတ်တလော အစီအစဉ် မရှိကြောင်း၊ သက်တမ်းနှစ်လသာ ရှိသေးသော ညီမဖြစ်သူ ယင်လက်ခ်၏ ထိုင်းအစိုးရ အပေါ် လွှမ်းမိုးမှု မရှိကြောင်း ပြောကြားခဲ့သည်။
မျက်ကွယ် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရမှုကို ရှောင်လွှဲနိုင်ရန် အတွက် ဒူဘိုင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သော သက်ဆင်က မိမိသည် ထိုင်းအစိုးရကို ၀င်ရောက် စွက်ဖက်ခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်မှုများ အတွင်း လိုအပ်ပါက ယင်လက်ခ်၏ပါတီ အတွက် အကြံဉာဏ်ပေးမှုသာ ရှိကြောင်း ပြောကြားခဲ့သည်။
''သူတို့တွေ အကြံဉာဏ်တောင်းရင် ပေးလိုက်တာပဲ။ မတောင်းရင် ၀င်မပါဘူး။ ကျွန်တော်က အေးအေးနေချင်တယ်''ဟု တိုကျိုသတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
ခရီးစဉ်မှာ ငလျင်၊ ဆူနာမီဒဏ်ခံ ဂျပန်နိုင်ငံ ပြန်လည် ထူထောင်ရေး အတွက် ကူညီပေးနိုင်ရေးရန် အဓိက ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအတွက် လိုအပ်နေသော အရာလေးခုမှာ ဒီမိုကရေစီ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဥပဒေစိုးမိုးမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ကြောင်း သက်ဆင်က ထောက်ပြခဲ့သည်။
''ဂျပန်ကို ကျွန်တော်လာတာ ကျွန်တော့် အခွင့်အရေးပါ။ ကျွန်တော့် ညီမနဲ့ ဘာမှမဆိုင်ပါဘူး။ ထိုင်းအစိုးရအနေနဲ့ ကျွန်တော့်ကို ဗီဇာ ထုတ်ပေးဖို့ ဂျပန်အစိုးရကို ဖိအားမပေးနိုင်ပါဘူး''ဟု ၀န်ကြီးချုပ်ဟောင်းက ပြောကြားခဲ့သည်။
''ပြန်လည် ရင်ကြားစေ့ရေးလုပ်တဲ့ ဘယ်အချိန်မဆို ကျွန်တော် ပြန်လို့ရတယ်။ မရှိဘူး ဆိုရင်တော့ ကျွန်တော့်ကြောင့် အခြေအနေ ပိုမဆိုးစေချင်ဘူး။ ပြဿနာ ဖြေရှင်းနိုင်တဲ့ ရလဒ် တစ်စိတ်တစ်ပိုင်းအဖြစ်သာ ပါချင်တယ်။ ပြဿနာ ဖြစ်အောင် လုပ်တဲ့သူ မဖြစ်ချင်ဘူး''ဟု သက်ဆင်က ပြောကြားခဲ့သည်။
သက်ဆင်ကို ဂျပန်ဗီဇာ ထုတ်ပေးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင် အဘ်ဟီးဆစ်က နိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်တိုဝစ်ချက်ချိုင်ကူလ်အား သြဂုတ်လ ၂၁ ရက်တွင်
တိုက်တွန်းခဲ့သည်။
သက်ဆင်၏ အငြင်းပွားဖွယ် ဂျပန်ခရီးစဉ်
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ ဂျပန်ခရီးစဉ်သည် ဘန်ကောက်တွင် စိတ်ဆိုးမာန်ဆိုး ဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည်။
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ထိုင်းနိုင်ငံတွင် ကန့်ကွက်မှုများရှိနေသည့် ကြားမှ ဂျပန်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသည်။ သူသည် ထိုင်းနိုင်ငံတွင် ထောင်ဒါဏ် နှစ်နှစ်ကျ ခံရန်ရှိနေသေးသည်။
အာဏာအလွဲသုံးစားပြုမှုဖြင့် စီရင်ချက်ချခံထားရပြီး နိုင်ငံခြားတွင် ရှောင်တိမ်းနေထိုင်သော မစ္စတာသက်ဆင် အား ဂျပန်နိုင်ငံသို့ ဝင်နိုင်ရန် ဗီစာထုတ်ပေးမှုအား ထိုင်းအတိုက်အခံက ကဲ့ရဲ့ပြစ်တင်သည်။
မကြာမီ ပြီးခဲ့သော ရွေးကောက်ပွဲတွင် မစ္စတာ သက်ဆင်၏ နှမအငယ်ဆုံး မဲအနိုင်ရလိုက်ခြင်းက ဂျပန်အရာရှိတို့အပေါ် အကျိုးသက်ရောက်မှုရှိသည်ဟု အတိုက်အခံတို့က ပြောကြသည်။
ယင်လတ် ရှင်နာဝါထရာသည် ခြောက်ပါတီညွန့်ပေါင်းအား ဦးဆောင်ပြီး ပါလီမန်အား လွှမ်းမိုးထားသူဖြစ်သည်။
ဂျပန်အစိုးရသည် များသောအားဖြင့် ရာဇဝတ်မှုဖြင့် အပြစ်ဒဏ်ချခံထားရသူအား ဗီစာငြင်းပယ်လေ့ရှိရာ ၎င်းအတိုင်းဖြစ်ပါက မစ္စတာ သက်ဆင်သည် ဗီစာရစရာ အကြောင်းမရှိပါ။
Ref : Internet
Thaksin Shinawatra in controversial Japan visit (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)
လစ်ဗျား​​နိုင်ငံမြို့​​​တော် ထရီပိုလီအား​​ လက်နက်ကိုင်ဆန့်​​ကျင်သူများ​​ ထိန်း​​ချုပ်
alt
လစ်ဗျား​​နိုင်ငံမြို့​​​တော် ထရီပိုလီကို ထိန်းချုပ်လိုက်ကြသည့် လက်နက်ကိုင်ဆန့်​​ကျင်သူများ​​ © dailymail
လစ်ဗျား​​ အာဏာရှင် မူအမ်မာ ဂဒါဖီ၏ ဆုံး​​ခန်း​​တိုင်ရန် ​​နေ့​​ရက်များ​​ တစ်စထက်တစ်စ နီး​​ကပ်လာပြီဖြစ်သည်။
ယခုအခါ ဂဒါဖီအား​​ ဆန့်​​ကျင်​​သော တပ်ဖွဲ့​​များ​​သည် မြို့​​​တော် ထရီပိုလီသို့​​ ချီတက် ထိုး​​​ဖောက်လာနိုင်ခဲ့​​ပြီ ဖြစ်သည်။ ယခုအခါ ထရီပိုလီမြို့​​​တော် ဧရိယာ ၉၀ ရာခိုင်နှုန်း​​သည် လက်နက်ကိုင်ဆန့်​​ကျင်သူများ​​ လက်ထဲသို့​​ ကျ​​ရောက်သွား​​ပြီဖြစ်ပြီး​​ အသက် ၆၉ နှစ်ရှိ အာဏာရှင် ဗိုလ်မှူကြီး​​မှာ မဖြစ်မ​​နေ လက်နက်ချရဖွယ် ရှိ​​နေသည်။ 
တော်လှန် ​​ရေး​​တပ်ဖွဲ့​​ ​​ခေါင်း​​​ဆောင်များ​​က ၎င်း​တို့​​သည် ဂဒါဖီ၏သား​​ဖြစ်သူ ဆက်ဖ်ကို ဖမ်ဆီး​​ နိုင်ခံသလို အကြီး​​ဆုံး​​သား​​ မိုဟာမက်မှာလည်း​​ မိမိဖာသာ အဖမ်း​​ခံထား​​​ကြောင်း​​ ​​ကြေညာခဲ့​​သည်။ အစိုး​​ရပိုင် ရုပ်မြင်သံကြား​​နှင့်​​ အသံလွှင့်​​ ဌာနများ​​သည်လည်း​​ ဆန့်​​ကျင်သူများ​​ လက်​​အောက်သို့​​ ကျဆင်း​​သွား​​ပြီဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ လစ်ဗျား​​ သံအမတ်ကြီး​​ အီဘရာဟင် ဒက်ဘာရှင်ကလည်း​​ ဂဒါဖီအ​​နေနှင့်​​ နာရီပိုင်း​​အတွင်း​​မှာပင် အာဏာစွန့်​​ရဖွယ် ရှိ​​နေ​​ကြောင်း​​ သုံး​​သပ်ခဲ့​​သည်။ ထရီပိုလီတွင် ဖြစ်​​ပေါ်​​နေ​​သော တိုက်ပွဲများ​​သည် စ​​နေ​​နေ့​​က စတင်ခဲ့​​ပြီး​​ နှစ်ဖက်စလုံး​​မှ တပ်သား​​ ရာနှင့်​​ချီ ​​သေဆုံး​​ခဲ့​​​ကြောင်း​​သိရသည်။ တနင်္လာ​​နေ့​​ နံနက်ပိုင်း​​တွင်မူ ထရီပိုလီမြို့​​​တော်၏ ​​နေရာများ​​စွာကို ဂဒါဖီ ဆန့်​​ကျင်​​ရေး​​ အင်အား​​စုများ​​က သိမ်း​​ယူလာနိုင်ခဲ့​​ပြီး​​​နောက် အာဏာရှင် စစ်​​ခေါင်း​​​ဆောင်ကြီး​​၏ ၄၂ နှစ်ကြာ အုပ်စိုး​​မင်း​​ မူမှုမှာ အဆုံး​​သတ်ရန် အလွန်နီး​​စပ်​​နေပြီဖြစ်​​ကြောင်း​​ သိရှိရသည်။
ကဒါဖီ၏မိသားစု အယ်လ်ဂျီးရီးယားသို့ ထွက်ပြေးခိုလှုံ
အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကဒါဖီ၏ ဇနီးဖြစ်သူ ဆာဖီယာ၊ သမီးအယီရှာနှင့် သားနှစ်ဦးဖြစ်သော မူဟာမက်၊ ဟာနီဘောလ်တို့သည် ဩဂုတ်လ (၂၉)ရက်နေ့တွင် လစ်ဗျားမှ ထွက်ပြေးလာကြောင်း ကြေညာခဲ့
Posted on Aug 30 11 - 02:33 PM | Hits : 1018
ကဒါဖီ၏မိသားစု အယ်လ်ဂျီးရီးယားသို့ ထွက်ပြေးခိုလှုံ
လစ်ဗျားအာဏာရှင် မူအမ်မာ ကဒါဖီ၏ မိသားစုသည် အယ်လ်ဂျီးရီးယားတွင် ထွက်ပြေးခိုလှုံနေပြီဖြစ်ကြောင်း အယ်လ်ဂျီးရီးယား အာဏာပိုင်များက ပြောကြားခဲ့သည်။ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကဒါဖီ၏ ဇနီးဖြစ်သူ ဆာဖီယာ၊ သမီးအယီရှာနှင့် သားနှစ်ဦးဖြစ်သော မူဟာမက်၊ ဟာနီဘောလ်တို့သည် ဩဂုတ်လ (၂၉)ရက်နေ့တွင် လစ်ဗျားမှ ထွက်ပြေးလာကြောင်း ကြေညာခဲ့သည်။  လစ်ဗျား တော်လှန်ရေး တပ်ဖွဲ့များက ကဒါဖီ၏ မိသားစုကို လက်ခံစောင့်ရှောက်ထားခြင်းသည် မိမိတို့အပေါ် ရန်လိုသော လက္ခဏာအဖြစ် ယူဆကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့လက် လွှဲပေးရန် တောင်းဆိုခဲ့သည်။ လက်ရှိအချိန်တွင် ဗိုလ်မှူးကြီး ကဒါဖီ မည်သည့်နေရာ ရောက်နေသည်ကို မသိရသေးချေ။
အယ်လ်ဂျီးရီးယား၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က မိမိတို့၏ လက်သင့်ခံထားမှုသည် လူသားချင်း စာနာမှု သက်သက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လစ်ဗျား တော်လှန်ရေး တပ်များက ကဒါဖီ၏ သားတစ်ဦးဖြစ်သော ခါမစ်သည် ဘာနီဝါလစ်အနီး တိုက်ပွဲတွင် သေဆုံးသွားကြောင်း အခိုင်အမာ ပြောဆိုထားသည်။ အယ်လ်ဂျီးရီးယား အစိုးရသည် ကဒါဖီနှင့် ယခင်ကတည်းက ရင်းနှီးသော ဆက်ဆံရေးမျိုးရှိသည်ဟု ယူဆရပြီး ၎င်းတို့သည် လစ်ဗျား၏ လက်ရှိ အုပ်ချုပ်နေသော တော်လှန်ရေးတပ်ဖွဲ့များ စုစည်းထားသည့် အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ (NTC)ကို ထောက်ခံခြင်း မရှိသေးပေ။ အယ်လ်ဂျီးရီးယား၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မူရက်ဘန်မီဟီဒီက "ကဒါဖီရဲ့ မိသားစုဟာ လူသားချင်း စာနာမှုအရ စောင့်ရှောက်မှုကို ခံထားရတာပါ။ သဲကန္တာရ ဒေသနိုင်ငံတွေမှာ တစ်ယောက် အခက်ကြုံရင် တစ်ယောက်က ကူညီတယ်ဆိုတာ ယဉ်ကျေးမှု တစ်ခုပါပဲ"ဟု BBCသို့ ပြောဆိုသွားသည်။ 
ဂဒါဖီ၏ အပျိုစင် လျှို့​ဝှက်အမျိုး​သမီး​တပ်ဖွဲ့​ သတင်း​အချက်အလက်များ​ထွက်​ပေါ်လာ
alt
ဂဒါဖီ၏ အပျိုစင် လျှို့​ဝှက် အမျိုး​သမီး​အ​စောင့်​တပ်ဖွဲ့© dailymail
လစ်ဗျား​ အာဏာရှင် မူအမ်မာ ဂဒါဖီ၏ အပျိုစင် လျှို့​ဝှက် အမျိုး​သမီး​ အ​စောင့်​တပ်ဖွဲ့​နှင့်​ ပတ်သက်​သော အချက်အလက်များ​ ထွက်​ပေါ်လာပြီဖြစ်သည်။
စစ်အာဏာရှင် ဗိုလ်မှူး​ကြီး​သည် ၎င်း​၏ အထူး​သက်​တော်​စောင့်​ အဖွဲ့​အတွက် အပျိုစင် မိန်း​က​လေး​များ​ကို သီး​သန့်​​ရွေး​ချယ် ​လေ့​ကျင့်​​ပေး​ခဲ့​သည်။ ထိုအဖွဲ့​ကို အ​မေဇုန်တပ်ဖွဲ့​ (သို့​မဟုတ်) လုပ်ကြံ​ရေး​ အလှမယ်များ​ဟု အမည်​ပေး​ထား​ပြီး​ ဂဒါဖီကိုယ်တိုင် စိတ်ကြိုက် ​ရွေး​ချယ်ခဲ့​​ကြောင်း​ သိရသည်။
ထိုအဖွဲ့​သည် သူမတို့​၏ ​ခေါင်း​​ဆောင်ကြီး​အတွက် အနစ်နာခံ ​ပေး​ဆပ်ရန် ကျိန်ဆိုထား​ရပြီး​ တာဝန်ထမ်း​​ဆောင်​နေသည့်​ ကာလတ​လျှောက် အပျိုဂုဏ်ကို ထိန်း​ထား​ရသည်။ ဂဒါဖီသည် ၎င်း​၏ လက်​ရွေး​စင် တပ်ဖွဲ့​မှ မိန်း​က​လေး​များ​ကို အခြား​​သော ​ယောက်ျား​များ​နှင့်​ ချစ်ကြိုက်​ရော​နှောမည်ကို လုံး​၀ လက်သင့်​ခံ ခွင့်​ပြုခြင်း​ မရှိ​ကြောင်း​ သိရသည်။
ထို့​အပြင် လုပ်ကြံ​ရေး​ အလှမယ်များ​သည် အမျိုး​သမီး​ လိင်အင်္ဂါဆိုင်ရာ ခွဲစိတ်မှုကိုလည်း​ ခံယူထား​ရပြီး​ အမျိုး​သား​များ​နှင့်​ ဆက်ဆံခြင်း​အား​ တား​မြစ်ခံထား​ရသည်။ မိန်း​က​လေး​အား​လုံး​ ကိုယ်ခံပညာနှင့်​ အပစ်အခတ် အတတ်တို့​ကို ကျွမ်း​ကျင်တတ်​မြောက်​အောင် သင်ယူထား​ရ​ကြောင်း​လည်း​ သိရသည်။
ထိုအလုပ်၏ စည်း​မျဉ်း​များ​ တင်း​ကြပ်​သော်လည်း​ လစ်ဗျား​ အမျိုး​သမီး​များ​ကြား​ ​ရေပန်း​စာခဲ့​​ကြောင်း​ Blitz သတင်း​ဌာနက ​ဖော်ပြခဲ့​သည်။ ဂဒါဖီက မိန်း​က​လေး​များ​အား​ ထိုသို့​တာဝန်​ပေး​ထား​ခြင်း​ဖြင့်​ အမျိုး​သမီး​များ​၏ ရန်သူအ​ပေါ် တိုက်ခိုက်နိုင်သည့်​ စွမ်း​ရည်နှင့်​ ယုံကြည်မှုတို့​ကို တိုး​ပွား​​စေမည်ဟု ​ပြောဆိုစည်း​ရုံး​ထား​​ကြောင်း​လည်း​ သိရှိရသည်။
စစ်သွေးကြွများကို အစ္စရေးလေတပ် ချေမှုန်းနိုင်ခဲ့ဟုဆို
အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင်များကို ရာဖာတွင် အစ္စရေး တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ရာ (၂)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း ဂျေရုဆလင်ပို့စ်ကဆို
စစ်သွေးကြွများကို အစ္စရေးလေတပ် ချေမှုန်းနိုင်ခဲ့ဟုဆို
အစ္စရေး လေတပ်သည် ဂါဇာဒေသမှတဆင့် မိမိတို့ နိုင်ငံအတွင်း ဒုံးကျည်ဖြင့် ပစ်ခတ်ရန် စီစဉ်နေသော စစ်သွေးကြွများကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေး မီဒီယာများက ဖော်ပြခဲ့သည်။ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင်များကို ရာဖာတွင် အစ္စရေး တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ရာ (၂)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း ဂျေရုဆလင်ပို့စ်က ဆိုသည်။ အစ္စရေးသို့ ဩဂုတ်လ (၂၃)ရက်နေ့ နံနက်အစောပိုင်းက မော်တာကျည်များဖြင့် စစ်သွေးကြွတို့က ပစ်ခတ်ခဲ့ရာ ဒဏ်ရာရသူ မရှိခဲ့သော်လည်း အပျက်အစီး အနည်းငယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အစ္စရေး လေတပ်က တန်ပြန်ထိုးစစ်တစ်ခု ဆင်နွှဲပြီး စစ်သွေးကြွတို့၏ စစ်လက်နက်များ တင်ဆောင်လာသော ကားတစ်စင်းကို ပစ်ခတ် ဖျက်ဆီးပစ်ခဲ့ကြောင်း ကြေညာသွားသည်။ အယ်လ်ကေးဒါး တပ်ဖွဲ့ခွဲ တစ်ခုက အစ္စရေးအနေနှင့် လုပ်ရပ်တိုင်းအတွက် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု ကြုံးဝါးခဲ့သည်။ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက နိုင်ငံတောင်ပိုင်း၏ လုံခြုံရေး အခြေနှင့် ပတ်သက်ပြီး ၎င်း၏ အစိုးရ အဖွဲ့နှင့် အလေးအနက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဂါဇာဘက်မှ ဒုံးကျည်ပစ်ခတ်မှုများ ဖြစ်ပေါ်လာပြီးနောက် အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသများတွင် အန္တရာယ် တပ်လှန့်မှုများ ပြုလုပ်ထားကြောင်းလည်း သိရှိရသည်။ အစ္စရေးသည် ဂါဇာမှ ဟားမတ်စ်နှင့် အခြားသော စစ်သွေးကြွများက မိမိတို့၏ ပိုင်နက်မြေကို ထိပါးလာပါက အဆိုးရွားဆုံး အရေးယူ တုံ့ပြန်သွားမည်ဟုလည်း သတိပေး ပြောဆိုထားသည်။
နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်မှု အဆုံးသတ်တော့မည်ဟု သီရိလင်္ကာသမ္မတ ပြောကြား
သီရိလင်္ကာနိုင်ငံအတွင်း ခြောက်နှစ်ကြာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းတော့မည်ဟု သမ္မတ မဟိန္ဒာရာဇပက်ဆာက ပါလီမန်သို့ သြဂုတ် ၂၅ ရက်နေ့က ပြောကြားခဲ့သည်။ သို့သော်လည်း အရေးပေါ် အခြေအနေ ရုပ်သိမ်းမည့် အချိန်ကို ထုတ်ပြန် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
သမ္မတ ရာဇာပက်ဆာသည် ကြေညာချက် ထုတ်ပြန်ရန် အတွက် စီစဉ်ထားခြင်း မရှိသော ထုတ်ပြန်မှုကို ပါလီမန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ သီရိလင်္ကာ၏ အခြေအနေများကို စစ်ဆေးမှု မပြုခင်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကို ရုပ်သိမ်းတော့မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
''အရေးပေါ် ဥပဒေ ထုတ်ပြန်မှုတွေကို ရုပ်သိမ်းသင့်ပြီလို့ လွှတ်တော်ကို အကြုံပြုပါတယ်။ အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကို သက်တမ်း မတိုးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်''ဟု ရာဇပက်ဆာ က ပါလီမန်သို့ ပြောကြားခဲ့သည်။
တမီလ် ကျားသူပုန်များကို အနိုင်ရခဲ့သည့် ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် သီရိလင်္ကာတွင် အကြမ်းဖက် တိုက်ခိုက်မှု မရှိတော့ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း ယင်းအကြောင်းအရာကို သတိပြုခဲ့ကြောင်း ၎င်းကဆိုသည်။
၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး Lakshman Kadirgamar ကို တမီးလ်သူပုန်များ လုပ်ကြံခဲ့ပြီးနောက် လက်ရှိ ထုတ်ပြန်ထားသည့် အရေးပေါ် အခြေအနေကို စတင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကို လစဉ် သက်တမ်းတိုးရန် အတွက် ပါလီမန်တွင် ၀န်ကြီးချုပ်က ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယတွင် အဂတိလိုက်စားမှု အစာငတ်ခံဆန္ဒပြ
(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၂ ( ၂၆၊၈ - ၁၊၉ ၊ ၂၀၁၁)
နယူးဒေလီ-အဂတိလိုက်စားမှု နာမည် ဆိုးများဖြင့် အစွန်းထင်းခံနေရသော အိန္ဒိယအစိုးရသည် အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် အင်နာဟာဇာရီ ဦးဆောင်သော ဆန္ဒပြ စည်းရုံးလှုပ်ရှားမှုများကြောင့် အကျပ်ရိုက်လျက်ရှိသည်။
အင်နာဟာဇာရီ (၇၄ နှစ်) အား နယူးဒေလီမြို့တော် ပန်းခြံတစ်ခုတွင် အစာငတ်ခံဆန္ဒပြခြင်း မပြုလုပ်နိုင်စေရန် ရဲကဖမ်းဆီး ထောင်ချထားခဲ့သည်။
နောက်ပိုင်းတွင် ရဲက သူ့ကို ပြန်လွှတ်ပေးခဲ့သော်လည်း သူ့အပေါ် ကန့်သတ်ချက်များ ထားမည်ဆိုလျှင် ထောင်မှမထွက်ဟုဆိုကာ ထောင်ထဲ၌ ပင် ဆက်နေခဲ့သည်။ သို့သော် ဩဂုတ် လ ၁၈ ရက်နေ့စောစောစောပိုင်းတွင် ရဲနှင့် သူ့အကြံပေးများ သဘောတူညီမှု ရပြီး ၁၄ ရက်တိတိ အစာငတ်ခံဆန္ဒပြ ခွင့်ပြုခဲ့သည်။
ဟာဇာရီသည် ထောင်မှ ထွက်ခွာပြီး ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် သ၏ဆန္ဒပြကန့်ကွက်မှုကို စတင်ပြုလုပ် မည်ဟု မျှော်မှန်းရသည်။ ဟာဇာရီကိုထောက်ခံသော သောင်း နှင့်ချီသည့် ဆန္ဒပြသမားများသည် နယူးဒေလီနှင့် အခြားမြို့ကြီးများတွင် စုရုံးခဲ့ကြရာ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ကို တိုက်ရိုက်စိန်ခေါ်သကဲ့သို့ ရှိသည်။
ဝန်ကြီးချုပ်မန်မိုဟန်ဆင်းကမူ ဟာ ဇာရီ၏ အစာငတ်ခံဆန္ဒပြမှုသည် လုံးဝ နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး ဒီမို ကရေစီနည်းလမ်း လည်း မကျပါဟု ပြော ဆိုခဲ့သည်။
အစိုးရက ပါလီမန်သို့တင်သွင်းခဲ့ သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေသည် လျှော့လျှော့ပေါ့ပေါ့ ပြုလုပ် ထားသော ဥပဒေသာဖြစ်သည်ဟု အင်နာဟာဇာရီက ရှုမြင်နေရာ ထို သဘောထားကို အိန္ဒိယ လူလတ်တန်း စားများက ထောက်ခံနေကြပြီး မီဒီယာ များတွင်လည်း အဆက်မပြတ် ဖော်ပြ ခြင်းခံနေရသည်။
ဟာဇာရီသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြောင်း လဲမှုများပြုလုပ်ပေးရန် တွန်းအားပေး သည့်အနေဖြင့် အသက်သေဆုံးသည် အထိ အစာငတ်ခံဆန္ဒပြရန်ပြင်ဆင် နေစဉ် ဩဂုတ်လ ၁၆ ရက်နေ့က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
အစိုးရအဖွဲ့ဝန်ကြီးအချို့ ပါဝင် ပတ်သက်နေသော ဒေါ်လာသန်းပေါင်း များစွာ အဂတိလိုက်စားမှုများ ဆက် တိုက်ထွက်ပေါ်လာ သောကြောင့် လူထု ဒေါသထွက်နေချိန်တွင် ဩဂုတ်လ ၁၇ ရက်နေ့က မြို့တော် ဒေလီတွင်ပြုလုပ် ခဲ့သော လူထုစည်းဝေး ဆန္ဒပြမှုကြီးများ သည် ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အစိုးရအပေါ် ဖိအားများပို၍တိုးလာ စေခဲ့သည်။
ယခုအခါ ရဲက ရမ်လီလာ မေဒန်ပန်းခြံသို့ လာရောက်ဆန္ဒပြနိုင်သူ ဦးရေကို ကန့်သတ်ချက် မထားရှိတော့ ဟု သိရသည်။
အင်နာဟာဇာရီသည် စတင် အဖမ်းခံရစဉ်ကတည်းကပင် အစာ ငတ်ခံ နေခဲ့ခြင်းဖြစ်သည်။ သို့သော် လူထု အစာငတ်ခံဆန္ဒပြပွဲကြီး ကိုမူ ၁၈ ရက်နေ့ ညနေ ၃ နာရီတွင် စတင်ကြမည်ဟု သိရသည်။
အမေရိကန် အရှေ့ဘက်ပိုင်းတွင် နှစ်တစ်ရာ အတွင်း မကြုံစဖူး ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းတိုင် အက်ကွဲခဲ့
b42116
အမေရိကန်နိုင်ငံ အရှေ့ဘက်ပိုင်းတွင် သြဂုတ် ၂၃ ရက်နေ့က ရာစုနှစ်တစ်ခု အတွင်း အပြင်းထန်ဆုံး ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းတိုင် အက်ကွဲခဲ့သည်။ ငလျင်လှုပ်မှုကြောင့် နယူးယောက်ရှိ မိုးမျှော် အဆောက်အအုံများမှ အလုပ်သမား ထောင်ပေါင်းများစွာ ရွှေ့ပြောင်း ထွက်ပြေးခဲ့သည်။
အရှေ့ဘက် ကမ်းရိုးတန်းတွင် ငလျင် ကြီးကြီးမားမား လှုပ်မှုမှာ ကြုံတောင့်ကြုံခဲ ဖြစ်ပွားမှု ဖြစ်သည်။ ငလျင်လှုပ်ပြီးနောက် လူအများ ပြေးလွှားသွားလာမှုများသည် အယ်လ်ကေးဒါးများ တိုက်ခိုက်ခဲ့သည့် ဆယ်နှစ် ပြည့်တော့မည် ၉/၁၁ ဖြစ်စဉ်ကို ပြန်လည် ခံစားမှုများ ဖြစ်စေခဲ့သည်။
''၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ရဲ့ထိပ်မှာ အက်ကွဲမှု ဖြစ်ခဲ့တယ်''ဟု အမျိုးသားပန်းခြံ လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး Bill Line က ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။ မျက်နှာလေးဖက်ရှိ ထိပ်ချွန်
မော်ကွန်းကျောက်တိုင်ကို  အတိအကျ မသတ်မှတ်ရသေးသည့် အချိန်ကာလတစ်ခု အထိ ပိတ်ထားရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
အလုပ်သမား ထောင်ပေါင်းများစွာသည် ရုံးအဆောက်အအုံများမှ ထွက်ပြေးခဲ့ပြီး Manhattan ရှိ လမ်းများအတွင်း လူများပြည့်နှက်မှုများ ဖြစ်ခဲ့သည်။
ပြင်းအား ၅ ဒသမ ၈ ရှိ ငလျင်လှုပ်မှုမှာ အချိန် စက္ကန့် ၂၀ မှ ၃၀ အတွင်းသာ ရှိခဲ့ပြီး ဗာဂျင်နီးယားမြို့အောက်ဘက် ၃ ဒသမ ၇ ကီလိုအကွာကို ဗဟိုပြုပြီး လှုပ်ခဲ့ခြင်း ဖြစ်သည်။ ဘော့စ်တန်နှင့် ကနေဒါ အရှေ့ပိုင်း
ဒေသများတွင်လည်း ငလျင်ဒဏ် ခံစားခဲ့ရသည်။ပင်တာဂွန်၊ US Capitol နှင့် ၀ါရှင်တန်၏ အထိမ်းအမှတ် မော်ကွန်း ကျောက်တိုင်များမှာ ဘေးကင်းခဲ့သည်။
ငလျင်လှုပ်ချိန်တွင် သမ္မတ အိုဘားမားသည် မန်ဆာချူးဆက် ကမ်းခြေနှင့် မိုင် ၅၀၀ ကျော် အကွာတွင် ဂေါက်ရိုက်နေသောကြောင့် ငလျင်လှုပ်မှုကို မကြုံတွေ့ခဲ့ကြောင်း သိရှိရသည်။
ငလျင်ဗဟိုချက်မသည် ဗာဂျီးနီးယား၊ Richmond မှ ၃၈ မိုင်နှင့် ၀ါရှင်တန်မှ ၈၄ မိုင် အကွာတွင် ရှိကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယခု ငလျင်သည် ၁၈၉၇ ခုနှစ်ပြီးနောက်
ဗာဂျီးနီးယားပြည်နယ်တွင် အင်အား အကြီးဆုံး ငလျင် ဖြစ်သည်။
နယူးယော့ခ်တွင် စိတ်မနှံ့သူတစ်ဦးက အိမ်နီးချင်းများအား ဓားဖြင့်ထိုး
အသက်(၂၃)နှစ်ရှိ ခရစ္စတီယန် ဖယ်လာရိုသည် အ၀တ်ဗလာဖြင့် လမ်းပေါ်သို့ ကမူးရှူးထိုး ပြေးထွက်လာခဲ့သည်။ ထို့နောက် အိမ်နီးချင်းများ၏ တံခါးများကို လိုက်လံထုနှက်ပြီး အသက်(၆၀)ကျော် အဖွားအို (၃)ဦး အပါအ၀င် လူ(၅)ဦးကို အသွား(၆)လက်မရှိ ဓားမြှောင်ဖြင့် ထိုးခဲ့
Posted on Aug 29 11 - 01:06 PM | Hits : 1528
နယူးယော့ခ်တွင် စိတ်မနှံ့သူတစ်ဦးက အိမ်နီးချင်းများအား ဓားဖြင့်ထိုး
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် စိတ်မနှံ့သူ တစ်ဦးက "ကမ္ဘာကြီး အဆုံးသတ်တော့မည်"ဟု ကြွေးကြော်ကာ အိမ်နီးချင်း (၅)ဦးကို ဓားဖြင့် ထိုးခဲ့ကြောင်း သိရှိရသည်။ အရှေ့ဘက် ကမ်းခြေတွင် ငလျင်တစ်ခု လှုပ်ရှားသွားပြီးနောက် အသက်(၂၃)နှစ်ရှိ ခရစ္စတီယန် ဖယ်လာရိုသည် အ၀တ်ဗလာဖြင့် လမ်းပေါ်သို့ ကမူးရှူးထိုး ပြေးထွက်လာခဲ့သည်။ ထို့နောက် အိမ်နီးချင်းများ၏ တံခါးများကို လိုက်လံထုနှက်ပြီး အသက်(၆၀)ကျော် အဖွားအို (၃)ဦး အပါအ၀င် လူ(၅)ဦးကို အသွား(၆)လက်မရှိ ဓားမြှောင်ဖြင့် ထိုးခဲ့သည်။
(ခရစ္စတီယန်အား ဖမ်းဆီးထားစဉ်)
ထို့နောက် ခရစ္စတီယန်သည် မိမိကိုယ်ကိုယ်လည်း ဓားဖြင့် ထိုးခဲ့သေးသည်။ ဓားဖြင့် (၈)ချက် အထိုးခံရသည့် ခရစ္စတီယန်၏ မိခင်ဖြစ်သူ အက်ဒွင်ရီဗာရာက "သူအော်ပြီးတော့ ပြေးလာတာပါ။ ကမ္ဘာကြီး ပျက်တော့မယ်လို့ သူ့ပါးစပ်က အော်လာတယ်"ဟု ပြောကြားခဲ့သည်။ ခရစ္စတီယန်၏ လက်ချက်ကြောင့် အသက်(၈၁)နှစ်အရွယ် အီဂါနာဆီယို ရေးရက်စ်ကိုလာဇို အမည်ရှိ အဖွားအို သေဆုံးခဲ့သည်။ ၎င်းသည် အသက်(၂၂)နှစ်ရှိ မိန်းကလေး တစ်ဦးကိုလည်း ထိုးကြိတ်ခဲ့သေးကြောင်း သိရသည်။
(ခရစ္စတီယန်အား ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားစဉ်)
ရဲများသည် ခရစ္စတီယန်ကို ဖမ်းဆီးထားပြီးနောက် ဒုတိယအဆင့် လူသတ်မှုဖြင့် တရားစွဲထားသည်။ မျက်မြင်တစ်ဦးဖြစ်သော အဒေါ့ဖ်ဆို ဘင်နီတက်ဇ်က "ကျွန်တော် လမ်းလျှောက်လာရင်း အ၀တ်ဗလာနဲ့ လူတစ်ယောက် ပြေးထွက်လာတာ မြင်တယ်။ လက်ထဲမှာလည်း ဓားကြီးနဲ့ပါ။ (၅)လက်မ၊ (၆)လက်မလောက်ရှိမယ့် မီးဖိုချောင်သုံး ဓားကြီးကို ကျွန်တော် တွေ့ခဲ့ပါတယ်။ အဲဒီလူက ဓားကိုင်ပြီး လမ်းအတိုင်း ပြေးဆင်းသွားတယ်"ဟု ပြောကြားခဲ့သည်။
(မိမိကိုယ်ကိုယ်လည်း ဓားဖြင့်ထိုးခဲ့သည့် ခရစ္စတီယန်)
ပြင်းအား ရစ်ခ်ျတာစကေး (၅.၈) အဆင့်ရှိသော ငလျင်ကြီး၏ လှုပ်ရှားမှုကြောင့် ပင်တာဂွန် စစ်ဌာနချုပ်နှင့် အိမ်ဖြူတော်တို့မှပင် လှုပ်ခါမှုကို သိရှိခံစားခဲ့ရပြီး နာမည်ကျော် ၀ါရှင်တန် ကျောက်တိုင်ကြီးပင် ပြိုကျမည်ကို စိုးရိမ်စရာ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။
ကြွက်များ​​​သောင်း​​ကျန်း​​သဖြင့်​​ တရုတ်တွင် ​​ကြောင်တပ်ဖွဲ့​​ ဖွဲ့​​စည်း
alt
ကြွက်တွေကိုနိမ်နင်းမဲ့ ကြောင်တပ်ဖွဲ့© dailymail
တရုတ်နိုင်ငံ၊​ ဇင်ဂျီအန်း​​ ​​ဒေသရှိ အာဏာပိုင်များ​​သည် ​​သောင်း​​ကျန်း​​​နေ​​သော ကြွက်များ​​ကို သုတ်သင်ရန်အတွက် ​​ကြောင်တပ်ဖွဲ့​​ တစ်ခုကို ဖွဲ့​​စည်း​​​နေ​​ကြောင်း​​သိရသည်။
အဆိုပါ ​​ ဒေသတွင် ကြွက်များ​​သည် ​​ကောက်ပဲသီး​​နှံများ​​နှင့်​​ စိုက်ခင်း​​ဧရိယာများ​​ကို ဖျက်ဆီး​​လျက် ရှိ​​နေကြသည်။ ထို့​​​ကြောင့်​​လည်း​​ ​​ဒေသဆိုင်ရာ အာဏာပိုင်များ​​က ဖမ်း​​ဆီး​​ရမိထား​​သည့်​​ ပိုင်ရှင်မဲ့​​​ကြောင် ၁၅၀ ခန့်​​ကို ကြွက်များ​​အား​​ သုတ်သင်​​ရေး​​အတွက် ​​လေ့​​ကျင့်​​​ပေး​​​နေခြင်း​​ ဖြစ်သည်။
ယခုအခါ စတင်စမ်း​​သပ်မှုများ​​အရ ​​သောင်း​​ကျန်း​​​နေ​​သော ကြွက်အ​​ရေအတွက် ​​လျော့​​နည်း​​လာ​​နေပြီဖြစ်​​ကြောင်း​​ သတင်း​​များ​​က ​​ဖော်ပြခဲ့​​သည်။ ​​ဒေသဆိုင်ရာ တာဝန်ရှိသူများ​​က ရိုး​​ရှင်း​​​သော ယခုနည်း​​လမ်း​​ကို အခြား​​​ဒေသများ​​တွင်ပါ သုံး​​စွဲနိုင်ရန် ​​မျှော်လင့်​​​နေ​​ကြောင်း​​ သိရှိရသည်။ အာဏာပိုင်များ​​က ပိုင်ရှင်မဲ့​​ ​​ကြောင်များ​​ကို စနစ်တကျ ဖမ်း​​ဆီး​​ထိန်း​​သိမ်း​​မှုကို ပိုမို​​ဆောင်ရွက်ရန် လုပ်​​ဆောင်ရန်လည်း​​ စဉ်း​​စား​​​နေသည်။
၎င်း ​တို့​​သည် အဆိုပါ ​​ကြောင်များ​​အတွက် အိမ်ငယ်များ​​ကို ​​ ရေနှင့်​​နီး​​​သော ​​နေရာများ​​တွင် ​​ဆောက်လုပ်ကာ ကြွက်များ​​ကို သတ်ဖြတ်​​စေရန် သင်ကြား​​​ပေး​​ခဲ့​​သည်။ တရုတ်မီဒီယာများ​​က ကြွက်များ​​သည် ​​ဆောင်း​​တွင်း​​တွင် အပူချိန် ကျဆင်း​​ လာသည့်​​အခါ လူ​​နေအိမ်များ​​ထဲတွင် ခို​​အောင်း​​​နေ​​လေ့​​ရှိ​​ကြောင်း​​လည်း​​ ​​ဖော်ပြခဲ့​​သည်။ ကြွက်များ​​​ကြောင့်​​ တရုတ်နိုင်ငံရှိ အချို့​​​ဒေသများ​​တွင် လယ်သမား​​များ​​အတွက် လုပ်ငန်း​​ ထိခိုက်မှုများ​​ ကြီး​​ကြီး​​မား​​မား​​ ဖြစ်​​ပေါ်​​စေခဲ့​​​ကြောင်း​​ သိရှိရသည်။
မီးလောင်မှုဖြစ်ပွားနေစဉ် အဖွားအိုတစ်ဦးအား ကိတ်ဝင်းဆလက်ကယ်တင်
ဩဂုတ်လ (၂၂)ရက်နေ့က မီးလောင်မှုအတွင်း ကိတ်သည် ပေါင်စတာလင် သန်း(၉၀)တန် နက်ကာကျွန်းသို့ ရောက်ရှိနေပြီး ဘရန်ဆန်၏ အသက်(၉၀)အရွယ် မိခင်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့
Posted on Aug 23 11 - 11:07 PM | Hits : 1799
မီးလောင်မှုဖြစ်ပွားနေစဉ် အဖွားအိုတစ်ဦးအား ကိတ်ဝင်းဆလက်ကယ်တင်
Virginလုပ်ငန်းရှင် သူဌေးကြီး ဆာရစ်ချတ် ဘရန်ဆန် ပိုင်ဆိုင်သော ကာရေဘီယန်ဒေသရှိ သီးသန့်ကျွန်းမှ နေအိမ်တွင် ဖြစ်ပွားသော မီးလောင်မှုအတွင်း ဘရန်ဆန်၏ မိခင်ကို ကိတ်ဝင်းဆလက်က ကယ်တင်ခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ (၂၂)ရက်နေ့က မီးလောင်မှုအတွင်း ကိတ်သည် ပေါင်စတာလင် သန်း(၉၀)တန် နက်ကာကျွန်းသို့ ရောက်ရှိနေပြီး ဘရန်ဆန်၏ အသက်(၉၀)အရွယ် မိခင်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
Titanic စတား ဇာတ်ဆောင် မင်းသမီးသည် ဘရန်ဆန်၏ ဖိတ်ကြားမှုကြောင့် နက်တာကျွန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ မီးလောင်မှု ဖြစ်ပွားစဉ်က ဘရန်ဆန်သည် ကျွန်းပေါ်ရှိ အခြားအိမ်တစ်လုံးတွင် ရောက်ရှိနေသည်။ "ကျွန်တော့်အမေက အသက်(၉၀)ရှိနေပါပြီ။ သူဘာကိုမှ ရုတ်တရက် မလုပ်နိုင်ပေမယ့် ကိတ်က အကောင်းဆုံး ဦးဆောင်သွားခဲ့တယ်။ ဒါဟာ ရုပ်ရှင်ရိုက်ကွင်း တစ်ခုက စွန့်စားခန်းမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်ခဲ့တာပါ"ဟု ဘရန်ဆန်က ပြောကြားခဲ့သည်။ ကိတ်သည် အိပ်ခန်း (၁၄)ခုပါ နေအိမ်ကြီးသို့ သူမ၏ ချစ်သူအပြင် ကလေးနှစ်ဦးဖြစ်သော မီရာ၊ ဂျိုးတို့ကိုပါ ခေါ်ဆောင်ပြီး ရောက်ရှိနေခြင်း ဖြစ်သည်။
(မီးလောင်နေသည့် ဘရန်ဆန်၏နေအိမ်)
အသက်(၆၁)နှစ်ရှိ ဘရန်ဆန်က ထိုနေ့က ကျွန်းပေါ်သို့ သီးသန့် လူ(၂၀)ခန့်ကို ဖိတ်ကြားထားပြီး သမပိုင်း မုန်တိုင်းတစ်ခု၏ ၀င်ရောက်တိုက်ခတ်မှုနှင့် တွေ့ကြုံခဲ့ရကြောင်း ရှင်းပြခဲ့သည်။ နောက်ပိုင်းတွင် မုန်တိုင်းကြောင့် မီးများပါ အလွယ်တကူ ကူးစက်လောင်ကျွမ်းလာခြင်းဖြစ်သည်။
(ဘရန်ဆန်၏နေအိမ်အား မီးမလောင်မီက တွေ့ရစဉ်)
"အဓိက အိမ်ကြီးကတော့ ပြာဖြစ်သွားပါပြီ။ ကျွန်တော်တို့ အမြန်ဆုံး ပြန်ဆောက်မှာပါ။ ဘယ်သူမှ အထိအခိုက် မရှိတာကိုပဲ ကျေးဇူးတင်ရပါမယ်"ဟု ဘရန်ဆန်က ပြောဆိုသွားသည်။ အော်စကာဆုရှင် မင်းသမီး ကိတ်သည် သူမ၏ ချစ်သူနှင့်အတူ နက်ကာသို့ အပျော်အပမ်းဖြေခရီး ထွက်လာခြင်းဖြစ်သည်။
(မီးလောင်မှုကြောင့် ပျက်စီးသွားသော ဘရန်ဆန်၏နေအိမ်)
ဘရန်ဆန်သည် ယင်းကျွန်းကို (၁၉၇၀)ပြည့်လွန် နှစ်များက ပေါင်စတာလင် (၁၂၀၀၀၀)ဖြင့် ၀ယ်ခဲ့သော်လည်း လှပသော ကမ်းခြေနှင့် သာယာသော ရှုခင်းများကြောင့် နာမည်ကျော် ကျွန်းတစ်ကျွန်း ဖြစ်လာကာ လက်ရှိကလာတွင် ပေါက်ဈေး ပေါင်စတာလင် သန်း(၉၀)မျှ ရှိလာကြောင်း သိရှိရသည်။
(ကိတ်ဝင်းဆလက်နှင့် သူမ၏ချစ်သူ)
အေမီဝိုင်းဟောက်စ် သေဆုံးချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှ
"ခုချိန်မှာ သမီးကို ဆုံးရှုံးခဲ့ရာတာထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားရတဲ့အရာလည်း မရှိတော့ပါဘူး။ သူသေသွားတဲ့အချိန်မှာ ခန့်မှန်းပုံပြင်တွေ ထွက်လာတာကို စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ခုတော့ အားလုံး ရှင်းလင်းသွားပြီလို့ ထင်ပါတယ်။ အေမီဟာ ဘာတရားမ၀င် ဆေးဝါးကိုမှ မသုံးခဲ့ပါဘူး"
Posted on Aug 30 11 - 12:07 PM | Hits : 689
အေမီဝိုင်းဟောက်စ် သေဆုံးချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိ
အေမီဝိုင်းဟောက်စ် သေဆုံးချိန်တွင် မည်သည့် ဆေးဝါးမျှ သုံးစွဲထားခြင်း မရှိကြောင်း ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များက အတည်ပြုခဲ့သည်။ အဆိပ်အတောက်ဗေဒ ပညာရှင်များက အေမီ၏ ကြေကွဲဖွယ် သေဆုံးမှုသည် မူးယစ်ဆေးဝါး လွန်ကျွံမှုများနှင့် လုံးဝ မပတ်သက်ကြောင်း ပြောကြားခဲ့သည်။ အသက်(၂၇)နှစ် အရွယ်တွင် သေဆုံးသွားခဲ့သော အီမာ၏ ဖခင် မစ်ခ်ျက ယခုစစ်ဆေးမှုရလဒ် ရှင်းလင်းစွာ ထွက်ပေါ်လာခြင်းကြောင့် နှစ်သိမ့်မှုတစ်ခု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။ "ဒါဟာ အေမီ ဆုံးပါးသွားတာ မူးယစ်ဆေးကြောင့်လို့ ပြောချင်ဆိုချင်နေသူတွေကို အကောင်းဆုံး တုံ့ပြန်လိုက်တာပါပဲ"ဟု အသက်(၆၀)အရွယ် မစ်ခ်ျက ဖွင့်ဟခဲ့သည်။
"ခုချိန်မှာ သမီးကို ဆုံးရှုံးခဲ့ရာတာထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားရတဲ့အရာလည်း မရှိတော့ပါဘူး။ သူသေသွားတဲ့အချိန်မှာ ခန့်မှန်းပုံပြင်တွေ ထွက်လာတာကို စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ခုတော့ အားလုံး ရှင်းလင်းသွားပြီလို့ ထင်ပါတယ်။ အေမီဟာ ဘာတရားမ၀င် ဆေးဝါးကိုမှ မသုံးခဲ့ပါဘူး"ဟု မစ်ခ်ျက ပြောကြားခဲ့သည်။ အေမီ၏ မိသားစု ပြောရေးဆိုခွင့်ရ အရာရှိက အဆိပ်အတောက်ဗေဒ ပညာရှင်များသည် အေမီ၏ ခန္ဓာကိုယ် အဖွဲ့အစည်းများအတွင်း မည်သည့် ဆေးဝါးမျိုးမှ မတွေ့ရဟု ခိုင်မာစွာ အတည်ပြုခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ Back to Blackစတား အဆိုတော် အေမီသည် ယခင်က မူးယစ်ဆေးဝါး စွဲလန်းမှု ပြဿနာများနှင့် ကာလရှည်ကြာစွာ ကြုံခဲ့ရသည့်အတွက် သူမသေဆုံးချိန်တွင် အဆိုပါ ကောလဟာလများ ထွက်ပေါ်လာခြင်းဖြစ်သည်။
၇ လကြာမှ တစ်ကြိမ်အိပ်ပြီး တစ်ကြိမ်အိပ်လျင် ၂ လကြာတတ်သည့် ဗြိတိန်မိန်းကလေး
ကလိန်းလီဗင် အမည်ရှိ ရောဂါတစ်မျိုး ခံစားနေရသည့် လီလီကလာ့ခ်သည် အိပ်စက်ချိန် မူမမှန်မှု အခြေအနေတစ်ရပ်နှင့် ကာလရှည်ကြာ ရင်ဆိုင်နေရ
Posted on Aug 16 11 - 01:06 PM | Hits : 245
၇ လကြာမှ တစ်ကြိမ်အိပ်ပြီး တစ်ကြိမ်အိပ်လျင် ၂ လကြာတတ်သည့် ဗြိတိန်မိန်းကလေး
ဗြိတိန်မှ မိန်းကလေး တစ်ဦးသည် ထူးခြားသော အိပ်စက်မှု အလေ့အထမျိုးကို ပိုင်ဆိုင်နေသူဖြစ်သည်။ သူမသည် တစ်ကြိမ်အိပ်တိုင်း (၂)လကြာပြီး (၇)လလျင်တစ်ကြိမ် အိပ်လေ့ရှိကြောင်း သိရသည်။ ကလိန်းလီဗင် အမည်ရှိ ရောဂါတစ်မျိုး ခံစားနေရသည့် လီလီကလာ့ခ်သည် အိပ်စက်ချိန် မူမမှန်မှု အခြေအနေတစ်ရပ်နှင့် ကာလရှည်ကြာ ရင်ဆိုင်နေရသည်။ သူမသည် စာမေးပွဲ ကာလများ၊ ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလများတွင် အိပ်စက်ရင်း အချိန်ကုန်ခဲ့ဖူးကြောင်း The Sunသတင်းစာက ဖော်ပြခဲ့သည်။ လီလီ၏ မိခင်ဖြစ်သူ အဒီလီက အိပ်နေခြင်းကြောင့် လီလီ၏ ဘ၀တွင် အပြောင်းအလဲများစွာ ဖြစ်ခဲ့ရကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားသည်။
(၂၀၀၇)ခုနှစ်က မိသားစုများ အတူတကွ စကိတ်စီးထွက်ရင်း စားသောက်ဆိုင်တစ်ခုသို့ အသွားတွင် လီလီ၏ ကာလကြာရှည် အိပ်စက်မှု စတင်ခဲ့သည်။ မိသားစုများသည် အစာမစားမီ အိပ်ပျော်သွားသော လီလီကို ပွေ့ချီကာ အိမ်ပြန်ခေါ်ခဲ့ရသည်။ လီလီအတွက် စိတ်မကောင်းစရာ ကိစ္စမှာ ဆရာဝန်များ အနေနှင့် အဆိုပါ ပြဿနာကို မည်သို့မည်ပုံ အဖြေရှာ ကုစားရမည်ကို မသိရှိနိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့သော သက်ရောက်မှုမျိုးသည် လီလီကဲ့သို့ လူငယ်ပိုင်းတွင် အဖြစ်များမည်ဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ယူဆထားသည်။ ဆာရေးတွင် နေထိုင်သော လီလီသည် ယခုအခါ ကာလရှည်ကြာ အိပ်စက်မှုနှင့် အသားကျ အံဝင်နေပြီဟုလည်း သိရှိရသည်။
Source: DailyChilli
တန်ချိန် များစွာ ရှိသော ခေါက်ဆွဲထုပ်ကြီး ပိသွားသော်လည်း အငှားကား ဒရိုင်ဘာ ဒဏ်ရာ အနည်းငယ်ပင် မရ
တရုတ်နိုင်ငံ အလယ်ပိုင်း စီအန်မြို့တွင် ခေါက်ဆွဲထုပ်ကြီးများကို တင်လာသော ဧရာမ ကုန်တင်ကားကြီးသည် လမ်းဆုံ၌ ကွေ့ရန် ကြိုးစားစဉ် တန်ချိန်များစွာ အလေးချိန် ရှိသည့် ဧရာမ ခေါက်ဆွဲထုပ်ကြီးသည် ပြုတ်ကျ သွားပြီး အငှားကားငယ် တစ်စီးကို ပိသွားခဲ့သည်။ သို့သော် အသက် ၄၃ နှစ် အရွယ်ရှိ လင်ဟူ အမည်ရှိ ယာဉ်မောင်းသူသည် အလွန် ကံကောင်းစွာပင် ခြစ်မိသည့် ဒဏ်ရာ  ကလေးမျှပင် ရရှိခြင်းမရှိဘဲ လွတ်မြောက် ခဲ့ကြောင်း သိရသည်။      
--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group  စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail  ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။  ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 Myanmar Daily Mail Group တွင်  Member ဝင်လိုပါက  mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member  အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။
ယခုနှစ်တောင်ပြုန်းပွဲ ၄၃ နှစ်အတွင်းအစည်ကားဆုံးနှစ်ဖြစ် ၊ တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အပူဇော်ခံမည် ၊ ပိဋကတ်သုံးပုံဆိုသည်မှာ ၊ ၀ါတွင်းကာလနှင့် အိမ်ထောင်ပြုခြ
  1. ယခုနှစ်တောင်ပြုန်းပွဲ ၄၃ နှစ်အတွင်းအစည်ကားဆုံးနှစ်ဖြစ် ၊
  2. တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အပူဇော်ခံမည် ၊
  3. ပိဋကတ်သုံးပုံဆိုသည်မှာ ၊
  4.  ၀ါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း… ၊
  5. ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ ၊
  6. လူငယ် နှင့် ကိုးကွယ်မှု ၊
ယခုနှစ်တောင်ပြုန်းပွဲ ၄၃ နှစ်အတွင်းအစည်ကားဆုံးနှစ်ဖြစ်
မန်းသားလေး
အတွဲ ၂၇ ၊ အမှတ် ၅၃၁ ( ၁၉ - ၂၅ ၊ ၈ ၊ ၂၀၁၁)
ချိုရေတော်သုံးသည့်ရက်က ပွဲတော်လာ ပရိသတ် စည်ကားမှုကို တွေ့ရစဉ်
ဓာတ်ပုံ - မန်းသားလေး
နှစ်ပေါင်း ၄၃ နှစ်အတွင်း ယခုနှစ် တောင်ပြုန်းပွဲသည် ဧည့်သည်များ အစည်ကားဆုံး နှစ်တစ်နှစ်ဖြစ်ပြီး အရောင်းအ၀ယ် အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ကြောင်း တောင်ပြုန်းတွင် နန်းထိုင်သည့် အသက် ၄၃ နှစ်ရှိသူ အမေနိုးက ပြောသည်။
"အမေ ဒီနန်းပေါ်ထိုင်တဲ့အသက် ၄၃ နှစ်ရှိပြီ။ ဒီနှစ် ဘယ်လိုစည်မှန်းကို မသိဘူး။ တော်တော်ကို စည်တာ။ ဘာကြောင့်မှန်းလဲ မသိဘူး။ အမေနန်း ထိုင်တဲ့တသက်မှာ ဒီလောက် စည်တာ တစ်ခါမှ မတွေ့ဖူး ဘူး"ဟု ၎င်းက ပြောသည်။
"အရင်နှစ်တွေနဲ့ မတူဘူး။ အရင်နှစ်တွေက ချိုးရေတော် သုံးတဲ့ရက် လောက်ပဲ စည်တာ။ ဒီနှစ်က ပွဲတော် စကတည်းက ရက်ရှည်ကြီး စည်နေတာ။ အမေတို့က ဇူလိုင်လ ၂၇ ရက်နေ့ ကတည်းက အပြီး လာတာ။ အဲဒီကတည်းကနေ စည်လိုက်တာခုထိပဲ"ဟု အမေနိုးက ပြောသည်။
ထို့ပြင် ယခုနှစ် တောင်ပြုန်းပွဲ စည် ကားခြင်းသည် မြန်မာနိုင်ငံတွင် အစိုးရ သစ်တက်ပြီး ရက်ပေါင်း တစ်ရာကျော်အတွင်း ပထမဆုံး လူဦးရေသိန်းချီ သန်းချီလာရောက်သောပွဲတော်ကြီးနှင့် တိုက်ဆိုင်နေသည်။ နှစ်ပေါင်း ၄၃ နှစ် တွင် ယခုအတိုင်းအတာထိ စည်ကားမှု မရှိသော တောင်ပြုန်းပွဲတော်သည် အစိုးရသစ်တက်ပြီး နောက်ပိုင်း အံ့မခန်း စည်ကားနေခြင်းသည် ကောင်းသော လက္ခဏာ ဖြစ်ကြောင်း နတ်ထိန်းကြီးများက သုံးသပ်ကြသည်။
"အစိုးရသစ်လက်ထက်မှာ ဒီလိုစည် တယ်ဆိုတော့တော်တော်လေး ကောင်းတယ်လို့ ပြောရမှာပဲ။ ဒီပွဲတွေဆိုတာ စီးပွားရေး အဆင်ပြေလို့လာကြတာ များတယ်။ ဒီနှစ် စီးပွားရေးတွေ အဆင်ပြေလို့များ ဒီလောက်လာကြတာလား မပြောတတ်ပါဘူး"ဟု တောင်ပြုန်းတွင် လာရောက်သော နတ်ထိန်းတစ်ဦးက ပြောသည်။
"တစ်ဖက်ကကြည့်မယ် ဆိုရင်လည်း အစိုးရသစ်လက်ထက်မှာ စီးပွားရေးတွေ ဖွံ့ဖြိုးလာမှာမို့ လုပ်ငန်းတွေကို အဆင် ပြေအောင် လာပြီး တိုင်တည်ကြတာ လားတော့မသိဘူး။ စည်တာတော့ တကယ်ကို တအားစည်တာပါ"ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ် တောင်ပြုန်းပွဲတော်သည် ပွဲတော်စတင်သည့် ဩဂုတ်လ ၈ ရက်နေ့ ကတည်းက အတော်စည်ကားလျက်ရှိကြောင်း သိရ သည်။ ပွဲတော်နေ့များတွင် တစ်နေ့လျှင် လူငါးသိန်းကျော် လာ ရောက်ကြောင်း ယင်းပွဲတော်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
"ပွဲတော်မှာ ညအိပ်ပြီး နန်းထိုင်တဲ့ လူတင် သုံးသိန်းလောက် ရှိတယ်။ ပွဲတော် လာတဲ့လူနဲ့ပေါင်းရင် တစ်နေ့ကို လူငါး သိန်းကျော် လောက်ကို လာတယ်။ သေချာချင်ရင် ဧည့်စာရင်း မှတ်တမ်းမှာ သေချာရှာကြည့်"ဟု တောင်ပြုန်းတွင် ပုပ္ပားနန်းပိုင် နန်းထိန်း ယဉ်ကျေးမှု ကိုတင်မောင်ထွန်းက ပြောသည်။
ယခုနှစ်တွင် ပွဲတော်လာ ဧည့်သည် များများပြားသည့်အတွက် ဈေးသည် များလည်း အလုပ်ပိုဖြစ်ကြောင်း သိရသည်။ ပန်းသည်များမှာ လူစည်သော နေ့တွင် တစ်နေ့တည်း ကျပ်တစ်သိန်း ခွဲဖိုးခန့် ရောင်းရကြောင်း သိရသည်။
"လူစည်တဲ့နေ့ဆိုရင် ကျွန်မတို့ တစ်နေ့ကို တစ်သိန်းခွဲလောက် ရောင်းရ တယ်။ လူသိပ်မကျဘူးဆိုရင် ရှစ်သောင်းပဲ။ ဘယ်နှစ်မှ အဲလောက် မရောင်းရဖူး ဘူး"ဟု တောင်ပြုန်း နန်းကြီးတွင် အမိုးတဲ ဆောက်ပြီး သစာပန်း၊ သပြေပန်းနှင့် ဇွန်ပန်းများ ရောင်းချ နေသော အသက် ၃၀ ကျော်ရှိ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။
တောင်ပြုန်းပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ လာရောက် ဈေးရောင်းကြသော ပန်းသည်များမှာ ချိုးရေတော်သုံး သည့် ဩဂုတ်လ ၁၀ ရက်နေ့မှာပင် နှစ်သိန်းမှ သုံးသိန်းကျော်ဖိုးထိပင် ရောင်းချရကြောင်း သိရသည်။
ထို့ပြင် တောင်ပြုန်းအမှတ်တရ ပစ္စည်း များဖြစ်သော ရွှေဆွဲကြိုး၊ ရွှေလက် ကောက် ရောင်းချသော ဆိုင်များမှာလည်း ယင်းနေ့ တစ်နေ့တည်း ၁၀ သိန်း ကျော် ရောင်းချရသည်။
"နေ့တိုင်း ၁၀ သိန်းနီးပါးလောက် ရောင်းရတယ်။ ဒီနေ့လည်း ၁၀ သိန်း ကျော်မယ်ထင်တယ်။ "ခုထိတော့ ရောင်းရတဲ့ ပိုက်ဆံတွေကို မရေတွက်ရသေးပါဘူး"ဟု တောင်ပြုန်းမန်ချက်စတာ လက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင်တွင် ရောင်းချလျက်ရှိသော တောင်ပြုန်း အမှတ်တရအရောင်းဆိုင်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အပူဇော်ခံမည်
4202
တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ နေရာ
တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အပူဇော်ခံသွားမည်ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်နိုင်ရေး ဦးစီးကော်မတီ၏ သတင်းထုတ်ပြန်ချက် များအရ သိရှိရသည်။
မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် ကြွချီအပူဇော်ခံခဲ့သည်မှာ သုံးကြိမ် ရှိခဲ့ဖူးကြောင်း၊ ပထမအကြိမ်ကို ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ ကြောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၄၅ ရက်ကြာ အပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်ကို ၁၉၉၆ ခုနှစ်တွင် ပင့်ဆောင်ပြီး ရက်ပေါင်း ၉၀ ကြာ အပူဇော်ခံခဲ့ကြောင်း သိရှိရသည်။
ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်မြောက် အပူဇော်ခံခြင်းဖြစ်ပြီး နေပြည်တော်၌ ဥပ္ပါတသန္တိစေတီတော် လိုဏ်အတွင်းလည်းကောင်း၊ ရန်ကုန်တွင် ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ် အတွင်းလည်းကောင်း၊ မန္တလေးတွင် မဟာ အတုလဝေယန် ကျောင်းတော်ကြီးအတွင်း၌ လည်းကောင်း အသီးသီးအပူဇော်ခံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ ပင့်ဆောင်ခွင့် ရရှိနိုင်ရန် လုံခြုံရေးအာမခံပေးကာ စာချုပ်ချုပ်ဆို ပင့်ဆောင်ရသည်ဖြစ်ကြောင်း၊ အပူဇော်ခံကာလ ပြည့်မြောက်သည့် အခါတွင် မန္တလေးမြို့မှ ဗုဒ္ဓမြတ်စွယ်တော် မူလကိန်းဝပ် စံပယ်တော်မူရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေကျင်း မြို့ရှိ ကွမ်းဂျီးစု ဘုရားကျောင်းသို့ ပြန်လည် ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်ရာ လမ်းတစ်လျှောက်နှင့် အပူဇော်ခံ ခေတ္တကိန်းဝပ် စံပယ်ရာ နေရာများတွင် အများပြည်သူများဖူး မြော်ကြည်ညိုနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
4202a
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့သို့ ၁၉၉၄ ခုနှစ်က
ဒေသစာရီကြွ ချီတော်မူလာစဉ်
ပိဋကတ်သုံးပုံဆိုသည်မှာ
    ကျနော်ဖတ်မိသမျှ မှတ်မိသမျှလေးကို မျှဝတဲ့သဘော ပါခင်ဗျာ။ မှားယွင်းမှု့များရှိခဲ့ရင် ဝေဖန်ထောက်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
    ၁။ ဝိနည်းပိဋက
    ၂။ သုတ္တန်ပိဋက
    ၃။ အဘိဓမ္မာပိဋက တို့ဖြစ်ကြပါသည်။
    ၁။ ဝိနည်းပိဋက
    ဝိနည်းပိဋကဆိုသည်မှာ သာသနာ့ဝန်ထမ်းရဟန်းတော်များ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သိက္ခာပုဒ်တော်ပေါင်း (၂၂၇)သွယ် ရှိပါသည်။ ဒီဆရာတော်ကြီးဟာ ဖြင့် ဝိနည်းနဲ့အရမ်းညီလိုက်တာတို့၊ ဝိနည်းတော်နှင့်အညီ ချုပ်ထားသော သင်္ကန်းတို့ ဆိုပြီး ကျွန်တော်တို့ ကြားဖူးနေကြ စကားတွေ ရှိတယ်မဟုတ်လား။ အဲဒါဟာ ယခု (၂၂၇)သွယ်သော စည်းကမ်းတွေကို လိုက်နာစောင့်ထိန်းတာကို ပြောတာပါ။ ဘဘဦးသုခရိုက်တဲ့ ရဟန်းစားသောဆွမ်းတနပ်"စတဲ့ ဇာတ်လမ်းတွေဟာ ယခုသိက္ခာပုဒ်တော်တွေ အကြောင်းကို ရိုက်ကူးတင်ပြထားတာပါ။ ကျွန်တော်တို့ ရဟန်းခံရာတွင်လည်း ဤသိက္ခာပုဒ်တော်များကို စောင့်ထိန်းကြရမှာပါ။
    ၂။ သုတ္တန်ပိဋက
    သုတ္တန်ပိဋက ဆိုသည်မှာ မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေရဲ့ အကျင့်စရိုက်၊ အသိဉာဏ်၊ အလိုဆန္ဒတို့နဲ့ သင့်မြတ်အောင် ဥပမာသာဓကများနှင့် ဟောကြားတော်မူထားတဲ့အတွက် လူများနဲ့ ပိုမိုနီးစပ်ပြီး နားလည် သဘောပေါက်လွယ်ကြပါသည်။ သာမန်ပုဂ္ဂိုလ်တို့အတွက် အသင့်လျော်ဆုံးတရားလည်းဖြစ်ပါသည်။ သုတ်တော်ပေါင်း (၁၇၅၀၅)သုတ် ရှိပါသည်။ သတိပဌာန်တရား၊ အာနာပါနရှုနည်းများ၊ ဈာန်ဝင်စားခြင်း အစရှိသည်တို့မှာ သုတ္တန်ပိဋကတ်တော်တွင် ပါဝင်ပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ကြသော ပရိတ်ကြီး (၁၁)သုတ်သည်လည်းကောင်း၊ မိဘဝတ်၊ သားသမီးဝတ် အစရှိသည်တို့သည်လည်းကောင်း သုတ္တန်ပိဋကတ်တော်မှပင် ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများသည် သုတ္တန်ပိဋကတ်တော်မှ ဆင်းသက်လာခြင်းလည်းဖြစ်ပါသည်။ သုတ္တန်တရားတော်များ အားလုံးကို အတိုအရှည်အလိုက်၊ တရားသဘောအလိုက် နိကာယ် (၅)ရပ် ဟူ၍ ခွဲခြားထားပါသည်။
    ၁။ ဒီဃနိကာယ်
    ၂။ မဇ္စျိမနိကာယ်
    ၃။ သံယုတ္တနိကာယ်
    ၄။ အဂုင်္တ္တရနိကာယ်
    ၅။ ခုဒ္ဒကနိကာယ် - တို့ ဖြစ်ကြပါသည်။ ဆရာတော်များ တရားဟောကြားရာတွင် - နိကာယ်၊ - သုတ်တော်မှာ လာသော - ဇာတ်ကြောင်းကို တန်ဆာဆင်ဟောကြားအပ်သော - တရားတော်ဟူ၍ နာကြားဖူးကြပါလိမ့်မည်။ (ဥပမာ- ဆရာတော် အရှင်ဆေကိန္ဒ၏ တရားတော်များ)
    ၃။ အဘိဓမ္မာပိဋက
    အဘိဓမ္မာပိဋက ဆိုသည်မှာ ပုဂ္ဂိုလ်တို့၏ အလိုစရိုက်တို့ကို ဦးစားမပေးဘဲ ဓမ္မသဘာဝတို့ကို အရှိသဘောအတိုင်း ပြည့်စုံကုန်စင်အောင် ပညာသက်သက်ဖြင့် ဟောကြားတော်မူထားခြင်းဖြစ်ပါသည်။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားရှင်သည် မယ်တော်မာယာဒေဝီဖြစ်ခဲ့ဖူးသည့် နတ်သားအား မွေးကျေးဇူးဆပ်သည့်အနေဖြင့် နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ပါသည်။ အဘိဓမ္မာပိဋက တွင်
    ၁။ ဓမ္မသင်္ဂဏီကျမ်း
    ၂။ ဝိဘင်္ဂကျမ်း
    ၃။ ဓါတုကထာကျမ်း
    ၄။ ပုဂ္ဂလပညတ်ကျမ်း
    ၅။ ကထာဝတ္ထုကျမ်း
    ၆။ ယမိုက်ကျမ်း
    ၇။ ပဌာန်းကျမ်း - ဟူ၍ ကျမ်းပေါင်း (၇)ကျမ်း ရှိပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ပူဇော်ကြသော ပဌာန်းတရားတော်မှာ အဘိဓမ္မာပိဋကမှ သတ္တမြောက်ကျမ်းပင်ဖြစ်ပါသည်။
    သံဃာတော်များ ပိဋကတ်သုံးပုံစာမေးပွဲ ဖြေဆိုကြသည်မှာ ဤပိဋကတ်သုံးပုံကို ရေးဖြေရော၊ အာဂုံ(အလွတ်ရွတ်ဆိုခြင်း)ပါ ဖြေဆိုကြခြင်းဖြစ်ပါသည်။
    ဖတ်မိမှတ်မိသမျှ
    နတ်ဆိုး
    မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့
    အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင်
    သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို
    နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့်
    မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ
    မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ
    ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ
    အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။
    ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း
    တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊
    မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။
    သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့်
    ရေးဖြစ်ခဲ့ရပြန်ပါတယ်။
    တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်
    ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ
    ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။
    ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့
    ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ
    နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ
    အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့
    ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး
    ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ
    ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ
    ပါတဲ့အချက်လည်း မဟုတ်ပါဘူး။
    ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ
    သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပို
    င်းမှ
    ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ
    ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။
    လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ
    သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့်
    စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။
    ရပါတယ်။
    ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင်
    ကျင့်ကြံနေထိုင်ကြဖို့သာ ဟောကြားလေ့ရှိပါတယ်။ ဘယ်အချိန်မှာ
    အိမ်ထောင်မပြုရ၊ ပြုရင်ဘာဖြစ်မယ်ဆိုတဲ့ အထူးတလည် ဟောကြားသတ်မှတ်ချက်
    မရှိပါဘူး။ သာသနာ့ဝန်ထမ်းများကိုတော့ အိမ်ထောင်မပြုရ၊ ကာမဂုဏ်မေထုန်
    မမှီဝဲရဆိုတာကိုတော့ အထူးသတ်မှတ် ပညတ်တော်မူပါတယ်။ ဒါ့အပြင်
    အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘုရားရှင် အထူးဟောတော်မူတဲ့အချက်က
    အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ထောင်ရေးကို ဘယ်လိုအဆင်ပြေအောင်
    နေထိုင်ရမယ့်အချက်နဲ့ အိမ်ထောင်ပြုသူ လင်ယောက်ျား ဇနီးမယားတို့
    လိုက်နာကျင့်ကြံရမယ့် တာဝန်များ၊ အိမ်ထောင်ရေးကို
    ထိခိုက်ပျက်ပြားစေမယ့်အပြင် သံသရာပါ ဒုက္ခရောက်စေမယ့် အိမ်ထောင်ရေး
    ဖောက်ပြန်မှုများကို မပြုလုပ်ကြဖို့ ပညတ်သတ်မှတ်တော် မူပေးတဲ့
    အချက်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ထောင်ပြုရမယ်၊ ဘယ်အချိန်မှာ
    အိမ်ထောင်မပြုရဘူး ဆိုတဲ့အချက် မဟုတ်ပါဘူး။
    အိမ်ထောင်ပြုမှုဟာ ရှေးပဝေသဏီတည်းက လုပ်ခဲ့ကြတဲ့အလုပ်ပါ။
    ဘုရားရှင်လက်ထက်မှာလည်း အိမ်ထောင်ပြုကြပါတယ်။ အရိယာ ပုဂ္ဂိုလ်များဖြစ်တဲ့
    သောတာပန်မှစပြီး အနာဂါမ်အထိ သူတော်စင်တွေလည်း အိမ်ထောင်ပြုကြပါတယ်။
    ဘုရားလက်ထက်က လူသန်းပေါင်း ၇၀လောက်ရှိတဲ့ သာဝတ္ထိမြို့ကြီးဟာ
    အရိယာပုဂ္ဂိုလ်ချည်းပဲ သန်းပေါင်း ၅၀ခန့် ရှိတယ်လို့ ဆိုပါတယ်။
    ဒီသာဝတ္တိမြို့သူ မြို့သားတွေဟာလည်း အိမ်ထောင်ပြုကြပါတယ်။ ဒါပေမယ့်
    သူတို့အိမ်ထောင်ပြုမှုဟာ ၀ါတွင်းကိုရှောင်ပြီး ပြုတယ်ဆိုတာကို ဗုဒ္ဓစာပေမှာ
    အထူးဖော်ပြတာ မရှိကြပါဘူး။ သူတို့အဆင်ပြေ သင့်လျော်ချိန်မှာ ပြုကြမှာပါ။
    ဘုရားရှင်ကိုယ်တော်တိုင်လည်း ၄၅နှစ်ပတ်လုံး အိန္ဒိယနိုင်ငံတစ်ဝှန်း
    လှည့်လည်သီတင်းသုံးတဲ့ အချိန်ဟာ သာဝတ္ထိမြို့မှာ သီတင်းသုံးချိန်က
    ပိုများပါတယ်။ ဒီလို ဘုရားရှင် သီတင်းသုံးချိန်များပြီး အရိယာသူတော်စင်
    အများဆုံးရှိတဲ့ သာဝတ္ထိမြို့မှာ သတ်မှတ်ပညတ် ဟောကြားတော်မူခဲ့တဲ့
    တရားတော်တွေဟာလည်း အများကြီးပါ။
    အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ ကာလသတ်မှတ် ဟောကြားချက်ရှိခဲ့မယ်ဆိုရင်
    သာဝတ္ထိမြို့သားတို့ရဲ့ အိမ်ထောင်ပြုခြင်း
    အကြောင်းတွေလည်း စာပေမှာ အများကြီးတွေ့နေရမှာပါ။ ဒါပေမယ့် မရှိခဲ့ပါဘူး။
    ဘုရားရှင်ဟာ လူတွေအတွက် အိမ်ထောင်ပြုမှု၊ မပြုမှု၊ အိမ်ထောင်ပြုသင့်တဲ့ ကာလ၊
    မပြုသင့်တဲ့ ကာလတွေထက် အိမ်ထောင်တစ်ခုရဲ့ အဆင်ပြေမှု မပြေမှုတွေကို
    ပိုပြီးဦးစားပေးပါတယ်။ အိမ်ထောင်ရှင် နှစ်ဦးတို့ရဲ့
    အိမ်ထောင်ရေးခိုင်မြဲဖို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များကိုသာ
    ဦးစားပေးဟောတော်မူပါတယ်။
    ဒီလိုဆိုရင် ဘုရားဟောမဟုတ်တဲ့ ဒီဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့
    သတ်မှတ်ချက်ဟာ မြန်မာပြည်မှာ ဘာကြောင့် လေးလေးနက်နက် ရှိနေကြတာလဲလို့
    မေးစရာ ရှိပါတယ်။ ဒီအချက်ကတော့ ရှေးအစဉ်လာကတည်းက အရိုးစွဲလာခဲ့တဲ့
    အချက်တွေဖြစ်နိုင်ပါတယ်။ ရှေးကလူကြီးသူမများဟာ ဘုရားသာသနာကို အလွန်သတ်ဝင်
    ယုံကြည်ကြပြီး ဘာသာရေးကို အထူးအလေးထားတဲ့ သူများဖြစ်ကြပါတယ်။
    ရဟန်းတော်များဝါတွင်းကာလ ၀ါဆိုဝါကပ်ပြုကြတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင်တွေ
    ဖြစ်တဲ့ လူတွေအနေနဲ့လည်း ကာမဂုဏ်အာရုံများနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်ထောင်ပြု
    သားမွေးခြင်း ကိစ္စများကို မလုပ်ကြဘဲ တစ်နှစ်ပတ်လုံး အလုပ်များနဲ့သာ
    အချိန်ကုန်နေပြီး မိုးတွင်းကာလမှာသာ အနားရကြတဲ့ အချိန်လေးမှာ
    ကုသိုလ်ကောင်းမှုများ များများလုပ်ဖြစ်ကြဖို့ ကြိုးစားအားထုတ်ရင်း
    ဖြစ်နိုင်ပါတယ်။
    နောက်တစ်ချက် စဉ်းစားမိတာက ၀ါတွင်းကာလဟာ မိုးရာသီကာလ ဖြစ်တဲ့အတွက်
    မင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ဖို့အတွက်
    မိုးအဆက်မပြတ်ရွာမှုက အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုဖြစ်စေသလို
    မိုးရာသီကာလ သီးနှံစပါး စိုက်ပျိုးထားချိန်များဖြစ်လို့ စားဝတ်နေရေးအရလည်း
    အခက်အခဲ ဖြစ်နိုင်တဲ့အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
    မိုးတွင်ကာလ အိမ်ထောင်ပြုခြင်းကို မပြုလုပ်ကြဘဲ
    ရှောင်ကြဉ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအစဉ်အလာများဟာ အခုခေတ်ရောက်လာတဲ့
    အခါမှာတော့ ဗေဒင်ယတြာ ဓာတ်ရိုက်ဓာတ်ဆင် ဆရာများရဲ့ လက်ချက်ကြောင့်
    မတည်မြဲတော့သလို၊ တစ်ခုခုပဲ ထဖြစ်တော့မလို ပြောဆိုဟောပြောလာကြရာက
    လွှမ်းမိုးသက်ရောက် လာခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။
    တကယ်တော့ ဘယ်အချိန် အိမ်ထောင်ပြုပြု အိမ်ထောင်ပြုသူ နှစ်ဦးရဲ့
    အနေအထားကိုလိုက်ပြီး အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုဆိုတာ ဖြစ်ကြတာပါ။
    ဖြစ်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ၀ါပမှာ အိမ်ထောင်ပြုသူတွေလည်း အိမ်ထောင်ရေး
    ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ အဓိကကတော့ တာဝန်ကိုယ်စီကျေပွန်ပြီး
    အကျင့်သီလ ကောင်းမွန်နေမှုကသာ အဓိကဖြစ်ပါတယ်။ ဘယ်အချိန် အိမ်ထောင်ပြုမှုက
    အဓိကမကျပါဘူး။
    ဒါပေမယ့် အရိုးစွဲနေတဲ့ ယုံကြည်မှုဟာ အလွန်အမတန် ဖျောက်ဖို့ခက်လှပါတယ်။
    အခုဆိုရင် မြန်မာနိုင်ငံ တစ်ဝှန်းလုံးလိုလို
    ဖောက်ထွက်ဖို့က အချိန်အများကြီး ယူရမယ့်အနေအထား ရှိပါတယ်။ နောက်တစ်ချက်က
    ဒီလို အိမ်ထောင်ပြု သားမွေးကိစ္စမျိုးဆိုတာဟာလည်း ဗုဒ္ဓဘာသာရဲ့
    လွတ်မြောက်ရေးအရ ကြည့်ရင်အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကာမဂုဏ်အာရုံကို
    အားပေးတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဒါကြောင့်လည်း ဒီလို ၀ါတွင်းကာလ
    အိမ်ထောင်မပြုရဆိုတဲ့ အယူကြီး ရှိနေကြပေမယ့် ရဟန်းတော်များဘက်ကရော
    လူကြီးသူမများဘက်ကပါ အထူးတလည် အရေးပေးပြီး ပြောဆိုတွန်းလှန်ခြင်း
    မပြုကြခြင်း ဖြစ်နိုင်ပါတယ်။
    အလုပ်မဟုတ်နိုင်လို့ ဒီအပေါ်မှာ အထူးအလေးထားခြင်း
    မရှိကြခြင်း ဖြစ်ပါတယ်။ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာ ယုံကြည်မှု အားကောင်းလှတဲ့
    မြန်မာနိုင်ငံဟာ သံဃာတော်များ အလေးအနက်ထားရာ ၀ါတွင်းကာလမှာ
    သာသနာ့ဝန်ထမ်းတွေတောင် ဒီလိုနေကြတာမဟုတ် ဗုဒ္ဓဘာသာဝင်များလည်း အိမ်ထောင်ပြု
    သားမွေးခြင်းများကို ရှောင်ကြဉ်ကြတယ်ဆိုတဲ့ အချက်ဟာ အကောင်းဘက်ကကြည့်ရင်
    ဂုဏ်ယူစရာ ကောင်းလှတဲ့အချက်ပါ။ ဒါပေမယ့် ဒီအချက်က ဘုရားဟောလို့၊
    ဗေဒင်ယတြာဆရာတွေက ပြောလို့ အိမ်ထောင်မပြုကြဘူးလို့ နားလည်သတ်မှတ်
    ပြောဆိုကြတယ်ဆိုရင်တော့ မကောင်းပါဘူး။ ဘုရားရှင်အနေနဲ့ ၀ါတွင်းကာလ
    အိမ်ထောင် မပြုရဘူးဆိုတဲ့ အချက်ကို လုံးဝဟောကြားတော် မမူပါဘူး။ ဒီလို
    ဘုရားဟော မဟုတ်တာကို ဘုရားဟောသလိုမျိုး ပြောဆိုသတ်မှတ်ကြရင်လည်း
    အပြစ်ဖြစ်ကြပါတယ်။
    ဒီနေရာမှာ ၀ါတွင်းကာလ အိမ်ထောင်မပြုခြင်းကို ဘုရားဟောလို့ မပြုတာလို့
    မမှတ်ကြဘဲ ၀ါတွင်းကာလ အခိုက်အတန့်လေးမှာ ကိလေသာ အာရုံကာမဂုဏ်များ
    နည်းနေစေဖို့နဲ့ ကုသိုလ်ကောင်းမှုများ များများလုပ်ခွင့် ရစေဖို့
    အိမ်ထောင်ပြုခြင်းကို မပြုကြခြင်း ဖြစ်တယ်လို့ လက်ခံယုံကြည်လိုက်ကြရင်
    အလွန်ကောင်းပါတယ်။ သေချာတာကတော့ ၀ါတွင်းကာလမှာ လူတွေလည်း အိမ်ထောင်မပြုရ၊
    မေထုန်မပြုရ၊ ရှစ်ပါးသီလပဲ ဆောက်တည်ပြီး နေရမယ်ဆိုတာ သတ်မှတ်ဟောကြားချက်
    မရှိပါဘူးဆိုတာပါ။ မိမိတို့အနေဖြင့် ၀ါတွင်းကာလ အိမ်ထောင်ပြုလိုကလည်း
    ပြုနိုင်ကြပါတယ်။
    အိမ်ထောင်ကျပြီး အိမ်ထောင်ရေးဖောက်ပြန်လို့ ကာမေသုမိစ္ဆာစာရကံ
    ကျူးလွန်လို့ အပါယ်ငရဲ လားရတာပဲ ရှိပါတယ်။ ဒါကြောင့် ၀ါတွင်းကာလနဲ့
    အိမ်ထောင်ပြုခြင်းသည် ဘာမှမသက်ဆိုင်တဲ့ အတွက် ဘုန်းကြီးတွေရဲ့
    မတွေးကြဖို့နဲ့ အိမ်ထောင်ပြုလိုက ၀ါတွင်းဝါပ အဓိကမကျဘဲ အိမ်ထောင်ကျပြီး
    နောက်ပိုင်းအိမ်ထောင်ရှင်နှစ်ဦးတို့ရဲ့ တာဝန်ကျေမှုနဲ့ အိမ်ထောင်ရေး
    မဖောက်ပြန်မှုကသာ အဓိကကျပါကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။
    ခင်မင်စွာဖြင့်
    ရွှေအိမ်စည်
    ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ
      ယခု စာရေးသူ တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဘုရားရှေ့ခြင်္သေ့အကြောင်းကိုရေးသား၍ ပို့တင်ပေးလိုက်သောအခါ pyae pho aung သည် (အရှင်ဘုရားကျေးဇူးတော်ကြီးမားလှပါတယ်ဘုရား ၊ မနုသီဟ အကြောင်းကိုလည်း သိလိုပါတယ်ဘုရား ) ဟု ရေးသားပြီး တင်ဘို့ လျောက်ထားလာတဲ့အတွက်ကြောင့်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာ၏ သင်္ကေတများကို လွဲမှားပြီး သိကြမည် စိုးသောကြောင့်လည်းကောင်း၊ ဘာသာရေးကို မှန်မှန်ကန်ကန်သိပြီး မှတ်သားယူစေချင်သော စေတနာ ဆန္ဒကြောင့် သော်လည်းကောင်း စာရေးသူ မအားသည့်ကြားက ကြိုးစားရှာဖွေပြီး လက်လှမ်းမှီသ၍ တင်ပြရေးသားခြင်းဖြစ်ပါသည်။
      မနုသီဟ ဆိုသည်မှာ ရှေးက တကယ်ရှိခဲ့ဖူးသော သတ္တ၀ါတစ်မျိုးမဟုတ်ပေ။ ရှေးခေတ်က လူများ စိတ်ကူးဥာဏ် ဆန်းကြယ်စွာ တီထွင်ပြုလုပ်ခဲ့သော တိရစ္ဆာန် ကိုယ်တစ်ပိုင်း လူတစ်ပိုင်း အရုပ်မျိုးဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံ အချို့သော စေတီပုထိုးများတွင် တွေ့ရသည်။မနုသီဟ ဟူသော စကားမှာ ပါဠိစကားဖြစ်၍ လူခြင်္သေ့ ဟု အဓိပ္ပါယ်ရသည်။ ခြင်္သေ့ကိုယ်၌ လူဦးခေါင်း တပ်ဆင်ထားသော အရုပ်ဖြစ်ခြင်းကြောင့် မနုသီဟ ဟု ခေါ်တွင်လာဟန်တူသည်။ မြန်မာတို့ စိတ်၌မှု မနုသီဟ ဆိုလျင် ကိုယ်နှစ်ခုရှိသည်ဟု စွဲယူပြီးဖြစ်သည်။
      မနုသီဟရုပ်ကို ထုလုပ်ထားပုံမှာမူ အနုပညာမြောက်သည်။ လူဦးခေါင်း၌ မကိုဋ်သဏ္ဍာန်ရှိသော အချွန်အတက်များနှင့် ဦးဆောင်းကို ဆောင်းထားပေးသည်။ မြန်မာနိုင်ငံရှိ မနုသီဟ ရုပ်များသည် အီဂျစ်ပြည်ရှိ စဖင့်ရုပ်များနှင့် တူသည်။ လူဦးခေါင်း၌ မကိုဋ်သဖွယ် ဆောင်းထားပေးခြင်းကြောင့် အီဂျစ်ပြည် စဖင့်ရုပ် ဦးခေါင်းများကဲ့သို့ ဘုရင်တစ်ဦးဦး၏ ပုံတူသို့မဟုတ် ကိုးကွယ်သည့်နတ် ၊ ဗြဟ္မာတစ်ဦးဦး၏ ရုပ်ပုံကို စိတ်ကူးဖြင့်မှန်းဆ၍ ထုလုပ်ထားဖွယ်ရှိသည်ဟု တွေးထင် ယူဆရသည်။
      ယင်းမနုသီဟ ရုပ်များသည် မည်သည့် ခုနှစ် သက္ကရာဇ်က ထုလုပ်ပေါ်ပေါက်လာခဲ့သည်ဟု အသေအချာ မသိရချေ။ သို့သော် သာသနာလင်္ကာရ စာတန်းတွင် မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံယူပြီးနောက် သာသာနာ ၂၃၅ ခုနှစ်ရောက်သော် ရာမညတိုင်း အစိတ် သုဝဏ်ဏဘုမ်မိသို့ အရှင်သောဏ၊ အရှင်ဥတ္တရ မထေရ်နှစ်ပါးကို အရှင်မောဂ္ဂလိပုတ္တတိဿက ရဟုန်းပြု ကံမြောက်လောက်အောင် သံဃာငါးပါးနှင့် သာသနာပြု စေလွှတ်တော့မူ၏။ထိုအခါ သုဝဏ်ဏဘုမ်မိတိုင်း သထုံပြည်ဝယ် သီရိဓမ္မာမေသာက မင်းပြု၏။ --- ထိုမြို့သည် သမုဒ္ဒရာနှင့် နီးသောကြောင့် ရေစောင့်ဘီလူးမသည် မင်းအိမ်၌ သားဖွားတိုင်း စားလေ၏။
      သာသနာပြုမထေရ်တို့ ရောက်သောနေ့လည်း မင်းအိမ်၌ သားဖွားခိုက်ကြုံ၍ ဘီလူးမစားမည်ဟု အရံငါးရာနှင့်လာသည်ကို လူတို့မြင်၍ ကြောက်လန့်ကြွေးကြော်ကြ၏။ ထိုအခိုက်တွင် မထေရ်လည်း ကြောက်မက်ဘွယ်ရှိအောင် ခြင်္သေ့နှင့်တူသော ခေါင်းတစ်လုံး ကိုယ်နှစ်ခုရှိသော မနုသီဟ သဏ္ဍာန်နှင့် အရေအတွက် နှစ်ဆထက်သာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျှင် ဘီလူးမတို့ပြေးသွားကြလေကုန်၏။
      တဖန် မထေရတို့လည်း ဘီလူးမတို့မလာစိမ့်သောငှါ ပရိတ်အရံအတားကို ပြုပေး၏။ ထိုကာလ စည်းဝေးလာ သူတို့အား ဗြဟ္မဇာလသုတ်တော်ကို ဟော်တော်မူသော် ခြောက်သောင်းသော လူတို့အကျွတ်အတန်း သောတာပန်း စသော အရိယာဖြစ်လေကုန်၏။ ထိုကာလမှစ၍ ယနေ့ဖွားစ မင်းသားငယ်တို့အား သောဏုတ္တရ ဟူ၍ ငယ်မည် မှည့်ကြကုန်၏။
      သူငယ်ခပ်သိမ်းတို့အားလည်း ဘီလူးဘေးကို ဆီးတားခြင်းငှာ ထန်းရွက်၊ သလူရွက်များတွင် မထေရ်တို့ဖန်ဆင်းသော မနုသီဟ ရုပ်ကိုရေး၍ ခေါင်းထက်တင်ထားကုန်၏။ ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်ထက် ကျောက်ရုပ်ထု၍ ယခုထက်တိုင် ရှိသည်ဟု ဖော်ပြပါရှိလေသည်။
      ဖတ်ဖူးတွေ့ဖူးခဲ့သော မနုသီဟစာ ၊ပုံများကို ၁၉၈၁၊ သြဂုတ်လ၊ ရှုမ၀ တွင် ကိုအေးမြင့်ရေးခဲ့ဖူးပါသည်။ မူလအစ ကလျာဏီကျောက်စာကဟု ဆိုရမည်ဖြစ်သော်ငြားလည်း မနုသီဟ ရုပ်များ အထူးသဖြင့် ပန်းရံ၊ပန်းတော့ ၊ ပန်းတမော့ ရုပ်များဖြင့် ခေတ်စားခဲ့သည်မှာ အမရပူရခေတ်ဟု ဆိုနိုင်ပါသည်။ အကြီးဆုံးနှင့် အချို့ကျဆုံး မနုသီဟရုပ်များကိုအမရပူရ တောင်သမန် ကျောက်တော်ကြီး(မဟာသကျရံသီ၊ ၁၈၅၀ ခုနှစ်)တွင် တွေ့မြင်နိုင်သည်။ ပုဂံမင်းသည် အမရပူရခေတ် နောက်ဆုံး(၆) နှစ်တွင် နန်းစံခဲ့သည်။ အပျော်အပါးများသော မင်းငယ်တစ်ပါး ဖြစ်ခဲ့သော်လည်း အောက်ခြေ စီမံသူ ပညာရှင်များ တော်ခြင်းကြောင့် ထိုတောင်သမန်ကျောက်တော်ကြီးနှင့်အတူ မနုသီဟ (၁၂) အပါအ၀င် ပန္နက်ပုံ ကောင်းလှသည်။ သူ၏ဘေးတော် ပဒုံမင်း၏ မင်းကွန်းစေတီတော်ကြီး ဗိသုကာစနစ် မကောင်းသမျှ ဤတောင်သမန် ကျောက်စာတော်ကြီးဗိသုကာစနစ်ကောင်းမွန်လှ၍ စံထားမိပါသည်။ မနုသီဟ ဖင်နှစ်ခွ ဖြစ်နေခြင်းမှာ (ထောင့်) နေရာ၌ လိုက်လျောစေလိုသော ဒီဇိုင်းအယူအဆအရ ဖြစ်ရသည်ဟု သုံးသပ်ထားပါသည်။အထက်ပါ အကြောင်းအရာတို့ကို ထောက်ထားကြည့်ပါက သာသနာပြုမထေရ်တို့ လူသားများအတွက် အန္တရာယ်မကျရောက်စေလိုသောကြောင့် ဘီလူးဘေးကင်းဝေအောင် မနုသီဟ ဖင်နှစ်ခွပုံစံကို ဖန်တီးပေးခဲ့ဖူးသည်။
      ထို့ကြောင့် လူသားများသည် ဘုရားပုထိုးစေတီအချို့ရှေ့က မနုသီဟ ဖင်နှစ်ခွကို မြင်ကြသောခါ အန္တရာယ်မှ ကာကွယ်သည့် သဘောဖြင့် ထုလုပ်ပြသထားတာပါလားဟု မှတ်ယူကြစေခြင်းငှာ ဤဆောင်းပါးကို ရှာဖွေစုဆောင်း ရေးသားလိုက်ရပါသတည်း...........
      ကျမ်းကိုး................
      မြန်မာ့စွယ်စုံကျမ်း အတွဲ (၈)
      (၂၀၀၃၊ ဇွန်၊ ရတနာမွန်)
      လူငယ် နှင့် ကိုးကွယ်မှု
        လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ ကိုအမွေဆက်ခံမည့် "မွေခံထိုက်စေ လူငယ်များ" ဖြစ်ဖို့ရန်မှာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။ ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး များကိုလည်း ပယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးကပေးသော အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။
        လူငယ်တို့၏ စိတ်သဏ္ဍာန်မှာ စူးစမ်းလိုသောစိတ် အမြဲကိန်းအောင်းနေတတ်ကြပါသည်။ စူးစမ်းသည်ဆိုရာဝယ် ကောင်းသည့်အရာများ ရှိသလို မကောင်းသောအရာ၌လည်း စူးစမ်းတတ်ကြပေသည်။ ဆိုလိုရင်းမှာ လူငယ်အများစုသည် ထေရ၀ါဒဗုဒ္ဓ သာသနာတော်၏ အခြေခံအနှစ်သာရများကို စူးစမ်းလေ့လာရာတွင် အားနည်းနေတတ်ကြခြင်းပင်ဖြစ်သည်။ ငယ်စဉ်က မိဘ ဆရာသမားများ၏ သွန်သင်ဆုံးမမှုမှတစ်ပါး တဆင့်တက်၍ လေ့လာကြိုးစားမှုမှာ အားနည်းနေကြပေသေးသည်။ တတ်သိနားလည်သော အနာဂတ်အတွက် လူငယ်များလည်း ရှိပါသည်။ သို့သော် ပမာဏအားမှာ နည်းနေသေးသည်ဟု တွက်ဆနိုင်ပါသည်။
        အနာဂတ်အတွက် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည့်တံ့ပြန့်ပွားရန်မှာ လူငယ်တိုင်းမှာ တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ရန် အလွန်အရေးကြီးလှပါသည်။ အဖွဲ့အစည်းငယ်မှစ၍ နိုင်ငံတ၀န်း တိုးတက်ရေး၏ အဓိက အခြေခံအုတ်မြစ်မှာ သီလတရားပင်ဖြစ်သည်။ ကိုယ်ကျင့်တရားပင်ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်တို့သည် သောက်စားမူးရစ်ခြင်း ကာမဂုဏ်ပျော်ပါးခြင်းအမှုတို့ကို လူငယ်ဘ၀၏ အနှစ်သာရများဟု မှတ်ယူခြင်းသည် မြတ်စွာဘုရားရှင်၏တရားတော်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်လျက်ရှိနေသည်။ ထေရ၀ါဒ မြန်မာနိုင်ငံတွင် နေထိုင်လျက် ဘုရားရှင်၏ အဆုံးအမများအတိုင်း ကျင့်ကြံမနေထိုင်ခြင်းသည် ဆိုးဝါးသောမြင်ကွင်းတစ်ရပ်ဖြစ်ပါသည်။ မိန်းခလေးများမှာလည်း ဗေဒင်ကိုးကွယ်ခြင်း၊ နတ်ကိုးကွယ်ခြင်းအမှုတို့၌ ၀ါသနာထုံလျက် တစ်ချို့မှာ မူးရစ်စေသော အရာများကိုပင် သောက်စားပျော်ပါးခြင်းမှာ ၀မ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ထို့ပြင် ဘာသာခြားများနှင့် အကြောင်းအမျိုးမျိုး ဖြင့်ဖြစ်စေ ချစ်ကျွမ်းဝင်ရာမှဖြစ်စေ မိမိပါ ဘာသာခြားဖြစ်ရခြင်းမှာ ရင်နာစရာအကောင်းဆုံးသော ဖြစ်ရပ်များပင်ဖြစ်သည်။ မနာလိုခြင်းမဟုတ်ပါ။
        ရခဲလှသော လူ့ဘ၀တွင်မှ ရခဲလှသော သာသနာတော်တွင် ကြုံကြိုက်ပါလျက် ဤသို့ဖြစ်ရခြင်းကို နှမျောမိခြင်းသာဖြစ်ပါသည်။ ရှေးသူတော်ကောင်းတို့ ဆိုထားခဲ့သော ငါးပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေချင်သော်လည်း ယနေ့ခေတ်အများစုမှာ ကွင်းလုံးချွတ်လိုက်ကြသည်ဟုဆိုလျှင် လွန်ဖွယ်ရာမရှိပေ။ လူငယ်တိုင်းတွင် အစွမ်းအဆများ ရှိကြစမြဲဖြစ်ပါသည်။ အသုံးမချတတ်၍ အသုံးမကျခြင်းသာဖြစ်သည်။ ထိုသို့ဆိုလျှင် မိမိကိုယ်မိမိ တန်ဖိုးရှိအောင် ဘယ်လိုနေမလဲ သေချာပြန်စဉ်းစာကြည့်မည်ဆိုလျှင် အဝေးကြီးမဟုတ်ပါ။ သီလတရားကိုသာ ကြိုးစားပြီး ဆောက်တည်ကြည့်လိုက်ပါ။ သီလတရား၊ တစ်နည်း ကိုယ့်ကျင့်တရား၊ သိက္ခာတရားကို တတ်နိုင်သလောက် စောင့်ထိန်း ကြည့်ပါ။ မိမိကိုယ်ကိုယ်မိမိ တန်ဖိုးထားတတ်လာမည်မှာ မလွဲဧကန်ပါ။
        သူတစ်ပါးကို ကြည့်ညိုတာထက် ကိုယ်ကိုကိုယ်ပြန်ကြည်ညိုတတ်ဖို့က ပိုပြီးအရေးကြီးပါသည်။ ကိုယ်ကိုကိုယ်မကြည်ညိုတတ်လျှင် အပါယ်ပါကျရောက် နိုင်ပါသည်။ မိဘသည် ဗုဒ္ဓဘာသာဖြစ်၍ ဗုဒ္ဓဘာသာဖြစ်ရခြင်းမှာ ဆန်းသည်မဟုတ်သော်လည်း ပြန်လည်သုံးသပ်လျှင် ထူးသည့်ကုသိုလ်ကံကြောင့်ပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် လူတစ်သိန်းကွယ်လွန်၍ လူပြည်သို့ တစ်ယောက် ပြန်ရောက်နိုင်ရန် ခဲယဉ်းလှပါသည်။ လေးဘုံပယ်ရွာမှ အကုသိုလ်အကြွေးများကို များစွာဆပ်လျက် တစ်ဖန်လူ့ဘ၀သို့ ပြန်ရရခြင်းဖြစ်ပါသည်။ လူ့ဘ၀ရသော်ငြားသော်လည်း သာသနာတော်နှင့်ကြုံကြိုက်ရန်မှာ သာ၍ခက်ခဲသောကြောင့် ဖြစ်ပါသည်။ ယနေ့ ဤသို့ အကျိုးတရားတွေ ဖြစ်လာရခြင်းမှာ အကြောင်းတရားတော့ ရှိရစမမြဲပါ။ ဗုဒ္ဓဘာသာဖြစ်လျက် သီလပျက်ယွင်းမှုများ ဖြစ်ရခြင်းမှာ ဗုဒ္ဓတရားတော်များကို အခြေခံကျကျ နားမလည်၍ပင်ဖြစ်ပါသည်။
        လက်ဦးဆရာဆိုသည့်အတိုင်း မိဘများသည် အခြေခံကျကျ နားမလည်၍ ဖြစ်နိုင်သလို အပေါင်းအသင်းမှားယွင်းမှုများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ လူငယ်ဖြစ်သော်ငြားလည်း လူငယ်ဂုဏ်ပုဒ်နှင့်လည်းမညီ ကိုးကွယ်မှုမှာလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပါလျက် အခြေခံသီလတရားကိုသော်ဖြင့် နားမလည်၊ နားလည်သော်လည်း မလိုက်နာလျှင် အနာဂတ်၏ အသီးအပွင့်မဖြစ်ခင် ပိုးစား၍ ကြွေကျခြင်းပင်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင်ဖြစ်သည်။ ထေရ၀ါဒ ကိုးကွယ်မှုဖြစ်လျက် ဘုရားရှင်၏ရည်ရွယ်ချက်ကဘာလဲ၊ လူဖြစ်လာရသည့် အကြောင်းကဘာလဲ၊ ထေရ၀ါဒဆိုတာဘာလဲ၊ ဘာကြောင့်ကိုးကွယ်တာလဲ၊ သရဏဂုံဘာကြောင့် ဆောက်တည်ရသလဲ၊ ဘုရား၊ တရား၊ သံဃာဆိုတာဘာလဲ၊ ဆွမ်းကပ်၊ ပန်းကပ်မှအစ အခြေခံကျကျကို ကိုယ်ကိုယ်တိုင်မေး၍ ကိုယ်ကိုယ်တိုင်ဖြေကြည့်စေချင်သည်။ တတ်သိနားလည်ထား လျှင်လည်း နားလည်သည့်အတိုင်းကျင့်လျှင် သာသနာတော်ပြန့်ပွားသလို တိုင်းပြည်အေးချမ်းမည်မှာ မလွဲဧကန်ပါ။
        ထေရ၀ါဒကို လေ့လာလျှင် ခိုင်မြဲသောဝါဒ၊ ရှင်မဟာကဿပ အရှင်မြတ်တို့အစရှိသော ရဟန္တာအရှင်မြတ်တို့၏ အယူအဆ(ဓမ္မ)၊ တစ်နည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်နှင့် ခိုင်မြဲသော ၀ါဒကို ထေရ၀ါဒဟုခေါ်ဆိုခြင်းဖြစ်သည်။ သရဏဂုံဆောက်တည်ရာမှာလည်း ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍၊ ကိလေသာဘေး၊ အပါယ်ဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းတတ်သည်ဖြစ်၍ ဂစ္ဆာမိ ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဆိုတာကို သိနေသင့်ပါသည်။ လူငယ်ဆိုသည့်အတိုင်း ဤသို့ အရာရာကို ဝေဖန်ပိုင်းခြားနေရမည်။ ဒါမှလည်း ဘုရားရှင် အဆုံးအမနှင့်ကိုက်ညီပေမည်။ မိဘများ အိမ်မှာ ရိုးရာဆိုပြီး နတ်တွေကိုးကွယ်နေကြသည်။ ဒါတကယ်လား၊ ဒဏ္ဍာရီဆန်ဆန်လား၊ သမိုင်းကြောင်းလား လူငယ်များကိုယ်တိုင် စုံစမ်းကြည့်သင့်ပါသည်။ ကိုယ်ကိုယ်တိုင် စမ်းစစ်ကြည့်သင့်ပါသည်။ ရိုးရာနတ်များကို ကိုးကွယ်၍ ကိလေသာဘေး၊ အပါယ်ဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းနိုင်သလား၊ သမိုင်းအထောက်ထား ခိုင်လုံမှုရှိသလား၊ လူတွေ အကြောက်တရား ကြောင့် ကိုးကွယ်နေကြတာလား၊ လာဘ်လိုချင်လို့ကိုးကွယ်နေကြတာလား၊ ဘုရားရှင် အဆုံးအမနှင့် ကိုက်ညီသလား စသဖြင့် ဝေဖန်ပိုင်းခြားကြည့်လျှင် အဖြေမှာ ရိုးရှင်းစွာ ပေါ်ထွက်လာပါလိမ့်မည်။
        ဗေဒင်ဆိုသောအရာသည်လည်း တကယ် အားကိုးရာအစစ်ဟုတ်သလား၊ ယတြာချေတော့ရော ကိုယ်ဖြစ်ချင်လို ဖြစ်နိုင်ပါ့မလား စသဖြင့် လူငယ်ပီပီ တက်တက်ကြွကြွ ဟုတ်၏ မဟုတ်၏ စုံစမ်းကြည့်စေချင်ပါသည်။ မေးခွန်းပေါင်းများစွာ၊ သိချင်သောအရာများစွာ ပေါ်ထွက်လာပါလိမ့်မည်။ မေးခွန်းများပေါ်လာလျှင် တတ်သိနားလည်နိုင်သော ဆရာသမားများကို မေးမြန်း၊ ဆွေးနွေးစေချင်ပါသည်။ မရှက်ကြောက်သင့်ပါ။ စကားပြောဆိုရာတွင် ပြောရဲမေးရဲ ဖြစ်နေသင့်ပါသည်။ ရင်ထဲမှာ သံသယတွေ ရှင်းလင်းလာပါလိမ့်မည်။ ကိုယ်ရှင်းသွားရင် ကိုယ်ရှင်းသလို ကိုယ့်သူငယ်ချင်း ညီအစ်ကိုမောင်နှမများကို ပြောပြတိုင်ပင်ကြည့်လိုက်လျှင် အတွေးအသစ်များပင် ထပ်မံရရှိလာနိုင်ပါသည်။ အတွေးခေါ်သစ်များနှင့် တရားဆောင်းပါး၊ တရားစာပေ၊ တရားတော်များ နာကြားပြီး ပြန်လည်တိုက်ဆိုင် လေ့လာကြည့်ပါက ပို၍ရှင်းလင်းပါလိမ့်မည်။
        ရင်တွင်းမှာ အမှားများစွာဟာ တဖြည်းဖြည်းနဲ့ ပပျောက်သွားလိမ့်မည်။ ဗုဒ္ဓဘာသာ အခြေခံကျကျ နားလည်ပြီဟု မိမိကိုယ်ကိုယ် ယုံကြည်လာလျှင် သီလတရားလုံခြုံစေလျက် ဒါနအမှုတို့ကို လူငယ်များပီပီ ဆက်လက်ဝေဖန် လေ့လာနေရမည်။ ဒါနဆိုရာတွင်လည်း ပါရမီထိုက်သော ဒါနဖြစ်အောင် ဘယ်လိုပြုမလဲစဉ်းစားသင့်ပါသည်။ ၁။ နိဗ္ဗာန်ကို ဦးတည်ထားရမယ်။ ၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။ ၃။ မိမိအကျိုးကို မငဲ့ရဘူး ဆိုတဲ့ ဒီအချက်သုံးချက်နဲ့ ကိုက်မှသာ ပါရမီထိုက်သော ဒါနဖြစ်မှာပါ။ ထင်ရှားကျော်ကြားလိုသော စိတ်ဖြင့် ပြုသောဒါန၊ လောကီကောင်းကျိုးများကို လိုလားတဲ့စိတ်နှင့် ပြုသောဒါနဆိုရင်တော့ ပါရမီထိုက်သော ဒါနမဖြစ်နိုင်တော့ပါ။ မဖြစ်နိုင်လျှင် အကျိုးပေးသည်လည်း ကုသိုလ်ရသည် မှန်သော်လည်း စင်ကြယ်သောဒါန မဖြစ်နိုင်တော့ပေ။ ထပ်ပြီးလေ့လာကြည့်လျှင်လည်း ဒါနပြုသည်ဆိုသည်မှာလည်း မိမိမှာ ဘ၀များစွာက ထုံလာခဲ့သော လောဘကိလေသာကို လျော့အောင် ပါးအောင် စွန့်လွှတ်လှူဒါန်းလိုက်တာပါ။
        လူငယ်၏တာဝန်ကို ကျေပွန်လျက် ကိုးကွယ်မှုအစစ်အမှန်ကို တတ်သိနားလည်ကာ နိုင်ငံတော်အကျိုး၊ သာသနာအတော်အကျိုး သယ်ပိုးနိုင်သော သားကောင်းရတနာ သမီးကောင်း ရတနာများဖြစ်ကြပါစေ။
        အမောင်(ရေနံ့သာ)
        Theravada Buddhist Youth Organization (TBYO)မှ တဆင့် ပြန်လည် ကူးယူဖော်ပြသည်။
        ပြည်သူ့အသံ – လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် – လွှတ်တော်ကဖော်ဆောင်ရွက် ၊ ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြည်ပရောက် နိုင်ငံသားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံ့ရေးရာများတွင် ပူးပေါင်းပါ
        1. ပြည်သူ့အသံ – လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် – လွှတ်တော်ကဖော်ဆောင်ရွက် ၊
        2. ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြည်ပရောက် နိုင်ငံသားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံ့ရေးရာများတွင် ပူးပေါင်းပါဝင်ခွင့်ရရန် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်စေရေး အတွက် နိုင်ငံတော် သမ္မတအား မေတ္တာရပ်ခံ ၊ 
        3. ဘာလဲဟဲ့ စတုတ္ထမဏ္ဍိုင် ၊
        4. အရပ်ဘက်အစိုးရ အုပ်ချုပ်နေပြီဖြစ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မြို့ပေါ်လုံခြုံရေးဆိုင်ရာများကို ရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေးရယူရန် စတင်ပြင်ဆင်  ၊
        5.  နိုင်ငံရေး အခြေအနေ နှင့် ပို့ကုန်ခွန်လျှော့ချပေးမှု၊ တရားဝင် ငွေလဲနှုန်းပြောင်းလဲရန် ပြင်ဆင်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားလာ ၊
        6. ထားဝယ်ရေနက် ဆိပ်ကမ်းကိုအမှီပြု၍ ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲမည့် တနင်္သာရီအမည်ရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တစ်ခုပေါ်ပေါက်လာရန်ရှိ ၊
        7. တစ်လခြောက်သောင်းဖြင့် အရစ်ကျတိုက်ခန်းများ ရောင်းချပေးသွားမည် ၊
        ပြည်သူ့အသံ – လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် – လွှတ်တော်ကဖော်ဆောင်ရွက်
        August 24, 2011
        By
        ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ခန်းမတွင် ကျင်းပခဲ့ရာ အစည်းဝေးအပြီး ခန်းမတွင်းမှ ပြန်လည်ထွက်ခွာ လာကြသော အနယ်နယ်အရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအား ဤသို့ တွေ့ရသည်။
        ပြည်သူ့အသံ – လွှတ်တော်အသ၊ံ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် – လွှတ်တော်ကဖော်ဆောင်ရွက်
        ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြည်ပရောက် နိုင်ငံသားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံ့ရေးရာများတွင် ပူးပေါင်းပါဝင်ခွင့်ရရန် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်စေရေး အတွက် နိုင်ငံတော် သမ္မတအား မေတ္တာရပ်ခံ
        6484
        ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအဆိုကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ဦးစံလင်း၊ ရန် ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ် မဲဆန္ဒ နယ်မှ ဦးဘရှိန်၊ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ ရှမ်းပြည်နယ် ရွာငံမဲဆန္ဒနယ်မှ ဦးအောင်သိန်း၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒ နယ်မှဦးစိုင်းမောင်တင်၊ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊  ကရင်ပြည်နယ် ဘားအံမဲဆန္ဒ နယ်မှ ဒေါ်နန်းစေအွာ၊ တနင်္သာရီ တိုင်းဒေသကြီး ရေးမဲဆန္ဒနယ်မှ ဒေါ်မိမြင့်သန်း၊ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်း၊ မွန်ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၊ မွန်ပြည်နယ် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသိန်းအောင်တို့က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
        ယုံကြည်ချက် ခံယူချက်ကြောင့် လုံခြုံရေးဥပဒေများနှင့် ငြိစွန်းပြီး ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများထဲ တွင် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အင်အားတစ်ရပ် ဖြစ်သည့် အသိပညာရှင်၊ အတတ် ပညာရှင်များ၊ နိုင်ငံရေးရာများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြမည့်သူ များပါရှိနေသည့်အပြင် ယုံကြည်ချက် ခံယူချက်ကြောင့် ပြည်ပ ရောက်ရှိနေသည့်  မြန်မာနိုင်ငံသား များ၊ ပြန်လည်လာရောက်နိုင်ရေး အတွက်လည်း အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်မှာ အရေးပါပြီး
        ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုနှင့် စပ် လျဉ်း၍ ဆွေးနွေးကြရာတွင် ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် တစ်လျှောက်လုံးတွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ဖူးသည့် သာဓကများလည်း ရှိခဲ့ကြောင်း၊ ၁၉၈၀ ပြည့်နှစ် ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင်များကိုပင် သင်ပုန်းချေရေးမူအရ ထိုစဉ်က လွှတ်တော်က ဖိတ်ခေါ်ခဲ့ဖူးသည့် အစဉ်အလာလည်း ရှိခဲ့ကြောင်း၊ ပြည် တွင်း၌ အကျဉ်းကျခံနေရသူများတွင် ယုံကြည်ချက်၊ ခံယူချက်ကြောင့် လုံခြုံရေးဥပဒေများနှင့် ငြိစွန်းပြီး အကျဉ်းကျခံနေရသူများ၊ ပြည်သူ က လေးစားယုံကြည်ကြသူများ၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် လိုအပ်သူ များလည်း ပါရှိနေကြောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြည်သူများက မျှော်လင့်နေကြလျက်ရှိပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက်ထုတ်ပြန်ရေးသည် ပြည်သူ့အသံဖြစ်ပြီး ကျင်းပနေဆဲ လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည်နှင့်အညီ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ထုတ်ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
        ယင်းအပြင် ပြည်တွင်း၌ ယုံကြည်ချက် ခံယူချက်ကြောင့် လုံခြုံရေးဥပဒေများနှင့် ငြိစွန်းပြီး ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများထဲ တွင် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အင်အားတစ်ရပ် ဖြစ်သည့်အသိပညာရှင်၊ အတတ် ပညာရှင်များ၊ နိုင်ငံရေးရာများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြမည့်သူ များပါရှိနေသည့်အပြင် ယုံကြည် ချက် ခံယူချက်ကြောင့် ပြည်ပ ရောက်ရှိနေသည့်  မြန်မာနိုင်ငံသား များ၊ ပြန်လည်လာရောက်နိုင်ရေး အတွက်လည်း အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်မှာ အရေးပါပြီး နိုင်ငံတော် သမ္မတကြီးက ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိ ပါက မြန်မာနိုင်ငံသို့ အချိန်မရွေး ပြန်လာနိုင်ကြောင်း၊ ပြစ်ဒဏ်ကျခံ ရန် မြန်မာနိုင်ငံသို့ ပြန်လာမည်ဆို ပါကလည်း သဘောထားကြီးစွာ စဉ်းစားပေးမည်ဆိုသည့် မိန့်ကြားချက် နှင့်အညီ အထွေထွေလွတ်ငြိမ်းချမ်း သာခွင့်များ ဆက်လက် ထုတ်ပြန်စေရေး အဆိုကို နိုင်ငံတော် သမ္မတထံ ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံရေးအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
        တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး တင့်ဆန်းနှင့် အခြားကိုယ်စားလှယ် တစ်ဦးတို့ကအကျဉ်းကျခံနေရသူများတွင် နိုင်ငံတော်အတွက် သက်စွန့် ကြိုးပမ်း တာဝန်ထမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက် တပ်မတော်သား အများအပြားပါရှိနေသည့်အတွက် အဆိုပါတပ်မတော်သားများ၏ တာ ၀န်ထမ်းဆောင်ခဲ့သည်များကို စာနာ ထောက်ထား၍ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် အမိန့်များဆက် လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆို ကို ထောက်ခံဆွေးနွေးခဲ့ကြသည်။
        ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်ကို ပြည်ထောင်စုဝန်ကြီး အနေဖြင့်လည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်စေရေး အတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော် သမ္မတအား မေတ္တာရပ်ခံကြောင်းကို နိုင်ငံတော် သမ္မတထံ အမြန်ဆုံးတင်ပြပေးသွား မည်ဟု ရှင်းလင်းဆွေးနွေး ခဲ့သည်။
        ယင်းကြောင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုမှ တစ်ဆင့် မေတ္တာရပ်ခံကြောင်း အတည်ပြု ကြေညာခဲ့သည်။
        ဘာလဲဟဲ့ စတုတ္ထမဏ္ဍိုင်
        Posted by ဒေါ်လာစား on 03:28
        ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင်မူ ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် ကန့်သက်ခဲ့ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
        ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် မရခဲ့တုန်းက မကျေမနပ် ဖြစ်ကြက သတင်းယူလိုဇောဖြင့် အဆိုပါလွှတ်တော်များကို တရားမျှတမှုမရှိသောလွှတ်တော် ၊ ၁၅ မိနစ်လွှတ်တော် ၊ တံခါးပိတ်လွှတ်တော် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဆိုသလို အမည်တပ်ကာ ကန့်ကွက်ခဲ့ကြပါတယ်။
        ဒီအထဲမှာ နာမည်ကျော်ပြည်ပမီဒီယာ များနှင့် မြန်မာ အတိုက်အခံဆိုသူများ၏ အသံက အကျယ်လောင်ဆုံး အစူးရှဆုံး ဖြစ်ခဲ့သည် ။ ပြည်တွင်းမီဒီယာများက အကြောင်းကြောင်းကိုထောက်၍ ပေါ်ပေါ်တင်တင် မဟုတ်သော်လည်း မချိတင်ကဲ ရေးသားဖေါ်ပြမှု များ ပြုလုပ်ခဲ့ကြပါတယ်။ တချို့ ဆိုရင် သေမလိုလိုတောင် ဖြစ်ခဲ့ကြပါသေးတယ်။
        ယခုလ ၂၂ ရက်နေ့ပမှစတင်ကျင်းပသော ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များအား သတင်းတက်ရောက်ယူခွင့် ပြုခဲ့ရာ ပထမနေ့တွင် နိုင်ငံပိုင် မီဒီယာများမှ သတင်းထောက်များအပါဝင် သတင်းထောက် ၁၀၀ ခန့်ပင်ရှိခဲ့ရာ..အထူးပင်စည်ကား ခဲ့ပါတယ်။
        ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
        ဒါပေမယ့် ဒုတိယနေ့မှာပဲ သတင်းထောက် ၃ ပုံ ၁ ပုံခန့် လျော့ကျသွားလေသည် ၊ သို့ဖြစ်ပါ၍ ပြန်ကြားရေးမှ တာဝန်ရှိသူများက မပြန်ကြရန်နှင့် မစ္စတာကင်တားနားလွှတ်တော်သို့ လာရောက်မည်ဖြစ်ကြောင်း အသိပေးပြောကြားကာ မေတ္တာရပ်ခံတားမြစ်ယူရ သည်အထိ ပြန်ချင် သူများခဲ့ပါတယ်။
        ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပထမနေ့သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၃၂ ဦး တက်ရောက်သတင်းရယူခဲ့သော်လည်း စတုတ္ထနေ့(၂၅-၈-၂၀၁၁)ရက်တွင် သတင်းမီဒီယာ ၃ ခုသာ ကျန်ရှိပြီး တက်ရောက်သတင်းရယူခဲ့သည်ကို တွေ့ရပါတယ်။
        အဲဒီ ၃ ခုကတော့ Eleven Media Group ၊ မြန်မာတိုင်းမ်နှင့် Envoy ဂျာနယ်တို့မှ သတင်းထောက်များဖြစ်ကြပါတယ်။ သတင်းမယူရလျှင်သေမလောက်ဖြစ်နေ ကုန်ကြသော နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် များ ကြက်ပျောက်ငှက်ပျောက် ဆိုသလို ပျောက် သွားကြကုန်လေတော့သည် ။ အလျှိုလျှို အိမ်ပြန်သွားကြကုန်တော့သည်။
        " ပထမနေ့က ၁၀၀ လောက်လာပြီး ခုတော့ ၃ ယောက်တည်းကျန်တော့တယ်ဆိုတာက တော်တော်ရုတ်ပျက်ဆင်းပျက်ဖြစ်တာပေါ့ဗျာ။ မီဒီယာသမားတွေက အပြောနဲ့အလုပ်မညီဖြစ်တာပေါ့ .. ပြည်တွင်း ပြည်ပသတင်းထောက်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်သတင်းရယူခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်လို့ ပထမဆုံးနေ့မှာ သတင်းမီဒီယာတွေစုံစုံညီညီလာရောက် သတင်းရယူကြတယ်။ ဒုတိယနေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana လာရောက်တဲ့အတွက် သတင်းထောက်အချို့ ရန်ကုန်ပြန်သွားပေမယ့်လည်း အတော်များများ ကျန်ရှိသတင်းရယူတာကို တွေ့ရသေးတယ်။ ဒါပေမယ့်လို့ တတိယနေ့နဲ့ စတုတ္ထနေ့မှာတော့ အကြာကြီးမထိုင်နိုင်တော့ဘူး။ အစတုန်းက ထူးထူးဆန်းဆန်းနဲ့ မတည်မငြိမ် အကွဲအပြဲတွေ ဖြစ်နေလို့ မီဒီယာသမားတွေကို မဝင်ခိုင်းတာထင်ပြီး အတင်းဝင်ချင်ကြတာ။ အခုတော့ အေးအေးဆေးဆေးနဲ့ ဆွေးနွေးစရာရှိတာကို အဆင့်တန်းရှိရှိဆွေးနွေးနေကြတာပဲဆိုတော့ ထင်ထားတာနဲ့ကွာနေတယ်။ ပြီးတော့ သတင်းစာနဲ့ သတင်းတွေထဲမှာလဲ ပြန်ပါလာမှာပဲလေ။ အဲဒီကျမှ ပြန်ဖတ်ပြီး ကိုယ့်ဘာကို စကားလုံးပြန်စီတော့ သက်သာတာပေါ့။ " လို့ မီဒီယာသမား တစ်ဦးက ပြောပါတယ်။
        သတင်းသမားတွေကိုယ်တိုင်က သတင်းကို စိတ်မဝင်စားပဲ အတင်းကိုစိတ်ဝင်စားနေတယ်လို့ ဝေဖန်သူတွေလည်းရှိပါတယ်။ ပြည်ပအခြေစိုက် မီဒီယာတွေကို အတုခိုးတာလို့လည်း ပြောကြပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ တင်သွင်းတဲ့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွေကို အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် ဆောင်ရွက်နေခြင်းများကို ထားရစ်ခဲ့ကြပါတယ်။
        အဲဒီနေ့မှာပဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်တဲ့
        (က) မြန်မာနိုင်ငံကုန်အမှတ်အသားဥပဒေ၊
        (ခ) လယ် ယာထွက်ကုန် ဈေးကွက်များ အက်ဥပဒေ၊
        (ဂ) ၁၉၄၇ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊
        (ဃ) တင်းတောင်း ဆန်ပမဏ အက်ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
        (က) The Myanmar Telegraph Act (1885)၊
        (ခ) The Myanmar Post Office (1989)၊
        (ဂ) The Myanmar Wireless Telegraphy (1933)
        တို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတို့ကို တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်မှ လက်ခံဆောင်ရွက်နေခြင်းတို့ကို မျက်ကွယ်ပြုခဲ့ကြပါတယ်။
        ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆ န္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့ချိန်မှာ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည် ထို့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ကြရာ..
        ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၏ တင်ပြ ချက်ကို ပြည်ထောင်စုဝန်ကြီးအနေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သ မ္မတအား မေတ္တာရပ်ခံကြောင်းကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင် ပြပေးသွားမည်ဟု ရှင်းလင်းဆွေး နွေးခဲ့ကြပါတယ်။
        ယင်းကြောင့် အထွေထွေလွှတ် ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက် လက်ထုတ်ပြန်စေရေးအတွက် ပြည် သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှတဆင့် မေတ္တာရပ်ခံကြောင်း အ တည်ပြုကြေညာခဲ့ပါတယ်။
        လွှတ်တော်အမတ်အများစုအနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီ နှင့် ၂၅%သောတပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဘာလုပ်လုပ်ကန့်ကွက်နေမှာပါ ဘာမှအလုပ်ဖြစ်မယ့်လွှတ်တော်မဟုတ်ပါဘူး ဆိုသူများပင် အံ့အားသင့်သွားခဲ့ရပါတယ်။
        ထိုသို့သောတစ်တိုင်းတစ်ပြည်လုံး ရှိအကြောင်းအမျိုးမျိုးကြောင့်အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ ခံနေရသူများနှင့်ဆွေမျိုးသားချင်းများ ၀မ်းမြောက်ကြရမည့်သတင်းကြီးအပါအ၀င် တိုင်းပြည်အတွက် အရေးပါလှသော သတင်းများကို ထားရစ်ခဲ့ကာ အိမ်ပြန်သွားကြကုန်သော စတုတ္ထမဏ္ဍိုင်များနှင့်သာ ဤမြန်မာပြည်ကြီး ခရီးဆက်ရမည်ဆိုပါလျှင် အလွန်စိုးရိမ်စရာဖြစ်ကြောင်းကို ဒေါက်တာဆိပ်ဖွားက ပြောဆိုထားပါတယ်။
        ဒီနေ့ မီဒီယာသမားတွေက ထင်တာကိုပဲရေးချင်ကြပြီး အရင်ရေးထားခဲ့တာတွေနဲ့ပတ်သက်လို့ တာဝန်မခံနိုင်ကြကြောင်းကို
        "ပြောထားတဲ့ စကားတွေကို တာဝန်ယူသင့်တယ်ဗျာ.. အထူးသဖြင့် ကိုယ့်သတင်းဌာနက အရင်တုန်းက ပြောထားတာက တစ်မျိုး၊ ဒါပေမယ့် အခုဖြစ်နေတာက တစ်မျိုးဆိုရင် ဝန်ခံရဲရမယ်ဗျ... အရင်တုန်းက ပြောခဲ့တာတွေရှိတယ်လေ.. တံခါးပိတ်လွှတ်တော်၊ ၁၅ မိနစ်လွှတ်တော်၊ တပ်မတော်သား အမတ်တွေက ကျောက်ရုပ်တွေပေါ့... ခုတော့ သူတို့ပြောတဲ့အတိုင်း ဟုတ်မှ မဟုတ်တာ.. တံခါးတွေလည်းဖွင့်ထားတယ်.. ၁၅ မိနစ်လွှတ်တော်မဟုတ်တဲ့အပြင် ခဏနားချိန် ၁၅ မိနစ်တောင် မနည်းတောင်းနေရတယ်... တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျသူလွတ်မြောက်ရေးမှာ ထောက်ခံကြတယ် ဆိုတော့ မီဒီယာသမားတွေအနေနဲ့ သူတို့ထင်ထားတာတွေ မှားယွင်းကြောင်း ဝန်ခံသင့်တယ်ဗျ.. ကြီးကြီးကျယ်ကျယ်တွေပြောပြီး ရှက်တတ်သင့်တာပေါ့ဗျာ.." လို့ ဝါရင့် နိုင်ငံရေးသမားတစ်ဦးက ဆိုပါတယ်။
        ပြည်တွင်းမီဒီယာတွေရော ပြည်ပမီဒီယာတွေရောက ပရိတ်သက်အကြိုက် အတင်းတွေကိုပဲ ရေးချင်နေကြပါတယ်။ သတင်းအစစ်အမှန်ကို စိတ်လည်းမဝင်စားသလို ရေးလည်းမရေးချင်ကြပါဘူး။ အထူးသဖြင့် အစိုးရမကောင်းကြောင်းကို ရေးချင်ကြပြီး အစိုးရရဲ့ ကောင်းကြောင်းမရေးချင်ရင်တောင် လက်ရှိတကယ့်အခြေအနေကို ရေးဖို့ ဝန်လေးနေကြပါတယ်။ ပြည်ပမီဒီယာအခြေဆိုက် မီဒီယာတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့အချင်းချင်း၊ သူတို့ရဲ့ မီဒီယာ ဌာနထဲမှာ အကွဲအပြဲတွေ ဖြစ်နေတာကိုတော့ ဘယ်သူမှ မသိအောင် ဖုံးထားပြီး အစိုးရကိုတော့ ထင်ကြေးတွေပေးကာ အတင်းကွဲပြဲခိုင်းနေကြပါတယ်။
        အထူးသဖြင့် မလေးရှား NLD LA အတွင်းမှ အကွဲအပြဲများ၊ RFA က အင်ကြင်းနိုင်နဲ့ စိုင်းသိန်းဝင်း တို့ ဇတ်လမ်း၊ RFA က မဆုမွန်နဲ့ ဘုန်းကြီးတစ်ပါး နဲ့ ကိစ္စ၊ မိုးသွေးငယ်နဲ့ ငယ်နိုင်ရဲ့ အရှုတ်တော်ပုံ၊ DVB က ကိုထက်အောင်ကျော်တို့ကို ထုတ်လိုက်တဲ့ကိစ္စ နဲ့ ဧရာဝတီနဲ့ ဒိန်းမတ် သံရုံး ကိစ္စတွေကို မီဒီယာတွေမှာမတွေ့ကြောင်း၊ ဖြစ်ရပ်မှန်တွေနဲ့ အတွင်းရေးကြတော့ မတင်ကြောင်း၊ အစိုးရမကောင်းကြောင်း အတင်းတွေကိုသာ ပြောနေကြပြီး ငွေတွေလိမ်တောင်းနေကြောင်းနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်ဟောင်း တစ်ဦးက
        "မီဒီယာတွေ၊ မီဒီယာတွေ တော်တော်လည်းတရားကျဖို့ကောင်းပါတယ်..။ အစိုးရရဲ့ မကောင်း သတင်းတွေကြတော့ ဟုတ်တာတွေရော မဟုတ်တာတွေရော ရရင်ရသလိုတင်ကြပြုကြ ဆွေးနွေးကြနဲ့။ ကိုယ့်အတွင်းထဲက ကိစ္စကြတော့ ရေငုံနှုတ်ပိတ်နဲ့နေကြပါတယ်။ ဒါလား ဘက်မလိုက်တဲ့မီဒီယာ။ မလေးရှား NLD LA ကိစ္စ၊ RFA က အင်ကြင်းနိုင်နဲ့ စိုင်းသိန်းဝင်း ကိစ္စ၊ RFA က မဆုမွန်နဲ့ ဘုန်းကြီးတစ်ပါးကိစ္စ၊ မိုးသွေးငယ်နဲ့ ငယ်နိုင်ရဲ့ အရှုတ်တော်ပုံ၊ DVB က ကိုထက်အောင်ကျော်တို့ကို ထုတ်လိုက်တဲ့ကိစ္စကို မီဒီယာတွေမှာမတွေ့ဘူး ။ DVB ရဲ့ အတွင်းရေးကြတော့ မတင်။ ကာယကံရှင်က ရေးမှဖတ်ရတယ်...။ FTUB က ဦးမောင်မောင်အာဏာရှင်ဆန်ဆန် လုပ်နေတဲ့အပေါက်ကိုလည်း မီဒီယာတွေမတင်ပြန်။ ဘယ်အလုပ်သမားကိုမှ ကိုယ်စားမပြုတဲ့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆိုပြီး ငွေတွေလိမ်တောင်း၊ မိမိအာဏာရအောင်ငွေတွေနဲ့ဝယ်၊ အလုပ်ရှင်လို မိမိဝန်ထမ်းတွေကို ဖြုချင်သလိုဖြုတ်၊ တယ်လည်းဟုတ်ကြပါတယ်။ ဒီလောက်ဖြစ်နေတာကိုကြတဲ့ သတင်းတွေကိုတော့ BBC VOA RFA DVB Irrawaddy Mizzima သတင်းဌာနတွေမှာမတွေ့။ အင်း..သတင်းမဖြစ်လို့နေမှာပေါ့ဗျာ.။ Irrawaddy ရဲ့ ဒိန်းမတ်သံရုံးကိစ္စတုန်းကလည်း ဒီလိုပဲ။ သူများဆီကထွက်လာမှကြားရ..။ ကိုယ့်အချင်းချင်းဆိုပြီး မတင်တာလားမသိ။ ဒါဆိုရင်တော့ ဘယ်တရားပါ့မလဲဗျာ..။" လို့ပြောပါတယ်။
        စတုတ္ထမဏ္ဍိုင် ဆိုပြီးရပ်တည်နေတဲ့ မီဒီယာသမားတွေအနေနဲ့ မီဒီယာသမားကောင်း ပြီသဖို့လိုပါတယ်။ အရှိကို အရှိအတိုင်းလက်ခံဖို့နဲ့ ပြောရဲဆိုရဲဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဖူးပါတယ်။ ဒါကြောင့် မီဒီယာ သမားအားလုံး သူများအတွင်းရေးနဲ့ အကွဲအပြဲတွေကို မလွှတ်စတမ်း တင်နိုင်ကြသလို ထိန်ချန်ထားတဲ့ ကိုယ့်ဘက်က အကွဲ့အပြဲတွေကိုလည်း တင်နိုင်ပါမှသာ ဒီနေ့အချိန်မှာ တဖြည်းဖြည်း သိက္ခာကျဆင်းလာတဲ့ စတုတ္ထမဏ္ဍိုင် (သို့မဟုတ်)ေ-ာက်သုံးမကျ မဏ္ဍိုင် ဆိုတဲ့ မီဒီယာသမားတွေရဲ့ ဘဝကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
        အရပ်ဘက်အစိုးရ အုပ်ချုပ်နေပြီဖြစ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မြို့ပေါ်လုံခြုံရေးဆိုင်ရာများကို ရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေးရယူရန် စတင်ပြင်ဆင်
        ယခုအခါ မြန်မာနိုင်ငံ၌ ပါတီ စုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီဖြစ်သည့် အရပ်ဘက် အစိုးရက အုပ်ချုပ်နေပြီဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ မြို့ပေါ်လုံခြုံရေးဆိုင်ရာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေးရယူရန် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။
        မြန်မာတစ်နိုင်ငံလုံးရှိ လေဆိပ်၊ ဆိပ်ကမ်းကဲ့သို့ အဓိက၀င်ပေါက် များနှင့် မြို့ပေါ်လုံခြုံရေးဆိုင်ရာများ ကို ရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေး ရယူရန်စတင် ပြင်ဆင်လျက်ရှိကြောင်း နှင့် လွှဲပြောင်းယူမည့် နေရာအချို့ကို စစ်ဆေးမှုများပြုလုပ်နေပြီး လိုအပ်သည့် နေရာများတွင် ရဲအင်အားများ တိုးမြှင့်ထားရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
        လေဆိပ်၊ ဆိပ်ကမ်း၊ ဘူတာရုံ အဝေးပြေး ဂိတ်ကဲ့သို့ အဓိက၀င်ပေါက်၊ ထွက်ပေါက်များနှင့် ပြစ်မှုအများဆုံး ဖြစ်ပွားနိုင်သည့် လူစည်ကားရာနေရာများတွင် မြို့ပြလုံခြုံရေးဆိုင်ရာများကို ယခင်က တပ်မတော်နှင့် ရဲတပ်ဖွဲ့မှပူးပေါင်း လုံခြုံရေးရယူ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင်ရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေးရယူနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
        အရင်တုန်းက တပ်မတော်နဲ့ ရဲတို့ပူးပေါင်းပြီး လုံခြုံရေးတာဝန်ယူထားတဲ့ အဓိကနေရာတွေမှာ ရဲတပ်ဖွဲ့ အနေနဲ့ အပြည့်အ၀ တာဝန်ယူဖို့ စပြင်ဆင်နေပါပြီ။ အဓိကအနေနဲ့ တော့ လေဆိပ်တွေ၊ အဝေးပြေးဂိတ်တွေ၊ ဘူတာရုံတွေ စတဲ့အဓိက အ၀င်အထွက်လမ်းကြောင်းရှိပြီး၊ ပြစ်မှု ဖြစ်ပွားနိုင်တဲ့နေရာတွေကို ရဲတပ်ဖွဲ့ပဲ အပြည့်အ၀ တာဝန်ယူပြီးလုံခြုံရေး ဆောင်ရွက်သွားမှာပါ။ ရန်ကုန် အပါအ၀င် မြန်မာတစ်နိုင်ငံလုံး မြို့ပြ လုံခြုံရေးပိုင်း ဆိုင်ရာမှာ ရဲတပ်ဖွဲ့ကပဲ အပြည့်အ၀ တာဝန်ယူသွားမှာပါ"ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
        နိုင်ငံရေး အခြေအနေ နှင့် ပို့ကုန်ခွန်လျှော့ချပေးမှု၊ တရားဝင် ငွေလဲနှုန်းပြောင်းလဲရန် ပြင်ဆင်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားလာ
        6482
        ကျောက်စိမ်းအဓိက ထွက်ရှိရာ ဖားကန့်ဒေသကို တွေ့ရစဉ်
        နိုင်ငံရေး အခြေအနေများနှင့် ပို့ကုန်ခွန် (ကုန်သွယ်လုပ်ငန်းခွန်) လျှော့ချပေးမှု၊ တရားဝင် သတ်မှတ်ထားသော ငွေလဲနှုန်းပြောင်းလဲရန် ပြင်ဆင်မှုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေဖြင့် ကုန်ထုတ်လုပ်ငန်း များနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားလာကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်း ရရှိပါသည်။
        ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှု၊ စက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားလုပ်ငန်းများ ပိုမိုများပြားလာပြီး နိုင်ငံတကာ လုပ်ငန်းကြီးများ လေ့လာသုံးသပ်လျက် ရှိကြောင်း၊ လျှပ်စစ်၊ သယ်ယူပို့ ဆောင်ရေး၊ ဆက်သွယ်ရေး ကဲ့သို့ အခြေခံ အဆောက်အဦဆိုင်ရာ လိုအပ်ချက်များ၊ ငွေလဲနှုန်း၊ အခွန်၊ ကုန်သွယ်ရေးမူဝါဒများ၊ စီးပွားရေးမူဝါဒများ နှင့် နိုင်ငံရေး၊ စီပွားရေး တည်ငြိမ်မှု တို့ကို စုံစမ်းလျက်ရှိပြီး အကဲဖြတ်နေကြောင်း သိရပါသည်။
        နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၏ မြန်မာပြည်ရုံး ကိုယ်စားလှယ်တစ်ဦးကလည်း "အခုအနေအထားက နိုင်ငံခြားလုပ်ငန်းတွေ စန်းပွင့်တဲ့ ၁၉၉၀ ကနေ ၁၉၉၆ ၀န်းကျင်ကို မမီသေးပေမယ့် အခြေအနေကတော့ တော်တော်တိုးတက် ကောင်းမွန်လာတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံရေးအရ တည်ငြိမ်မှုကို မျှော်လင့်လို့ ရလာတယ်။ စီးပွားရေးမှာလည်း ပို့ကုန်အခွန် လျှော့ပေးတာမျိုး၊ တရား ၀င်ငွေလဲနှုန်း ပြင်ဆင်ပေးမယ် ဆိုတာမျိုး၊ ခေတ်နဲ့လျော်ညီအောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပြင်ဆင်သွားမယ် ဆိုတာမျိုးစတဲ့မူဝါဒတွေ တွေ့လာရတယ်။ ၁၉၉၀  ကျော် နှစ်တွေတုန်းက ကုန်ထုတ်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ကုန်သွယ်လုပ်ငန်းတွေမှာ နိုင်ငံခြားလုပ်ငန်းတွေ ၀င်ရောက်မြှုပ်နှံကြတာပါ။ အခု ဖြစ်လာတဲ့နိုင်ငံရေး၊ စီးပွားရေးအနေအထားကြောင့် အရင်လိုအနေအထား မျိုးပြန်ဖြစ်လာနိုင်ပါတယ်"ဟု ရှင်းပြပါသည်။
        နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရန် စုံစမ်းလေ့လာမှု ပြုလုပ်ရာတွင် အစိုးရဌာနဆိုင်ရာ များသို့ တိုက်ရိုက်မေးမြန်းခြင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီးဖြစ်သော နိုင်ငံခြားလုပ်ငန်းများ၏ ထင်မြင်ချက် များရယူခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အချို့နှင့် တိုင်ပင်နှီးနှောခြင်းများ ပြုလုပ်သည့်အပြင် ကမ္ဘာ့အဆင့် အဖွဲ့အစည်းများ၏ သုံးသပ်ချက်များကိုပါ ထည့်သွင်းချိန်ဆကြောင်း သိရပါသည်။
        မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုတို့မှာ အပြန်အလှန်ဆက်စပ်မှု မရှိဖြစ်နေပြီး ထိုကဲ့သို့ဆက်စပ်မှု မရှိခြင်းမှာ ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းနှင့် အခြားသော အကြောင်းအရာများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သိသာစွာကျဆင်း သွားခြင်းကြောင့်လည်းကောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့မှု နည်းခြင်းကြောင့် လည်းကောင်း၊ အဆိုပါ Independent Variables များဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်နှစ်ခု ဆက်စပ်မှု မရှိ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး တိုးတက်မှုတို့ ဆက်စပ်မှုမရှိခြင်းဖြစ်နိုင်ကြောင်း သမ္မတရုံး အကြံပေးအဖွဲ့ ၀င် ဦးဆက်အောင်က နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် တင်သွင်းဆွေးနွေးသည့် 'မြန်မာနိုင်ငံ ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ' စာတမ်းတွင် ထည့်သွင်း တင်ပြထားပါသည်။
        မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသော နိုင်ငံခြားလုပ်ငန်းများတွင် ဒေသတွင်းလုပ်ငန်း များအပြင် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ ပါဝင်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါ အခြေအနေများကြောင့် နယ်ပယ်အသီးသီးရှိ ပြည်တွင်း လုပ်ငန်းရှင်အချို့သည်  နိုင်ငံတကာလုပ်ငန်းကြီးများ ၀င်ရောက်လာပါက ယှဉ်ပြိုင်နိုင်စွမ်းရှိရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
        ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းက "ဒီကအခြေအနေတွေ တိုးတက်ကောင်းမွန် လာတာနဲ့အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက် လာမှာပါ။ ရင်းနှီးမြှုပ်နှံသူတွေ အခက်အခဲဖြစ်စေတဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးမူဝါဒတွေ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒ စတာ တွေကို အစိုးရက လျော်ညီအောင် ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အခုလို သယံဇာတဘက်မှာချည်း စုပြုံတိုးနေမှာ မဟုတ်ဘူး။ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဘက်ကို ပါဝင်လာမှာပါ။ ပြည်တွင်းလုပ်ငန်းရှင် တချို့လည်း နိုင်ငံစုံကော်ပိုရေးရှင်းတွေ ၀င်လာတဲ့အခါ ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။ ပြိုင်နိုင်အောင်လုပ်တာ ကောင်းတယ်။ ဈေးကွက် စီးပွားရေးအဖြစ် သွားမှာဖြစ်တာကြောင့် မလာနဲ့ပြောလို့မရဘူး။ မပြိုင်နိုင်တဲ့ သူကျရှုံးမှာ ဖြစ်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေ ကြိုတင်ပြင်ဆင်သင့်တယ်"ဟု သုံးသပ်ပါသည်။
        ပါမောက္ခဒေါ်လှမြင့် က လည်း "မူဝါဒတွေ ကောင်းမွန်တိုးတက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကို စီးဝင်လာမှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသဘောက ရင်းနှီးမြှုပ် နှံမှု၊ ကုန်သွယ်မှုနဲ့ စီးပွားရေးမူဝါဒတွေ အားနည်းနေရင်၊ အခြေခံ အဆောက်အဦ မပြည့်စုံရင် သယံဇာတကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုပဲ လုပ်မှာပါ။ နောက်တစ်ခုက နည်းပညာနဲ့ အရင်းအနှီးနည်းပါးတဲ့ ၀န်ဆောင်မှု လုပ်ငန်းလည်း လုပ်နိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးကဏ္ဍကို ၀င်လာမယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်တယ်။ နိုင်ငံတကာ လုပ်ငန်းကြီးတွေဝင်လာတဲ့အတွက် ပြည်တွင်းလုပ်ငန်းရဲ့ယှဉ်ပြိုင်မှု စွမ်းရည်တိုးလာမယ်၊ အတွေ့အကြုံနဲ့ လုပ်ပုံကိုင်ပုံတွေ ရလာမယ်"ဟု ထင်မြင်ချက်ပေးပါသည်။
        ထားဝယ်ရေနက် ဆိပ်ကမ်းကိုအမှီပြု၍ ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲမည့် တနင်္သာရီအမည်ရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တစ်ခုပေါ်ပေါက်လာရန်ရှိ
        4213
        ထားဝယ်ရေနက် ဆိပ်ကမ်းကို အမှီပြု၍ ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲမည့် တနင်္သာရီအမည်ရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခု ပေါ်ပေါက် လာရန်ရှိကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
        ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာမည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် အဆိုပါစီမံကိန်းတွင် ပါဝင် တည်ဆောက်မည့် နည်းပညာရှင်များ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအရ မြန်မာနိုင်ငံသို့လာရောက်ရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှတစ်ဆင့် ရန်ကုန်သို့ လေကြောင်းဖြင့် ဦးစွာလာရောက်ရပြီး ထိုမှ ထားဝယ်မြို့သို့ ပြန်လည်သွားရောက်ရသည်။ ထိုသို့ ခရီးစဉ်အဆင့်ဆင့်ဖြင့် အချိန်ယူ သွားရောက်ရခြင်းမှ ပြေလည်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ အတွက် ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပပုံမှန်လေကြောင်း ခရီးစဉ်များကို ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တစ်ခု တည်ထောင်ပြေးဆွဲသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
        "ဘန်ကောက်ကနေ ရန်ကုန်ကို အများဆုံး တစ်နာရီဝန်းကျင်ကြာတယ်၊ ရန်ကုန်နဲ့ ထားဝယ်နဲ့က တစ်နာရီခွဲ ၀န်းကျင်လောက် ကြာတယ်။ ထားဝယ် flight က နေ့တိုင်းရှိတာ မဟုတ်ဘူး။ ထားဝယ်-ဘန်ကောက် ခရီးစဉ်သာ ဆွဲနိုင်မယ်ဆိုရင် အရမ်း အဆင်ပြေမယ်။ ပြီးတော့ ထားဝယ် နဲ့ ကပ်နေတာက ထိုင်းနိုင်ငံရဲ့ ဟွာဟင်းလေဆိပ်ပဲ။ ထားဝယ်နဲ့ဟွာဟင်းဆိုရင် တစ်နေ့ကို ခရီးစဉ် ၈ ခေါက်လောက် ပုံမှန်ဆွဲနိုင်တဲ့ အနေအထား ရှိတယ်။ အခုလို ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်စဉ် ကာလအတွက်ရော၊ ရေနက်ဆိပ်ကမ်း ပြီးသွားချိန်မှာရော လေကြောင်းကဏ္ဍဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ် အဖြစ် ပါဝင်နေပါတယ်"ဟု ၀ါရင့် လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
        ထားဝယ်လေဆိပ်မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲရန်ရှိသည့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် အမည်ကို တနင်္သာရီလေကြောင်း လိုင်းဟု အမည် လျာထားပေးထားမှု ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပိုင် ပုဂ္ဂလိက လေကြောင်းလိုင်း သုံးခုရှိပြီး ၎င်းတို့မှာ Air Bagan ၊ Asian Wings  နှင့် Air KBZ တို့ဖြစ်သည်။    
        တစ်လခြောက်သောင်းဖြင့် အရစ်ကျတိုက်ခန်းများ ရောင်းချပေးသွားမည်
        ရန်ကုန် ၊ သြဂုတ် ၂၃
        တစ်လလျှင် ခြောက်သောင်းကျပ် အရစ်ကျသွင်းသွားရုံဖြင့် တိုက်ခန်းပိုင်ဆိုင်နိုင်မည့် အိမ်ရာစီမံကိန်းကို တော်ဝင်မိသားစုကုမ္ပဏီမှ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်နှင့် ၄၂ ရပ်ကွက်တို့ကြား မြေကွက်လပ်များပေါ်၌ တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။ အဆိုပါအိမ်ရာ၏ တည်နေရာသည် မြောက်ဥက္ကလာပ အ၀ိုင်း၊ ဘေလီတံတား၊ စက်မှုဇုန် စသည်တို့နှင့် နီးပြီး သွားရေးလာရေး လွယ်ကူသော နေရာ ဖြစ်ကြောင်း သိရှိရသည်။
        ဤတန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို ရည်ရွယ်ကြောင်း၊ အစိုးရ၀န်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ အတွက် ပုံစံတစ်မျိုး၊ အခြေခံလူတန်းစားများ အတွက် ပုံစံတစ်မျိုး တည်ဆောက်သွားမည် ဖြစ်ပြီး တစ်လလျှင် ငွေကျပ် ခြောက်သောင်းခန့် ပေးသွင်းသွားရုံဖြင့် အိမ်ခန်းပိုင် ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း၊ အမြင့်ဆုံး ၆ လွှာအထိသာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ အိမ်ရာများကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်သွားမည် ဖြစ်သလို အခြေခံအဆောက်အဦများ ဖြစ်သည့် ကျောင်း၊ ဆေးခန်း၊ ဈေးဆိုင်တန်း စသည်တို့ကို ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
        ထို့အပြင် တော်ဝင်မိသားစုကုမ္ပဏီ၏ Taw Win Development Foundation ၏ ပညာရေး အထောက်အပံ့ ပေးခြင်းများကို အဆိုပါ အိမ်ရာတွင် နေထိုင်မည့် မတတ်နိုင်သော ကလေးငယ်များ၊ လူငယ်များသို့ပါ ပေးအပ်သွားမည် ဖြစ်ကြောင်း တော်ဝင်မိသားစုကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။
        လတ်တလော၌ အိမ်ခန်းတစ်ခန်း၏ တန်ဖိုးကို ကျပ် ၂၅ သိန်းခန့် သတ်မှတ်ထားပြီး အမှန်တကယ် အိမ်ပိုင် မရှိသေးသူများကိုသာ စိစစ်ရောင်းချသွားမည် ဖြစ်ကြောင်း၊ မိသားစုတစ်စုလျှင် အိမ်ခန်းတစ်ခန်းသာ ရောင်းချပေးမည်ဖြစ်ပြီး မကြာခင် စတင် တည်ဆောက် တော့မည်  ဖြစ်ကြောင်း သတင်းရရှိသည်။
        --
        ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group  စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail  ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။  ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
        ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
         Myanmar Daily Mail Group တွင်  Member ဝင်လိုပါက  mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member  အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။
        Myanmar Daily Mail Sponsored by Mayanmar Daily Mail Group