မြန်မာ နိုင်ငံ မှာ Center number ပြောင်း ရင် Massage အလကား ပို့ လို့ ရပြီ ၊ GSM Message ကို Free ပို့လို့ရပါပြီ ၊ တယ်လီဖုန်းခေါ်ဆိုမှုစင်တာ ဖွင့်လှစ်တော့မည်ဟုဆို ၊ ၂၀၁၁ ခုနှစ်သည် ဟန်းဆက်အရောင်းဆိုင်နှင့် ဟန်းဆက်ရောင်းအား နှစ်ဆတိုးသည့်နှစ်ဖြစ်ကြောင်း အေ
  1. မြန်မာ နိုင်ငံ မှာ Center number ပြောင်း ရင် Massage အလကား ပို့ လို့ ရပြီ ၊
  2. GSM Message ကို Free ပို့လို့ရပါပြီ ၊
  3. တယ်လီဖုန်းခေါ်ဆိုမှုစင်တာ ဖွင့်လှစ်တော့မည်ဟုဆို  ၊
  4.  ၂၀၁၁ ခုနှစ်သည် ဟန်းဆက်အရောင်းဆိုင်နှင့် ဟန်းဆက်ရောင်းအား နှစ်ဆတိုးသည့်နှစ်ဖြစ်ကြောင်း အရောင်းဆိုင်များကဆို ၊
  5. ဆိုလာဖြင့် မိုဘိုင်းဖုန်းအားသွင်းစက် ဈေးကွက်တွင်း ဝင်လာ ၊
  6. တန်ဖိုးနည်း GSM ဖေဖော်ဝါရီမှ ပေးနိုင်တော့မည် ၊
  7.  မန္တလေးတွင်FTTX တပ်ဆင်မှုဧရိယာ ထပ်မံချဲ့ ၊
  8.  မီးလောင်မှုသတင်းများနှင့် မီးငြှိမ်းသတ်ရေးစနစ်များ ပါဝင်သော ၀က်ဘ်ဆိုက်ကို ရုံးတွင်း ချိတ်ဆက် အသုံးပြုမည် ၊
  9. အင်ဗာတာထွန်စက် ဈေးကွက်သို့ဝင်လာ ၊
  10.  Micro-SIM ၏ သုံးပုံနှစ်ပုံအရွယ်သာရှိသည့် Nano-SIM ၊
  11. Photoshop နဲ့ Illustrator ကို မြန်မာလိုသင်မယ် ( for Oversea Guy ! ) ၊
  12. Apple ပစ0x081စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည် ၊
  13. ကမ္ဘာ့အပေါ့ပါးဆုံးအရာဝတ္ထုတစ်မျိုးကို သိပ္ပံပညာရှင်များတီထွင် ၊
  14. သက်တမ်း ၃၆ နှစ်ကြာ သုံးစွဲနိုင်မည့် LED မီးလုံး Samsung မိတ်ဆက်ပြသ  ၊
  15.  How to Change your IP ၊
  16.  Hacking password from USB ၊
  17. ANDROID သုံးသူများ သတိပြုရန် လိုအပ်နေပြီ ၊
  18. Virus ၏ ပင်ကိုယ် သဘောကို ရှင်းပြခြင်း ၊
  19. Ubuntuမှာ Zawgyi Font ထည့်နည်း..
မြန်မာ နိုင်ငံ မှာ Center number ပြောင်း ရင် Massage အလကား ပို့ လို့ ရပြီ
    Massage Center Number ပြောင်း ရင် ရ ပြီ လို့ ကြားနေ ပါတယ် ။ကျွှန်တော် စမ်းပြီး ပါပြီ 430 မှာ တော့ ရပါတယ် ။
    ပြောင်း ရ မဲ့ Center Number က တော့ +9595930014 ဖြစ်ပါတယ် ။
    http://www.mobilehouse.co.nr   မှာ မန်ဘာ ၀င် ပြီး  ဖုန်း နဲ့ ပတ်သတ်တာတွေ လေ့ လာ နိုင် ပါတယ် ။SMS center number  မပြောင်းတက်ရင် လဲ http://www.mobilehouse.co.nr  က C box ထဲ မှာ မေးမြန်းနိုင် ပါတယ် ။
    GSM Message ကို Free ပို့လို့ရပါပြီ
      တိုတိုတုတ်တုတ်ပဲပြောမယ်နော်
      ၁။သင့်ဖုန်းကGSMဖုန်းဖြစ်ပါစေ။
      ၂၊ဖုန်းရဲ့ Message ကိုသွားပါ။
      ၃။Message Setting ကိုဝင်ပါ။
      ၄။Message Center ကိုသွားပါ။
      ၅။အဲဒိမှာ *********003 လို့တွေ့ပါလိမ့်မယ်။
      ၆။အဲဒိကနောက်ဆုံးနှစ်လုံး 03 ကို 14 လို့ပြင်လိုက်ပါ။
      ၇။ပြီးရင်အပေါ်မှာဘာမှမရေးထားရင် SIM Center 1 လို့ပြင်လိုက်ပါ။
      ၈။တစ်ချို့ဖုန်းတွေမှာပြင်စရာမလိုပါဘူး။
      ၉။ပြင်ပြီးသွားပြီဆိုရင် ပိုက်ဆံစစ်ပြီး တစ်စောင်လောက်စမ်းပို့ကြည့်ပါ။
      ၁၀။ပိုက်ဆံကုန်တယ်ဆိုရင် အထက်ပါအချက်တွေကိုပြန်စစ်ပါ။ပိုက်ဆံမကုန်တော့ဘူးဆိုရင်တော့အောင်မြင်သွားပါပြီ။
                ကျေးဇူးတင်ပါတယ်။မရတဲ့သူတွေ ၀၉၄၃၁၅၈၄၈၅ ကိုဖုန်းဆက်ပြီးအသေးစိတ်မေးမြန်းနိုင်ပါတယ်။
      တယ်လီဖုန်းခေါ်ဆိုမှုစင်တာ ဖွင့်လှစ်တော့မည်ဟုဆို
      ၂၀၁၂ နှစ်ဆန်းပိုင်းကာလတွင် Call Centre ဝန်ဆောင်မှု စတင်နိုင်မည်ဖြစ်
      တယ်လီဖုန်းခေါ်ဆိုမှုစင်တာ ဖွင့်လှစ်တော့မည်ဟုဆို
      ပြည်တွင်းရှိ ပုဂ္ဂလိက နည်းပညာကုမ္ပဏီနှစ်ခုပူးပေါင်းပြီး တယ်လီဖုန်းခေါ်ဆိုမှုစင်တာ(Call Centre) တစ်ခုကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ဘလူးအိုးရှင်းကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် အဆိုပါ တယ်လီဖုန်းခေါ်ဆိုမှုစင်တာသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော အများပြည်သူသိလိုသည့် အချက်အလက်များကို ဖုန်းခေါ်ဆိုစုံစမ်းရုံဖြင့် အလွယ်တကူ သိရှိဆောင်ရွက်နိုင်မည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။
      အဆိုပါ Call Centre ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက "ဥပမာအားဖြင့် ကျန်းမာရေးကိစ္စတစ်ခုမှာ ဘယ်ရောဂါကို အဓိကကိုင်တွယ်တဲ့ ဆရာဝန်နဲ့ တွေ့ချင်ပါတယ်လို့ အသုံးပြုသူက ဖုန်းခေါ်ဆိုဆက်သွယ်လာရင် ကောစင်တာအနေနဲ့ သက်ဆိုင်ရာချိတ်ဆက်ထားတဲ့ ဆရာဝန်နဲ့ ကြားခံဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တခြားသော ကဏ္ဍတွေမှာလည်း ဒီလိုအလားတူပုံစံနဲ့ ဝန်ဆောင်မှုပေးသွားမှာပါ"ဟု ပြောသည်။
      အဆိုပါစင်တာမှာ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားမည်ဖြစ်ပြီး ထိုဝန်ဆောင်မှုကို အသုံးပြုလိုသူများ အနေဖြင့် ကြိုတင်ငွေဖြည့်ကတ်များဖြင့် ကန့်သတ်သတ်မှတ်ထားသည့် ငွေပမာဏအတွင်း ယင်းစင်တာသို့ သိလိုသည့်အချက်ဟူသမျှ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စတင်ဝန်ဆောင်မှု ပေးနိုင်မည့်အချိန်မှာ ၂၀၁၂ နှစ်ဆန်းပိုင်းကာလတွင်ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူကဆိုသည်။
      ရန်ကုန်မြို့တွင် ယခုကဲ့သို့ တယ်လီဖုန်းဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ကာ အများပြည်သူ သိလိုသည့် အချက်အလက်များကိုပေးခြင်း၊ ကြားခံဆက်သွယ်မှုများ ပြုလုပ်ပေးခြင်း စသည့် ဝန်ဆောင်မှုကို လွန်ခဲ့သည့် ၂၀၀၈ခုနှစ်ဝန်းကျင်ကပင် အခြားသော နည်းပညာကုမ္ပဏီအချို့က ဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြထားခြင်းများရှိခဲ့သော်လည်း ယင်းကဲ့သို့ စတင်အကောင်အထည်ဖော်လိုသည့် ကုမ္ပဏီများက အကောင်အထည်ဖော်ခွင့် မရခဲ့ပေ။
      ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှာ အစိုးရ၏ တရားဝင်ခွင့်ပြုချက်ရရှိထားသည့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများကို တစ်ဦးတည်း ဆောင်ရွက်ခွင့်ရသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဘလူးအိုးရှင်းကုမ္ပဏီမှာမူ ယင်းကုမ္ပဏီနှင့် အခြားသော သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းများ ပူးတွဲဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
      Credit: ယုဇနကိုကို (7Day News Journal)
      ၂၀၁၁ ခုနှစ်သည် ဟန်းဆက်အရောင်းဆိုင်နှင့် ဟန်းဆက်ရောင်းအား နှစ်ဆတိုးသည့်နှစ်ဖြစ်ကြောင်း အရောင်းဆိုင်များကဆို
      မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းလိုင်းအရေအတွက် တိုးမြှင့်ချထားပေးလာသည့် ၂၀၁၁ ခုနှစ်၌ ဟန်းဆက်အရောင်းဆိုင်နှင့် ဟန်းဆက်ရောင်းအားမှာ နှစ်ဆခန့်တိုးမြင့်လာခဲ့သည်ဟု ဈေးကွက်ကျွမ်းကျင်သူများကပြောသည်။ "အရောင်းဆိုင်အနေနဲ့ပြောရင် ရန်ကုန်မြို့မှာ အရေအတွက် ၃၀၀ ၀န်းကျင်လောက်အထိ ရှိလာတယ်လို့ ခန့်မှန်းရတယ်။ ထပ်ဖွင့်ဖို့ကလည်း ရာဂဏန်းနဲ့ချီပြီး ရှိနေနိုင်သေးတယ်။ ဒီနှစ်က စီဒီအမ်အေဖုန်းလိုင်းတွေလည်း အများကြီးချထားပေးလာတော့ အရောင်းဆိုင်နဲ့ အရောင်းအားဟာ နှစ်ဆလောက်အထိတော့ တက်လာတာအမှန်ပဲ" ဟု လူကြီးမင်း ဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုအောင်ကပြောသည်။ ဟန်းဆက်အရောင်ဆိုင်များနှင့် ဟန်းဆက်ရောင်းအားများသည် မြန်မာ့ဆက်သွယ်ရေးမှ လိုင်းအရေအတွက် တိုးမြှင့်ချထားပေးနေသည့်အပေါ် မှီခိုနေသည့်အလျောက် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများ ချထားပေးလာသည့်အခါ၌ ထပ်မံတိုးတက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။ "လွန်ခဲ့တဲ့ ၅ နှစ်လောက် ချထားပေးတဲ့ ဖုန်းလိုင်းအရေအတွက်ကို တစ်နှစ်လောက်အတွင်းမှာ ချထားပေးလာတဲ့အတွက် အရောင်းဆိုင်နဲ့ အရောင်းအင်အားဟာ တိုးတက်လာတာတော့အမှန်ပဲ။ ဒါကြောင့် နှစ်ဆလောက် တိုးတက်လာတာပါ" ဟု ACE မိုဘိုင်းဟန်းဆက် အရောင်းဆိုင်မှ ဦးသန်းထိုက်ကပြောသည်။ ၂၀၁၁ ခုနှစ်၏ ဟန်းဆက်ရောင်းအားသည် ဂျီအက်စ်အမ်နှင့် စီဒီအမ်အေနှိုင်းယှဉ်ပါက စီဒီအမ်အေအနေဖြင့် ပိုမိုရောင်းအားကောင်းမွန်ခဲ့ကြောင်း ဟန်းဆက်ရောင်းချသူများကပြောသည်။ "ဒီနှစ်ထဲမှာ ဂျီအက်စ်အမ်က နှစ်ဆနီးပါးလောက် ရောင်းအားတက်ခဲ့တယ်ဆိုရင် စီဒီအမ်အေက သုံးဆလောက်အထိ ရောင်းအားတက်လာခဲ့ပါတယ်။ ဈေးနှုန်းနိမ့်ဖုန်း တွေထွက်လာရင်လည်း ရောင်းအားက ဖုန်းလိုင်းချထားပေးတဲ့အရေအတွက် တစ်ဝက်လောက်ကိုတော့ ရောင်းရမှာပါ။ ဘာလို့လည်းဆိုတော့ လူတွေလက်ထဲမှာ ဂျီအက်စ်အမ်ဖုန်းတွေရှိပြီးသားဖြစ်နေတတ် ကြပါတယ်" ဟု AMT မိုဘိုင်းဖုန်းအရောင်းဆိုင်မှ မလွင်မာကပြောသည်။ မိုဘိုင်းဖုန်းလိုင်းများအား ငွေကျပ် ၅ သိန်းနှင့် ချထားပေးလာသည့်နောက်ပိုင်း ရောင်းအားနှင့် အရောင်းဆိုင်များ တိုးတက်လာခြင်းဖြစ်ပြီး ယခင် ၂၀၀၉၊ ၂၀၁၀ ခုနှစ်များနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှနှစ်ဆတိုးတက်လာခဲ့ခြင်းဖြစ်သည်။ ရေးသားသူ - မြင့်ကျော်လှိုင်
      ဆိုလာဖြင့် မိုဘိုင်းဖုန်းအားသွင်းစက် ဈေးကွက်တွင်း ဝင်လာ
      ရန်ကုန်၊ နိုဝင်ဘာ ၁၁
      ဆိုလာဖြင့် ပြုလုပ်ထားသည့် မိုဘိုင်းဖုန်းအားသွင်းချာတာများ ပြည်တွင်းဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာကြောင်း အရောင်းဆိုင်များမှ သိရသည်။
      အဆိုပါ အားသွင်းချာတာများ မှာ ရိုးရိုးသာမန်အားသွင်းစက်များ နှင့်မတူဘဲ ရိုးရိုး ဗဃ မီးပလပ်ပေါက် ဖြင့် အားသွင်းနိုင်ခြင်းအပြင် သဘာဝနေအလင်းရောင်ဖြင့်လည်း အား သွင်းနိုင်သည့် စနစ်ပါဝင်ကြောင်း သိရသည်။
      "နိုဝင်ဘာလ တတိယအပတ်လောက်စပြီး ဝင်ရောက်လာတာပါ၊ မိုဘိုင်းဖုန်းအပြင် MP3၊ MP4နဲ့ ဓာတ်မီးတို့ကိုလည်း အသုံးပြုနိုင်ပါတယ်၊ လက်ရှိတော့ မိုဘိုင်း ဖုန်းအတွက် အဓိကဝယ်ယူသူ ပိုများပါတယ်"ဟု ကျောက်တံတားမြို့နယ်ရှိ Faxကွန်ပျူတာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
      အဆိုပါ အားသွင်းပစ္စည်းတွင် အမျိုးအစားလေးမျိုးပါဝင်ပြီး အားသွင်းခြင်းများပြုလုပ်မည်ဆိုပါက ဆိုလာပြားရှိသည့် မျက်နှာပြင်အား သဘာဝနေအလင်းရောင် အောက်တွင် ၅ နာရီမျှထားရှိရမည်ဖြစ်ပြီး ရိုးရိုး ACမီးပလပ်ဖြင့် အားသွင်းမည်ဆိုပါက ၂ နာရီမျှ အားသွင်းရမည်ဖြစ်ကြောင်း သိရသည်။
      "နေအလင်းရောင်နဲ့ အားသွင်းတဲ့အခါ အားသွင်းမယ့် ဖုန်း၊ ဓာတ်မီးစတဲ့ ပစ္စည်းတွေကို ချိတ်ဆက်ထားရမှာ မဟုတ်ပါဘူး၊ အားသွင်းစက်တစ်ခုတည်းကိုပဲ အလင်းရောင်အောက်မှာ ထားရှိရမှာပါ၊ အားပြည့်တော့မှ USBအပေါက်မှာ ပြန်တပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ အားသွင်းထားပြီး ဘယ်အချိန်မှာ သုံးသုံးရပါတယ်၊ အားဝင်မဝင်ကိုတော့ သိချင်ရင် အားသွင်းစက်မှာပါတဲ့ မီးအနီလေးလုံးမှာ အစိမ်းတစ်လုံးလင်းလာပါ လိမ့်မယ်၊ အဓိကတော့ နယ်ဒေသတွေနဲ့ နယ်ခရီးသွားတဲ့ လူတွေ အတွက် တင်သွင်းရောင်းချရခြင်း ဖြစ်ပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
      အဆိုပါ ဆိုလာအားသွင်းစက် Sung Zuအမည်ရှိပြီး တရုတ် (တိုင်ပေ) နိုင်ငံမှ အဓိက တင်သွင်းခြင်းဖြစ်ပြီး အမျိုးအစားအပေါ် မူတည်၍ ကျပ် ၅ဝဝဝ မှ ၁၂၈ဝဝ အထိ ရှိပြီး ၁ဝ ရာခိုင်နှုန်း ဈေးနှုန်း လျှော့ချပေးထားကြောင်း သိရသည်။
      အောင်ဇော်
      တန်ဖိုးနည်း GSM ဖေဖော်ဝါရီမှ ပေးနိုင်တော့မည်
      တန်ဖိုးနည်းGSMဖုန်းများ ဖေဖော်ဝါရီလမှသာ ချထားပေးနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ယခင်က အဆိုပါ တန်ဖိုးနည်းGSMဖုန်းများကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင် ချထားပေးမည်ဟု ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိ တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး တွင်ဆက်သွယ်ရေးတာဝါ တိုင်များ တည်ဆောက်ပြီးစီးနိုင်ခြင်း မရှိသေးသည့်အတွက် ထပ်မံ၍ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့လိုက် ကြောင်း သိရသည်။"တာဝါတိုင် တည်ဆောက်ပြီး  စီးမှုမရှိသေးတာလည်းပါတာပေါ့။ အဓိကကတော့ အင်တာနက်စနစ် တစ်ပါတည်းပေးဖို့အတွက် အင်တာ နက်Gate Wayကြီးတွေတိုးချဲ့နေ တဲ့အ တွက်ကြောင့် သတ်မှတ်ထား တဲ့ အချိန်ထက်နောက်ကျသွားတာ ပါ။ လုပ်ငန်းတွေအမြန်ဆုံးပြီးအောင် တော့ ဆောင်ရွက်သွားမှာပါ" ဟု အထက်ပါပုဂ္ဂိုလ် က ပြော သည်။ အဆိုပါ တန်ဖိုးနည်းGSMဖုန်းများချထားပေးရာတွင် လက်ရှိ ငါးသိန်းတန်မိုဘိုင်းဖုန်းများကဲ့သို့ အဝင်ခေါ်ဆိုမှုပေးဆောင်စရာမလို ဘဲအထွက်ခေါ်ဆိုမှု ၅ဝ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး တန်ဖိုးနှုန်းထား မှာလည်းယခုအချိန်အထိသတ်မှတ် ထားခြင်းမရှိသေးကြောင်းသိရသည်။ "တန်ဖိုး နှုန်းထားေ တွကတော့ လုပ်ငန်းအားလုံးပြီလို့ ကုန်ကျ စရိတ် တွေ တွက်ချက်ပြီးမှသိရမှာပါ။ လက်ရှိနှုန်းထားထက်တော့ လျော့ နည်းမှာပါ။ အပြင်မှာ သတင်းတွေ ထွက်နေတဲ့ ၂ သိန်း ၅သောင်း ဆိုတာတော့မဟုတ် ပါဘူး။ ကော လာဟလတွေပါ။ ဈေးနှုန်းအသက် သာဆုံးဖြစ်အောင်တော့ ဆောင် ရွက်သွားမှာပါ" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြော သည်။အဆိုပါ တန်ဖိုး နည်းဖုန်းများ ချထားပေးခြင်း၊ စီမံကိန်းစတင်ခြင်း ကို ၂ဝ၁၁ ခုနှစ်ဇူလိုင် ၂၇ ရက်၌ တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ပန္နက်တင် မင်္ဂလာပြုလုပ်ခဲ့ပြီး ပုဂ္ဂလိ က ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင် ရွက်ခြင်းနှင့်စက်ပစ္စည်းဝယ်ယူခြင်း လက်မှတ်ထိုးပွဲကို ၂ဝ၁၁ ခုနှစ်စက် တင်ဘာတွင်ပြုလုပ်ခဲ့ကာ လက်ရှိ တွင် ဖုန်းများအတွက် တာဝါတိုင်   ဆောက်လုပ်ခြင်းကို ပုဂ္ဂလိကကုမ္ပ ဏီများဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
      အောင်ဇော်
      မန္တလေးတွင်FTTX တပ်ဆင်မှုဧရိယာ ထပ်မံချဲ့
      ဖိုက်ဘာကေဘယ်လ်သုံးFTTX စနစ်မန္တလေးမြို့တွင် ဧရိယာတိုးချဲ့ တပ်ဆင်နေပြီဖြစ်ကြောင်းRed Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါFTTX စနစ်အား လက်ရှိတွင် မန္တလေးမြို့၌ ဝန်ဆောင် မှုပေးလျက်ရှိသော်လည်း ရန်ကုန် တွင် ယခုလမှသာစတင်ဆောင်ရွက် နေခြင်းဖြစ်သည်။"Red Link အနေနဲ့  မန္တလေး မှာFTTX တပ်ဆင်ခွင့်ရတဲ့ အပိုင်း ကတော့ ဘူတာကြီးအရှေ့ဘက်ခြမ်း  ပါ။ အရင် ဝန်ဆောင်မှုပေးနေတာက ချမ်းအေးသာဇံမြို့နယ်မှာရှိတဲ့ ၇၆ လမ်းနဲ့ ၃၅ လမ်း၊ ၂၆ လမ်းနဲ့ ၃၅ လမ်း၊ ၇၈ လမ်းနဲ့ ၇၃ လမ်းကို ဝန်ဆောင်မှုပေးထားတာပါ။ ဒီနှစ် မတ်လလောက်ကစပြီး ဝန်ဆောင် မှုပေးခဲ့တာဖြစ်ပါတယ်။ အခု တိုးချဲ့ ပြီးပေးမှာကလည်း ချမ်းအေးသာဇံ မြို့နယ်ထဲက ၁၉ လမ်းနှင့် ၃၅ လမ်းအတွင်းနဲ့ ၇၃ လမ်းနဲ့ ၅၈ လမ်းတို့ဖြစ်ပါတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။FTTX စနစ် တွင် ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက်သုံးမျိုးပါဝင် သော်လည်း လက်ရှိအချိန်အထိ ဖုန်းနှင့်အင်တာနက်နှစ်မျိုးသာ ဝန် ဆောင်မှုပေးနိုင်ပြီး ရုပ်သံလိုင်းစနစ် ကိုမူ ဝန်ဆောင်မှုပေးနိုင်ခြင်း မရှိသေး   ပေ။ "တပ်ဆင်တဲ့အပိုင်းမှာက ဖိုက် ဘာကေဘယ်လ်တွေချတဲ့နေရာမှာ အခက်အခဲတွေရှိပါတယ်။ မြေ အောက်ကနေကေဘယ်လ်ကြိုးတွေ သွားရတာဆိုတော့   မြေတူးတဲ့အခါ နေရာမလွတ်တာတွေ ရှိပါတယ်။ အရင် ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ အင်တာနက်ဆိုင်တွေ အသုံးပြုကြ တာများပါတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ အဆိုပါစနစ်အား မန္တလေးမြို့ တွင်Red Link နှင့်Fortune International ကုမ္ပဏီတို့လုပ်ပိုင်ခွင့် ရရှိခဲ့ပြီး မန္တလေးဘူတာကြီးမှ အရှေ့ အနောက်နှစ်ပိုင်းခွဲ၍ ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Red Link ကုမ္ပဏီတစ်ခုကသာ တပ်ဆင် မှုဧရိယာချဲ့ထွင်နေကြောင်း သိရ သည်။FTTX စနစ်တွင်  ရုပ်သံလိုင်း၊ အင်တာနက်၊ ဖုန်းနှစ်မျိုးစလုံး အတွက်ကနဦးတပ်ဆင်ခကျပ်ကိုး သိန်းနှင့် နှစ်စဉ်ကြေးကျပ်ရှစ်သောင်း လေးထောင် ကျသင့်မည်ဖြစ်ပြီး ဖုန်း နှင့်အင် တာနက် ၂ မျိုးအတွက် ကနဦးတပ်ဆင်ခမှာ ကျပ် ၇ သိန်းခွဲ နှင့်နှစ်စဉ်ကြေး ကျပ်ခြောက်သောင်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
      အောင်ဇော်
      မီးလောင်မှုသတင်းများနှင့် မီးငြှိမ်းသတ်ရေးစနစ်များ ပါဝင်သော ၀က်ဘ်ဆိုက်ကို ရုံးတွင်း ချိတ်ဆက် အသုံးပြုမည်
      နန္ဒာအောင်
      အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)
      ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ၊လာမည့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင်၊ မီးလောင်မှုသတင်းများနှင့် မီးငြှိမ်းသတ်ရေး စနစ်များ ပါဝင်သော Comment and Control Centre ၀က်ဘ်ဆိုက်ကို ရုံးတွင်းလွှင့်တင် တော့မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားသည်။
      "ဒီပရောဂျက်ကို လုပ်နေတာ ကြာပါပြီ။ ရုံးတွင်းမီးသတင်းတွေ အပြန်အလှန်ပေးပို့ စုံစမ်းမေးမြန်း နိုင်ပြီး မီးငြှိမ်းသတ်တဲ့ စနစ်တွေ စည်းမျည်း စည်းကမ်းတွေလည်း ပါဝင်မှာပါ။ ခေတ်နဲ့အညီ၊ နိုင်ငံတကာနဲ့ အညီ ဆောင်ရွက်ရမှာပါ။ နည်းပညာကိုတော့ ပုဂ္ဂလိကနဲ့ ၊ပူးပေါင်းထားပါတယ်။ နောက်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့ လောက်ဆို သုံးနိုင်မှာပါ။ လောလောဆယ်တော့ ရန်ကုန်တိုင်းဒေသကြီး ထဲက ခရိုင်မီးသတ်ဌာန ၂၂ ခုကို ချိတ်ဆက်ပေးထားမှာပါ။ နောက်ထပ်လည်း တိုးမြှင့်လုပ်ဆောင်ဖို့ ရှိတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။
      အဆိုပါစနစ်ကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဌာန ၄၂ ခုထဲမှ မီးသတ်ဌာန ၂၂ ခုတွင်သာ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင် မည်ဖြစ်ကြောင်း၊ ၎င်းစနစ်တွင် လမ်းကြောင်းပြ ဂျီပီအက်စ်စနစ်နှင့် အဆောက်အအုံ၊ tracking  ၊ စနစ်များ ပါဝင်မည်ဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာများကိုလည်း Suntac ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
      အင်ဗာတာထွန်စက် ဈေးကွက်သို့ဝင်လာ
      နေ့ဘက်တွင်လယ်ထွန်၍ ညဘက်တွင်မီးထွန်းနိုင်သည့် ထွန်စက်များ ပြည်တွင်းဈေးကွက်သို့ စတင်တင်သွင်းနေပြီဟု ရန်ကုန်ထရက်တာ ကုမ္ပဏီလီမိတက် က ပြော သည်။အဆိုပါ ထွန်စက်မှာ မြင်း ကောင်ရေ ၄၅ ကောင် အင်ဂျင် ဖြစ်ပြီး ရိုးရိုးလယ်ထွန်စက်များနှင့် မတူဘဲAC မီးပလပ်ပေါက်၊DC မီးပလပ်ပေါက်များပါဝင်ပြီး စက်နိုးစ ရာမလိုဘဲမီးအသုံးပြုနိုင်သည့်အင်ဗာ တာစနစ်ပါဝင်ကြောင်း သိရသည်။ "နိုဝင်ဘာလ ဒုတိယအပတ် လောက်ကစပြီး တင်သွင်းတာပါ။ လယ်ထွန်စက်အပြင်၊ မီးသီး၊ မီးချောင်း၊ TV စတဲ့ အီလက်ထ ရွန်းနစ်နဲ့ ပြုလုပ်ထားတဲ့ဘယ်ပစ္စည်း မဆို အသုံးပြုနိုင်ပါတယ်။ ထွန်စက် နဲ့မီးနဲ့လည်း တွဲသုံးလို့ရ တယ်"ဟု အထက်ပါ ကုမ္ပဏီမှ တာဝန်ရှိသူ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါထွန်စက်မှာ ထယ်သွား ၃ ခုမှ ၂၁ခုအထိ အသုံးပြုနိုင်သည့် အတွက် စပါးစိုက်ပျိုးသည့် စနစ် သာမက၊ ကြံစိုက်ပျိုးမှု၊ ရော်ဘာ စိုက်ပျိုးမှု၊ ပဲစိုက်ပျိုးမှုများတွင်ပါ အသုံးပြုနိုင်ပြီး ဆီသုံးစွဲမှုမှာတစ်ဂါ လန် ၁၅ မိုင်နှင့်တစ်ဧကလျှင် ၇၅ လီတာသာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။"မီးအသုံးပြုတဲ့ အခါမှာလည်း ရိုးရိုး မီးသီး၊ မီးချောင်းသာ အသုံး ပြုမယ်ဆိုရင်တော့ ၁၂ နာရီလောက် အထိ အသုံးပြုနိုင်တယ်။ တီဗီတို့၊ မီးပူတို့၊ ထမင်းချက်တာတို့ အသုံး ပြုမယ် ဆိုရင်တော့ ၄ နာရီလောက် ပဲ အသုံးပြုနိုင်မှာပါ။ အားကုန် သွားရင်တော့စက်ပြန်နှိုးပြီး အား သွင်းရမှာပါ။ အဓိက,ကတော့ မီး မရှိသေးတဲ့ ကျေးလက်ဒေသနဲ့ ည ဘက် အလုပ်လုပ်ချင်ကြတဲ့ လယ် သမားတွေအတွက် ရည်ရွယ်ပြီးတင် သွင်းရခြင်း ဖြစ်ပါတယ်"ဟုအထက် ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။အဆိုပါလယ်ထွန် စက်မှာ Farmtrac အမည်ရှိပြီး အိန္ဒိယနိုင်ငံ မှ ထုတ်လုပ်ထားခြင်းဖြစ်ကာ အော် တိုမစ်တစ် ဒက်အမ်ဒရက် ADDC၊ ဟိုက်ဒရောလစ်နည်းပညာ၊ အက်ဒ် ဗန့်ဒါရိုက်အင်ဂျက်ရှင် ADI နည်း ပညာအသုံးပြုထား၍ အင်ဂျင်ပါဝါ 25 HP မှ 110 HP အထိ အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ဈေးနှုန်းမှာကျပ် သိန်း ၁ဝဝ ဖြစ်ပြီး ၂ နှစ် အာမခံပေး ထားေ ကြာင်း   သိရသည်။ အဆိုပါ ထွန်စက်များအား ကမ္ဘာ့နိုင်ငံပေါင်း ၈၅ နိုင်ငံတွင်စက်အလုံးရေတစ်သန်း ကျော်အထိအသုံးပြုနေပြီဖြစ်ကြောင်း ကုမ္ပဏီမှသိရသည်။
       အောင်ဇော်
      Micro-SIM ၏ သုံးပုံနှစ်ပုံအရွယ်သာရှိသည့် Nano-SIM
      iPhone 4 နှင့် 4S တွင်အသုံးပြုထားသည့် Micro-SIM ထက်ပိုမိုသေးငယ်သည့် Nano-SIM ကို ဂျာမန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Giesecke & Devrient မှ မိတ်ဆက်ကြေညာပေးခဲ့သည်။ အဆိုပါ Nano-SIM ၏အရွယ်အစားသည် Micro-SIM ၏ သုံးပုံနှစ်ပုံသာရှိပြီး ၎င်းသည် လက်ရှိအရွယ်အစားထက်သေးငယ်သည့် SIM အသုံးပြုထုတ်ကုန်များကို ထုတ်လုပ်လာစေရန် အထောက်အကူပြုနိုင်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။ Nano-SIM သစ်အသုံးပြုထားသည့် မိုဘိုင်းထုတ်ကုန်များကို လာမည့်နှစ်တွင် တွေ့မြင်ရဖွယ်ရှိသည်။ Apple နှင့် G&D တို့၏ဆက်ဆံရေးကိုမူ ရှင်းရှင်းလင်းလင်း မသိရသော်လည်း မျိုးဆက်သစ် iPhone တွင် အထက်ပါ Nano-SIM ကို တွေ့မြင်ရဖွယ်ရှိသည်။ နည်းပညာအရ SIM ၏ပြောင်းလဲမှုသည် နှစ် ၂၀ အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။ Micro-SIM ၏ လျှပ်စစ်ပတ်လမ်း ပမာဏနှင့်အထူသည် သာမန် SIM နှင့်တူညီသည့်အတွက် သာမန် SIM မှ Micro-SIM သို့ ပြောင်းလဲအသုံးပြုလိုသည့်အခါ SIM cutter ဖြင့်ပြုလုပ်နိုင်သည်။ သို့ရာတွင် သာမန် SIM မှ Nano-SIM သို့ ပြောင်းလဲအသုံးပြုလိုသည့်အခါတွင် အထက်ပါနည်းလမ်းဖြင့် ပြုလုပ်နိုင်ခြင်းမရှိပေ။ G&D မှပြောကြားချက်အရ Nano-SIM ၏အရွယ်အစားသည် ၁၂ မီလီမီတာ x ၉ မီလီမီတာ (လက်မ၀က်ခန့်) ရှိပြီး Micro-SIM ထက် ၃၀ ရာခိုင်နှုန်းသေးငယ်ကာ ကတ်၏အထူမှာ ၁၅ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။ လက်ရှိတွင် ကျယ်ပြန့်စွာအသုံးပြုနေသည့် သာမန် SIM နှင့်နှိုင်းယှဉ်ရာတွင် Nano-SIM သည် ၆၀ ရာခိုင်နှုန်း သေးငယ်သည့်အတွက် device ထုတ်လုပ်သူများအနေဖြင့် အပိုဆောင်း memory နှင့် အရွယ်အစားကြီးမားသည့် ဘက်ထရီကဲ့သို့သော အစိတ်အပိုင်းများအတွက် နေရာလွတ် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။ ကွဲပြားခြားနားသော မိုဘိုင်းကွန်ရက်များနှင့် စမ်းသပ်အသုံးပြုလျက်ရှိသည့် Nano-SIM သစ်ကို device အဟောင်းများတွင် adapter မှတစ်ဆင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း G&D မှပြောကြားသည်။ ရေးသားသူ - နောင်နောင် Ref: CNET
      Photoshop နဲ့ Illustrator ကို မြန်မာလိုသင်မယ် ( for Oversea Guy ! )
        သူက Facebook လင့်ခ်လေးတစ်ခုပါပဲ .. Photoshop နဲ့ Illustrator ကို သင်ပေးမယ့် website ဖြစ်ပါတယ် .. oversea သမားတွေပဲ အဆင်ပြေမှာပါ .. မြန်မာနိုင်ငံကဘဲဆိုရင် သေမှာပဲ .. ကွန်မှမကောင်းတာ :P
        အဲ့ဒီသင်ခန်းစာတွေမှာ...
        Chapter-19-05
        ဆိုရင် အခန်း 19 ရဲ့ နံပါတ် ငါးအခန်း ရောက်နေပြီပေါ့ .. အောက်က older post ဆိုတာလေးနှိပ်ပြီး Chapter 1-1 ကစကြည့်ရမှာပေါ့နော် ..
        Photoshop ကို မြန်မာလိုသင်ချင်တယ်ဆိုရင် .. CLICK ME
        Illustrator ကို မြန်မာလိုသင်ချင်တယ်ဆိုရင် .. CLICK ME
        Apple ပစ0x081စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်
        Apple ပစ္စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်
        Apple ပစ0x081စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်
        KMD ရဲ့ Apple Corner တွင် ဝါကျွတ်အထူးလျော့ဈေးအစီအစဉ်အဖြစ် Apple ပစ0x081စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးနေသည့်အပြင် အခမဲ့ jailbreak ပြုလုပ်ပေးခြင်းနဲ့ applications installation များကိုပါ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ရောင်းချပေးနေသည့် ပစ0x081စည်းများမှာ –
        MacBook Pro - USD 1,230 / 1,895
        MacBook Air - USD 1,130 / 1,450
        iMac - USD 1,320
        iPod Touch - USD 248 / 320
        iPod Nano - USD 158
        iPod Shuffle - K 45,000
        iPhone 4 - K 538,000 / 617,000
        iPad 2 (WiFi) - USD 525 / 640 / 740
        iPad 2 (3G) - USD 660 / 760 / 860
        ကမ္ဘာ့အပေါ့ပါးဆုံးအရာဝတ္ထုတစ်မျိုးကို သိပ္ပံပညာရှင်များတီထွင်
        အလေ့ကျပေါက်ရောက်လေ့ရှိသော ပန်းပင်တစ်မျိုး၏ အစေ့ခွံပေါ်တွင်ပင် အသာအယာတင်၍ထားနိုင်မည့် အလေးချိန်အလွန်ပေါ့ပါးသော အရာဝတ္ထုတစ်မျိုးကို UC Irvine, HRL Laboratories မှသိပ္ပံ ပညာရှင်များကတီထွင်နိုင်ခဲ့ကြပြီး အဆိုပါအကြောင်းအရာကို Caltech မှ နိုဝင်ဘာလ ၁၈ ရက် နေ့ထုတ် သိပ္ပံစာစောင်တွင်ဖော်ပြ ထားကြောင်းသိရသည်။ အဆိုပါအရာဝတ္ထုသစ်သည်ပ လတ်စတစ်ပြုလုပ်ရာတွင်ထည့်၍ အသုံးပြုသော styrofoam ထက်ပင် အလေးချိန်အဆ ၁၀၀ ပိုမိုပေါ့ပါးကြောင်း စာစောင်တွင်ဖော်ပြထားပြီး ၎င်းကဲ့သို့အလွန်ပေါ့ပါးနေရခြင်းမှာ လေ၏သိပ်သည်းဆ ၉၉.၉၉ ရာခိုင်နှုန်းပါဝင်သော အရာဝတ္ထုကို အသုံးပြုထားသော အပေါက်ပါသောပြွန်များပြုလုပ်သည့် နည်းပညာကို ရယူအသုံးပြုထားခြင်းကြောင့်ဖြစ်ကြောင်း ဖန်တီးခဲ့သည့် သုတေသီများအသင်းမှ ပြောကြားခဲ့သည်။ ၎င်းတို့၏အဆိုအရ အရာဝတ္ထု၏သိပ်သည်းဆမှာ ရေ၏သိပ်သည်းဆထက် တစ်ထောင်ပုံတစ်ပုံထက်ပင်နည်းပါးကာ ၎င်းသည် ဖိအားဆွဲအားများကိုလည်း ခံနိုင်ရည်ရှိပြီး လက်ရှိအမြင့်၏ တစ်ဝက်ခန့်ချိုးလိုက်ပါက မူလအနေအထား၏ ၉၈ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိကြောင်းသိရသည်။ ၎င်းသည် လေးထောင့်ကွက်ပုံသဏ္ဍာန်ရှိပြီး ထည့်သွင်းအသုံးပြုပေးထားသည့် ပြွန်များ၏ နံရံအထူမှာလည်း လူ့ဆံချည်မျှင်ထက်အဆ ၁၀၀၀ ပိုမိုပါးလွှာကြောင်း HRL မှ အဆိုပါအရာဝတ္ထုကို ဦးဆောင်ဖန်တီးခဲ့သူ Tobias Shandler ကပြောခဲ့သည်ဟု Los Angeles Times ၌ဖော်ပြထားသည်။ အဆိုပါအရာဝတ္ထုကို အကျိုးရှိသည့် ကာကွယ်မှုစနစ်များတွင်အသုံးပြုနိုင်ရန်နှင့် အာကာသယာဉ်တည်ဆောက်သည့် စက်ရုံလုပ်ငန်းများနှင့် စွမ်းအင်စက်ရုံအချို့တွင် အသုံးပြုလျက်ရှိသော application များတွင်အသုံးပြုနိုင်ရန် ရည် ရွယ်ထားကြောင်း ၎င်းသုတေသနလုပ်ငန်းများ ပါဝင်ခဲ့သည့် သုတေသီတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါအရာဝတ္ထုသည် ငှက်တောင်ကဲ့သို့နူးညံ့ပြီး လူတစ်ဦး၏ပခုံးအမြင့်ခန့်မှကျလျှင် မြေပြင်ပေါ်သို့ ရောက်ရှိရန် အချိန် ၁၀ စက္ကန့် ကြာမြင့်ကြောင်းသိရသည်။ ရေးသားသူ - ဟေမာ Ref: PCMag
        သက်တမ်း ၃၆ နှစ်ကြာ သုံးစွဲနိုင်မည့် LED မီးလုံး Samsung မိတ်ဆက်ပြသ
        Samsung၏ ၎င်းတို့၏ ထုတ်ကုန်သစ်ဖြစ်သော LEDမီးလုံးသည် သာမန်မီးသီးတစ်လုံး၏ သတ်မှတ်သက်တမ်းထက် အဆ(၄၀) အထွန်းခံကာ နာရီ(၄၀၀၀၀)ထိ အသုံးပြုနိုင်မည်ဟု ကြေညာ
        သက်တမ်း ၃၆ နှစ်ကြာ သုံးစွဲနိုင်မည့် LED မီးလုံး Samsung မိတ်ဆက်ပြသ
        တောင်ကိုရီးယား နည်းပညာ လုပ်ငန်းကြီး Samsungသည် သက်တမ်း (၃၆)နှစ်ထိ အထွန်းခံမည့် လျှပ်စစ်မီးသီး တစ်မျိုးကို ထုတ်ဖော်ပြသလိုက်သည်။ Samsung၏ ၎င်းတို့၏ ထုတ်ကုန်သစ်ဖြစ်သော LEDမီးလုံးသည် သာမန်မီးသီးတစ်လုံး၏ သတ်မှတ်သက်တမ်းထက် အဆ(၄၀) အထွန်းခံကာ နာရီ(၄၀၀၀၀)ထိ အသုံးပြုနိုင်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ နာရီအရေအတွက်အရ Samsung၏ မီးသီးမှာ (၃၆)နှစ်ကြာ သက်တမ်းထိ သုံးစွဲနိုင်မည် ဖြစ်သည်။ Samsungသည် LEDeနည်းပညာသုံး TVများ ထုတ်လုပ်ရာတွင် ကမ္ဘာ့နည်းပညာဈေးကွက်ကို ဦးဆောင်နေသော ကုမ္ပဏီကြီး တစ်ခုလည်းဖြစ်သည်။
        LEDကို မီးရောင်အဖြစ် အသုံးပြုမှု အများအပြား ရှိနေသော်လည်း စွမ်းအင်သုံးစွဲမှု နည်းပါးသည့် အဆိုပါ နည်းပညာကို အခြေခံကာ သက်တမ်းရှည် မီးသီးများအဖြစ် ထုတ်လုပ်မှုကို Samsungက ဦးဆုံး ခြေလှမ်းလာခြင်းဖြစ်သည်။ "သမားရိုးကျ မီးလုံးတစ်လုံးကိုပဲ မြင်ယောင်နေလို့ မရတော့ပါဘူး။ အလင်းရောင်ပေးတဲ့ စနစ်တွေမှာ နည်းပညာတွေကို ထည့်သွင်းစဉ်းစားလာသင့်ပါပြီ။ ဒါကို ပိုပြီးနီးစပ်ထိတွေ့နိုင်ဖို့ Samsungက ရည်ရွယ်ပါတယ်"ဟု ကုမ္ပဏီ၏ အကြီးတန်း အရာရှိ တစ်ဦးဖြစ်သူ ကီဗင်ဒက်ဆာက ပြောကြားခဲ့သည်။
        လက်ရှိတွင် အဆိုပါ မီးလုံးများကို အမေရိကန်တွင်သာ စတင်ရောင်းချမည်ဖြစ်ပြီး (၁၉)ဒေါ်လာမျှ ကျသင့်မည်ဖြစ်သည်။ ထို့အပြင် ပိုမိုကြီးမားပြီး ပိုမိုထွန်းလင်းသော မီးသီးများအတွက်မူ ဒေါ်လာ(၇၀)မျှထိ ဈေးနှုန်းသတ်မှတ်ဖွယ် ရှိနေကြောင်း သိရသည်။ Samsungက စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးမည့် အဆိုပါ မီးသီးများကို နိုင်ငံတကာသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ကြောင်းလည်း ပြောဆိုထားသည်။
        How to Change your IP
        ကို့အိုင်ပီကဘာလဲ...........ကို့အိုင်ပီကို တခြားအိုင်ပီချိန်း မလား .......ခုအိုင်ပီချိန်းတဲ့ဆော့ဝဲလ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် သိပြီးသားဖြစ်နေမယ်လို့ထင်ပါတယ်ဗျာ ကဲစလိုက်ကျအောင် မသိသေးသူတွေအတွက်ပေါ
        http://www.hideyouripaddress.net/ ဆော့ဝဲလ်ယူရန်လင့်လေးပါ
        ဖရီးဒေါင်းလော့ကိုဒေါင်းလိုက်ပါ
        ပြီးရင်တော့်file ကို run လိုက်ပါ
        ပြီးရင် တော့အဲ့ဆောဝဲလ်ကိုဖွင့်လိုက်ပါ
        ဒီလိုပုံလေးပေါ်လာပါမယ်
        your real ip adress ကတော့သင့်အိုင်ပီပေါ့
        ကိုပြောင်းမယ်ဆိုရင်တော့ start ကိုနှိပ်ပါ
        searching ဆိုပြီးမြှားအစိမ်းနဲ့ရှာနေလိမ့်မယ်
        ရှာလို့ပြီးသွားရင်တော့ ကို့အိုင်ပီမှာ ip adress ကောနိုင်ငံပါပြောင်းနေပါလိမ်းမယ်
        ခဏခဏပြောင်းနေချင်ရင်တော့ options မှာဝင်ကြည့်လိုက်ပါ အချိန် ကို ကိုပြောင်းချင်တဲ့အချိန်ပေးပြောင်းလိုက်ပေါ့
        ဒါဆိုအိုကေလောက်ပါပြီ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်
        http://www.hideyouripaddress.net/ ဆော့ဝဲလ်ဒေါင်းရန်
        အဲ နောက်တနည်းရှိသေးတယ်ဗျ
        ဒီလိုလုပ်ကြည့်ပါ
        How to Change your IP !!
        Dunno If This Was Posted Here Before But, This Is How U Do It:
        1. Click on "Start" in the bottom left hand corner of screen
        2. Click on "Run"
        3. Type in "command" or "cmd"and hit ok
        You should now be at an MSDOS prompt screen.
        4. Type "ipconfig /release" just like that, and hit "enter"
        5. Type "exit" and leave the prompt
        6. Right-click on "Network Places" or "My Network Places" on your desktop.
        7. Click on "properties"
        You should now be on a screen with something titled "Local Area Connection",
        8. Right click on "Local Area Connection" and click "properties"
        9. Double-click on the "Internet Protocol (TCP/IP) " from the list under the "General" tab
        10. Click on "Use the following IP address" under the "General" tab
        11. Create an IP address (put any ip there like 1.2.3.4 it doesn't matter what you give there , this is only to tell you how to change your "IP" .
        12. Press "Tab" and it should automatically fill in the "Subnet Mask" section with default numbers.
        13. Hit the "Ok" button here
        14. Hit the "Ok" button again
        You should now be back to the "Local Area Connection" screen.
        15. Right-click back on "Local Area Connection" and go to properties again.
        16. Go back to the "TCP/IP" settings
        17. This time, select "Obtain an IP address automatically"
        18. Hit "Ok"
        19. Hit "Ok" again
        20. You now have a newIP address
        "with a little practice; you can easily get this process down to 15 seconds"
        Enjoy.
        Hacking password from USB
        ဒီနည်းကိုသုံးဖို့ USB memory stick တစ်ခုလိုအပ်ပါတယ်။ ထို USB ထဲတွင်ကိုယ် hack ချင်သောchat browser ရဲ့  .exe file ကိုသိမ်းထားရပါမယ်။ ဥပမာ - Gtalk ကို hack မယ်ဆိုလျှင် gtalk ကိုထည့်ထားရပါမယ်။
        ပြီးရင် password သိမ်းဖို့ အတွက် .bat file တစ်ဖိုင်ရေးရပါမယ်။ start gtalk.exe/stext password.txt လို့ ရေးပြီး .bat လို့ ရေးပြီးသိမ်းလိုက်ပါ။ထိုဖိုင်ကို USB ထဲမှာသိမ်းလိုက်ပါ။ဥပမာ - saungchitthu.bat ထို့ နောက် autorun file တစ်ဖိုင်ရေးရပါမယ်။USB ထိုးလိုက်တာနဲ့  ပွင့်စေဖို့ဖြစ်ပါတယ်။
        [AUTORUN]
        open=saungchitthu.bat
        ACTION=Perform a Cyber Check
        လို့ ရေးပြီး autorun.inf လို့ မှတ်လိုက်ပါ။ထိုဖိုင်ကို USB ထဲကိုထည့်ထားပါ။ထိုအခါ USB ထဲတွင် ဖိုင်သုံးဖိုင်ရှိနေလိမ့်မည်။ USB ထိုးလိုက်တာနဲ့  Gtalk ပွင့်သွားမည်ဖြစ်ပါသည်။ထို Gtalk ထဲသို့  password ထည့်ပြီး user ကသုံးလိုက်ပါက password.txt ထဲတွင် password များကျန်ခဲ့မည်ဖြစ်ပါသည်။
        USB ကိုပြန်ဖြုတ်လိုက်ပါက ထို password များကိုရနိုင်ပါသည်။
        ANDROID သုံးသူများ သတိပြုရန် လိုအပ်နေပြီ
        ANDROID မောင်းနှင်စနစ်ပေါ်တွင် သက်ဝင်လှုပ်ရှားသော မသမာသည့်ဆော့ဖ်ဝဲများသည် ယခုနှစ်ဇွန်လမှအစပြု၍ လျင်မြန်စွာ တိုးပွားလာကြောင်း သိရသည်။
        ယင်းတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိသော ကွန် ပျူတာဗိုင်းရပ်စ်နှင့် မသမာသည့် ဆော့ဖ်ဝဲစောင့်ကြည့်နှိမ်နင်းရေး ကုမ္ပဏီများက ယခုကဲ့သို့ ထုတ်ပြန်   ကြေညာခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက် မကုန်မီတွင်ပင် ၄၇၂ ရာခိုင်နှုန်းမျှ တိုးပွားလာခဲ့ကြောင်း သိရသည်။"ANDROIDဟာ မိုက်ခရို ဆော့ဖ်ဝင်းဒိုးစ်လိုပဲ ဗိုင်းရပ်စ် လုပ် တဲ့သူတွေ၊ မသမာတဲ့ ဆော့ဖ်ဝဲ ရေးသူတွေအတွက် ကစားကွင်း အသစ်တစ်ခုများ ဖြစ်နေပြီလား မသိဘူး" ဟု ကွန်ပျူတာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။မိုဘိုင်းဖုန်းများ၊ စမတ်ဖုန်း များကို စီးပွားရေး လုပ်ငန်းများ အတွက် အသုံးပြုနေမှုများ ၇၆ ရာ ခိုင်နှုန်းအထိ တိုးမြင့်လာပြီး အဆိုပါ မိုဘိုင်းဖုန်းများ အား ပစ်မှတ်ထား၍ တိုက်ခိုက်မှုများပြုခြင်းမှာမူ ၂၅ဝ ရာခိုင်နှုန်းမျှအထိ တိုးမြင့်လာလျက် ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။ထို့အပြင် မိုဘိုင်းဖုန်းမောင်းနှ င် စနစ်များတွင် ANDROID ၏ နေရာယူမှုမှာ ၄၃ ရာခိုင်နှုန်းအထိ တိုးလာလေရကား၊ ယင်းကိုဦးတည် ၍ စီမံဖန်တီးလာကြသော မသမာသည့် ဆော့ဖ်ဝဲများသည် လည်း ၄၇၂ ရာခိုင်နှုန်းအထိ မြင့်တက် လာခြင်းမှာလည်း မဆန်းလှချေပါ။ယင်းတို့အနက် ၅၅ ရာခိုင်နှုန်း မှာ သူလျှိုဆော့ဖ်ဝဲများဖြစ်ပြီး ကျန် ၄၅ ရာခိုင်နှုန်းမှာမူSMS  စာတိုများ အယောင်ဆောင်သည့် ထရိုဂျန်  ခေါ် မသမာသည့် ဆော့ဖ်ဝဲများ ဖြစ်သည်။ ယင်းတို့ကို ကာကွယ်ရန် မှာ မိမိထံ ဝင်ရောက်လာသောSMSများကို မသာင်္ကာပါ က ဖွင့်မကြည့်ရန်နှင့် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုပါက စိတ် မချရသော ဝက်ဘ်ဆိုက်များ အား ဝင်ရောက်ကြည့်ရှုခြင်း မပြုရန်၊ အခြေအမြစ်မခိုင်လုံ သော အသုံးချဆော့ဖ်ဝဲများကို မိမိ၏ မိုဘိုင်းဖုန်းတွင် မထည့် သွင်းရန်တို့ဖြစ်ကြပြီး ယုံကြည် စိတ်ချရသော ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲများ ထည့်သွင်းထားရန် လိုကြောင်း ကျွမ်းကျင်သူတို့က ဆိုကြသည်။
        Virus ၏ ပင်ကိုယ် သဘောကို ရှင်းပြခြင်း
        အခုထွက်နေတဲ့ သတင်းတွေ၊ Web Site Forum တွေမှာ ကြည့်လိုက်ပါ...။
        ဘာတွေအတွေ့များလဲ။ ကျွန်တော့်စက်မှာတော့ Folder Option မပေါ်တော့ပါဘူး။ Virus ကိုက်နေပြီ။ ဘယ် Virus အသစ်တွေကတော့ ပေါ်လာပြန်ပြီ။ ကယ်ကြပါ...ဒီမှာ ဘယ်လို သတ်သတ် မသေဘူး အဲဒါတွေ များ နေတယ်မလား။
        ဟုတ်တယ် Virus..Virus..။ လူတွေကို တော်တော် ဒုက္ခပေးတယ်။ ကုမ္ပဏီတွေကိုလည်း ဒုက္ခပေးတယ်။ ကြီးကြီးငယ်ငယ် အရွယ်အားလုံးကို ဒုက္ခပေးတယ်။ ကြားရင်တော့ ရယ်စရာကောင်းနေမလားမသိဘူး ကွန်ပျူတာ Virus ဆိုတာ သတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာသက်တမ်း အရှည်ဆုံးဖြစ်ပါတယ်။
        နောက်တစ်ခုပြောသေးတာက Virus ဆိုတာ ကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်း တော်လဲတတ်လဲဆိုတာ ပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကို ထိုင်တောင် ရှိခိုးချင်စိတ်ပေါက်သွားပြီ။ သေသေချာချာ ထွင်ထားတဲ့ Virus တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာ ပိုများတယ်။
        နောက်ပိုက်ဆံသန်းပေါင်းများစွာကို နစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာလည်း ဟုတ်သားပဲ။ Virus တစ်ခု ပေါ်လာတာက လူတွေကြောင့်ပဲ မဟုတ်လား။ ဒီတော့ သူတို့က ပိုထိခိုက်စေလေ လူတွေတော်ကြောင်း ပိုကြွားသလို ဖြစ်လေပဲပေါ့။ ထွင်တဲ့လူတွေကိုပဲ ကျေးဇူးတင်ပါတယ် လိုက်ပြော ရမလိုပဲနော်။
        Virus ဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ်ကို ပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Worm ပေါ်လာပြီး တစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေကို ကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉ မတ်လတုန်းကလည်း ကြည့်ပါလား။
        Melissa Virus ဆိုပြီး ပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီ အကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့ E-mail System တွေကို သုံးလို့မရဘူးဖြစ်သွားတာ။ ၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီလည်း ရောက်ရော Storm ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့် အောက်တိုဘာလလည်းကျရော ကွန်ပျူတာပေါင်း သန်း ၅၀ အထက်ကို အကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။
        IT နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုး အကြောင်းကြားနေရမှာ အမှန်ပဲ။ ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကို ဖော်ပြပေးထားပါတယ်။
        (၁)Viruses
        Virus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊ နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။
        ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့ မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်း လိုက်ကပ်နိုင်သေးတယ်။
        (၂)Email Virus
        Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွားတာလား။ လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တို Mail တွေ ပို့တော့တာပဲ။
        အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါ ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။
        (၃)Trojan Horses
        Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Run လိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံ ရပါလေရော..။ အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။
        (၄)Worms
        Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။ Worm ရဲ့ Copy ကောင်က ဘယ်စက်မှာ Security ပိုင်း ယိုကွက်/ ဟာကွက်ရှိနေလဲလိုက်ချောင်း၊ ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။
        ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။
        Ubuntuမှာ Zawgyi Font ထည့်နည်း..
        ဒါလေးကတော့ ဗျာ ခုမှ Linux ကို စတင်လေ့လာတဲ့ သူတွေအတွက်တော့ အရမ်းအသုံးဝင်တယ်ဗျ.......
        ဘာလို့ လဲဆိုတော့ Ubuntu က အင်တာနတ်သုံးရင်အရမ်းမြန်တယ်ဗျာ ကြိုက်တဲ့ Virus ထည့် လုံးဝမကိုက်ဘူး သုံစွဲရတာအရမ်းပေါ့ပါးတယ်ဗျ အဲ့တာကြောင့် Myanmar font ပြသာနာတက်နေတဲ့သူတွေအတွက်......ဘယ်လို Install
        လုပ်ရမလဲဆိုတာလေးကိုမသိသေးတဲ့ ကိုကို တို့ မမ တို့ ကိုပြောချင်လို့ ပါ
        ပထမဆုံးဒီမှာ ကီးဘုတ်ကလေးကိုအရင်ဆုံးဒေါင်းလိုက်ပါခင်ဗျာ
        နောက်ပြီးရင် အဲ့ ဒေါင်းလို့ ရတဲ့ ဟာလေးကို...
        Desktop ပေါ်မှာသွားထားလိုက်ပါ နောက်ပြီးရင်
        cd ~/Desktop
        cd burma-keyboard-tk
        sudo python burma-keyboard-nogui.py
        အဲ့ စာသားလေးကို Ctrl + ALt + T ကို နှိပ်ပေးပါ နောက်ပြီးကျလာ တဲ့ ဘောက်ထဲမှာ ကျွန်တော်အပေါ်က ပြထားတဲ့
        စာလေးလေးကို ရိုက်ထည့်ပေးလိုက်ပါ မှားလို့ မရပါဘူး နောက်ပြီးရင် Enter ခေါက်ပေးပါ နောက်ပြီးရင် Enter your fontfolder name: zawgyi2008 ဆိုရင် zawgyi2008 အဲ့ဒါလေထည့်ပေးပါ
        Are you going with zawgyi2008 font? Y/n လိုပေးလိမ့်မယ် Y လို့ ရိုက်ထည့်ပေးပါ
        ပြီးရင် Enter နောက်ပြီးရင် ထပ်မေးပါလိမ့်မယ် I ကိုနှိပ်ပြီးတော့ Enter နောက်တစ်ခါ I ကိုနှိပ်ပြီးတော့ Enter ပြီးရင် Q
        ကိုနှိပ်ပြီးတော့ Enter ပဲ ပြီးရင်တော့ Restart ချပေးလိုက်ပါ ဇော်ဂျီ ရပါပြီ....နောက်ပြီးတော့ ရိုက်လို့ ရမှာမဟုတ်သေးပါဘူး....ကျွန်တော် က U buntu 11.04 ကို သုံးတာဆိုတော့ Window ကို နှိပ်ပြီးတော့......Keyboard
        ကိုသွားပါ နောက်ပြီး ရင် Layouts ထဲမှာ ပြီးရင်လ Add ပြီးရင် Myanmar ကို ရွေးပြီးတော့.......ပြီးရင်မြန်မာလိုရိုက်လို့ ရပါပြီ
        --
        နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe
        With Best Regards,
        မီးပြတိုက်
        http://www.mee-pya-tite.com/
        Facebook စာမျက်နှာ
        https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442
        Simple Views On My Land
        http://simpleviewsonmyland.blogspot.com/
        Myanmar Social Network
        http://myanmar-social-network.socialgo.com/
        ကွန်ပျူတာနည်းပညာမှတ်စု
        http://mee-pya-tite.blogspot.com/
        ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
        http://mdsng.blogspot.com/
        နေ့စဉ် မြန်မာအီးမေးများ
        http://myanmardailymail.blogspot.com/
        မြန်မာ Blog များအားလုံး
        http://allmyanmarblogs.blogspot.com/
        မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
        နားဆင်စရာ
        http://myl6.blogspot.com/
        ဖတ်စရာ
        http://7comrades.blogspot.com/
        MIET တက္ကသိုလ်ကျောင်းသားများ Forum
        http://mietforum.ning.com/
        နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmardailymail@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsubscribe@googlegroups.com သို့ အီးမေးပို့ပါ။
        http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  admin@mee-pya-tite.comforall85ster@gmail.com နှင့် simpleviews2010@googlemail.com များသို့ ဆက်သွယ်ပါ။
        တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနား မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အတွင်း၌ ကျင်းပ ၊ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ်တွင် အိမ်တအိမ
        1. တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနား မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အတွင်း၌ ကျင်းပ ၊
        2.  ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ်တွင် အိမ်တအိမ်ရှိ ဘုရားသောက်တော်ရေခွက်ထဲတွင် ထူးဆန်းစွာ ပေါ်ထွက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြတ်စွယ်တော် ၊
        3. စေတီပုံပေါ် ရေသန့် ဘူးများ
        4. ဘုရားပွင့်တော်မူစ သာသနာ မြန်မာနိုင်ငံသို့ ရောက်လာပုံ ၊
        5. GSM တာဝါတိုင်စိုက်ရန် မြေတူးရာမှ ရှေးဟောင်းရုပ်ပွားတော်များနှင့် ရတနာများ တွေ့ရှိ ၊
        6.  ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည် ၊
        7.  ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားတက်ရောက်မှု မြင့်တက်လာပြီး မလေးရှားနိုင်ငံသားများဦးရေ အများဆုံးစာရင်းတွင် ပါဝင်လာ ၊
        8. ဒုတိယသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ ၊
        9.  သောတာပန်နဲ့ပတ်သတ်၍ သိကောင်းစရာများ(၂) ၊
        10.  Ramadan around the world 
        တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနား မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အတွင်း၌ ကျင်းပ
        4341
        ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်နေစဉ်
        တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပင့်ဆောင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၂၂ ရက်နေ့က မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
        တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဗုဒ္စမြတ်စွယ်တော်အား နေပြည်တော် မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာလ ၂၂ ရက်နေ့က နံ နက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း၊ လေဆိပ်မှတဆင့် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်လာသည့် ပင့်ဆောင်ရေး ယာဉ်တန်းမှာ ကမ္ဘာအေးကုန်မြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်းသို့ မွန်းလွှဲ၁ နာရီခွဲအချိန်၌ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
        4341a
        ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ရေး ယာဉ်တန်းအား ကမ္ဘာအေးဘုရားလမ်းပေါ်၌ တွေ့ရစဉ်
        ထိုသို့ပင့်ဆောင်ရာ လမ်းများဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း(လေဆိပ်လမ်း ဆုံမှ ရှစ်မိုင်လမ်းဆုံအထိ)ကမ္ဘာအေး ဘုရားလမ်း(ရှစ်မိုင်လမ်းဆုံမှ ပါရမီ လမ်းဆုံအထိ) စောင့်ကြိုဖူးမြော်ကြသည့် ပြည်သူများ အများအပြားရှိခဲ့ကြောင်း သိရသည်။
        အဆိုပါအခမ်းအနားကို နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌဆရာတော် အမှုးပြုသည့် သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသူကျောင်းသားများနှင့် အသင်းအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
        4341b
        ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်
        မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ပင့်ဆောင်ခြင်းဖြစ်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်တွင် ၁၅ ရက် ရန်ကုန်မြို့ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ပူ ဇော်ခံထားမည်ဖြစ်ကြောင်း သိရှိရ သည်။ ထိုမှတဆင့် မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ ရက်အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
        အများပြည်သူများ ဖူးမြော်ရန်အတွက် ရန်ကုန်မြို့ရှိ ကမ္ဘာအေးကုန်မြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးအတွင်း၌ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ၀င်ရောက်ဖူးမျှော်ခွင့် ပြုခဲ့ကြောင်း သိရှိရသည်။
        4341c
        ဗုဒ္ဓမြတ်စွယ်တော်အား ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း၌ ကိန်းဝပ်စံပယ်ရန် ပင့်ဆောင်နေစဉ်
        4341d
        ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်းသို့ ဆင်ဖြူတော်နှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်
        ပင့်ဆောင်လာသည့် ယာဉ်အားတွေ့ရစဉ်
        ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ်တွင် အိမ်တအိမ်ရှိ ဘုရားသောက်တော်ရေခွက်ထဲတွင် ထူးဆန်းစွာ ပေါ်ထွက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြတ်စွယ်တော်
        နိုဝင်ဘာ၂၂ရက်၊ ည ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ် ပေါက်ကုန်းရပ်ကွက် အ
        ပိုင်း(၁၀)မဥူသကလမ်း၊ အိမ်နံပါတ်(၂၀၁) ကိုထွန်းလှ+မဘိုမတို့၏နေအိမ်တွင် နံနက်ခင်း၁၀နာရီခွဲခန့်က နေ
        ပြည်တော်မှ ရန်ကုန်မြို့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဂေါတမဗုဒ္ဓ၏စွယ်တော်မြတ်ပုံ
        တော် ထူးဆန်းစွာပေါ်ပေါက်လာကြောင်းသိရှိရသည်။
        ဖြစ်ပျက်ပုံမှာ အဆိုပါအိမ်ပိုင်ရှင် မဘိုမသည် ည(၈)နာရီတွင် MRTV-4မှထုတ်လွှင့်ရာတွင် တရုတ်ပြည်မှ ပင့်
        ဆောင်လာသည့် ဗုဒ္ဓစွယ်တော်အား တီဗွီဖန်သားပြင်မှ ဖူးမျှော်ရစဉ် ကိုယ်တိုင်အနီးကပ်ဖူးမျှော်ချင်သည့်ဟု
        စိတ်ထဲမှ ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆုတောင်းပြီးခဲ့ပြီးနောက် နေအိမ်ရှိ ဘုရားစင်မှ ပန်း၊ဆီမီး၊အမွှေး
        တိုင်၊ ရေချမ်း စသည်တို့အားလုံးအသစ်လဲလှယ်ခဲ့ကြောင်း၊ ထိုသို့လဲလှယ်အပြီးတွင် မီးခဏပျက်သွားခဲ့သည်။
        မီးပြန်လာချိန်၊ ည(၉)နာရီခန့်တွင် ဘုရားစင်အားရုတ် တရတ်အမှတ်မထင်ကြည့်မိရာ သူမကပ်ထားသည့်
        သောက်တော်ရေခွက်ထဲတွင် ဗုဒ္ဓစွယ်တော်နှင့်တထေရာတည်း တူနေသည့် စွယ်တော်ပုံ ထူးဆန်းစွာ ပေါ်ပေါက်
        နေသည်ကိုတွေ့ခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် အနီးတ၀ိုက်မှအိမ်နီးချင်းများအားခေါ်ယူပြသခဲ့ပြီး ထိုမှတဆင့်
        အပြားဖြင့် စည်ကားလာခဲ့သည်။ အဆိုပါသတင်းကြောင့် သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲဝန်ထမ်းများလာ
        ရောက်စစ်ဆေးပြီး သောက်တော်ရေခွက်အား အသစ်လဲလှယ်စေခဲ့သည်။
        ထိုသို့ပြုလုပ်စေခဲ့သော်လည်း သောက် တော်ရေခွက်ထဲတွင် မူလအတိုင်း စွယ်တော်မှာ ပြန်လည်ပေါ်ပေါက်
        လျက်ရှိကြောင်းတွေ့ခဲ့ရသည်။ လက်ရှိအချိန်တွင် မင်္ဂလာဒုံမြို့နယ်အပြင် ရန်ကုန်တိုင်းအတွင်းရှိ တခြားမြို့နယ်
        များမှလည်း ကားများဖြင့် လာရောက်ကြည့်ရှုဖူးမျှော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
        စေတီပုံပေါ် ရေသန့် ဘူးများ
        1 Votes
        ဒီနေ့ မနက်သတင်းတွေဖွင့်ကြည့်လိုက်တော့ ရေသန့် ဘူးပေါ်တွေမှာ စွယ်တော်မြတ် ပေါ်နေပုံသတင်းတွေ အများကြီး တွေ့ ရပါတယ်။
        ရေသန့် ဘူးနာမည်တွေက တော့ Bio Plus , Alpine အစရှိတဲ့  ရေသန့် ဘူးတွေမှာ တွေ့ မြင်ရပါတယ်။ Facebook မှ ရရှိသော ပုံများကိုတဆင့်မျှဝေလိုက်ပါတယ်။
        ဒီပုံလေးကို တော့ မမြသွေးနီမှ ယူထားတာပါ..
        လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြကျောက်ဆရာတော်ဘုရားကို ကျွန်မသွားဖူးခဲ့တုန်းက ဆရာတော်ဘုရားစွန့် လိုက်တဲ့ ရေသန့် ဘူးတွေမှာလည်း နေရောင်ထဲထောင်ကြည့်ရင် စေတီပုံပေါ်ပါတယ်…ဒါကြောင့် ဘုရားစင်ပေါ်မှာ တင်ထားတဲ့ မြကျောက်သောက်ရေသန့် ပုလင်းကိုယူပြီး ဒီနေ့ ဓာတ်ပုံရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ရေသန့် ဘူးခွံကို နေရောင်ထဲ ထောင်ကြည့်လိုက်ရင် စေတီပုံပေါ်နေပါတယ်
        ထူးထူးဆန်းဆန်းသတင်းတွေဆိုရင်လူတွေက စိတ်ဝင်စားတက်လို့ ရေသန့် ဘူးတွေမှာလည်း ရောင်းကောင်းအောင်အဲသည်လို နည်းပညာတွေထည့်သွင်းလာတာလား..ဘာသာရေးနှင့် ပက်သက်လို့ အရင်ကတည်း ဒီလို စေတီပုံပေါ်တဲ့ အကြောင်းအရာကို ကြိုတင်သိနှင့်ပေမယ့် လူတိုင်းအားမပြောဖြစ်ပါ။
        ဓာတုဗေဒနည်းပညာများကို ကျွန်မလည်း နားမလည်လို့ မပြောတက်တော့ပါ…
        မည်သို့ ပင်ဖြစ်စေ အခုတလော လူတွေ စိတ်ဝင်စားနေတဲ့ အထူးအဆန်းသတင်းတစ်ပုဒ်ဖြစ်နေတာတော့ အမှန်ပါ……..
        မြလေးသျှင်
        ဘုရားပွင့်တော်မူစ သာသနာ မြန်မာနိုင်ငံသို့ ရောက်လာပုံ
          မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊(ဘီစီ ၆-ရာစု) တွင် အိန္ဒိယနိုင်ငံ ဥရုဝေလတော မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်ဝယ် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခဲ့သည်။ သတ္တသတ္တာ ရက်ပေါင်း ၄၉-ရက်ကြာ ဆွမ်းအာဟာရ မဘုဉ်းပေးဘဲ ဖလသမာပတ် ချမ်းသာဖြင့် မျှတနေတော်မူခဲ့သည်။ နောက်ဆုံး သတ္တာဖြစ်သော ရာဇာယတန သတ္တာဟတွင် လင်းလွန်းပင်ရင်း၌ ၇-ရက်တိုင်တိုင် ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူခဲ့သည်။
          ထိုအချိန်တွင် ဥက္ကလာတိုင်းမှ တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့သည် လှည်းငါးရာဖြင့် မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားကြလေရာ ဆွေမျိုးတော်စပ်ဖူးသော နတ်၏ လမ်းညွှန်ချက်အရ မြတ်စွာဘုရား ထံတော်မှောက်သို့ ဖူးတွေ့ရန် ရောက်လာကြသည်။
          တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့က မိမိတို့တွင်ပါလာသော ပျားရည် ထောပတ်တို့ ပေါင်းစပ်၍ မုန့်မူန့်နှင့် ဆုပ်ထားသော ပျားမုန့်ဆုပ်ကို ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် စတုမဟာရာဇ် နတမင်းကြီးလေးပါးတို့ လှူဒါန်းအပ်သော သပိတ်တော်ဖြင့် ခံယူတော်မူပြီး ဘုဉ်းပေးသုံးဆောင်တော်မူသည်။ ကုန်သည်ညီနောင်တို့သည် ပထမဆုံး ဆွမ်းကပ်ခွင့်ရရုံမျှမက မြတ်စွာဘုရား ဟောကြားအပ်သော တရားစကားကို နာယူကြပြီး(ဘုရားနှင့်တရား) သရဏဂုံ နှစ်ပါးကို ခံယူဆောက်တည်ခွင့်လည်း ရကြသည်။ ဤဘုရားလက်ထက်၌ ပထမမဆုံး ဒွေဝါစိက သရဏဂုံ(သရဏဂုံ နှစ်ပါး) ဆောက်တည်သူများ ဖြစ်ကြသည်။ သံဃာတော်ဟူ၍ မပေါ်ပေါက် သေးသဖြင့် သံဃသရဏဂုံကို မဆောက်တည်ရ၊ ထို့နောက် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ဖို့ရန် ချီးမြှင့်တော်မူပါဟု လျှောက်ထားကြရာ မြတ်စွာဘုရားသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ ပါလာသော ဆံတော်(၈)ဆူကို ၀ါဆိုလဆန်း ၃-ရက်နေ့၌ ချီးမြှင့်တော်မူသည်။
          ကုန်သည်ညီနောင်တို့သည် မဇ္ဈိမဒေသမှ မိမိတို့ နေထိုင်ရာ သုဝဏ္ဏဘူမိတိုင်း ဥက္ကလာပဇနပုဒ်သို့ ပြန်လာခဲ့ကြသည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့၌ ပြန်ရောက်လာကြသည်။ မင်းနှင့်တကွသော ပြည်သူပြည်သားတို့က ကြိုဆို ပူဇော်ကြပြီး သိင်္ဂုတ္တရကုန်းတော်၌ တိကုမ္ဘမည်သော စေတီတော်တည်၍ ဆံတော်မြတ်များကို ဌာပနာကြလေသည်။ ထိုစေတီတော်ကား မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် ကိန်းဝမ် စံပယ်တော်မူသော ရွှေတိဂုံစေတီတော်မြတ်ကြီးပင် ဖြစ်လေသည်။
          သာသနာတော် အစမှအဆုံးတိုင် တည်တဲ့ ပြန့်ပွား ထွန်းကားတော်မူမည်ကို အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသော မြတ်စွာဘုရားသည် မိမိ၏ သရီရဓာတ်တော် ဆံတော်မြတ်တို့ကို ချီးမြှင့်ပေးသနားတော်မူခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရား၏ သာသနာတော်တွင် ပထမဦးဆုံး အထူးခြားဆုံး ချီးမြှင့်တော်မူခြင်း ဖြစ်သည်။ ဤ ဆံတော်မြတ်များသည် ဗုဒ္ဓသာသနာတော်၏ အထိမ်းအမှတ် လက္ခဏာများ ဖြစ်သည်။ သာသနာတော်အစမှ အဆုံးတိုင်တည်နေ ကိန်းဝပ်တော်မူမည့် နိမိတ်ဖြစ်လေသည်။
          မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် (သဇီဝ ဇီဝမာနက) အသက်ရှင်ဆဲသော ကိုယ်တော်မှ ခွဲစိတ်၍ ကိုးကွယ်ရာ ပေးလိုက်သဖြင့် ဆံတော်ကိုလည်း ဇီဝမာနက ဆံတော် - အသက်ရှင်သော ဆံတော်ဟု ရည်ရွယ်၍ ရွှေတိဂုံဆံတော်ရှင်ဟု (ရှင်) ထည့်၍ ခေါ်ဆိုကြသည်။
          ရွှေတိဂုံ ဆံတော်ရှင်စေတီတော်မြတ်မှာ ဗုဒ္ဓမြတ်စွာ သာသနာတော်တွင် လူ့ပြည်၌ ရှေးဦးစွာ တည်ထား ကိုးကွယ်သော စေတီတော်မြတ် ဖြစ်လေသည်။
          ဦးငါးဦး
          (၁) ဘုရားရှင်အား ပထမဆုံးဖူးတွေကရသူ(ဘုရားဖူးဦး)၊
          (၂) ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ (ဆွမ်းလှူဦး)
          (၃) ပထမဆုံ ဒွေဝါစိက သရဏဂုံတည်ကြသူ (သရဏဂုံဦး)
          (၄) ပထမဆုံး ဆံတော်ရှင် အချီးမြှင့်ခံရသူ (ဆံတော်ဓာတ်တော်ဦး)
          (၅) ပထမဆုံး ဘုရားစေတီတည်ကြရသူ (စေတီဦး - ဘုရားဦး)
          ဦးငါးဦးဖြင့် သာသနာတော်ကို ကိုးကွယ်ခွင့် ရသောသူများမှာ ဥက္ကလာတိုင်းဖွား မြန်မာပြည်သားတို့ပင်ဖြစ်ကြောင်း သာသနာ့သမိုင်းများတွင် မှတ်တမ်းတင်ခဲ့ကြသည်။ ဤဘုရားလက်ထက်တွင် ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံ၌ ပထမဆုံး အခြေတည်ခြင်ဖစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာတော်မြတ် အတွက် ဘူမိနက်သန် မှန်ရာဒေသ ဖြစ်လေသည်။
          ဥက္ကလာတိုင်းဟူသည်မှာ မြန်မာပြည် သုဝဏ္ဏဘူမိအရပ်ရှိ ဥက္ကလာပတိုင်းပင် ဖြစ်သည်။ ဘုရားမပွင့်မီကပင် ပြောင်းရွှေ့လာကြသော မဇ္ဈိမဒေသ တေလင်္ဂဏတိုင်းသားတို့သည် မိမိတို့ နေရပ်အမည်များကို ယူ၍ ဥက္ကလာ (ဥက္ကလာပ) တိုင်းဟု မှည့်ခေါ်ကြသည်၊ မိမိတို့နေထိုင်ရာမြို့ကိုလည်း အသိတဉ္စနမြို့ဟူ၍လည်းကောင်း၊ ပေါက္ခရ၀တီမြို့ဟူ၍လည်းကောင်း၊ ဥက္ကလာမြို့ဟူ၍လည်းကောင်း အမည်သုံးမျိုးဖြင့် မှည့်ခေါ်ခဲ့ကြကုန်၏။ ထိုမြို့သည်ပင် နောင်အခါ၌ တိဂုံမြို့၊ ဒဂုံမြို့ဟု အမည်တွင်ပြန်၏။ ယခုအခါ ရန်ကုန်မြို့ဟု ခေါ်တွင်လာကြလေသည်။
          မြတ်စွာဘုရားရှင် လက်ထက်တော်ကပင် အရှင်ပုဏ္ဏမထေရ်၊ အရှင်ဂ၀ံပတိမထေရ်တို့၏ ပင့်လျှောက်ချက်ကြောင့် မြတ်စွာဘုရားသည် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းများလည်း ရှိပါသည်။ မြတ်စွာဘုရားတို့ မည်သည် တရားဟောပြ ချေချွတ်ရမည့်သူသာ ရှိပါက ယူဇနာပေါင်း ထောင်သောင်းဝေးကွာသော ဒေသပင်ဖြစ်စေ ကြွရောက်တော်မူခဲ့သည့် သာဓကများ ရှိခဲ့သည်။
          အနာဂတံသဉာဏ်တော်မြတ်ဖြင့် အနာဂတ်သာသနာတော် တည်တဲ့ထွန်းကားမည့် မြန်မာပြည်ကို သိမြင်တော်မူမည်မှာလည်း သံသယဖြစ်စရာ မရှိပါချေ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူ၍ အနာဂတ်သာသနာတော်အတွက် ပရိတ်မေတ္တာစသော တစုံတခုသော ဓမ္မအင်အားများ ပေးသနားတော်မူခဲ့မည်ကိုလည်း ယုံမှားဖွယ် မရှိပေ။
          မြတ်စွာဘုရားလက်ထက်တော်ကပင် ၀ိဋဋူဘမင်းသား၏ တိုက်ခိုက်သတ်ဖြတ်မူကြောင့် ဘုရားအမျိုးတော်များဖြစ်သော ကပိလ၀တ်နေပြည်တော်မှ ဓဇရာဇာမင်းသည် မြန်မာနိုင်ငံ တကောင်းပြည်သို့ ရောက်လာခဲ့သည်။ ပထမ တကောင်းဆက်ဘုရင် ဘိန္နကမင်း၏ မိဖုရားကြီး နာဂဆိန်နှင့် "မလည်" အရပ်တွင် တွေ့ရှိကြပြီး အမျိုးတူများဖြစ်ကြသဖြင့် အဘိသိက် ခံယူခဲ့ကြသည်။ ထိုအဘိသိက်ခံယူပြီး ရွှေနန်းတည်တော်မူသည့် အကြောင်းမှန်နန်းရာဇ၀င်၌ မှတ်တမ်းတင်ရာတွင် ရဟန္တာမထေရ်မြတ်နှစ်ပါးတို့က ပရိတ်ရွတ်တော်မူကြောင်းကို တွေ့ရသဖြင့် ဗုဒ္ဓသာသနာသည် တကောင်းပြည်၌ ထွန်းကားနေပြီဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း တပြည်လုံး အတိုင်းအတာထိ ကျယ်ပြန့်မူ မရှိသေးပေ။
          ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
          GSM တာဝါတိုင်စိုက်ရန် မြေတူးရာမှ ရှေးဟောင်းရုပ်ပွားတော်များနှင့် ရတနာများ တွေ့ရှိ
          ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက် မင်းလမ်းရှိ စာတိုက်ဝင်းအတွင်းမှာ ရတနာပုံတယ်လီပို့ကုမ္ပဏီ အစီအစဉ်နှင့် (အင်တီဂရေးလ်ကုမ္ပဏီ)က တာဝန်ယူဆောက်လုပ်မည့် GSM တယ်လီဖုန်း တာဝါတိုင် စိုက်ထူရန် မြေများတူးဖော်စဉ် ၂၀၁၁ နိုဝင်ဘာ ၁၄ ရက် နေ့လည် ၁၁း၄၀ နာရီက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရတနာပစ္စည်းအချို့ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ ရှေးဟောင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပျူခေတ်နှောင်းပိုင်း လက်ရာဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။ အဖွဲ့ခေါင်းဆောင် မောင်ဝေယံမျိုးက ပန်းရံအဖွဲ့ နှစ်ဖွဲ့စီခွဲပြီး မြေတွင်းသုံးတွင်း တူးဖော်ခိုင်းရာ ဦးတင်ဝင်းနှင့်အဖွဲ့ တူးဖော်သည့်မြေတွင်းမှ သုံးပေခန့်အနက် ရောက်ရှိစဉ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရတနာပစ္စည်းများ တွေ့ရှိသည်။ ဦးတင်ဝင်းမှ စတွေ့ခြင်းဖြစ်သည်။ လိုဏ်ခေါင်းထဲက ဘုရားဆင်းတုတော်ကြီး ထွက်လာသည်။ ဆက်လက်ပြီး နှိုက်ကြည့်သည့်အခါ ကျန်ပစ္စည်းများနှင့် ဘုရားဆင်းတုငယ်များ တွေ့ရှိသည်။ ရွှံ့မြေများ ပေကျန်နေသဖြင့် ရေဆေးကာ စာတိုက်မှူး ဒေါ်ယုယုကို သတင်းပို့လိုက်သည်။ ဒေါ်ယုယုက သက်ဆိုင်ရာ အာဏာပိုင်များကို သတင်းပို့ခဲ့သည်။ ကျောက်တန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် တာဝန်ရှိသူအဖွဲ့များမှ လာရောက်ကြည့်ရှု စစ်ဆေးစေပြီး ရှေးဟောင်းရုပ်ပွားတော်များနှင့် ရတနာပစ္စည်းများကို ကျောက်တန်းမြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာ သတင်းသုံးရာ စိတ္တသုခကျောင်းကို နေ့လည် ၁၁ နာရီ ၄၀ မိနစ်မှာ ပင့်ဆောင် အပူဇော်ခံခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြားရာမှာ ဥာဏ်တော် ၃၆ လက်မ အမြင့်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မှာ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ်တို့နှင့် ပေါင်းစပ်သွန်းထု ပူဇော်ထားတာဖြစ်ပြီး ပဉ္စမလောဟာ၊ အဘယမုဒြာပုံတော်၊ ရုပ်ပွားဆင်းတုတော်ဖြစ်ပြိး ပျူခေတ် အနှောင်းပိုင်းလက်ရာ ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် သဲကျောက် အရိုးအိုးများသည်လည်း ပျူခေတ်အနှောင်းပိုင်း လက်ရာများဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
          ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
          ရွှေတိဂုံစေတီတော်ကြီး နှစ်၂၆၀၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး ၂၆၀၀အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကို ၂၀၁၂ ခုနှစ်မတ် ၆ ရက်တွင် ကျင်းပမည် ဖြစ်ပြီး သံဃာတော်အပါး ၂၆၀၀ ဖြင့် ရွှေတိဂုံ စေတီတော်ကြီးကို အနေကဇာတင်၍ ယင်းသံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရန်အတွက် ရွှေတိဂုံစေတီစောင်းတန်း တစ်သွယ်လျှင် သံဃာတော်အပါး ၆၅၀ဖြင့် စောင်းတန်းလေးသွယ်တွင် လောင်းလှူနိုင်ကြောင်း သိရသည်။
          "သံဃာတော်အပါး ၂၆၀၀နဲ့ ဘုရားအနေကဇာတင်၊ ဆွမ်းဆန်စိမ်းလောင်းလှူတာမျိုး တစ်ကြိမ်တစ်ခါမှ မရှိဘူး။ နှစ် ၂၆၀၀ပြည့်အထိမ်းအမှတ်အနေနဲ့ ပထမဆုံးကျင်းပတာဖြစ်ပါတယ်။ ကြွလာတဲ့ သံဃာတော် တွေကို ဆွမ်းဆန်စိမ်းလောင်းလှူဖို့ အလှူရှင်တွေကို ဖိတ်ခေါ်ပါတယ်။ ဒီပွဲတော်က ထူးထူးခြားခြားဆိုတော့ စောပြီးစာရင်းပေးထားမှ နေရာယူပေးလို့ ရမှာဖြစ်ပါတယ်" ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
          ယင်းပွဲတော်ကာလတွင် နိဗ္ဗာန်ဈေးပွဲ၊ ပျော်ပွဲရွှင်ပွဲအစုံအလင်နှင့် ပြပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ "နိဗ္ဗာန်ဈေးပွဲဖွင့်မှာဆိုတော့ လှူဒါန်းလိုတဲ့ သူတွေ လာရောက်လှူဒါန်းနိုင်တယ်။ ပျော်ရွှင်ပွဲဆိုပေမယ့် ဘာသာရေးကို အခြေခံပြီး လုပ်မယ့်ပွဲဖြစ်တယ်။ ရွှေတိဂုံသမိုင်းပြပွဲ၊ ဗုဒ္ဓသာသနာပြပွဲ ပြုလုပ်မှာဖြစ်လို့ လေ့လာစရာကြည်ညိုစရာ၊ ဗဟုသုတဖြစ်စရာတွေ ပါဝင်မယ်" ဟု ယင်းက ထပ်မံပြောသည်။ အဆိုပါ ပွဲတော်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
          Ref : The Flower News
          ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားတက်ရောက်မှု မြင့်တက်လာပြီး မလေးရှားနိုင်ငံသားများဦးရေ အများဆုံးစာရင်းတွင် ပါဝင်လာ
          b32_20
          ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုကို နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
          ရွှေတိဂုံစေတီတော်သို့ အောက်တိုဘာလအတွင်း ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုဦးရေမှာ တစ်သောင်းဝန်းကျင် မြင့်တက်မှုရှိလာပြီး မလေး ရှားနိုင်ငံသားများ တက်ရောက်မှု အများဆုံးစာရင်း၌ ပါဝင်နေကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။
          အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုအရေအတွက်မှာ ၂၀၈၀၇ ဦး ရှိခဲ့ပြီး အဆိုပါလ မတိုင်ခင် စက်တင်ဘာလအတွင်းက ၁၀၉၃၆ ဦး တက်ရောက်မှုရှိသည်။ ထိုသို့ ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှု အများဆုံးလူမျိုးများစာရင်းတွင် ပုံမှန်အားဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် စပိန်တို့ တက်ရောက်မှုများ လေ့ရှိကြပြီး အောက်တိုဘာလအတွင်းတွင်မူ ထိုင်းနှင့် တရုတ်လူမျိုးများကာ မလေးရှားလူမျိုးများ တက်ရောက်မှုမှာ တတိယအများဆုံးဖြစ်နေကြောင်း သိရသည်။
          ''ဒီနှစ်ထဲမှာဆိုရင် ရွှေတိဂုံ စေတီတော်ကို ဧပြီလကစပြီး ဧည့်နိုင်ငံခြားသားတက်ရောက်မှု လျော့နည်းခဲ့ပြီး ဇွန်လတုန်းကဆိုရင် ဧည့်နိုင်ငံခြားသား ၉၇၇၀ ဦးပဲတက်ရောက်မှု ရှိခဲ့တယ်။ ဇူလိုင်လနဲ့သြဂုတ်လမှာတော့ တစ်လ ကိုပျမ်းမျှ ၁၃၀၀၀ ကျော် တက်ရောက်မှုရှိခဲ့ပြီး စက်တင်ဘာလ မှာ ၁၀၉၃၆ ဦးပဲတက်ရောက်ခဲ့မှုရှိ ရာက ပွင့်လင်းရာသီကာလအစဖြစ်တဲ့ အောက်တိုဘာလမှာ ဧည့်နိုင်ငံခြား သားတက်ရောက်မှုက ပြန်လည်မြင့် တက်လာ တဲ့အတွက် အဲဒီလမှာ ဧည့် နိုင်ငံခြားသား ၂၀၈၀၇ ဦးတက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအပြင် ရွှေတိဂုံစေတီတော်ကို ဧည့်နိုင်ငံခြားသားတက်ရောက်မှု စာရင်းပြုစုထားချက်အရ ပုံမှန်ဆိုရင် တက်ရောက်မှု အများဆုံး လူမျိုး စာရင်းမှာ ထိုင်းနဲ့တရုတ်ပြီးရင် ဂျပန်၊ စပိန်နဲ့ကိုရီးယားက နောက်ထပ်အများဆုံးစာရင်းမှာ ပါဝင်လေ့ရှိပေမယ့် အောက်တိုဘာလထဲမှာတော့ မလေးရှားလူမျိုးက တက်ရောက်မှု တတိယအများဆုံးဖြစ်နေပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
          အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုအရေအတွက်မှာ ၂၀၈၀၇ ဦးရှိခဲ့သော်လည်း နှစ်ဆန်း ပိုင်းကာလများဖြစ်သော ဇန်န၀ါရီလ၌ ၂၅၉၈၃ ဦး၊ ဖေဖော်ဝါရီလ၌ ၂၆၀၃၅ ဦးနှင့် မတ်လ၌ ၂၃၁၀၄ ဦး တက်ရောက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။                 
          ဒုတိယသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ
            မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အနှစ်(၁၀၀)မြောက်၌ သာသနာတော်ယုတ်လျော့ မှေးမှိန်ခြင်း၏ အကြောင်းဖြစ်သော အဓမ္မ၀တ္ထု ဆယ်ပါး ပေါ်ပေါက်လာသည်။ ဝေသာလီပြည်နေ ၀ဇ္ဇီတိုင်းသား ရဟန်းများသည် "ရွှေ ငွေကို အလှူခံကောင်းသည်" စသော ဆယ်ပါးသော အဓမ္မ၀တ္ထုတို့ကို အပ်စပ်လေဟန် ဓမ္မ၀တ္ထုပြုလုပ်ကြသဖြင့် အရှင်အာနန္ဒာမထေရ်၏ တပည့်ဖြစ်သော အရှင်ယသ ရဟန္တာမထေရ်ကြီးက အမှန်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။ အရှင်ယသမထေရ်၏ ကြိုးပမ်းအားထုတ်မူကြောင့် အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိ စသော ရဟန္တာမထေရ်ကြီးများသည် ဝေသာလီပြည် ၀ါလိကာရုံကျောင်းတော်၌ စည်းဝေးကြသည်။ အဓမ္မ၀တ္ထုဆယ်ပါးကို သံဃာ့အလယ်တွင် ဖြေရှင်း ဆုံးဖြတ်တော်မူပြီး မြတ်စွာဘုရား၏ တရားတော်များ သန့်ရှင်းစေရန် ရှစ်လတိုင်တိုင် သံဂါယနာတင်တော်မူကြသည်။ ကာလာသောကမင်း၏ အကူအညီကို ရယူတော်မူခဲ့ကြသည်။
            ထိုအခါ မဇ္ဈိမဒေသ ပါဋလိပုတ်၌ ကာလာသောကမင်း နန်းစံ(၁၀)နှစ် ဖြစ်သည်။ မြန်မာနိုင်ငံ သရေခေတ္တရာပြည်၌ ဒွတ္တပေါင်မင်းကြီး ဘိသိက်မခံမီ တစ်နှစ်အချိန်ဖြစ်သည်။ ကာလာသောကမင်းနှင့် ဒွတ္တပေါင်းမင်းတို့ နန်းပြိုင် ဖြစ်ကြ၏။
            ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
            သောတာပန်နဲ့ပတ်သတ်၍ သိကောင်းစရာများ(၂)
            မေး။ ။ တစ်ခုထပ်မံလျှောက်ထားလိုသည်မှာ "ဘုံစဉ်စံ"ဟူသော စကားလုံး ဖြစ်ပါတယ်။ ထိုစကားလုံးဟာ သောတာပန်တည်ပြီးသူတို့ကို ဆိုလိုသောစကားလုံးသာဖြစ်ပါသလားဘုရား။ ထိုသို့ဖြစ်သည်ရှိသော် လူသောတာပန်အရိယာသေပြီးလျှင် အထက်ဘုံတို့ကိုသာ ဘုံစဉ်စံ တက်သွားမည်ဖြစ်၍ လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ မဖြစ်ရတော့ဟူ၍ မှတ်ယူရမည်လော။ ရှင်းလင်းပြသပေးတော်မူပါအရှင်ဘုရား။
            သန်းထိုက်ထွန်း၊ စင်္ကာပူ
            ဖြေ။ ။ သောတာပန်အမျိုးအစားတွေက အများကြီးရှိပါတယ်။ ဥပမာ-လူ့ဘ၀မှာပဲ (၇)ကြိမ်လုံးဖြစ်ပြီး နောက်ဆုံးဘ၀မှာမှ ရဟန္တာဖြစ်မဲ့သူ၊ နတ်ပြည်မှာပဲနေပြီး ရဟန္တာဖြစ်မဲ့သူ၊ လူပြည်လာပြီး နတ်ပြည်မှာ ရဟန္တာဖြစ်မဲ့သူ။ နတ်ပြည်ကနေ သကဒါဂါမ်ဖြစ်ပြီး သုဒ္ဓ၀ါသဗြဟ္မာပြည်မှာ ရဟန္တာဖြစ်မဲ့သူစတာတွေ အမျိုးမျိုးရှိကြပါတယ်။ ဘာဖြစ်လို့ ဒီလိုကွဲပြားရသလဲဆိုတော့ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ (၇)ဘ၀တိတိ ကြိုက်တဲ့ဘုံတွေမှာ ကြိုက်သလိုသွားလာနိုင်ခွင့်ရှိလို့ မိမိနှစ်သက်တဲ့ဘ၀တွင် အဆင့်တတ်ပြီး ရဟန္တာဖြစ်နိုင်ပါတယ်။ သောတာပန်ဖြစ်ပြီးတဲ့ဘ၀ကနေ နောက်ထပ်(၇)ဘ၀ထိပဲ သံသရာထဲမှာ ကျင်လည်ရမှာပါ။ ဒါဟာလည်း မိမိတို့ အားထုတ်မှုအပေါ်မှာ မူတည်ပါတယ်။ တချို့ကျတော့လည်း တစ်ဘ၀ပဲကူးပြီး နောက်ဘ၀မှာ ရဟန္တာဖြစ်အောင် လုပ်ကြပါတယ်။
            တချို့ကျတော့ နှစ်ဘ၀နေတယ်။ တချို့ကျတော့လည်း (၇)ဘ၀ထိနေထိုင်ကြကာ (၇)ဘ၀နောက်ဆုံးမို့ နောက်ဆုံးဘ၀ကျမှ ရဟန္တာဖြစ်အောင် အားထုတ်ကြပါတယ်။ ဒီလို ကွာခြားရတဲ့အကြောင်းကတော့ ၀ိပဿနာအားထုတ်မှု အားကောင်းမကောင်းပေါ်မှာ မူတည်သလို ပါရမီနည်းများပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် ၀ိပဿနာအားထုတ်မှုအားကောင်းတဲ့သူ၊ ပါရမီကောင်းတဲ့သူဟာ တစ်ဘ၀ကူးပြီး ရဟန္တာဖြစ်သလို အားမကောင်းတဲ့သူကတော့ (၇)ဘ၀ထိနေထိုင်ပြီးမှ ရဟန္တာဖြစ်ပါလိမ့်မယ်။
            ဘုံစဉ်ကတော့ သောတာပန်တည်သူများရဲ့ ကြိုက်နှစ်သက်ရာအလိုက် ဖြစ်လို့ရပါတယ်။ ၀ိသာခါကျောင်းအမကတော့ နတ်ပြည်ကနေ ဗြဟ္မာ့ပြည်ဘုံစဉ်စံဖြင့် ရဟန္တာဖြစ်ပြီး အထက်ကပြောခဲ့တဲ့ သိကြားမင်းကတော့ လူ့ပြည်မှာလာပြီး သကဒါဂါမ်ဖြစ်ကာ ဗြဟ္မာ့ပြည်မှာ ရဟန္တာဖြစ်မယ်တဲ့။ အဲဒီတော့ ဘုံစဉ်စံဆိုတာ တချို့သော သောတာပန်များအတွက်ဖြစ်ပြီး တချို့သော သောတာပန်များအတွက် မဟုတ်ပါလို့ မှတ်ယူရပါမယ်။
            သောတာပန်ပုဂ္ဂိုလ်ဟာ ကိလေသာများ ကြွင်းကျန်သေးသော်လည်း အပါယ်လားကြောင်း မကောင်းမှုတို့ကို ပြုလုပ်ခြင်းမရှိတာကြောင့် အပါယ်သို့လားရခြင်း သဘောမရှိတော့ပါ။ ဒါပြင် အောက်သို့လျှော့ကျရိုးထုံးစံမရှိဘဲ အထက်မဂ်ကိုသာ တက်ကြလေ့ရှိပါတယ်။ ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများဟာ ယခုဘ၀တွင် သကဒါဂါမ်စတဲ့ အထက်မဂ်ဖိုလ်ကိုသာ ရဖို့အကြောင်း ရှိပါတော့တယ်။ ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူဟာ မဂ်ရဲ့နိယာမသဘောအရ မွေးကတည်းက သောတာပန်အဖြစ် မွေးဖွားလာသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တို့တွင် ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများ မပါပါ။
            အရင်ဘ၀က သောတာပန်ဖြစ်ခဲ့သူများဆိုရင်လည်း အထက်မဂ်ဗိုလ်ဖြစ်တဲ့ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြပါလိမ့်မယ်။
            ဘ၀တစ်ခုကနေ သောတာပန်ဖြစ်ပြီးသူများရဲ့ လက်ရှိဘ၀တွင် ထူးခြားတဲ့လက္ခဏာများကို သိရှိရန်အတွက် တင်ပြပေးရမယ်ဆိုရင် အဲဒီလို သောတာပန်ဖြစ်ခဲ့သူ၊ ဖြစ်ပြီးသူများဟာ အမိသတ်ခြင်း၊ အဘသတ်ခြင်း၊ ရဟန္တာသတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာကွဲပြားအောင်ပြုခြင်း၊ ဘုရားမှတပါး အခြားဆရာကို ကိုးကွယ်ရာဟု မိမိကိုယ်တိုင်လည်း မပြု၊ သူတစ်ပါးကိုလည်း မညွှန်ပြခြင်း (ဘာသာပြောင်းခြင်း)ဆိုတဲ့ အဘိဋ္ဌာနခြောက်မျိုးကို ယခုဘ၀တွင် မိမိရဲ့သောတာပန်အဖြစ်ကို မသိသော်လည်း မဂ်ရဲ့ မပြောင်းမလဲတည်မြဲတဲ့ နိယာမသဘောအရကြောင့် အထက်ပါအချက်တို့ကို မပြုလုပ်ပေ။
            ယခုဘ၀တွင် ရတနာသုံးပါး ထင်ရှားရှိရင် ဘာသာခြားမှာမွေးဖွားခဲ့ရင်သော်မှလည်း အရွယ်ရောက်တဲ့အခါ ရတနာသုံးပါးကိုသာ ယုံကြည်ကိုးကွယ်လာမှာပါ။ မိမိရဲ့ သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါးရဲ့ တိုက်တွန်းချက်ကြောင့်သော်လည်းကောင်း ပါဏာတိပါတစတဲ့ မကောင်းမှုတို့ကို မပြုလုပ်ပါ။ အဲဒီလို ငါးပါးသီလမြဲခြင်း၊ အယူမမှားခြင်းတို့အပြင် သောတာပန်အဖြစ်မွေးဖွားလာတဲ့ပုဂ္ဂိုလ်ဟာ သမ္မာအာဇီဝနည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလိုငြူစူတဲ့ ဣဿာ၊ မိမိစီးပွား မိမိရပိုင်ခွင့်များကို နှမြောတွန့်တိုတဲ့ မစ္ဆရိယများမရှိခြင်း၊ အဂတိလေးပါး မလိုက်စားခြင်း၊ ရတနာသုံးပါးနဲ့ပတ်သတ်ပြီး ဒေါမနဿမဖြစ်ခြင်း၊ လွန်ကျူးမိတဲ့အပြစ်များကို ဖုံးကွယ်ထားမှုမရှိခြင်း စတဲ့အချက်များနဲ့လည်း ပြည့်စုံပါတယ်။
            ဒါပြင် သောတာပန်ဟု တိုက်ရိုက်သိနိုင်တဲ့အချက်များကို ထပ်မံတင်ပြပေးရမယ်ဆိုရင်
            ၁။ လောဘ ဒေါသ မောဟပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိခြင်း။
            ၂။ သိတာနဲ့တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်း။
            ၃။ သာသနာတွင်းမှတစ်ပါး အခြားမှာ ငြိမ်းချမ်းမှုချမ်းသာကို ရနိုင်တဲ့လမ်းလုံးဝမရှိဘူးဟု ယုံကြည်မှုရှိခြင်း။
            ၄။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်းကုသလိုတဲ့စိတ်ရှိပြီး ကုသိုလ်နဲ့ ပြန်လည်ကုသခြင်း။
            ၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လည်း သီလ သမာဓိ ပညာ အပျက်မခံ၊ အထိခိုက်မခံခြင်း။
            ၆။ တရားတော်နာတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ ကောင်းမွန်စွာနာယူခြင်း။
            ၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတဲ့အခါ ၀မ်းမြောက်လို့မဆုံး၊ ကြည်ညိုမဆုံး၊ ကျေးဇူးတင်မဆုံးဖြစ်ခြင်း။
            ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ အဲဒီလူဟာ သောတာပန်လို့ ခေါ်လို့ရပါတယ်တဲ့။ အဲဒီတော့ သောတာပန်ဆိုတာ ဘယ်လိုဟာလဲဆိုတာလည်း သိနားလည်ပြီး ဘယ်သူက သောတာပန်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလည်း ခန့်မှန်းလို့ရလောက်ပြီလို့ ထင်ပါတယ်။ သောတာပန်တစ်ယောက်ရဲ့ အင်္ဂါများနဲ့ သောတာပန်ဟုတ်မဟုတ်ကို စစ်ဆေးကြည့်လို့ရပြီဆိုရင် ကျန်တဲ့အထက်မဂ်ဗိုလ်ရတဲ့ပုဂ္ဂိုလ်တွေအကြောင်းကို ပိုပြီး စစ်ဆေးကြည့်လို့ ရနိုင်ပါပြီလေ။
            ဒီနေရာမှာ ဆက်စပ်မိတာနဲ့ ရဟန္တာများ ယခုမျက်မှောက်ခေတ်မှာရှိလားလို့ မေးလာကြတဲ့လူတွေအားလုံးပါ သိရှိနားလည်အောင် ပြောပြပေးလိုက်ပါမယ်။ မြတ်ဗုဒ္ဓက သာသနာတည်းဟူသော သူတော်ကောင်းတရားထွန်းကားနေသမျှကာလပတ်လုံး ရဟန္တာမဆိတ်သုဉ်းပါလို့ သုဘဒ္ဒရဟန်းကို ဟောတော်မူခဲ့တဲ့ မဟာပရိနိဗ္ဗာနသုတ်တွင် မိန့်တော်မူခဲ့တဲ့အတွက် သာသနာရှိနေရင် သောတာပန်ကနေ ရဟန္တာထိပါ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ မိမိတို့ဖြစ်ချင်ရင် ဖြစ်အောင်လုပ်ရမဲ့နည်းလမ်းများကို စနစ်တကျလိုက်နာပြီး ကျင့်ကြံဖို့သာ လိုပါတယ်။
            ဒါပြင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ သူများကိုလည်းကောင်း အရိယာပုဂ္ဂိုလ်ဟုတ်မဟုတ်ကို အထက်ကသောတာပန်အင်္ဂါများနဲ့ ကိုက်ညီကြည့်ကာ ဆုံးဖြတ်ယုံကြည်ကြပါလေ။ ကိုင်း အပိုင်း(၂)ကို မျှော်နေကြတယ်ဆိုလို့ ချက်ခြင်းပဲ အချိန်ပေးပြီး ရေးဖြေပေးလိုက်ပါတယ်။ အများအတွက် အချိန်ပေးခြင်းကို ဒီမှာတော့ ဒီမျှနဲ့ပဲ ရပ်တန့်ရင်း စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်…။
            အရှင်ကောမလ(ခ)ဆန်နီနေမင်း
            sanninaymin@gmail.com
            www.sanninaymin.com
            ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
            Ramadan around the world
            Muslims fast from sunrise to sunset during the holy month of Ramadan
            Pakistan flood survivors: A vendor selling dates works at his stall at a market in Kuwait City
            Kuwait City: A date seller works his stall
            Pakistan flood survivors: An Afghan Muslim woman takes part in evening prayers
            Kabul: An Afghan woman, with henna-painted hands, takes part in evening prayers
            Pakistan flood survivors: A devout Muslim man wipes away tears after a prayers session in New Delhi
            Delhi: Deep in thought after prayers at the Jama mosque
            Pakistan flood survivors: A Palestinian female Muslim worshipper prays
            Jerusalem: A Palestinian woman prays on the first day
            Pakistan flood survivors: An Indian worker dries seviiyan used in a sweet dish
            Hyderabad, India: A worker dries seviiyan, thin vermicelli, used in the preparation of sheer khurma, a traditional sweet dish served during Ramadan
            Ramadan: Muslims at Friday prayers at the Feroz Shah Kotla Mosque in New Delhi
            Delhi: Prayers at the Feroz Shah Kotla mosque
            Ramadan: Palestinians gather around a giant paper lantern
            Gaza City: A giant lantern decorates a street for the Muslim holy month
            Ramadan: An Afghan confectioner holds traditional sweets for Iftar
            Kabul: Traditional sweets for iftar, the evening meal during Ramadan
            Ramadan: A Palestinian Muslim man reads from the Qur'an in Ramallah
            Ramallah, West Bank: Early morning prayers
            Ramadan: Hundreds of Muslims gather to pray in the holy Muslim city of Mecca
            Mecca: The spiritual home of Islam welcomes thousands of pilgrims
            Ramadan: An Indian Muslim perfumer selects a bottle of ather
            Hyderabad, India: Ather, a non-alcoholic perfume, is sprinkled by the devout on their clothes before going for daily prayers
            ramadan update: Child looks around during Friday prayers at Jamia mosque Amritsar, India
            Amritsar, India: An Indian child looks around as Muslims offer Friday prayers at the Jamia mosque
            ramadan update: Child stands amongst Palestinian women, Al Aqsa Mosque Bethlehem, West Bank
            Bethlehem, West Bank: A Palestinian child stands among Palestinian women as they attempt to pass the checkpoint on their way to pray at the al-Aqsa mosque
            ramadan update: Muslim men serve food at the London Muslim Centre
            London, UK: Men serve food for iftar at the London Muslim Centre
            ramadan update: Children run around inside the premises of Jama mosque, India
            New Delhi, India: Children run around inside the premises of Jama mosque after Friday afternoon prayers
            ramadan update: Muslims celebrate Ramadan in Nepal
            Kathmandu, Nepal: A man reads the Qur'an in an evening prayer at Jame Maszid
            ramadan update: Palestinian female Muslim worshippers pray inside Dome of the Rock Mosque
            Jerusalem: Palestinian worshippers pray inside the in the al-Aqsa mosque compound
            ramadan update: Iftar Is Prepared For Over 400 Muslims During The Holy Month Of Ramadan
            London, UK: Men perform ablutions before prayer at the London Muslim Centre
            ramadan update: Traditional Arab pastries are seen in the shop in Jerusalem's Old City
            Jerusalem: Traditional Arab pastries are seen in the shop of a Palestinian man
            --
            --
            More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en
            With Best Regards,
            Slip
            http://www.meepyatite.info/
            Facebook
            https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442
            Simple Views On My Land
            http://simpleviewsonmyland.blogspot.com/
            Myanmar Social Network
            http://myanmar-social-network.socialgo.com/
            Computer Technical Notes & Sharing Software
            http://slip-meepyatite.blogspot.com/
            Myanmar Digital Satellite Navigation Gathering
            http://mdsng.blogspot.com/
            All Myanmar Blogs
            http://allmyanmarblogs.blogspot.com/
            Myanmar (Burma)
            http://republicoftheunionofmyanmar.blogspot.com/
            Music
            http://myl6.blogspot.com/
            Funny Jokes
            http://7comrades.blogspot.com/
            MIET Forum
            http://mietforum.ning.com/
            You received this message because you are member of
            "Myanmar Daily Info & General Knowledge" group. To post to this group, send email to
            myanmar-daily-info-n-general-knowledge@googlegroups.com
            To unsubscribe from this group, send email to
            myanmar-daily-info-n-general-knowledge+unsubscribe@googlegroups.com
            For more options, visit this group at
            http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
            If you need any help, you can contact admin@meepyatite.org & forall85ster@gmail.com & simpleviews2010@googlemail.com.
            Myanmar Daily Mail Sponsored by Mayanmar Daily Mail Group